Future Stars Football Training

Future Stars Football Training

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Future Stars Football Training, Sports & Fitness Instruction, Yangon.

⭐Nurturing Future Stars aged 7–14 through quality grassroots football, discipline, & passion ⚽✨
Since 2019, across 14 classes in Yangon, we’ve shaped 3,000+ young football dreams

🏆 AFC Best Grassroots Club Award 2025
🏅 MFF Special Grassroots Award 2025

07/06/2026

🌟 သုဝဏ္ဏကွင်းမှာ Waiting List စောင့်စရာမလိုတော့ဘူးနော်! Future Stars လေးတွေအတွက် မိုးရာသီတန်းခွဲလေးမှာ လေ့ကျင့်ကစားနိုင်ပါတယ် 🌟

​Future Stars Football Training မှာ လေ့ကျင့်ကစားချင်ပေမယ့် လူပြည့်နေလို့ စောင့်နေရတဲ့ သားသားမီးမီးတို့အတွက် သတင်းကောင်းပါ! သုဝဏ္ဏမြက်ခင်းတု လေ့ကျင့်ရေးကွင်းကြီး မှာ မိုးရာသီ တန်းခွဲအသစ်လေးကို ဖွင့်လှစ်ပေးလိုက်ပါပြီ 🤗

​✨ ဘာကြောင့် Future Stars ကို ရွေးချယ်သင့်တာလဲ?
Future Stars Football Training ဟာ အာရှဘောလုံးအဖွဲ့ချုပ်မှ ပေးအပ်ချီးမြှင့်တဲ့ "AFC Best Grassroots Club Award 2025" ဆုကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့ ဘောလုံးအကယ်ဒမီဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက ရန်ကုန်မြို့တစ်ခွင်မှာ တန်းခွဲပေါင်း (၁၄) ခုဖွင့်လှစ်ပြီး AFC နည်းပြလိုင်စင်ရ Professional နည်းပြများ ကိုယ်တိုင် စနစ်တကျ သင်ကြားပေးနေတာကြောင့် ယုံကြည်စိတ်ချစွာ လေ့ကျင့်ကစားနိုင်ပါတယ်။

​📅 သင်တန်းအသေးစိတ်
📍 သင်တန်းနေရာ: သုဝဏ္ဏအကယ်ဒမီ မြက်ခင်းတုကွင်းကြီး (Goal Hotel ဘေး၊ ဝေဇယန္တာလမ်းမပေါ်)

📍Google Map Location
https://maps.app.goo.gl/aryKwLceoCA7scWz6

⏰ အချိန်: အပတ်စဉ် ဗုဒ္ဓဟူးနဲ့ သောကြာနေ့ ညနေ ၆:၃၀ နာရီ မှ ည ၈:၃၀ နာရီအထိ

👦 အသက်အရွယ်: ၇ နှစ် မှ ၁၅ နှစ်အထိ

​🎁 အထူးအစီအစဉ်:
အစမ်းလေ့ကျင့်ကြည့်ချင်တဲ့ ကလေးငယ်များအတွက် Free Trial (၁) ကြိမ် အခမဲ့ လာရောက်ကစားနိုင်ဖို့ စီစဉ်ပေးထားပါတယ်

​📞 အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်:

တန်းခွဲလေးမှာ နေရာမပြည့်ခင် အခုပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ကြရအောင်နော်။
📲 09-405276076, 09-405276077

​🌟 Future Stars မှာ ဘောလုံးပညာသင်ယူရင်း ကြယ်ပွင့်လေးတွေ ဖြစ်လာကြစို့! 🌟


05/06/2026

🏆 FUTURE STARS U15 TOURNAMENT 2026
📸 AFC Grassroots Football Day 2026 အထိမ်းအမှတ် ပြိုင်ပွဲမှ အမှတ်တရ Highlight များ

⚽️ ဘောလုံးဟာ ပွဲအနိုင်ရဖို့တင် မဟုတ်ပါဘူး... အိပ်မက်တွေကို စတင်တည်ဆောက်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

မိုးရေစက်များကြားထဲက အားမာန်အပြည့်နဲ့ ပြေးလွှားခဲ့ကြတဲ့ လူငယ်ကစားသမားများ၊ နောက်ဆုံးမိနစ်အထိ အရှုံးမပေးခဲ့တဲ့ စိတ်ဓာတ်များ၊ အသင်းအတွက် အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကြိုးစားမှုများက ဒီပြိုင်ပွဲကို ပိုပြီး အဓိပ္ပာယ်ပြည့်ဝစေခဲ့ပါတယ်။ 🔥

Final ပွဲစဉ်များနှင့် 3rd Place Play-Off ပွဲများမှာ လှပတဲ့ သွင်းဂိုးများ၊ စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များ၊ Fair Play စိတ်ဓာတ်များကို မြင်တွေ့ခဲ့ရပြီး Grassroots Football ၏ အနှစ်သာရကို အပြည့်အဝ ဖော်ပြနိုင်ခဲ့ပါတယ်

🙏 Future Stars Football Training အနေဖြင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ယှဉ်ပြိုင်ပေးခဲ့ကြသော ကစားသမားများ၊ အစဉ်တစိုက် အားပေးပံ့ပိုးခဲ့ကြသော မိဘများ၊ နည်းပြများနှင့် အသင်းတာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိပါတယ် 🤗

ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဆုချီးမြှင့်ပေးပါသော Olympic Sports Collection၊ Hydration Partner ဖြစ်သော Royal D၊ အမှတ်တရ ပုံရိပ်များကို မှတ်တမ်းတင်ပေးခဲ့ကြတဲ့ Blade Photography၊ Ko Tay၊ ပြိုင်ပွဲ Highlight Video များကို ရိုက်ကူးပေးပါသော Olympic Sports Collection Team နှင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသူများအားလုံးကို လေးစားစွာ ကျေးဇူးတင်ရှိပါတယ် 🙏

🌟 ယနေ့ရဲ့ ပြိုင်ပွဲက ဆုဖလားအတွက်သာ မဟုတ်ပါဘူး... မနက်ဖြန်ရဲ့ ဘောလုံးကြယ်ပွင့်လေးများ မွေးဖွားလာမယ့် ခြေလှမ်းအစတစ်ခုလည်း ဖြစ်ပါတယ်။

📍FSFT ၏ ပုံမှန်တန်းခွဲများ
ကလေးတို့ရဲ့ ဘောလုံးအိပ်မက်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့အတွက် FSFT ရဲ့ တန်းခွဲများကို ရန်ကုန်မြို့တစ်ခွင်ရှိ မိုးလုံလေလုံကွင်းများနှင့် မြက်ခင်းတုကွင်းများမှာ တန်းခွဲ (၁၂) ခု ဖြင့် တစ်နှစ်ပတ်လုံး ပုံမှန်ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ 🏟️👟

​☎️ အသေးစိတ်စုံစမ်းရန်: 09405276076

Together, We Build The Future of Football. ⚽️✨

Photos from Future Stars Football Training's post 02/06/2026

🌱 ကလေးတို့ရဲ့ ပြုံးပျော်သံတွေနဲ့ ပြည့်နှက်ခဲ့တဲ့ အခမဲ့ နွေရာသီ သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ 🏆🏅

​ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်၊ Yangon City FC နှင့် Future Stars Football Training တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ တောင်ဥက္ကလာပမြို့နယ်၊ မြသီတာဘောလုံးကွင်းက "အခမဲ့နွေရာသီဘောလုံးသင်တန်း" လေး အောင်မြင်စွာ ပြီးမြောက်လို့ သင်တန်းဆင်းပွဲနဲ့ ဆုပေးပွဲလေး ကျင်းပခဲ့ပါတယ်။ ⚽✨

​အခြေခံကစပြီး စနစ်တကျ သင်ယူချင်တဲ့ ကလေးငယ် ၅၀ ကျော်ကို အဓိကထား သင်ကြားပေးခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ April နဲ့ May (၂) လတာအတွင်းမှာ အသက် (၈) နှစ်ကနေ (၁၄) နှစ်အရွယ်ရှိတဲ့ မျိုးဆက်သစ်ကစားသမားလေး ၅၀ ကျော် ဟာ အခြေခံဘောလုံးပညာရပ်တွေကို စိတ်အားထက်သန်စွာ လေ့လာသင်ယူခဲ့ကြပါတယ်။ 🏃‍♂️

​🏆 ဂုဏ်ယူဖွယ်ရာ ဆုပေးပွဲအခိုက်အတန့် -
သင်တန်းဆင်းပွဲမှာ တစ်ဦးချင်း ထူးချွန်ဆုရရှိသူတွေကိုလည်း ဂုဏ်ပြုဆုတံဆိပ်တွေ၊ သင်တန်းဆင်းလက်မှတ်တွေကို ကလေးတို့ရဲ့ ရင်ထဲမှာ စိတ်ဓာတ်ခွန်အားဖြစ်စေဖို့အတွက် ပျော်ရွှင်စရာကောင်းစွာ ချီးမြှင့်ပေးအပ်ခဲ့ကြပါတယ်။ 🎖️⭐

​🤝 အထူးကျေးဇူးတင်ရှိလွှာ -
ဒီသင်တန်းလေး အောင်မြင်စွာ ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြတဲ့ -
🔹 ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် နှင့် Yangon City FC
🔹 လှပတဲ့ ဂျာစီများ ပံ့ပိုးပေးသော LA Pharma နှင့် Olympic Sports Collection တို့ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။
🔹 ဒါ့အပြင် အားတက်သရော လာရောက်လေ့ကျင့်ကြတဲ့ ကလေးတွေ၊ ယုံကြည်စွာ ပံ့ပိုးပေးတဲ့ မိဘတွေနဲ့ စိတ်စေတနာအပြည့်နဲ့ သင်ကြားပေးခဲ့ကြတဲ့ နည်းပြဆရာများ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ 🙏❤️

​✨ အောင်မြင်မှု ခြေလှမ်းများ -
ယခုနှစ် ၂၀၂၆ နွေရာသီကျောင်းပိတ်ရက်ကာလမှာ အခမဲ့နွေရာသီဘောလုံးသင်တန်း တန်းခွဲ (၂) ခုကို A&T Football Training Centre နဲ့ မြသီတာဘောလုံးကွင်းများမှာ ဖွင့်လှစ်ပြီး ကလေးငယ်ပေါင်း ၁၅၀ ကျော်ကို အခမဲ့ သင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်။ 💯🌟

​နောင်နှစ်တွေမှာလည်း ဒီထက်ပိုကောင်းတဲ့ အစီအစဉ်တွေ၊ ပိုမိုပြည့်စုံတဲ့ ပြင်ဆင်မှုတွေနဲ့ အခမဲ့သင်တန်းတွေကို ထပ်မံဖွင့်လှစ်ပေးနိုင်ဖို့ FSFT က ဆက်လက်ပြီး အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်။ 🥰

​📍 FSFT ၏ ပုံမှန်တန်းခွဲများ
နွေရာသီသင်တန်းတွေ ပြီးဆုံးသွားပေမယ့်လည်း ကလေးတို့ရဲ့ ဘောလုံးအိပ်မက်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့အတွက် FSFT ရဲ့ ပုံမှန်တန်းခွဲများကို ရန်ကုန်မြို့တစ်ခွင်ရှိ မိုးလုံလေလုံကွင်းများနှင့် မြက်ခင်းတုကွင်းများမှာ တန်းခွဲ (၁၂) ခု ဖြင့် တစ်နှစ်ပတ်လုံး ပုံမှန်ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ 🏟️👟

​☎️ အသေးစိတ်စုံစမ်းရန်: 09405276076

Photos from Future Stars Football Training's post 30/05/2026

🏆 Future Stars U15 Tournament 2026 🏆 📸 ဆုပေးပွဲနှင့် အောင်ပွဲခံ ပုံရိပ်များ

⚽️ AFC Grassroots Football Day 2026 ကို ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် Future Stars Football Training မှ ကြီးမှူးကျင်းပသော Future Stars U15 Tournament 2026 ကို သုဝဏ္ဏဘောလုံးကွင်း၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ပြိုင်ပွဲ၏ Final ပွဲစဉ်နှင့် တတိယနေရာလုပွဲများတွင် လူငယ်ဘောလုံးကြယ်ပွင့်လေးများက မိုးရွာသွန်းနေသည့်ကြားမှ အရှုံးမပေးသော စိတ်ဓာတ်၊ အသင်းလိုက်စည်းလုံးမှုနှင့် အားမာန်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး လှပသော သွင်းဂိုးများ၊ စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များကို ဖန်တီးပေးခဲ့ကြပါသည်။

ပြိုင်ပွဲအပြီးတွင် Champion, 1st Runner-Up, 2nd Runner-Up နှင့် 4th Place အသင်းများအား ဂုဏ်ပြုဆုဖလားများ၊ ဆုတံဆိပ်များနှင့် အမှတ်တရဆုများ ချီးမြှင့်ပေးခဲ့ပြီး လူငယ်ဘောလုံးသမားများ၏ ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြုအသိအမှတ်ပြုခဲ့ပါသည်။

Future Stars Football Training အနေဖြင့် ပြိုင်ပွဲတစ်လျှောက် အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကစားခဲ့ကြသော ကစားသမားများ၊ အားပေးပံ့ပိုးခဲ့ကြသော မိဘများနှင့် နည်းပြများအား အထူးကျေးဇူးတင်ရှိပါသည်။

ထို့အပြင် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ လူကြီးမင်းများ၊ ဆုချီးမြှင့်ပေးခဲ့သည့် Olympic Sports Collection၊ Hydration Partner အဖြစ် အစဉ်တစိုက် ပံ့ပိုးကူညီပေးနေသော Royal D၊ အမှတ်တရပုံရိပ်များကို မှတ်တမ်းတင်ပေးခဲ့သော Blade Photography၊ Ko TAY နှင့် Olympic Sports Collection အဖွဲ့ဝင်များ၊ အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသူများအားလုံးကို လေးစားစွာဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

🌟 လူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွဲကြိုးပမ်းကြပါစို့။

Photos from Future Stars Football Training's post 29/05/2026

⚽️ THIRD PLACE MATCH MEMORIES ⚽️

Future Stars U15 Tournament ရဲ့
တတိယနေရာလုပွဲဆိုပေမယ့်…
Intensity ကတော့ Final အတိုင်းပါပဲ 🔥

⏱️ နောက်ဆုံးမိနစ်အထိ အရှုံးမပေးတဲ့ Fighting Spirit
⚡️ ရင်ခုန်သံမြန်စေတဲ့ Last minute Goals တွေ
🌧️ မိုးသည်းသလောက် ဂိုးမိုးတွေရွာခဲ့တဲ့ အကြိတ်အနယ်ရှိတဲ့ပြိုင်ပွဲ

တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် တိုက်စစ်ဆင်ကစားကြပြီး ပရိသတ်တွေပါ ထိုင်မရလောက်အောင် Exciting ဖြစ်ခဲ့တဲ့ Third Place Match Memories တွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် 📸🔥

ဒီပွဲကတော့
🥅 Goals
💥 Passion
⚔️ Competition
👏 Team Spirit
အားလုံးပြည့်စုံခဲ့တဲ့ လူငယ်ဘောလုံးပွဲကောင်းတစ်ပွဲပါပဲ ⚽️🏆

ဘယ် Goal က အမိုက်ဆုံးလဲ 👀🔥










Photos from Future Stars Football Training's post 28/05/2026

🔥 MOST EXCITING FINAL MATCH MOMENTS 🔥

Future Stars U15 Tournament Final ပွဲစဉ်ကြီးကတော့ အသက်ရှူမှားလောက်အောင် ရင်ခုန်စရာ Moment တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ် ⚽️💥

မိုးရေစက်တွေအောက်မှာ အကြိတ်အနယ်ယှဥ်ပြိုင်ရင်း ...
💨 အမြန်နှုန်းပြင်းတဲ့ Counter Attack တွေ
🎯 အံ့အားသင့်စေတဲ့ Goals တွေ
🧤 Incredible Saves တွေ
🔥 အရှုံးမပေးတဲ့ Fighting Spirit တွေ
👏 ပရိသတ်တွေရဲ့ အားပေးသံတွေ…

Final Match တစ်ပွဲလုံးက လူငယ်ဘောလုံးသမားလေးတွေရဲ့ Passion, Teamwork နဲ့ Winning Mentality ကို အပြည့်အဝ မြင်တွေ့ခဲ့ရတဲ့ ပွဲကြီးတစ်ပွဲပါ 🏆

ဒီနေ့ရဲ့ Most Exciting U15 Final Match Moments တွေကို Future Stars Family တွေ အတွက် တင်ဆက်ပေးလိုက်ပါတယ် 📸⚡️🔥

တတိယလုပွဲ၊ ဆုပေးပွဲနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ Moments တွေကိုလည်း ဆက်လက် တင်ဆက်ပေးသွားမှာမို့...

နောက်ရက်တွေမှာလည်း စောင့်မျှော်အားပေးကြပါအုံးနော် 😘🤗









27/05/2026

⚽️ AFC Grassroots Football Day 2026 အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့
🏆 Future Stars U15 Tournament 2026

AFC Grassroots Football Day 2026 ကို ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် Future Stars U15 Tournament ပြိုင်ပွဲလေးကို သုဝဏ္ဏဘောလုံးကွင်းတွင် အောင်မြင်စွာ ကျင်းပခဲ့ပါတယ် 🔥

U15 လူငယ်ဘောလုံးသမားလေးတွေဟာ
💥 တက်တက်ကြွကြွ ယှဉ်ပြိုင်ကစားကြပြီး
⚡ လှပတဲ့ သွင်းဂိုးတွေ
⚡ အားမာန်အပြည့်နဲ့ Team Work တွေ
⚡ တိုးတက်လာတဲ့ ဘောလုံးစွမ်းရည်တွေကို မြင်တွေ့ရတာ တကယ်ကို အားရစရာပါပဲ 🙌

ဘောလုံးပြိုင်ပွဲတွေက ကလေးတွေအတွက်
✅ Confidence တိုးလာစေတယ်
✅ Teamwork နဲ့ Discipline ကို သင်ယူစေတယ်
✅ Match Experience ရရှိစေပြီး
✅ Winning Mentality နဲ့ Fighting Spirit ကို တည်ဆောက်ပေးတယ်
✅ Football Skill နဲ့ Game Understanding ပိုမိုတိုးတက်လာစေတယ် ⚽️🔥

အနာဂတ်ရဲ့ Future Stars လေးတွေ ကြိုးစားယှဉ်ပြိုင်ကစားနေတဲ့ Future Stars U15 Tournament ပုံရိပ်လေးတွေကို အားပေးကြည့်ရှုကြပါအုံး ❤️📸





Photos from Future Stars Football Training's post 26/05/2026

⚽️ AFC Grassroots Football Day 2026 အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့
🏆 Future Stars U15 Tournament 2026

AFC Grassroots Football Day 2026 ကို ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် Future Stars U15 Tournament ပြိုင်ပွဲလေးကို သုဝဏ္ဏဘောလုံးကွင်းတွင် အောင်မြင်စွာ ကျင်းပခဲ့ပါတယ် 🔥

U15 လူငယ်ဘောလုံးသမားလေးတွေဟာ
💥 တက်တက်ကြွကြွ ယှဉ်ပြိုင်ကစားကြပြီး
⚡ လှပတဲ့ သွင်းဂိုးတွေ
⚡ အားမာန်အပြည့်နဲ့ Team Work တွေ
⚡ တိုးတက်လာတဲ့ ဘောလုံးစွမ်းရည်တွေကို မြင်တွေ့ရတာ တကယ်ကို အားရစရာပါပဲ 🙌

ဘောလုံးပြိုင်ပွဲတွေက ကလေးတွေအတွက်
✅ Confidence တိုးလာစေတယ်
✅ Teamwork နဲ့ Discipline ကို သင်ယူစေတယ်
✅ Match Experience ရရှိစေပြီး
✅ Winning Mentality နဲ့ Fighting Spirit ကို တည်ဆောက်ပေးတယ်
✅ Football Skill နဲ့ Game Understanding ပိုမိုတိုးတက်လာစေတယ် ⚽️🔥

အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေဖြစ်တဲ့ Future Stars လေးတွေ ကြိုးစားယှဉ်ပြိုင်ကစားနေတဲ့ Future Stars U15 Tournament ပုံရိပ်လေးတွေကို အားပေးကြည့်ရှုကြပါအုံး ❤️📸





Photos from Future Stars Football Training's post 23/05/2026

⚽️ AFC Grassroots Football Day 2026 ⚽️

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် AFC Grassroots Football Day 2026 အခမ်းအနားကို ယနေ့ မေလ ၂၃ ရက်နေ့ နံနက် ၇:၃၀ နာရီတွင် သုဝဏ္ဏကွင်း၌ ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ကလေးငယ်ပေါင်း ၃၅၀ ကျော် တက်ရောက်ပါဝင်ခဲ့ကြပြီး Future Stars Football Training မှ Future Stars လေးများကလည်း စိတ်အားထက်သန်မှုအပြည့်၊ တက်ကြွမှုအပြည့်ဖြင့် ပါဝင်ကစားခဲ့ကြပါသည်။

Future Stars Football Training သည် အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ပေးအပ်ချီးမြှင့်သည့် AFC Best Grassroots Club Award 2025 ကို ရရှိထားသော မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ် ဘောလုံးအကယ်ဒမီတစ်ခုဖြစ်ပြီး၊ ၂၀၁၉ ခုနှစ်မှစတင်ကာ ယနေ့ထက်တိုင် Grassroots Football ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဥ်ဆက်မပြတ် တက်တက်ကြွကြွ ဆောင်ရွက်လျက်ရှိပါသည်။

Grassroots Football မှ စတင်၍ မြန်မာ့ဘောလုံးအနာဂတ်ကို အတူတကွ တည်ဆောက်ကြမည်။ 🇲🇲⚽️



21/05/2026

⚽️ Future Stars Football Training ရဲ့ စက်ဆန်းတန်းခွဲလေး

A&T Football Training Centre (စက်ဆန်း) မှာတော့ Future Stars လေးတွေက အားအင်အပြည့် 💥 ကြိုးစားမှုအပြည့် 😊 နဲ့ ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ကစားနေကြပါတယ် 🔥🥅

ဘောလုံးပညာကို အခြေခံစနစ်ကျကျ သင်ကြားပေးရုံသာမက
🤝 Teamwork
💪 Discipline
🌟 Confidence
တွေကိုပါ တစ်ဆင့်ချင်း တိုးတက်လာအောင် စနစ်တကျ လေ့ကျင့်ပေးနေပါတယ်။

⭐ Future Stars Football Training မှာ အသက် ၇ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများအတွက် အသက်အရွယ် အလိုက် သင့်တော်တဲ့ Football Training Program များကို ပျော်စရာ Happy Games တွေနဲ့ တွဲဖက်ပြီး Professional Coaches များမှ စနစ်တကျ လေ့ကျင့်သင်ကြားပေးနေပါတယ် ⚽️✨

📍 Venue – A&T Football Training Centre၊
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အမှတ်5 (စီ)၊ စက်ဆန်း၁လမ်း၊ Macro Shopping Centre အနီး၊ Newday ဓာတ်ဆီဆိုင်ဘေးလမ်းကြားမှ ဝင်လာပါ။

Google Map Location
https://maps.app.goo.gl/NiahfJZ485R4GDqFA

📅 Every Saturday & Sunday
⏰ 4:00 PM – 6:00 PM

📞 အသေးစိတ်စုံစမ်းရန် –
09 405 276 076
09 405 276 077

🎥 Future Stars လေးတွေရဲ့ ပျော်စရာ Training Moments လေးတွေကို Video ထဲမှာ ကြည့်ရှုနိုင်ပါတယ် ✨⚽️





Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00