18/09/2026
Pre Ballet Programme သင်ကြားပြုလုပ်ရခြင်း ရည်ရွယ်ချက်။
၁။ ကလေးတစ်ယောက်အား professional ballerina ဖြစ်မလာခင် အရီုးအကြောအဆစ်များသန်မာရန်၊ Posture မှန်ရန် ငယ်စဥ်မှစကြိုတင်လေ့ကျင့်ပေးဖို့အရေးကြီးသော်ကြောင့်ဖြစ်ပါတယ်။
၂။ အသက်ငယ်စဥ်မှစပြီး Balletဆိုတာ၊ ကလေးငယ်များရဲ့အိမ်မက်ဖြစ်တဲ့၊ ပုံပြင်ထဲကမင်းသမီးလေးများလို့ Ballerina ဖြစ်ချင်သော်အိမ်မက်များကိုအကောင်အထည်ဖော်နိုင်ခြင်းရဲ့ကလေးဘဝမှာရတဲ့ ဘဲလေးသင်ခြင်းအတွေ့အကြုံအတွက် သူတို့ကြီးလာတဲ့အခါ၊ အနည်းဆုံးသူတို့ ကလေးဘဝရဲ့ပျော်ရွှင်မှု့အမှတ်တရများ ကျန်ခဲ့စေရန်ဖြစ်ပါတယ်။
၃။ အသက်ငယ်စဥ်မှာသာ စသင်လို့ရတဲ့ Ballet
လေ့ကျင့်ခန်းများမှတဆင့် အသက်အရွယ်ရောက်လာလို့ အခြားအားကစားနည်းများကိုသင်ယူတဲ့အချိန်မှာ အရီုးအကြောအဆစ်များသန်မာပျော့ပျောင်းကြံ့ခိုင်နေတဲ့အတွက် လွယ်ကူလျှင်မြန်စွာတတ်မြောက်နိုင်လို့ဖြစ်ပါတယ်။
၄။ ကလေးငယ်များအားအသက် ၃နှစ်မှစပြီး Ballet သင်ကြားခြင်းမှရတဲ့အရေးအကြီးဆုံးအကျီုးကျေးဇူးဖြစ်တဲ့၊ မိန်းခလေးတစ်ယောက်အရွယ်ရောက်လာတဲ့အချိန်မှာ လိုအပ်သော် Body Posture / ကိုယ်ခန္ဓာအချီုးအဆစ်ကျ၊ ကျစ်လစ်သန်မာ၊ လှပကျော့ရှင်းစွာဖြင့်ကြီးပြင်းလာရန်အတွက်လိုအပ်သော်လေ့ကျင်ခန်းများကို Ballet လေ့ကျင့်ခန်းများမှနေ၍ ကလေးတစ်ယောက်အား ပြုပြင်ပေးလို့ဖြစ်ပါတယ်။
ထိုသိုလေ့ကျင့်ရင်းဖြင့်ရလာသော်စိတ်ဓာတ်ပိုင်းဆိုင်ရလာဒ်ကောင်းများဖြစ်သော်၊
-- ကလေးများသည်လေ့ကျင့်ရင်းနဲ့ မီမီအမှားကိုသိပြီးချက်ချင်းပြင်ရတဲ့အတွက်၊မှားတဲ့အခါထိုအမှားအတိုင်းမသွားဘဲ အမှန်ကိုချက်ချင်းပြင်တတ်သော်စိတ် ၊
-- အမှန်သည်သူတို့အတွက်အောင်မြင်မှု့ကိုပေး၍ ထိုအောင်မြင်မှု့များသည် မီမီကိုယ်ကိုဂုဏ်ယူရမည့်အရာများပေးသည်ဆိုသော် အသိစိတ်များဖြင့် ကြီးပြင်းလာမှာဖြစ်ပါတယ်။
ထိုသို့လေ့ကျင့်ရင်းမှလည်းအားလုံးအတူတကွသာတူညီမျှလေ့ကျင့်ခြင်းဖြင့်၊
--- ငါဘဲတော်ရမည်၊ ငါဘဲတတ်ရမည်ဆိုတဲ့ စိတ်ဓာတ်များအစား၊ တန်းတူအခွင့်အရေးရ
ရမည်၊ အားလုံးအတူတကွလုပ်ဆောင်တဲ့အခါ ပို၍ ပျော်စရာကောင်းသော် လူ့ပတ်ဝန်ကျင်းကိုရရှီသည်ဆိုသော် လူ့မှု့ရေးရာနယ်ပယ်တွင် " ငါ" ဆိုသော် စိတ်အစား ၊ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဆိုသော် အသင်းအဖွဲ့စိတ်၊ တန်းတူညီမျှသော်စိတ်များဖြင့် ကြီးပြင်းလာပါမည်။
Our_Mission
Learn Sports to produce a Positive change in the world.
To learn sport with Community compaassionate .
Tr. Thet Thet
Plus Activity Children's Sports Centre