27/09/2026
အမြဲတမ်း လေ့လာသင်ယူနေဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ်နဲ့လက်တွဲလုပ်နေတဲ့ သူတွေအတွက်ပါ အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ ယုံကြည်ပါတယ်။ 💡😇
အခုဆိုရင်တော့ ကျွန်မ NLP (Neuro-Linguistic Programming) Practitioner အတန်းကို စတင်တက်ရောက်နေပြီ ဖြစ်ပါတယ်။ ဒီလို ထပ်ပြီး လေ့လာသင်ယူဖြစ်တဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျွန်မဆီမှာ ယုံကြည်စွာနဲ့ အတူတူလက်တွဲပြီးအလုပ်လုပ်နေကြတဲ့ Client တွေအတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေကို ပံ့ပိုးပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Ramona’s Channel page လေးကို အမြဲအားပေးနေကြတဲ့ ယောဂီလေးတွေအတွက်လည်း ပိုပြီးတန်ဖိုးရှိတဲ့ အသိပညာတွေ၊ လက်တွေ့အသုံးချလို့ရမယ့် Mindset နဲ့ပတ်သက်တဲ့ မျှဝေမှုအသစ်တွေကို တင်ဆက်ပေးချင်လို့ပါ။
ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း Upgrade လုပ်ပြီး အကောင်းဆုံးတွေ ပေးစွမ်းနိုင်ဖို့ ဆက်လက်ကြိုးစားနေပါတယ်။ မကြာခင်မှာ NLP နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို Page ကနေ ဆက်တိုက်မျှဝေပေးသွားမှာမို့လို့စောင့်မျှော်ဖတ်ရှုပေးကြပါဦးရှင် 🫶✨
With much love ❤️
Ramona