Nyein Ko Min - Marketing & Business Coach

Nyein Ko Min - Marketing & Business Coach

Share

Your Thinking Partner

23/10/2025

တိုးတက်မှုကို လိုချင်ရင် ကိုယ်နေ့စဉ်လုပ်နေကြအရာတွေက တိုးတက်မှုကို ရစေတဲ့အရာတွေဖြစ်နေဖို့ လိုအပ်ပါတယ်...
အခုလက်ရှိအခြေအနေဆိုတာ အရင်လုပ်နေကြအရာတွေကနေဖြစ်လာတာပါ..

အနာဂတ်မှာ အခုလက်ရှိအခြေအနေမျိုးမဖြစ်ချင်ဘူးဆိုရင် အနာဂတ်မှာ ကိုယ်ဖြစ်ချင်တဲ့အခြေအနေမျိုးဖြစ်လာအောင် ယခုထဲက လုပ်သင့်တာတွေကို ပိုတိုးပြီးလုပ်ဖို့ လိုအပ်ပါတယ်...

သင်ကိုယ်တိုင် ပြောင်းလဲမှ သင့်အနာဂတ်လဲ ပြောင်းလဲလာမှာပါ...

13/08/2025

လုပ်လို့ရနေတဲ့အချိန် လုပ်စရာရှိတာတွေကို မြန်မြန်သွက်သွက်လေး လုပ်ဆောင်ထားသင့်ပါတယ်…

အချိန် နဲ့ အခွင့်အရေးက ကြာကြာမရပါဘူး…
ရှိတဲ့အချိန်မှာ အသားကုန်မကြိုးစားလိုက်ရင် အဲ့အရာမျိုး ပြန်ရဖို့ မလွယ်ကူတော့ပါဘူး…

13/08/2025

ကြိုးစားတာကို လျော့လိုက်လို့မရပါဘူး...
သင်ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ဖို့အတွက်ဆိုရင် ကြိုးစားမှုဆိုတာက မဖြစ်မနေ ရှိကိုရှိရမည့် လက်တွဲဖော်ဖြစ်ပါတယ်...

သင်ဘယ်လောက် Smart ကျကျ ကြိုးစားအားထုတ်နိုင်လဲဆိုတာ အရေးကြီးပါတယ်...

30/07/2025

ကိစ္စတိုင်းအပေါ်မှာ မှန်ကန်တဲ့ အမြင်နဲ့ မြင်နိုင်ပြီး
မှန်ကန်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်…

27/07/2025

အရေးကြီးဆုံးတစ်ခုအနေနဲ့ပြောရရင် ကိုယ့်လက်ရှိကိုယ့်အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်နိုင်ဖို့ လိုအပ်ပါတယ်...
အဲ့လို သုံးသပ်ဆုံးဖြတ်နိုင်မှ ကိုယ်သွားချင်တဲ့ အိမ်မက်ကို တိတိကျကျ သေသေချာချာ သတ်မှတ်နိုင်ပြီး ၊ ကြိုးစားသွားနိုင်မှာပါ...

ကိုယ့်ကိုယ်ကို မညာဖို့လိုအပ်ပါတယ်...

25/07/2025

ခက်ခဲတယ်ဆိုတဲ့အရာကို လူတိုင်းပြောတတ်ကြပါတယ်...လူတိုင်းညဉ်းတတ်ကြတယ်...

အောင်မြင်နေတဲ့ လူတစ်ချို့လုပ်နိုင်တဲ့အရာတစ်ခုကတော့ အဲ့ခက်ခဲတယ်တဲ့အရာတွေထဲကမှ ငါလိုချင်တဲ့ ရလဒ်ကို ဘယ်လိုရအောင်လုပ်မလဲ၊ဘယ်လိုကြိုးစားရယူမလဲ၊ ဘယ်လိုလေ့လာသင်ယူမှုတွေလုပ်မလဲ ၊ ဘယ်လိုစဥ်းစားတွေခေါ်မလဲ ဆိုတာတွေပါပဲ...

အရာရာတိုင်းမှာ ရွေးချယ်မှုမှန်ကန်ဖို့အရေးကြီးပါတယ်...
စိတ်ညစ်နေတဲ့လမ်းကိုလဲ ရွေးလို့ရသလို ၊
ကြိုးစားမှုထုတ်ပြီး လိုချင်တဲ့အရာကိုရအောင်လုပ်ယူလို့လဲ ရပါတယ်...

သင့်ဘဝကို သင့်လက်ထဲမှာပဲ ထားရှိနိုင်ဖို့အရေးကြီးပါတယ်...

24/07/2025

ကိုယ့်အတွက်ကို နေ့စဥ်ရင်းနှီးမြှုပ်နှံမှုတွေမလုပ်နေပဲနဲ့ သူများဆီကနေ ပိုက်ဆံတွေအများကြီးရနေချင်လို့ မရပါဘူး..

ကိုယ့်ဘက်က ပိုပေးနိုင်တာများလေလေ ကိုယ့်အတွက်ပိုရလေလေပါ..

နေ့စဥ်ကိုယ်တိုးတက်သင့်တဲ့အရာတွေကို မဖြစ်မနေသင်ယူလေ့လာ အသုံးချ ပိုကောင်းအောင်ပြုပြင်နေဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်...

သင်ဖြစ်ချင်တဲ့ ဘဝကို တည်ဆောက်ရယူဖို့ဆိုတာ သင့်ဆီမှာပဲ ရှိတာပါ...

23/07/2025

ကိုယ့်ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ အိမ်မက်၊အရာတွေကို ဖြစ်အောင်လုပ်ဖို့အတွက်က

Action - က အရမ်းအရေးကြီးပါတယ်... နေ့စဥ်ကြိုးစားလေ့လာသင်ယူပြီး မပျက်မကွက် နေ့စဥ်လုပ်သင့်တဲ့အရာတွေကို နေ့စဥ် မဖြစ်မနေလုပ်ဆောင်နေရပါမယ်...

Commit - ဒါကိုဖြစ်အောင်လုပ်မည်လို့ ကတိပေးပြီးရင် မဖြစ်ဖြစ်အောင်လုပ်ကိုလုပ်ရပါမည်.. အကြောင်းပြချက်တွေမပေးဖို့လိုပါတယ်..
လူတိုင်း အခက်အခဲဆိုတာက ကြုံကိုကြုံရမှာပါ...
ဆင်ခြေပေးမနေပဲနဲ့ မဖြစ်ဖြစ်အောင် ရအောင်ကြိုးစားပါ..

Transform - ပြောင်းလဲလိုက်ပါ... နေ့စဥ်ပိုကောင်းတာလေးတွေကို မပျက်လုပ်ဆောင်သွားပြီး ကိုယ့်ကိုယ်ကို မမှတ်မိလောက်အောင်ထိ ပြောင်းလဲပြီး ကိုယ့်အိမ်မက်တွေကို အကောင်အထည်ဖော်သွားပါ..

သင့်ဘဝက သင့်လက်ထဲမှာပါ...
သင်ဖြစ်ချင်ရင် သင်ရအောင်ကြိုးစားလို့ရပါတယ်...

23/07/2025

အခုလက်ရှိရောက်နေတဲ့ ဘဝထက် နောင်အနာဂတ်မှာဖြစ်လာမှာတဲ့ ဘဝက ပိုအရေးကြီးပါတယ်...

နောင်အနာဂတ်မှာကောင်းမွန် တိုးတက် ၊ပျော်ရွှင်ချမ်းသာအောင်မြင်တဲ့ ဘဝကိုလိုချင်ရင် အဲ့ဒါအတွက် ကြိုးစားအားထုတ်ပြီး လုပ်ဆောင်နေဖို့အရေးကြီးပါတယ်...

အခုလက်ရှိဘဝကို ပိုကောင်းအောင်ပြုပြင်လို့မရတော့ပင်မဲ့
နောင်အနာဂတ်ဘဝကို ပိုကောင်းမွန်အောင် ပြုပြင်လို့ရပါတယ်...

ကြိုးစားအားထုတ်မှုကတော့ သင့်လက်ထဲမှာပါ..

17/07/2025

သင်လုပ်ငန်းတိုးတက်အောင်မြင်ဖို့အတွက်ဆိုရင် Marketing ကိုသေချာလုပ်ဆောင်ဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်...
ကိုယ့်လုပ်ငန်းကို လူများများ မြင်အောင် ၊ သိအောင် ၊ ကြိုက်အောင် ၊ ဝယ်အောင် ၊ ထပ်ဝယ်အောင် ၊ အသိတွေကို ညွှန်းပေးအောင် စတဲ့အဆင့်တွေကို သေချာစနစ်တကျလုပ်ဆောင်ဖို့လိုအပ်ပါတယ်...

သင့်လုပ်ငန်းအောင်မြင်ချင်ရင် Marketing ကိုသေချာလုပ်ဆောင်ပါ...

16/07/2025

နေ့စဥ် မိမိကိုယ်ကို နှင့် ​ကျေးဇူးတင်ဖို့ထိုက်တန်တဲ့ သူ​တွေ , အရာ​တွေကို ​ကျေးဇူးတင်ဖို့မ​မေ့ပါနဲ့။

မနက်ခင်းတိုင်းမှာ ​ကျေးဇူးတင်ပါတယ်လို့​သေချာ စဥ်းစား​တွေး​တောပြီး ​ပြောကြည့်ပါ။
စိတ်ကြည်နှုးမူ့တွေနဲ့ ပြည့်နှက်​နေပြီး တစ်​နေ့လုံး အဆင်​ပြေ​ချော​မွေ့​နေမှာပါ။
အရမ်းအ​ရေးကြီးပါတယ်။
​နေ့စဥ် လုပ်​ဆောင်ဖို့ မ​မေ့ပါနဲ့။

လုပ်ရပ်မ​ပြောင်းသ၍ ပို​​ကောင်းတဲ့ရလဒ်မရလာနိုင်ပါဘူး။

ပို​ကောင်းတဲ့အရာကိုလိုချင်လျှင် ပို​ကောင်းတဲ့ လုပ်ရပ်​တွေကို ​နေ့စဥ် ပြုလုပ်​နေဖို့ အ​ရေးကြီးပါတယ်။

​နေ့စဥ်မိမိကိုယ်ကိုယ် အ​ကောင်းဆုံး ရင်းနှီးမြှုပ်နှံပါ။

16/07/2025

အလုပ်လုပ်နေတိုင်း ၊ အလုပ်ကြိုးစားတိုင်း ဝင်ငွေတိုးတက်လာမှာ မဟုတ်ပါဘူး...
ဘာအလုပ်တွေကို သေချာလုပ်ရင် ငါ့အတွက် ပိုပြီးရလဒ်ကောင်းတွေထွက်ပြီး ဝင်ငွေတိုးလာမလဲဆိုတာကို အရင်ဆုံး သိဖို့လိုပါတယ်...

အဲ့အလုပ်ကိုသိရမှာ အဲ့အလုပ်ကို ကျွန်တော်တို့သေချာဖိပြီး ကြိုးစားဖို့လိုအပ်ပါတယ်...
ကျွန်တော်တို့တွေအားလုံးက ကိုယ့်ကိုယ်ကို အလုပ်ကြိုးစားတယ် ၊ လုပ်ကြတယ်ဆိုပြီး လိမ်နေကြတာများပါတယ်...

မှန်ကန်တဲ့အလုပ်တွေကို ရွေးချယ်ပြီးလုပ်နိုင်ကြပါစေ...

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 13/C, Baho Road, Near MMM Car Showroom, Kamayut Township
Yangon
11041