04/08/2026
ပွဲပြီးရလဒ်
ASEAN HYUNDAI CUP™ 2026
……………………………………………………………..
Full Time
Myanmar 🇲🇲 7️⃣ -2️⃣ 🇱🇦 Laos
Lwin Moe Aung 2' Bounxai 17'
Win Naing Tun 20',42', 83' Phoutthavong 23'
Mg Mg Lwin 45'
Than Paing 52'
Hein Htet Aung 81'
04/08/2026
ASEAN Hyundai Cup 2026 အုပ်စု တတိယမြောက်ပွဲစဉ်အဖြစ် မြန်မာအသင်းသည် လာအိုအသင်းနှင့် ယနေ့ညနေ ၄:၃၀၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
🇲🇲 Myanmar 🆚 Laos 🇱🇦
🗓️ 4 August 2026
🕟 4:30 PM
📍 Venue –Thuwunna Stadium
Live on - Sky Net Sports 3
🎟️ Ticket Prices
🔸 အရှေ့ဘက်ပွဲကြည့်စင် – 3,000 ကျပ်
🔸 တောင်ဘက်/မြောက်ဘက်ပွဲကြည့်စင်–2,000 ကျပ်
🔸 အနောက်ဘက် (အထူးတန်း) – 7,000 ကျပ်
03/08/2026
⚽️ MNL U20 League 2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-11) အပြီးမှာတော့ အမှတ်ပေးဇယားကို ISPE အသင်းက ရမှတ် ၂၆ မှတ်နဲ့ ဦးဆောင်ထားပါတယ်။
🥈ဒုတိယနေရာမှာ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၂၄ မှတ်နဲ့ ကပ်လိုက်နေပြီး သစ္စာအားမာန်အသင်းကလဲ ရမှတ် ၂၁ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
ဒဂုံစတားယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက် အသင်းတို့က ရမှတ် ၁၉ မှတ်စီနဲ့ အဆင့် ၄ ၊ ၅ နေရာတွေမှာ အသီးသီးရပ်တည်နေကြပါတယ်။
တဖြည်းဖြည်းနဲ့ ပထမအကျော့ပြီးဆုံးဖို့ နီးကပ်လာပြီး ဘယ်အသင်းက ရာသီဝက်ချန်ပီယံ ဖြစ်သွားမလဲ….? 😲🏆👀
01/08/2026
𝐓𝐇𝐄 𝐖𝐀𝐈𝐓 𝐈𝐒 𝐎𝐕𝐄𝐑! 🔥⚽
ရှမ်းယူနိုက်တက်အသင်းရဲ့ မှတ်တမ်းသစ်တွေကို ရေးထိုးရာလမ်းကြောင်းမှာ အတူအကောင်အထည်ဖော်ပေးကြမယ့် ကစားသမားအသစ်တွေ ဖြစ်ပါတယ်။
အသင်းအတွက် အကောင်းဆုံးကြိုးစားပေးဖို့၊ ပွဲတိုင်းမှာ အားကုန်တိုက်ပွဲဝင်ဖို့နဲ့ အောင်မြင်မှုတွေဆီ အတူတူလျှောက်လှမ်းဖို့ သူတို့အားလုံး အဆင်သင့်ဖြစ်နေပါပြီ။
ရာသီအသစ်၊ ကစားသမားအသစ်၊ စိတ်ခွန်အားအသစ်ဆိုပေမယ့် ချန်ပီယံအငွေ့အသက်တွေကတော့ အရင်အတိုင်း ကိန်းအောင်းနေဆဲပါပဲ။
အသင်းရဲ့ အင်အားဖြည့်တင်းမှုတွေ ဆက်လက်ရှိနေဦးမှာဖြစ်ပြီး နောက်ထပ် ခြေစွမ်းမြင့် ကစားသမားသစ် ၂ ယောက် (သို့) ၃ ယောက်လည်း မကြာခင် ထပ်မံရောက်ရှိလာဦးမှာပါ။
The journey starts now… But it’s not done yet.
More new faces are coming. 👀
STAY TUNED. 🔜
31/07/2026
MNL U20 League 2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-10) အပြီး ဂိုးသွင်းအများဆုံး ကစားသမားစာရင်းဖြစ်ပါသည်။
ဂိုးသွင်းအများဆုံး အဆင့် ၁ နေရာတွင် ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင် ခွန်ချိုထူးက သွင်းဂိုး ရှစ်ဂိုးဖြင့် ရပ်တည်နေသည်။
အဆင့် ၂ ၊ ၃ နေရာများတွင် ရတနာပုံအသင်းမှ Sa Htunt Awar နှင့် စစ်ကိုင်းယူနိုက်တက်အသင်းမှ ပိုင်သက်ဦးတို့က သွင်းဂိုး ခုနစ်ဂိုးစီဖြင့် ရပ်တည်နေကြသည်။
30/07/2026
ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့် MNL U20 League 2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-11) ပွဲစဉ်များတွင် အဆင့် ၂ နေရာမှ ရန်ကုန်ယူနိုက်တက်အသင်းနှင့် အဆင့် ၃ နေရာမှ သစ္စာအားမာန်အသင်း၊ အဆင့် ၁ နေရာမှ ISPE အသင်းနှင့် အဆင့် ၅ နေရာမှ ရှမ်းယူနိုက်တက် အသင်းစသည့် ပွဲကောင်းများ ပါဝင်နေသည်။
(Week-10) အပြီးတွင် ISPE အသင်းက ရမှတ် ၂၃ မှတ်ဖြင့် အဆင့် ၁ တွင် ဦးဆောင်နေပြီး အဆင့် ၂ နှင့် အဆင့် ၃ နေရာများတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့က ရမှတ် ၂၁ စီဖြင့် ရပ်တည်နေကြသည်။
အဆင့် ၄ နှင့် အဆင့် ၅ နေရာများတွင် ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့က ရမှတ် ၁၉ မှတ်စီဖြင့် ရပ်တည်နေသည်။
သို့သော် ဒဂုံစတားယူနိုက်တက်အသင်းသည် လက်ရှိအချိန်တွင် စုစုပေါင်း ကိုးပွဲသာ ကစားထားရသေးသည်။
28/07/2026
သန်းပိုင်၊ ကျော်မင်းဦး၊ ဝင်းနိုင်ထွန်းတို့၏ သွင်းဂိုးများဖြင့် အဝေးကွင်းတွင် ဖိလစ်ပိုင်ကို (၄-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည့် မြန်မာအသင်း
ASEAN HYUNDAI CUP™ 2026
……………………………………………………………..
Full Time
Philippines 🇵🇭 1️⃣-4️⃣ 🇲🇲 Myanmar
J.Gayoso 68' Kyaw Min Oo 7'
Than Paing 28', 83'
Win Naing Tun 81'
28/07/2026
ASEAN HYUNDAI CUP™ 2026
……………………………………………………………..
Half Time
Philippines 🇵🇭 0️⃣-2️⃣ 🇲🇲 Myanmar
Kyaw Min Oo 7'
Than Paing 28'
28/07/2026
ASEAN HYUNDAI CUP™ 2026
……………………………………………………………..
မြန်မာ့လက်ရွေးစင်အသင်း ပွဲထွက်လူစာရင်း
Philippines 🇵🇭 (Vs) 🇲🇲 Myanmar
📅 Date - 28 July 2026
⏱️ Time - 4:30 PM (MMT)
🏟️ Venue - New Clark City Athletics Stadium, New Clark City
▶️ HB Live - Skynet Sports-3
🔴 Online - / facebook & YouTube