22/10/2026
The Brand You Way ဆိုတဲ့ Way of Living လေးကို မျှဝေပေးနေတာမို့ Page အသစ်မှာ စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
Brand You Academy ရဲ့ Founder Dr. Htet Yie ရဲ့ လပေါင်းများစွာ အချ်ိန်ယူခဲ့ရတဲ့ The Brand You Way Project ရဲ့ Manifesto လေးကိုမျှဝေလိုက်ရပါတယ်။
THE BRAND YOU WAY - MANIFESTO
(Myanmar Version)
ကိုယ့်အတွင်းကနေအခြေခံသော ကိုယ်ပိုင်ဘဝကို တည်ဆောက်ခြင်းအတွက် ကျွန်မယုံကြည်တာက -
၁။ လူတစ်ယောက်ရဲ့ တန်ဖိုးက သူ့ရဲ့ Brand ထက် ပိုပါတယ်။
လူတစ်ယောက်ရဲ့ တန်ဖိုးကို ကိုယ့်ရဲ့ Image၊ ရာထူး၊ အောင်မြင်မှု၊ ဂုဏ်သတင်းတွေနဲ့ပဲ သတ်မှတ်လို့မရပါဘူး။ ကိုယ့်ကိုယ်ကို နားလည်ပြီး တန်ဖိုးထားတတ်ခြင်းကနေ စတဲ့ Branding က ရေရှည်အောင်မြင်မှုရဲ့ အခြေခံပါ။
၂။ သင်ယူတာတွေထက် ကျော်လွန်ပြီး ကိုယ့်ကိုယ်ကို သိအောင်လုပ်ပါ။
သူများသတ်မှတ်ပေးထားတဲ့ စံနှုန်းတွေ၊ ယုံကြည်ချက်တွေနဲ့ roles တွေထက် ကျော်လွန်ပြီး ကိုယ်တကယ်ဘယ်သူလဲဆိုတာ ရှာဖွေရမှာပါ။
၃။ ကိုယ့်ဘဝကို ဘာတွေက ဦးဆောင်နေသလဲ အမြဲမေးခွန်းထုတ်ပါ။
ကိုယ့်ရဲ့ ယုံကြည်ချက်၊ အလေ့အကျင့်တွေ၊ စိတ်ပူပန်မှုနဲ့ ကိုယ့်ရဲ့အပြုအမူပုံစံတွေက ဘဝအပေါ် ဘယ်လိုသက်ရောက်နေလဲ ဆန်းစစ်ပါ။ သတိမထားမိတဲ့အရာကို ပြောင်းလဲဖို့ ခက်ခဲပါတယ်။
၄။ ကိုယ့်အတွင်းစိတ်ရဲ့ အမှန်တရားကို လေးစားပါ။
ကိုယ်ဘာကို တန်ဖိုးထားသလဲ၊ ဘာလိုချင်သလဲ၊ ဘာလိုအပ်သလဲ၊ ဘယ်နေရာမှာ အားသာပြီး ဘယ်နေရာမှာ ကန့်သတ်ချက်ရှိနေသလဲဆိုတာ ကိုယ့်ကိုယ်ကို ရိုးရိုးသားသား သိခွင့်ပေးပါ။
၅။ အတွင်းစိတ်နဲ့ အပြင်ဘဝကို ဟန်ချက်ညီအောင် တည်ဆောက်ပါ။
Inner Peace နဲ့ Outer Success ကို တစ်ခုရဖို့ တစ်ခုစွန့်လွှတ်စရာ မလိုဘူး။ စိတ်ချမ်းသာမှုနဲ့ အောင်မြင်မှု၊ ငွေကြေးကြွယ်ဝမှုနဲ့ အဓိပ္ပာယ်ရှိတဲ့ဘဝကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ခွင့်၊ တည်ဆောက်ခွင့် ရှိပါတယ်။
၆။ ကိုယ့်ဘဝကို ကိုယ်တိုင် သတိရှိရှိ ရွေးချယ်ပါ။
အောင်မြင်မှုဆိုတာ ဘယ်လိုဖြစ်ရမယ်လို့ သူများသတ်မှတ်ပေးတာကို လိုက်နာဖို့ မဟုတ်ဘူး။ ကိုယ့်အတွက် ဘာက အရေးကြီးသလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။
၇။ စတင်ပြောင်းလဲဖို့ဆိုရင် အရေးအကြီးဆုံးနေရာကနေ စတင်ပါ။
Personal Life ဖြစ်ဖြစ်၊ Professional Life ဖြစ်ဖြစ်၊ Business ဖြစ်ဖြစ် ကိုယ့်ဘဝမှာ တကယ်ပြောင်းလဲဖို့ လိုအပ်နေတဲ့နေရာကို သိအောင်လုပ်ပြီး အဲဒီကနေ စတင်ပါ။
၈။ ရည်ရွယ်ချက်ရှိရှိ ကိုယ့်ကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပါ။
ကိုယ်က မလုံလောက်သေးလို့ ကိုယ့်ကိုယ်ကို ပြုပြင်နေရတာ မဟုတ်ဘူး။ ကိုယ်ရွေးချယ်ထားတဲ့ လူတစ်ယောက်ဖြစ်လာဖို့ ကိုယ့်စွမ်းရည်နဲ့ အခွင့်အလမ်းတွေကို တိုးချဲ့နေတာလို့ လက်ခံရမှာဖြစ်ပါတယ်။
၉။ ကိုယ်ရွေးချယ်ထားတဲ့ပုံစံအတိုင်း ကိုယ့်ဘဝကို ဖော်ပြပါ။
ငွေကြေးအောင်မြင်မှု၊ Career၊ ဖန်တီးမှု၊ အကျိုးပြုမှု၊ တိတ်ဆိတ်အေးချမ်းတဲ့ဘဝ ဘယ်လိုဘဝမျိုးကို ရွေးချယ်မလဲဆိုတာ ကိုယ့်ဆုံးဖြတ်ချက်ပဲ။ လူသိရှင်ကြား ဖော်ပြချင်လည်း ဖော်ပြလို့လည်း ရတယ်။ ကိုယ့်ဘဝကို ဘယ်လိုနေထိုင်မလဲ၊ ဘယ်လိုဖော်ပြမလဲဆိုတာ ကိုယ့်အခွင့်အရေးပါ။
၁၀။ ကိုယ့်တန်ဖိုးထားမှုတွေနဲ့ ကိုက်ညီတဲ့ အောင်မြင်မှုကို တည်ဆောက်ပါ။
ငွေကြေး၊ ရာထူး၊ ဂုဏ်သတင်းနဲ့ Influence တွေကို လိုချင်တာ မှားတာမဟုတ်ဘူး။ အဲဒီအရာတွေကို ရယူရင်း ကိုယ့်ကိုယ်ကို မပျောက်ဆုံးဖို့ပဲ အရေးကြီးတာပါ။
၁၁။ သူများကို မဦးဆောင်ခင် ကိုယ့်ကိုယ်ကို ဦးဆောင်တတ်ပါစေ။
ကိုယ့်ကိုယ်ကိုယ် အသိသတိနဲ့ ဦးဆောင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို နားလည်ခြင်း၊ ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူခြင်းနဲ့ စိတ်ခံစားချက်တွေကြောင့် အလိုအလျောက် တုံ့ပြန်မယ့်အစား ကိုယ့်တန်ဖိုးထားမှုအတိုင်း ရွေးချယ်လုပ်ဆောင်ခြင်းကနေ စတင်ပါတယ်။
၁၂။ ကိုယ်ဘယ်သူလဲဆိုတာနဲ့ ကိုယ်လုပ်နေတဲ့အရာတွေကို ပေါင်းစည်းပါ။
ကိုယ်ယုံကြည်တဲ့အရာတွေဟာ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်၊ ဆက်ဆံရေး၊ အလုပ်၊ ဆက်သွယ်ပြောဆိုမှုနဲ့ ဦးဆောင်မှုပုံစံတွေမှာ ထင်ဟပ်နေပါစေ။
၁၃။ ကိုယ့်ရဲ့တိုးတက်မှုကို အခြားသူတွေအတွက် အကျိုးပြုမှုနဲ့ ရေရှည် legacy အဖြစ် ပြောင်းလဲပါ။
ကိုယ့်ဘဝကနေ ဘာတွေဖန်တီးချင်သလဲ၊ ဘာတွေမျှဝေချင်သလဲ၊ ဘာတွေချန်ထားခဲ့ချင်သလဲဆိုတာ ကိုယ်တိုင်ရွေးချယ်ပါ။ အများသိတဲ့ အောင်မြင်မှုဖြစ်ဖြစ်၊ တိတ်တဆိတ် အကျိုးပြုတဲ့ဘဝဖြစ်ဖြစ် ကိုယ့်အတွက် အဓိပ္ပာယ်ရှိဖို့ပဲ အရေးကြီးပါတယ်။
ထက်ရည်
~~~~
THE BRAND YOU WAY MANIFESTO
1. The Person Comes Before the Brand.
You are more than your image, title, achievements, or reputation. Lasting success begins with understanding and honouring the person you are.
2. Know Yourself Beyond What You Have Been Taught.
Discover who you are beyond social expectations, inherited beliefs, and the roles you have been told to play.
3. Question What Runs Your Life.
Examine the beliefs, habits, fears, and patterns that shape your decisions. You cannot consciously change what you have never questioned.
4. Honour Your Inner Truth.
Recognise your values, needs, desires, strengths, and limitations. Give yourself permission to be honest about who you are and what you truly want.
5. Align the Inner and the Outer.
Your inner peace and outer success do not have to compete. You deserve a life in which your values and well-being can coexist with achievement, prosperity, meaningful work, and fulfilment. You do not have to sacrifice one to deserve the other.
6. Choose Consciously.
You have the right to define success on your own terms. Choose what matters to you rather than living by expectations that do not reflect who you are.
7. Begin Where Change Matters Most.
Whether the challenge lies in your personal life, professional identity, or business, begin with the area where greater awareness and alignment can make the most meaningful difference.
8. Develop Yourself with Purpose.
Growth is not about fixing yourself because you are inadequate. It is about developing your capabilities, expanding your possibilities, and becoming more of who you choose to be.
9. Express Who You Choose to Be.
You have the right to express your life in your own way—or not to express it publicly at all. You may pursue material wealth, financial freedom, career achievement, creative fulfilment, meaningful contribution, a quiet life, or a combination that is uniquely yours. Your expression is your choice, not an obligation.
10. Build Success That Reflects Your Values.
Build a life, career, or business that supports what matters to you. You can pursue ambition, wealth, recognition, and influence without losing yourself in the process.
11. Lead Yourself Before You Lead Others.
Conscious self-leadership begins with self-awareness, responsibility, emotional maturity, and the ability to act from your values rather than your unexamined reactions.
12. Integrate Who You Are with What You Do.
Bring your inner identity into your decisions, relationships, work, communication, and leadership. Let what you build and how you live reflect what you genuinely believe in.
13. Turn Growth into Contribution and Legacy.
Choose what you want your life to create, contribute, and leave behind. Your impact may be public or private, large or small. What matters is that it reflects your own definition of a meaningful life.
⚜️
The Brand You Way is not about becoming someone else to succeed, nor is it about choosing between inner peace and outer achievement.
It is about understanding who you are, choosing how you want to live, and developing the capacity to create a life that reflects your truth. Alignment is not a demand to live a smaller life, and success is not a demand to live someone else’s life.
You are allowed to want more. You are allowed to want less. You are allowed to change your mind.
You do not have to choose between being true to yourself and creating the success you desire.
Live from the inside out. Define success on your own terms.
Htet Yie