Consistency is a key for improvement & progress ပါ။
တစိုက်မတ်မတ်လေး လုပ် ဖို့၊ တစိုက်မတ်မတ်လေး တိုးတက်လာတဲ့အထိ မပျက်စေဖို့ ကျနော် အမြဲတိုက်တွန်းပါတယ်။ ကျနော့် Training အများစုက တစ်ပတ်မှ ၂/၃ ရက်တွေပါ။ Training Day မှာ Training ဖြစ်ဖြစ်မြောက်မြောက်လုပ်၊ ကျန်တဲ့နေ့မှာ စိတ်ပါရင် ပေါ့ပေါ့ပါးပါးလေး ပြေး။
ကျနော့်ဆီက သင်တန်းသားတိုင်းလဲ ပြိုင်ပွဲတွေမှာ ဆုတွေ ယူကြမှာ မဟုတ်ပါဘူး။ ကျနော် အမြဲ ပြောသလို လုပ်နိုင်တဲ့ Limit လေးကိုကျော်ပြီး လုပ်ဖို့ ၊ အားစိုက်ထည့်စေချင်တာပါ။
Training လဲ ကျနော်နဲ့မှ မဟုတ်ပါဘူး ခင်ဗျာ။ တကယ့် သေချာ စေတနာထား သင်ပြပေးနေတဲ့ ဆရာတွေရှိပါတယ်။ သေချာလေး လပိုင်းလေးမှာ Form မှန်မှန် နဲ့ Injury နည်းအောင် မရှိအောင် သင်ပေးနေတဲ့ ဆရာတွေရှိပါတယ်။ အဓိကက လုပ်နေဖို့ပါပဲ။
ဝါသနာရှင်တို့အတွက် ကိုယ့် လုပ်နိုင်စွမ်းကို စမ်းသပ်မယ့် ပြေးပွဲတွေ (ကျနော် ပြိုင်ပွဲလို့မသုံးပါဘူး) တောက်လျှောက်ရှိနေပါတယ်။ ခု လာမယ့် ၈ လပိုင်းကနေ နောက်နှစ် ၄ လ ပိုင်းလောက် ထိ ကို တောက်လျှောက်ရှိပါတယ်။ နီး မှ ဝုန်းဒိုင်း ထ ပြေးတာ ထက် ခုကတည်းက ပုံမှန်လေး တစ်ပတ် ၃ ရက်လောက် Training လေးတွေ စ လုပ် စေချင်ပါတယ်။
ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ စိတ်က မွေးမြူပြီး ကျင့်ရ၊ ဂုဏ်ယူရတာပါ။
အပြေးကို ဝါသနာ ပါလာ ကြတာ နဲ့တင်ဝမ်းသာရပါတယ်။ ဇွဲရှိရှိ၊ ဆက်တိုက်လေး လုပ်နိုင်ဖို့ ကိုပဲ တိုက်တွန်းလိုပါတယ် ခင်ဗျာ။
စိတ်နဲ့ ခန္ဓာ နှစ်ခုလုံးကောင်းတဲ့ အားကစားမို့ပါ။
ချစ်တဲ့
မအေးလေး
Aye Lay - Marathon
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aye Lay - Marathon, Sports & Fitness Instruction, Yangon.
မမြင့်မြင့်အေးဟာ ၂၀၁၃ Sea Games မှာ ငွေတံဆိပ်ရ မာရသွန် အားကစားသမားဖြစ်ပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၅ခု ၊ ငွေ တံဆိပ် ၂ ခု ထိ ပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Freelance Professional အဖြစ် လုပ်ဆောင်လျှက်ရှိပါတယ်။
21/06/2026
21-6-2026 MDY to POL 42 km Challenge Run is done.
Female Top-2 နဲ့လည်း ပန်းဝင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူပါတယ် 👏👏👏
First time အတက်အဆင်းများကြားထဲကနေကြိုးစားပြီး အားအင်တွေနဲ့လုပ်ဆောင်နိုင်ခဲ့အတွက် Big Congratulations Ei Pan Phyu🎈🎊🍾👏👏👏👏👏💪💪💪
20/06/2026
Running Community တစ်ခုရှိတာက
အပြေးကို ပင်ပန်းတဲ့ အလုပ်တစ်ခုကနေ
ပျော်ရွှင်စရာ အလေ့အကျင့်တစ်ခု ဖြစ်အောင် ပြောင်းလဲပေးတာ ကျနော့် လက်တွေ့ပါ။
မနက်တိုင်း လမ်းပေါ်မှာ တူညီတဲ့ရည်ရွယ်ချက်နဲ့ ပြေးနေတဲ့သူတွေ…တစ်ယောက်ကို တစ်ယောက် မသိကြပေမယ့် တူညီတဲ့ စိတ်ဓာတ်တစ်ခု၊ ရည်ရွယ်ချက်တခုနဲ့ နဲ့ ချိတ်ဆက်နေကြသူတွေချည်းပါပဲ။
Community တခုမှာမှ ကျန်းမာရေး လိုက်စားတဲ့လူတွေ၊ Life Style တခုကို ပြောင်းလဲနေကြတဲ့ လူတွေနဲ့ ပဲ ထိတွေ့တဲ့အခါ ကျတော်တို့ တွေရဲ့ Real Life တွေမှာလဲ Positive Impact တွေ တိုးလာစေပါတယ်။
တယောက်ထဲ လဲ ပြေးနိုင်တာပေါ့။
ဒါပေမယ့် အများနဲ့ ပြေးတဲ့အခါ ခရီးရှည်မှာ မမောတော့ဘူးပေါ့။
မနက်ဖန် ကျတော် မာရသွန်မအေးလေးရဲ့ အပတ်စဉ် Free Training Class ရှိပါမယ်။ အင်းယားကန် ဘူးသီးကြော်ဆိုင် ကားပါကင်မှာ မနက် ၅:၃၀ ဆုံကြပါမယ်။
💪💪💪
မာရသွန် မအေးလေး
Coach
အချစ်ဆုံး Runners များတို့ရေ
1= ဖြည်းဖြည်း
2=မှန်မှန်
3=မြန်မြန် သွားဖို့လိုအပ်သလို
Injury ကင်းကင်းနဲ့ Training လုပ်နိုင်ဖို့ ကျန်းမာရေး ကောင်းဖို့လိုအပ်ပါတယ်ခင်ဗျာ
ကြံ့ခိုင်မှုကို အရင်တည်ဆောက်ပြီးလေ့ကျင့်ခန်းတွေလဲလိုအပ်ပါတယ်နော်
Runer များကို တန်ဖိုးထား လေးစားဂုဏ်ယူလျှက်
ချစ်ရတဲ့
မာရသွန် အေးလေး
15/06/2026
ဒီနေ့ ကိစ္စတခုအကြောင်းပြုလို့ ကျနော် လျှောက်ခဲ့တဲ့ နှစ် ၃၀ စာ ခရီး ကိုပြန်သုံးသပ်ကြည့်မိပါတယ်။
အပြေးအားကစားကို ကျွန်တော် အသက် ၁၃ နှစ်ကနေ စပြေးပါတယ်။
ကျနော် မွေးရာပါ နှလုံးမကောင်းသူ ပါ။
ကျတော့်မိဘ ၊ ကျတော့်အမေ ဘယ်သူမှ ကျတော်ပြေးဖို့ ကို သဘောမတူခဲ့ပေမယ့် ကျတော့ ဗီဇ ဝါသနာအရ ကျတော့် ကို ဘယ်သူမှ တားမရခဲ့ပါဘူး။
အခု ကျတော့် အသက် ၄၃ နှစ် ရှိပြီခင်ဗျာ။ သားသမီး ၄ ယောက်နဲ့ မြေး နှစ်ယောက်ထိ ကျတော့် ကိုယ်ပိုင် ပိုင်ဆိုင်မှု အနေနဲ့ပဲ ရှိပါတယ်။
နိုင်ငံလက်ရွေးစင်ဘဝကနေ အခုလို Professional Freelance Coach တယောက်ထိ ကျနော် သိတာ ပြေးဖို့ ပါပဲ။ ဒီအားကစား နည်းကပဲ ကျနော့် စား၊ ဝတ် ၊ နေရေး မိသားစု အရေး အကုန် ထောက်ပံ့ပေးခဲ့တာပါပဲ။
ကျတော့်ဆီမှာလာ Train ကြတဲ့ထမင်းရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏🙏🙏🙏🙏
အပြေးနဲ့ ပက်သက်ရင် ကျတော့်ကို ဘယ်အရာမှ တား ဆီး လို့ရမှာမဟုတ်ပါဘူး။
ကျတော်ရူးသွပ်တဲ့ ဒီအားကစားနည်းကပဲ ကျတော့်ကို အခွင့်အရေးတွေ ၊ အောင်မြင်မှုတွေနဲ့ မိသားစုဖူလှုံမှုတွေ ဖန်တီးပေးခဲ့တာပါ။
ကျနော် နှလုံးသားနဲ့၊ ရင်ဘတ်နဲ့ ဒီအားကစားကို ဆက်လက် ပံ့ပိုး သင်ပြ တိုးတက်စေပါဦးမယ်။
မာရသွန် မအေးလေး
14/06/2026
Myanmar National League
Qualifier Tournament 2026⛰️🌲🍃🌱🌿
Kalaw Ultra 50Km, First (Female Top-1) 🥇👍💪🏃🏽♀️➡️⛰️
များစွာမှ ဂုဏ်ယူဝမ်းမြောက်မိပါတယ် မကြီးစိုး Soe Soe Htwe
Myanmar National League Tournament 2026, Kalaw Ultra Trail 50 km ပြိုင်ပွဲမှာ စံချိန် 7 hr 07 min နဲ့ Injury ကင်းကင်း၊ စံချိန်သစ် တွေနဲ့ ပန်းဝင်နိုင်ခဲ့တဲ့အပြင် Female Top-1 ရခဲ့တဲ့အတွက် ကျနော် Aye Layမှ အလွန်တရာ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်
Age is just a number ဆိုတာကို သက်သေထူနိုင်ခဲ့ပါပီ 🥰🥰
#နောက်လာမယ့် ပွဲတွေမှာလည်း အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ပြီး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေလို့ တောင်းဆုပြုရင်း 🙏
ချစ်တဲ့
Aye Lay - Marathon
13/06/2026
လေးစားရပါသော Runners များခင်ဗျာ 💕💕
ကျနော့်ရဲ့ Personal ကိစ္စလေးတခုကြောင့်
ဒီတပတ် Sunday ရဲ့ Free Class လေးအား မနက်ဖြန် တရက်လောက် နားဖို့အတွက် ခွင့်ပြုပါခင်ဗျာ 🙏
နောက်အပတ်တွေမှာ အကောင်းဆုံးအစီအစဉ် အတက်ကြွဆုံးခြေလှမ်းတွေနဲ့ အတူတူ ပြေးကြမယ်နော် 🏃🏼♂️🏃🏼♂️🏃🏼♂️🏃🏼♂️🏃🏼♂️
📅 ပိတ်ရက် - ၁၄.၆.၂၀၂၆ (တနဂ်နွေနေ့)
အပတ်စဉ်လာရောက် Join ပေးကြတဲ့ Runners များအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ 🙏🙏🙏
သင်တန်းနှင့်ပတ်သတ်သော သိလိုသည်များကို Page Messenger မှတဆင့်စုံစမ်းသိရှိနိုင်ပါတယ် ခင်ဗျာ
အားလုံးကို ချစ်တဲ့
Aye Lay
💪💪💪Runer များခင်ဗျာ ကျတော်💪💪💪မာရသွန် အေးလေး အားလုံးကိုအားပေးနေပါတယ်ခင်ဗျာ💪💪💪
ဖြေးဖြေးနဲ့မှန်မှန်
စိတ်ရှည်ရှည် နဲ့ လေ့ကျင့်နေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့နီးစပ်နေပြီဆိုတာမမေ့ပါနဲ့💪💪💪
အမြဲတမ်း အားအင်တွေနဲ့ကြိုးစားကြတဲ့ Runer များကိုချစ်ခင်လေးစားလျှက်
မာရသွန်
အေးလေး
ချစ်ရပါသော🥰🥰🥰 မိဘများခင်ဗျာသားသား-မီးမီးတို့ ကိုချစ်တယ်ဆိုရင် မည်သည့် -ဆရာ -ဆီမှာမဆို ကျန်းမာရေး နဲ့ပတ်သတ်လာရင်သင်ယူစေချင်ပါတယ်ခင်ဗျာ🥰🥰🥰
1=ကျန်းမာရမယ်
2=သန်မာရမယ်
3=ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရမယ်
4=ဇွဲ-လုံ့လ-ဝိရိယ ဒီ 3 ခုပေါင်းစပ်ပြီးမှရလာတဲ့ကျန်းမာရေးနဲ့သန်မာလာမှုအပေါ် ယုံကြည်ချက်ရှိစေချင်တဲ့ဆန္ဒလေးနဲ့စိတ်ရှည်သီးခံ ချစ်တဲ့စိတ်လေးနဲ့ ကျတော်သင်ကြားပေးနေပါတယ်ခင်ဗျာ
ချစ်တဲ့
Marathon
Aye Lay
07/06/2026
တနေ့ထက်တနေ့ မနက်ခင်းတိုင်းကို အနိုင်ရဖို့ အရေးကြီးဆုံးလို့ ကျနော်ထင်ပါတယ်။
မိုးရွာနေလည်း မိုးကသူ့အလုပ်သူလုပ်နေတာပဲ 🌧️
နေပူနေလည်း နေက သူ့အလုပ်နဲ့သူ ပူနေဦးမှာပဲ 🌞
ဘာအကြောင်းပြချက်မှမလို အစ ပြုဖို့ ပဲလိုတာပါ။
ကျွန်တော်တို့ ဒီနေ့ တနေ့ကို အောင်အောင်မြင်မြင်”စတင်” နိုင်ခဲ့ပါတယ်။
ဒီနေ့ ကျနော့ Free Class ကို လာ Join ခဲ့ကြတဲ့ ဝါသနာရှင် အပြေးအားကစားသမားများကို ကျေးဇူး တင်ပါတယ်။
နောက်အပတ်တွေမှာလည်း မိုးရွာရွာ နေပူပူ တူတူဆုံကြမယ်နော် 🥰🥰🥰
မာရသွန် မအေးလေး
Click here to claim your Sponsored Listing.
Location
Category
Website
Address
111104