Myanmar Goal

Myanmar Goal

Share

www.myanmargoal.com website ရဲ့ official page ဖြစ်ပါတယ်။

www.myanmargoal.com website ရဲ့ official page ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ပြည်တွင်းပြည်ပ အားကစားသတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်သွားမှာဖြစ်ပါတယ်။

Photos from Myanmar Goal's post 08/08/2026

ဂိုးသမားတွေထဲမှာ တတိယမြောက် ပြောင်းရွှေ့ကြေးအများဆုံးဖြစ်လာတဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်
______________________________________________

အင်္ဂလန်ဂိုးသမး ဂျိမ်းစ်ထရက်ဖို့ဒ်ကတော့ မန်စီးတီးနဲ့ ဒုတိယအကြိမ်မြောက် လမ်းခွဲခဲ့ပြီး လိဒ်စ်အသင်းကို ပေါင် ၄၅ သန်းနဲ့ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်သာရှိသေးသူ ထရက်ဖို့ဒ်ဟာ မန်စီးတီးအကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ ကစားသမားဖြစ်ပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက ဘန်လေအသင်းဆီ ပေါင် ၁၉ သန်းနဲ့ရောက်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ နွေရာသီက မန်စီးတီးအသင်းဟာ ထရက်ဖို့ဒ်ကို ပေါင် ၂၇ သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့ပြီး အဓိကဂိုးသမားအီဒါဆင်က တူရကီကို ပြောင်းရွှေ့ခဲ့တာကြောင့် ထရက်ဖို့ဒ်ဟာ နံပါတ် ၁ ဂိုးသမားဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမဲ့ မန်စီးတီးအသင်းက အီတလီနာမည်ကျော် ဒွန်နာရူမာကို ခေါ်ယူခဲ့လို့ ထရက်ဖို့ဒ်ဟာ ပွဲအများစုကို အရန်ခုံမှာပဲ အချိန်ကုန်ခဲ့ရပါတယ်။

လိဂ်ဖလားနဲ့ FA ဖလားပြိုင်ပွဲတွေမှာ ထရက်ဖို့ဒ် ပါဝင်ကစားခွင့်ရခဲ့ပေမဲ့ သူက ပုံမှန်ပွဲထွက်ကစားခွင့်ရတဲ့ ဂိုးသမားဖြစ်ချင်ပြီး အနာဂတ် အင်္ဂလန်အသင်းမှာ ပစ်ခ်ဖို့ဒ်နေရာ အစားဝင်နိုင်ဖို့ မျှော်လင့်နေတာကြောင့် လိဒ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

လိဒ်စ်အသင်းဟာ ဂိုးသမား ၂ ဦးဖြစ်တဲ့ ဒါလိုး၊ မယ်လီယာတို့ကို လက်လွှတ်ခဲ့ရတဲ့အတွက် ထရက်ဖို့ဒ်ကို မရမက ခေါ်ယူခဲ့တာဖြစ်ပြီး အနာဂတ်မှာ သူ့ကို ပြန်ရောင်းမယ်ဆိုရင် ပြောင်းရွှေ့ကြေးထဲက ၂၀ ရာခိုင်နှုန်းကို မန်စီးတီးအသင်း ခံစားခွင့်ရမှာပါ။

အခုဆိုရင် ထရက်ဖို့ဒ်ဟာ အယ်လစ်ဆင်(ပေါင် ၆၇ သန်း)၊ ကီပါ(ပေါင် ၇၁.၆ သန်း)တို့ပြီးရင် တတိယမြောက် ပြောင်းရွှေ့ကြေးအများဆုံး ဂိုးသမားအဖြစ် ရပ်တည်နိုင်ပြီဖြစ်ပါတယ်။

MyanmarGoal Application ရပါပြီ။
ဘောလုံးဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုရင်း၊ နေ့စဉ်ဘောလုံးသတင်းများ၊ သုံးသပ်ချက်များ၊ ဆောင်းပါးများ၊ Talk Show များကို ကြည့်ရှုခံစားနိုင်မှာပါ။
MyanmarGoal App Download Link:
https://play.google.com/store/apps/details...
https://myanmargoal.com/download

Photos from Myanmar Goal's post 08/08/2026

အာဆင်နယ်ကို မပြောင်းချင်လို့ ရီးယဲလ်နဲ့စာချုပ်သက်တမ်းတိုးလိုက်တဲ့ ဗင်နီစီယက်စ်
_______________________________________

ရီးယဲလ်အသင်းရဲ့ ဘရာဇီးလ်နာမည်ကျော်တိုက်စစ်ကစားသမား ဗင်နီစီယက်စ်ဟာ အသင်းနဲ့ ၆ နှစ်စာချုပ်,ချုပ်ဆိုခဲ့ပြီး တစ်ပတ်လစာ ပေါင် ၄၈၀,၀၀၀ အထိရရှိမှာဖြစ်ပါတယ်။

ရီးယဲလ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်တော့တဲ့ ဗင်နီစီယက်စ်ကို ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းက ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းခဲ့ပြီး ရီးယဲလ်နဲ့ဗင်နီစီယက်စ်တို့ရဲ့ စာချုပ်ကိစ္စဆွေးနွေးမှုကလည်း ကြန့်ကြာခဲ့တာကြောင့် ဗင်နီစီယက်စ်ကို ခေါ်ယူနိုင်တော့မယ်လို့ အာဆင်နယ်ပရိသတ်တွေ မျှော်လင့်တကြီးဖြစ်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း နည်းပြမော်ရင်ဟိုရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့အတူ ဗုဒ္ဓဟူးနေ့တုန်းက ဗင်နီစီယက်စ်ရဲ့ကိုယ်စားလှယ်တွေနဲ့ ရီးယဲလ်အသင်းတို့ကြားမှာ စာချုပ်သစ်အတွက် ဆွေးနွေးမှု အဆင်ပြေသွားပြီး ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

ဒါက အာဆင်နယ်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာစေပြီး အခုဆိုရင် ဘယ်တောင်ပံတိုက်စစ်ကို အားဖြည့်ဖို့ ကစားသမားသစ် ဆက်လက်ရှာဖွေရတော့မှာပါ။

MyanmarGoal Application ရပါပြီ။
ဘောလုံးဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုရင်း၊ နေ့စဉ်ဘောလုံးသတင်းများ၊ သုံးသပ်ချက်များ၊ ဆောင်းပါးများ၊ Talk Show များကို ကြည့်ရှုခံစားနိုင်မှာပါ။
MyanmarGoal App Download Link:
https://play.google.com/store/apps/details...
https://myanmargoal.com/download

Photos from Myanmar Goal's post 08/08/2026

နောက်ဆုံးရ မနက်ခင်း သတင်းတိုများ
________________

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့နွေကမှ ယူရို သန်း ၆၀ ကျော် ပေးချေခေါ်ယူခဲ့တဲ့ မက်စ်တန်တူအိုနို ကို ဖီအိုရင်တီးနား အသင်းထံ တစ်ရာသီ အဌားစေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။

ဘိုင်ယန်နည်းပြ ကွန်ပနီကတော့ ဒဏ်ရာမှ သက်သာစပြုလာတဲ့ ကင်မစ်ချ်ကို အလောတကြီး ထုတ်သုံးသွားမှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အေစီမီလန် နည်းပြ အမိုရင်ကတော့ ယခုရာသီ ပစ်မှတ်က စီးရီးအေဖလား နဲ့ ယူရိုပါလိဂ် ဖြစ်ကြောင်း ကြိုတင်ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

ခရစ်တယ်ပဲလေ့စ် အသင်းဟာ အာဆင်နယ် နောက်ခံလူဟောင်း တိုမီယာဆုကို အလွတ် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

ဗင်နီးရှက်ကို မခေါ်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ယခုတစ်ခေါက်မှာတော့ ဘာစီလိုနာမှ ဖာရန်တောရက်စ်ကို ထပ်မံချိတ်ဆက်လာခဲ့ပါတယ်။

လီဗာပူးလ် အသင်းဟာ ပီအက်စ်ဂျီ ကြယ်ပွင့် ဘာကိုလာ ကို ပေါင် သန်း ၁၁၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။

နယူးကာဆယ်အသင်းဟာ လူးဝစ်ဟောအတွက် ရောက်လာတဲ့ မန်ယူရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။

ဂျေဆူးကို ရောင်းဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းထံ နာပိုလီ အသင်းဘက်က ဆက်သွယ်မှုတွေ ပြုလုပ်ထားပါတယ်။

တူရကီကလပ် ဘီဆစ်တက်စ်ဟာ စပါး ကွင်းလယ်လူ ဂါလေဟာ ကို အဌားခေါ်ယူဖို့ ကမ်းလှမ်းထားပါတယ်။

မန်စီးတီးဟာ ရိုဒရီရဲ့ အပြောင်းအရွှေ့ထဲ ဒီဂျောင်ကိုပါ ထည့်သွင်းပေးဖို့ ဘာစီလိုနာအသင်းထံ အသိပေးထားပါတယ်။

ဒါ့အပြင် လီဗာပူးလ်မှ အယ်လစ္စတာကိုလည်း မန်စီးတီးတို့ စောင့်ကြည့်နေပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘိုလော့ဂ်နာ နောက်ခံလူ လူကူမီကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ဂျူဗင်တပ် နဲ့ ဘိုလော့ဂ်နာကြားက ဆွေးနွေးမှုတွေကို အရင်ဆုံး နားစွင့်နေပါတယ်။

လီဗာပူးလ် အသင်းဟာ ဗီလာ နောက်ခံလူ ကွန်ဆာ ကို ခေါ်ယူဖို့ စတင် ကြိုးစားလာခဲ့ပြီ ဖြစ်ပါတယ်။

ကွန်ဆာကို အာဆင်နယ်တို့ အရင်ဆုံး ကြိုးစားခဲ့တာ ဖြစ်ပေမယ့် ပြောင်းရွှေ့ကြေးပိုင်း အဆင်မပြေ ဖြစ်ခဲ့တာကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။

တီကို နည်းပြ ဆီမြွန်နီကတော့ ဖာမင် လိုပတ်ဇ်ကို ရမှသာ အဲဗားရက်ဇ်ကို ဘာစီလိုနာအသင်းထံ လက်လွှတ်ခံသွားဖို့ ရှိနေပါတယ်။

ရိုဒရီကို ခေါ်ယူဖို့ ဆက်တိုက်ကြိုးစားနေတဲ့ ဘာစီလိုနာအတွက် အဲဗားရက်ဇ်က အဓိက ဉီးစားပေး အဆင့်မှာ ရှိနေပါတယ်။

ရီးရဲလ် တိုက်စစ်ကစားသမားလေး အန်းဒရစ်ခ်ရဲ့ ကိုယ်စားလှယ်တွေဟာ ပရီးမီးယားလိဂ်အသင်းတွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်နေပါတယ်။

MyanmarGoal Application ရပါပြီ။
ဘောလုံးဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုရင်း၊ နေ့စဉ်ဘောလုံးသတင်းများ၊ သုံးသပ်ချက်များ၊ ဆောင်းပါးများ၊ Talk Show များကို ကြည့်ရှုခံစားနိုင်မှာပါ။
MyanmarGoal App Download Link:

https://play.google.com/store/apps/details?id=com.etm.myanmargoal&hl=en

https://myanmargoal.com/download

07/08/2026

ဉရုဂွေးနည်းပြ ဖြစ်လာတဲ့ ဖော်လန်
_________________

ဉရုဂွေးအသင်းဟာ နည်းပြသစ် အဖြစ် မန်ယူတိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်ကို ခေါ်ယူခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

နည်းပြ ဘီအဲလ်ဆာကို ရာထူးမှ ထုတ်ပယ်လိုက်တဲ့ ဉရုဂွေးဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အရှက်တကွဲ အုပ်စုအဆင့်မှ ထွက်ခွါခဲ့ရပြီး ဆော်ဒီ၊ ကိတ် ဗာဒီတို့လို အသင်းတွေကိုတောင် အနိုင်မရခဲ့ပါဘူး။

ဖော်လန်ကတော့ ဉရုဂွေး လူငယ်အသင်းကို နည်းပြခဲ့ဖူးသူ ဖြစ်ပြီး လာမယ့် စက်တင်ဘာ နဲ့ အောက်တိုဘာလတွေမှ စတင်ကာ အသင်းပွဲစဉ်တွေကို ကိုင်တွယ်သွားတော့မှာ ဖြစ်ပါတယ်။

ခန့်မှန်းချက်များအရ ဖော်လန်ကို အစားထိုး အနေနဲ့သာ ဉရုဂွေးတို့ ခန့်အပ်ခဲ့တာ ဖြစ်ပြီး လာမယ့် မတ်လမှာတော့ နည်းပြသစ် တစ်ယောက် ထပ်မံခန့်အပ်ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ဖော်လန်ဟာ လက်ရှိ လူငယ်အသင်းကိုလည်း ဆက်လက် တာဝန်ယူနေဉီးမှာ ဖြစ်ပြီး လက်ရွေးစင် အသင်းပွဲစဉ်တွေကိုလည်း ဆက်လက် တာဝန်ယူနေမှာ ဖြစ်ပါတယ်။

MyanmarGoal Application ရပါပြီ။
ဘောလုံးဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုရင်း၊ နေ့စဉ်ဘောလုံးသတင်းများ၊ သုံးသပ်ချက်များ၊ ဆောင်းပါးများ၊ Talk Show များကို ကြည့်ရှုခံစားနိုင်မှာပါ။
MyanmarGoal App Download Link:

https://play.google.com/store/apps/details?id=com.etm.myanmargoal&hl=en

https://myanmargoal.com/download

07/08/2026

ရိုဒရီအတွက် တန်ကြေး သက်မှတ်ထားတဲ့ စီးတီး
___________________

မန်စီးတီးအသင်းဟာ ရီးရဲလ်၊ ဘာစီလိုနာတို့ အပြိုင်လိုက်နေတဲ့ ကွင်းလယ်လူ ရိုဒရီအတွက် ပေါင် သန်း ၆၀ အထက် ပမာဏကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

စပိန်နဲ့ ကမ္ဘာ့ဖလား ရယူထားတဲ့ အဆိုပါ ကွင်းလယ်ကစားသမားဟာ လက်ရှိ ဘာစီလိုနာအသင်းရဲ့ ချိတ်ဆက်ခြင်းတွေ ကြုံတွေ့နေရသလို ဘာစီလိုနာကလည်း ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။

စီးတီးဘက်ကတော့ ပေါင် သန်း ၆၀ လောက်နဲ့တောင် ရိုဒရီလို ကစားသမားမျိုးကို ရောင်းချလိုခြင်း မရှိ ဖြစ်နေပေမယ့် ကစားသမားကိုယ်တိုင်က စပိန်ကို ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

ရိုဒရီရဲ့ နေရာအတွက် လိုင်လီကြယ်ပွင့် ဘူယက်ဒီကို စီးတီးတို့ ကြိုတင်ချိတ်ဆက်နေပေမယ့် အဆိုပါ လူငယ်လေးအတွက် ပေါင် သန်း ၈၀ အထိ အနည်းဆုံး ပေးချေသွားရမှာ ဖြစ်တာကြောင့် ရိုဒရီရဲ့ ပြောင်းရွှေ့ကြေးက အလွန်ကို နည်းပါးနေတာ တွေ့ရပါတယ်။

ဒါပေမယ့် ကစားသမားရဲ့ ဒဏ်ရာ ပြဿနာတွေနဲ့အတူ ခွဲစိတ်မှု အနေအထားတွေကြောင့် မန်စီးတီး အနေနဲ့ အသက်အရွယ် အနေအထားတစ်ခု ရောက်လာပြီ ဖြစ်တဲ့ ရိုဒရီကို လက်လွှတ်ခံသွားနိုင်ပါတယ်။

MyanmarGoal Application ရပါပြီ။
ဘောလုံးဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုရင်း၊ နေ့စဉ်ဘောလုံးသတင်းများ၊ သုံးသပ်ချက်များ၊ ဆောင်းပါးများ၊ Talk Show များကို ကြည့်ရှုခံစားနိုင်မှာပါ။
MyanmarGoal App Download Link:

https://play.google.com/store/apps/details?id=com.etm.myanmargoal&hl=en

https://myanmargoal.com/download

07/08/2026

ဘာယင်ဒါကို အဌားချလိုက်တဲ့ ယူနိုက်တက်
__________________

မန်ယူအသင်းဟာ ဂိုးသမား ဘာယင်ဒါကို ဆဲလ်တာဗီဂို အသင်းထံ အဌားချလိုက်ပြီ ဖြစ်ပါတယ်။

ဘာယင်ဒါဟာ မန်ယူအသင်းထံ ၂၀၂၃ စက်တင်ဘာတုန်းက ဖီနာဘာချီအသင်းထံမှ ရောက်လာခဲ့တာ ဖြစ်ပြီး ၁၇ ပွဲသာ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။

မန်ယူအသင်းအတွက် ပါဝင်ကစားခွင့် ရခဲ့တဲ့ ပွဲစဉ်အချို့မှာတော့ ဂိုးကာကွယ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့သလို မှားယွင်းမှုတွေလည်း ပြုလုပ်ခဲ့သူ ဖြစ်ပြီး ၎င်းရဲ့ အမှားမှ သွင်းဂိုး ၃ ဂိုးအထိတော့ ခွင့်ပြုခဲ့ရဖူးပါတယ်။

ဆဲလ်တာဗီဂိုကတော့ ပြီးခဲ့တဲ့ ရာသီ လာလီဂါ အဆင့် ၆ နဲ့ ပိတ်သိမ်းနိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး ယူရိုပါလိဂ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် လက်မှတ် ရရှိထားတာလည်း ဖြစ်ပါတယ်။

အိုနာနာ နဲ့ ဘာယင်ဒါတို့ ၂ ဉီးစလုံးကို မန်ယူအသင်းက အဌားစေလွှတ်ခဲ့သလို နောက်ထပ် ဂိုးသမား ဗီတက်ခ်ကိုလည်း မစ်ဒယ်ဘရော့ဒ်ထံ ထပ်မံစေလွှတ်ဖို့ ရှိနေပြီး အသင်းအဓိက ဂိုးသမား‌နေရာကိုတော့ လန်းမန်းစ်ကိုပဲ ဆက်တာဝန်ပေးသွားဖို့ ရှိနေပါတယ်။

လန်းမန်းစ် အပါအဝင် တွန်ဟီတန် ၊ မာဂတ်ဆန် တို့ကို အသင်းလူစာရင်းထဲ ထည့်သွင်းထားပြီး အသက် ၁၈ နှစ်အရွယ် လူငယ်ဂိုးသမားလေး အိုရော့ဇ်ကို ကိုလည်း ခေါ်ယူဖို့ စီစဉ်နေပါတယ်။

MyanmarGoal Application ရပါပြီ။
ဘောလုံးဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုရင်း၊ နေ့စဉ်ဘောလုံးသတင်းများ၊ သုံးသပ်ချက်များ၊ ဆောင်းပါးများ၊ Talk Show များကို ကြည့်ရှုခံစားနိုင်မှာပါ။
MyanmarGoal App Download Link:

https://play.google.com/store/apps/details?id=com.etm.myanmargoal&hl=en

https://myanmargoal.com/download

07/08/2026

ချဲလ်ဆီးကို အလွန်ဆို အောင်မြင်မှုတွေ ပြန်ယူပေးနိုင်မလားဆိုတာကို အားကစားကလောင်ရှင် ကိုအာကာက ဆွေးနွေးသုံးသပ်ပေးထားတာကို ဖော်ပြပေးလိုက်ရပါတယ်။

07/08/2026

အဓိက.ကစားသမားတွေကို ဆုံးရှုံးထားတဲ့ နယူးကာဆယ်အသင်း မထင်မရှားနည်းပြတစ်ဦးကို နည်းပြသစ်ခန့်အပ်
______________________________________

နယူးကာဆယ်အသင်းဟာ အသင်းနည်းပြသစ်အဖြစ် အသက် ၃၈ နှစ်အရွယ်သာရှိသေးတဲ့ ဂျာမန်လူငယ်နည်းပြ မာသီးယက်စ်ရိုင်စလာကို ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ သူတို့ရဲ့အသင်းခေါင်းဆောင် ဘရူနိုဂီမာရေ့စ်ကို လက်လွှက်ရဖို့ သေချာသွားတဲ့နေ့မှာပဲ ရိုင်စလာက နည်းပြသစ်ဖြစ်လာပြီး သူကတော့ အက်ဒီဟောင်း တည်ဆောက်ခဲ့တဲ့ အောင်မြင်မှုကို ဆက်ထိန်းသွားမှာဖြစ်တယ်လို့ ကတိပေးခဲ့ပါတယ်။

နယူးကာဆယ်အသင်းအတွက် လိဂ်ဖလားရယူပြီး ၅၆ နှစ်ကြာ ဖလားလက်မဲ့မှတ်တမ်းဆိုးကို အဆုံးသတ်ခဲ့သူ အက်ဒီဟောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းနည်းပြရာထူးကနေ ရုတ်တရက် နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ နေရာသာရရှိခဲ့ပြီး အခုနွေရာသီအတွင်းမှာလည်း အန်သိုနီဂေါ်ဒွန်၊ တိုနာလီတို့ကို ဆုံးရှုံးခဲ့သလို အသင်းခေါင်းဆောင် ဘရူနိုဂီမာရေ့စ်ကလည်း အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ပေါင် ၇၅ သန်းနဲ့သဘောတူညီမှုရသွားပြီဖြစ်လို့ ရာသီသစ်မှာ အခြေအနေ သိပ်ကောင်းဖို့ မရှိပါဘူး။

ဒါ့အပြင် ရိုင်စလာဟာ နည်းပြဘဝမှာ ဆဲလ်ဘာ့ဂ်၊ အယ်လ်အာလီစတဲ့အသင်းတွေနဲ့ ဆုဖလားအောင်မြင်မှုရယူနိုင်ခဲ့ပေမဲ့ အသင်းကြီးကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံမရှိတာကြောင့် ပရီးမီးယားလိဂ်မှာ အဆင်ပြေနိုင်ပါ့မလားဆိုတာ စိုးရိမ်စရာဖြစ်နေပါပြီ။

နယူးကာဆယ်အသင်းဟာ ရိုင်စလာကို နည်းပြသစ်ခန့်အပ်ဖို့ အယ်လ်အာလီအသင်းကို စာချုပ်လျော်ကြေးအဖြစ် ပေါင် ၉.၅ သန်းပေးချေခဲ့ပြီး ရိုင်စလာနဲ့ ၄ နှစ်စာချုပ်,ချုပ်ဆိုခဲ့ပါတယ်။

MyanmarGoal Application ရပါပြီ။
ဘောလုံးဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုရင်း၊ နေ့စဉ်ဘောလုံးသတင်းများ၊ သုံးသပ်ချက်များ၊ ဆောင်းပါးများ၊ Talk Show များကို ကြည့်ရှုခံစားနိုင်မှာပါ။
MyanmarGoal App Download Link:
https://play.google.com/store/apps/details...
https://myanmargoal.com/download

07/08/2026

ယူနိုက်တက်နဲ့အာဆင်နယ် အပြိုင်ပစ်မှတ်ထားနေတဲ့ ရှက်တာဒိုးနက်လူငယ်ကြယ်ပွင့်လေး ဟက်ထရစ်သွင်းနိုင်ခဲ့
______________________________________________________

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့က ဘောလုံးကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်နေတဲ့ ရှက်တာဒိုးနက်လူငယ်ကြယ်ပွင့် အီလီယက်စ်ဟာ အသင်းအတွက် ဟက်ထရစ်သွင်းနိုင်ခဲ့ပါတယ်။

အသက် ၂၀ သာရှိသေးသူ အီလီယက်စ်ဟာ တနင်္လာနေ့တုန်းက Kudrivka အသင်းကို ၅-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ခေါင်းတိုက်ဂိုး၊ ဘယ်ခြေ၊ ညာခြေနဲ့ Perfect Hattrick သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲကို အာဆင်နယ်နဲ့ယူနိုက်တက်တို့ သူတို့ရဲ့ ကင်းထောက်တွေ စေလွှတ်ပြီးတော့ စောင့်ကြည့်စေခဲ့သလို အေစီမီလန်၊ ပေါ်တိုအသင်းတွေကလည်း အီလီယက်စ်ကို ပစ်မှတ်ထားနေကြပါတယ်။

အီလီယက်စ်ဟာ ဘယ်၊ ညာအားသန်တဲ့သူဖြစ်တဲ့အပြင် လေထဲမှာ အမြင့်ဘောတွေကို အသုံးချနိုင်စွမ်းကောင်းမွန်ပြီး ပြိုင်ဘက်ပယ်နယ်တီဧရိယာအတွင်း composure ကောင်းတဲ့သူဖြစ်လို့ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရပါတယ်။

အဲဒါကြောင့် အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းက အီလီယက်စ်ကို ခေါ်ယူဖို့ အသည်းအသန် စိတ်ဝင်စားနေတာဖြစ်ပြီး ရှက်တာဒိုးနက်အသင်းကတော့ သူတို့လူငယ်ကြယ်ပွင့်အတွက် ပေါင်သန်း ၃၀ တန်ကြေးသတ်မှတ်ထားတယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အီလီယက်စ်ရဲ့ခြေစွမ်းကို ရက်သတ္တပတ်အတော်ကြာအောင် စောင့်ကြည့်နေပြီး အခု ဟက်ထရစ်သွင်းခဲ့လို့ အာဆင်နယ်အသင်း စိတ်ဝင်စားမှု ပိုမြင့်တက်သွားနိုင်ပါတယ်။ ဒါ့အပြင် အီလီယက်စ်က ရှေ့တက်၊ နောက်ဆင်းကစားနိုင်တဲ့သူဖြစ်လို့ အာတီတာရဲ့နည်းစနစ်ထဲမှာ အံဝင်ဖို့ရှိနေပါတယ်။

MyanmarGoal Application ရပါပြီ။
ဘောလုံးဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုရင်း၊ နေ့စဉ်ဘောလုံးသတင်းများ၊ သုံးသပ်ချက်များ၊ ဆောင်းပါးများ၊ Talk Show များကို ကြည့်ရှုခံစားနိုင်မှာပါ။
MyanmarGoal App Download Link:
https://play.google.com/store/apps/details...
https://myanmargoal.com/download

Photos from Myanmar Goal's post 07/08/2026

နောက်ဆုံးရ မနက်ခင်း သတင်းတိုများ
___________________

မန်စီးတီး အသင်း ဂိုးသမား ထရတ်ဖို့ဒ်ဟာ လိဒ်အသင်းထံ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ နဲ့ ထွက်ခွါသွားခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း နဲ့ သတင်းတွေထွက်ခဲ့ပြီးနောက်မှာတော့ ဗင်နီးရှက်ဟာ လက်ရှိ အသင်းနဲ့ပဲ ၆ နှစ် စာချုပ်သစ် ထပ်မံချုပ်ဆိုလိုက်ပါတယ်။

ကစားသမားတွေ ဆက်တိုက်ရောင်းချနေတဲ့ ရီးရဲလ်ဟာ ယခုနွေအတွင်းမှာတင် ယူရို ၁၈၉ သန်းအထိ ဝင်ငွေ ရရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ရီးရဲလ် ကစားသမားသစ် ဖြစ်လာတဲ့ ဒီယိုမန်ဒီကတော့ အသင်းဟောင်းကို ကျေးဇူးတင်စကားပြောဆိုသွားခဲ့ပြီး ရီးရဲလ်ကို ပြောင်းခွင့်က ငယ်ဘဝ အိမ်မက်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ရီးရဲလ်ဟာ ဒီယိုမန်ဒီအတွက် ယူရို သန်း ၁၄၀ လောက်အထိ အသုံးပြုခဲ့ရပြီး ၅ နှစ် စာချုပ် ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ဘာစီလိုနာ တောင်ပံ ကစားသမား ရာဖင်ညာကို ခေါ်ယူလိုနေပေမယ့် ကစားသမားကတော့ လက်ရှိ အသင်းမှာပဲ ဆက်နေလိုနေပါတယ်။

ဒါ့အပြင် မန်ယူမှ ဆက်စ်ကို ကို စပါးတို့ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရသလို ဘာစီလိုနာ နဲ့ ဘိုင်ယန်မြူးနစ်တို့လည်း နောက်ပြန်ဆုတ်ခဲ့ရပါတယ်။

မန်ယူအသင်းဟာ ဇာ့ခ်ဇီကို ဂျူဗင်တပ် အသင်းထံ အဌားစေလွှတ်ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ချဲလ်ဆီးတောင်ပံ ကစားသမား နက်တို ကို အထူးစိတ်ဝင်စားနေပြီး နည်းပြ မာရက်စ်ကာ စိတ်ကြိုက် ကစားသမား တစ်ယောက် ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဖောရက်စ်မှ ဂစ်ဝှိုက်ကို ၎င်းတို့ စောင့်ကြည့်ရမယ့် စာရင်းထဲ ထည့်သွင်းထားပါတယ်။

လီဗာပူးလ် တောင်ပံ ကစားသမား ဂတ်ပို ဟာ စပါးနည်းပြ ဒီဇာဗီရဲ့ အကြိုက်စာရင်းထဲ ပါဝင်နေပါတယ်။

လိဒ် အသင်းဟာ အေစီမီလန် တောင်ပံ ကစားသမား လီယိုကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကြောင်း သတင်းရရှိပါတယ်။

ကွန်ဗန်ထရီ နည်းပြ လမ်းပတ်ကတော့ ချဲလ်ဆီးမှ မူဒရစ်ခ်ကို အဌားခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ပုံမှန်ကစားခွင့်ရဖို့ လိုအပ်နေတဲ့ ရီးရဲလ်ကြယ်ပွင့်လေး အန်းဒရစ်ခ်ဟာ အသင်းပြောင်းခွင့် တောင်းဆိုထားပါတယ်။

ဘာစီလိုနာအသင်းဟာ အဲဗားရက်ဇ်အတွက် နောက်ဆုံး ကမ်းလှမ်းမှုအဖြစ် ယူရို ၁၁၅ သန်း နဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားပါတယ်။

တီကို ဘက်ကတော့ အိုဆင်ဟမ်ကို ခေါ်ယူဖို့ ငြင်းပယ်ခဲ့သလို အဲဗားရက်ဇ်လည်း အသင်းပြောင်းမှာ မဟုတ်ကြောင်း ယုံကြည်နေပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး ဖာရန်တောရက်စ်ဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းဖို့ အသင်းဘက်မှ ခွင့်ပြုချက် ရရှိထားပါတယ်။

ရီးရဲလ်နောက်ခံလူ အက်ဆန်စီယိုကတော့ လီဗာပူးလ် အသင်းထံ အလွတ်ထွက်ခွါလာဖို့ ကိုယ်တိုင် တောင်းဆိုထားပါတယ်။

မန်စီးတီး‌ ကွင်းလယ်လူ ရိုဒရီဟာ ရီးရဲလ်၊ ဘာစီလိုနာ ၂ သင်းစလုံးနဲ့ ပြောဆိုနေပြီး ယခုလ ၁၃ ရက်နေ့ အပြီးသတ် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

MyanmarGoal Application ရပါပြီ။
ဘောလုံးဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုရင်း၊ နေ့စဉ်ဘောလုံးသတင်းများ၊ သုံးသပ်ချက်များ၊ ဆောင်းပါးများ၊ Talk Show များကို ကြည့်ရှုခံစားနိုင်မှာပါ။
MyanmarGoal App Download Link:

https://play.google.com/store/apps/details?id=com.etm.myanmargoal&hl=en

https://myanmargoal.com/download

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


MICT Park Street
Yangon
11051