11/05/2026
တောင်သူ့မိတ်ဆွေ (Farmer’s Friend) စိုက်ပျိုးရေးဆေးနှင့်မြေဩဇာဖြန့်ချိရေးကုမ္ပဏီဝန်ထမ်းများအတွက် တစ်ရက်တာ Employee Empowerment Training ကို သင်ကြားပို့ချဝန်ဆောင်မှုပေးရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။
ဒီသင်တန်းမှာ Winning Life ရဲ့ CEO၊ Executive Coach ၊ NLP Trainer ဆရာကိုကိုလွင်က …
✅ Service Culture
✅ ဆက်သွယ်ဆက်ဆံရေးရဲ့ အဓိကအချက်အလက်များ
✅ ဆက်သွယ်ဆက်ဆံရေးပုံစံများ
✅ Customer Complaint ကိုင်တွယ်နည်းများ
စသည့် အသိပညာနှင့်ကျွမ်းကျင်မှုဆိုင်ရာများကို သင်ကြားပို့ချပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့ရဲ့ဝန်ထမ်းရေးရာဖွံ့ဖြိုးတိုးတက်မှုအတွက်လိုအပ်ချက်အပေါ် Tailored Made ရေးဆွဲသင်ကြားပို့ချ လေ့ကျင့်ပေးနေတဲ့ Winning Life ကို ဆက်သွယ်ဖို့ဖိတ်ခေါ်ပါတယ်။
25/04/2026
မိတ်ဆွေ သင့်ကိုယ်သင်ခဏလေးစဉ်းစား စိတ်ကူးပုံဖော်ကြည့်ပါ။
☑️ သင့်ဘဝအခက်အခဲနဲ့ အဆင်မပြေမှုတွေအပေါ် စိတ်ဓါတ်ကျအားငယ်နေမယ့်အစား၊ စိတ်တက်ကြွပြီး အကောင်းဆုံးဆက်လက်ကြိုးစားအားထုတ်ကျော်လွှားနေတာ . . .
☑️ ဘဝမှာ ကိုယ်ဘာဖြစ်ချင်လဲ၊ ဘာလုပ်ရမလဲဆိုတာ ရှင်းလင်းသိမြင်ပြီး လက်တွေ့လုပ်ဆောင်နေတာ . . .
☑️ လူတွေနဲ့ပြောဆိုဆက်ဆံရာမှာ ကောင်းမွန်ပြီး၊ ပူလောင်မှုတွေထိန်းချုပ်လာနိုင်နေတာ . . .
☑️ မိသားစုနဲ့ လုပ်ငန်းခွင်မှာ ပေါင်းသင်းဆက်ဆံရေးတိုးတက်ကောင်းမွန်နေတာ . . .
☑️ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ဘဝကို ဖြတ်သန်းနေတာ . . .
☑️ ခေါင်းဆောင်တစ်ယောက်အနေနဲ့ Emotional Intelligence ကောင်းပြီး၊ ဦးဆောင်မှုကောင်းမွန်နေတာ . . .
💡ဘဝမှာတွေ့ကြုံလာတဲ့ အကောင်းအဆိုးအခြေအနေအမျိုးမျိုးကို စိတ်ရောကိုယ်ပါ မနာမကျင်၊ မထိခိုက်ဘဲ အပြုသဘောဆောင်တုန့်ပြန် ရင်ဆိုင်ကျော်လွှားပြီး၊ ရှေ့ဆက်သွားနိုင်နေတာ . .
ဒီလိုအပြောင်းအလဲကောင်းတွေ သင့်ဘဝမှာ လက်တွေ့ဖြစ်နေပြီဆို သင်ဘယ်လိုနေမလဲ။‼️
ဒီလိုအခြေအနေရလဒ်တွေအတွက် သင့်ကို အကောင်းဆုံး Better Me Version ပြောင်းလဲတိုးတက်စေဖို့ . . .
Neuro Linguistics Programming (NLP ပညာရပ်ကိုအခြေခံထားတဲ့ ❝Self - Empowerment Essentials❞ သင်တန်းတက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
🧑🎓 ဒီသင်တန်းကို Executive Coach & NLP Trainer ဆရာကိုကိုလွင်က အစအဆုံးတာဝန်ယူသင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ ဆရာကိုကိုလွင်သည် လူတစ်ဦးချင်းစီဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ အဖွဲ့အစည်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွေမှာ နှစ်ပေါင်းများစွာအတွေ့အကြုံရှိထားပြီး၊ စာတွေ့-လက်တွေ့ကို ဘဝအတွေ့အကြုံများနဲ့ချိတ်ဆက်ပြီး သင်ကြားမှုမှာထင်ရှားတဲ့ဆရာတစ်ဦးဖြစ်လို့၊ ဒီသင်တန်းတက်ရောက်ဖို့ သင့်အချိန်နဲ့ငွေကြေး ရင်းနှီးမြုပ်နှံမှုအပေါ် သင်ကိုယ်တိုင်ကျေနပ်အားရတဲ့ ရလဒ်တွေထွက်ဖို့အတွက် အာမခံပါတယ်။
🌐 Corporate လုပ်ငန်းအတွက် အထူးအခွင့်အရေးအနေနဲ့ (၅)ဦးနှင့်အထက် အပ်နှံပါက သင့်တော်သော ဈေးနှုန်းနဲ့ အကောင်းဆုံးစီစဉ်ပေးထားပါတယ်။
🤗 ဒါ့အပြင် ဒီသင်တန်းအစီအစဉ်အတွက် British Chamber of Commerce Myanmar (BCCM) အဖွဲ့ဝင်များအတွက် Exclusive Discount (15%) ရရှိမှာဖြစ်ပါတယ်။
💐 သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်ပေးအပ်မှာဖြစ်ပါတယ်။
👉 သင်တန်းအပ်နှံရန် ပို့စ်ရဲ့ကွန်မန့်မှာ လျှောက်လွှာလင့်ကို ထည့်သွင်းပေးထားပါတယ်။
သင်တန်းအစီအစဉ်
=============
🗓️ သင်တန်းနေ့/ရက် ။ ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၆)ရက်မှ (၂၈) ရက်အထိ၊ အပတ်စဉ် - စနေနှင့်တနင်္ဂနွေနေ့တိုင်း
🕕 သင်တန်းအချိန် ။ ။ နေ့လည် (၂)နာရီမှ (၅)နာရီအထိ
💻 နေရာ ။ ။ ZOOM (Online)
💵 သင်တန်းကြေး ။ ။ ၂၀၀,၀၀၀/- ကျပ်
ဆက်သွယ်မေးမြန်းရန်ဖုန်း
☎️ ၀၉-၄၀ ၉၅၅ ၄၇၄၇
☎️ ၀၉-၄၀ ၉၅၅ ၄၈၄၈
☎️ ၀၉-၄၀ ၉၅၅ ၄၉၄၉
21/04/2026
📢 အလုပ်ခေါ်စာ – Assistant Position
Winning Life (Training, Coaching & Consulting) တွင် Assistant ရာထူးဖြင့် လက်တွဲလုပ်ကိုင်ရန် ဖိတ်ခေါ်ပါတယ်။
📍 အလုပ်နေရာ – Winning Life ရုံး၊ ရန်ကုန်။
🕘 အလုပ်ချိန် – မနက် ၉နာရီမှ ညနေ ၅နာရီအထိ
🗓 ပုံမှန်အလုပ်ရက် - တနင်္လာနေ့မှ သောကြာနေ့အထိတစ်ပတ် (၅)ရက်
🔹 လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များ
-------------------------------------
✅ CEO ၏ နေ့စဉ်အချိန်ဇယား၊ Meeting များ၊ Appointment များ စီမံခန့်ခွဲခြင်း။
✅ Training Schedule များ စီစဉ်ခြင်း၊ သင်တန်းသားများနှင့် ဆက်သွယ်ခြင်း။
✅ Personal Calendar နှင့် Reminder များ စီမံခြင်း။
✅ Email, Phone Call, Message များကို Professional ဆန်စွာ ကိုင်တွယ်ခြင်း။
✅ Report, Presentation, Meeting Note များ ပြင်ဆင်ပေးခြင်း။
🔹 ပညာအရည်အချင်းနှင့်ကျွမ်းကျင်မှု
------------------------------------
✔️ တက္ကသိုလ်တစ်ခုခုက ဒီပလိုမာ (သို့မဟုတ်) ဘွဲ့ဒီဂရီရရှိပြီးသူ
✔️ အသက် ၂၅ နှစ် မှ ၃၅ နှစ် အတွင်းရှိသူ
✔️ အနိမ့်ဆုံး English Intermediate Level (ရေး/ဖတ်နိုင်သူ)
✔️ Microsoft Office (Word, PowerPoint) အသုံးပြုနိုင်သူ
✔️ Myanmar / English Typing ကျွမ်းကျင်သူ
✔️ Training နှင့် Coaching ကိုစိတ်ပါဝင်စားသူ
✔️ AI Tools များ အသုံးပြုနိုင်သူ
✔️ လိုအပ်ပါက ခရီးသွားလာနိုင်သူ
✔️ Communication Skill ကောင်းမွန်သူ
✔️ စနစ်တကျလုပ်ကိုင်နိုင်ပြီး တာဝန်ယူမှုရှိသူ
🔹 လစာနှင့်အကျိုးခံစားခွင့်
--------------------------
💰 ညှိနှိုင်းနိုင်သောလစာ (အရည်အချင်းနှင့်အတွေ့အကြုံပေါ်မူတည်။)
📚 Training & Career Growth Opportunity
🔹 လျှောက်ထားရန်
-------------------
Cover Letter ၊ CV Form နှင့် မျှော်မှန်းလစာကို Email: [email protected] ကတဆင့် Subject: Application for Assistant Position ဟု ရေးသားကာ ပေးပို့လျှောက်ထားနိုင်ပါတယ်။
ပဏာမအဆင့်ရွေးချယ်ခံရပါက အင်တာဗျူးဖိိတ်ခေါ်ပါမည်။
15/04/2026
မြန်မာ့နှစ်သစ်ကူးလက်ဆောင် Winning Life ၏ အခမဲ့အစီအစဉ်တစ်ရပ်အနေနဲ့ "ကိုယ်ပိုင်စိတ်ဖြင့်ရှင်သန်၍ စိတ်ကြံ့ခိုင်ခြင်း" ခေါင်းစဉ်ဖြင့် ဆရာကိုကိုလွင် Executive Coach & NLP Trainer က ပို့ချဆွေးနွေးပေးမှာဖြစ်လို့ စိတ်ပါဝင်စားသူများတက်ရောက်နိုင်ရန် ဖိတ်ခေါ်ကြိုဆိုပါတယ်။
🗓️ အစီအစဉ် ရက်/နေ့ - ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၆)ရက်/ တနင်္ဂနွေနေ့
🕧 အချိန် - ညနေ (၆)နာရီမှ (၈)နာရီ (၃၀)မိနစ်အထိ
🌐 Zoom (Online) ဖြင့်ပို့ချပါမည်။
☎️ ၀၉၄၀၉၅၅၄၇၄၇
☎️ ၀၉၄၀၉၅၅၄၈၄၈
☎️ ၀၉၄၀၉၅၅၄၉၄၉
မှတ်ချက်။ ဦးရာသူ စာရင်းသွင်းတက်ရောက်နိုင်မည်ဖြစ်ပြီး၊ လူတစ်ရာဦးသာလက်ခံပေးမည်ဖြစ်ပါသည်။
စာရင်းပေးသွင်းရန်အောက်ပါလင့်ကိုနှိပ်ပါ။
https://forms.gle/jNxnXA84y45endJ18
12/04/2026
မြန်မာ့အတာသင်္ကြန်နှင့် နှစ်သစ်ကူးအခါသမယတွင် ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း Winning Life ကဆုမွန်ပြုအပ်ပါတယ်။
05/04/2026
Certified Coach တွေကို Winning Life ကထပ်မံမွေးထုတ်ပေးလိုက်ပါပြီ။
ဒီ Certified Coach - Winning Life (Coaching Education Program) ကိုတမူထူးခြားမှုအနေနဲ့ ထိုင်းနိုင်ငံက International Coaching Federation (ICF) ရဲ့ Professional Certified Coach (PCC) တစ်ဦးဖြစ်ပြီး၊ Director of DEIB (Diversity, Equity, Inclusion, and Belonging) Board of Executive Committee, Bangkok Charter Chapter of ICF 2026-2027 ဖြစ်တဲ့အပြင်၊ ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ICF ရဲ့ Advanced Team Coaching ကို Certified ဖြစ်တဲ့ Coach (၇)ဦးထဲကတစ်ဦးဖြစ်တဲ့ Coach ဆရာမ Wanida နဲ့အတူ Winning Life ရဲ့ CEO ၊ Executive Coach & NLP Trainer ဆရာကိုကိုလွင်တို့နှစ်ဦးက Coaching ပညာကို စာတွေ့လက်တွေ့ အထိရောက်ဆုံးနည်းလမ်းတွေနဲ့ လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။
Winning Life ကမွေးထုတ်ပေးလိုက်တဲ့ Coach တွေအနေနဲ့ ကမ္ဘာ့အဆင့် Coaching ပညာရပ်ကို အရည်အသွေးပြည့်မှီစွာ သင်ကြားလေ့ကျင့်ခဲ့ကြတာဖြစ်ပြီး၊ လူပေါင်းများစွာရဲ့ဘဝကို ပံ့ပိုးကူညီဖို့ အသင့်ဖြစ်နေကြပြီဖြစ်တဲ့အတွက် Winning Life က ဂုဏ်ယူဝမ်းမြောက်ပါတယ်။
21/03/2026
Coach တွေအနေနဲ့ စဉ်ဆက်မပြတ်သင်ယူလေ့ကျင့်ပြီး၊ ပိုမိုကောင်းမွန်တဲ့ Coaching တွေလုပ်ဆောင်နိုင်ဖို့အတွက်၊တတိယအကြိမ်မြောက် Coaching Implementation Session ကို ဒီနေ့တစ်ရက်တာ Winning Life ရုံးခန်းမှာစီစဉ်ပြုလုပ်ခဲ့ပါတယ်။
တစ်နေ့တာအစီအစဉ်မှာ အလှည့်ကျ Coaching လက်တွေ့လေ့ကျင့်မှုတွေလုပ်ဆောင်ကြပြီး၊ ဆရာကိုကိုလွင်က Mentoring ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။
ဒီလို Winning Life ရဲ့ Coaches Community မှာ သင်ယူချိတ်ဆက်မိတ်ဖွဲ့ပါဝင်နိုင်ဖို့အတွက် သင့်ကိုလည်းဖိတ်ခေါ်ကြိုဆိုပါတယ်။