ဒီနေ့ မြောက်ဒဂုံ ၃၄ကွင်းမှာ အပျော်ကစားခဲ့တဲ့ ၄ယောက်တွဲပွဲပါ။
ဘဝမှာ ကိုယ်တိုင်ကစားတဲ့ပွဲကိုပြန်ကြည့်ရတာ ဒါပထမဆုံးပါပဲ။ သူများသိမှာစိုးလို လျှို့ဝှက်ထားတဲ့ခြေစွမ်းတွေ အခုတော့ လူသိကုန်ပါပြီ😂
အမှတ်တရသိမ်းထားလိုက်ပါပြီ။ ကျေးဇူးပါကိုဝကြီးရေ🙏
Nyi Naingdit to Nyi Naing
KWEE SAI Sepaktakraw Fan
မြန်မာနိုင်ငံ၏ ပထမဦးဆုံး ပိုက်ကျော်ခြင်း Page နှင့် Group ဖြစ်ပါသည်
31/05/2026
ဖိုးသဲရဲ့ Blocking ကြီးက အလွင့်ကြီး😲😮
21/05/2026
ဘယ်သူ့ကန်ချက်လဲဗျာ၊ ခြင်းလုံးတောင် ပိန်သွားတယ်😲😮
ဖိုက်တာလား၊ နောက်ထိန်းလား?
21/05/2026
ဒီအလုံးဆိုရင် VAR က ဘယ်လိုဆုံးဖြတ်မယ်ထင်ပါသလဲ?
ဦးနှောက်နဲ့ နှလုံးသား ယှဉ်လာတဲ့အခါ ဒိုင်တွေက ဘယ်ဘက်ကိုရပ်တည်မလဲမသိပေမယ့် ကျနော်ကတော့ ခင်ဝင့်ဝါကိုပဲရွေးချယ်လိုက်ပါတယ်😁
19/05/2026
၃ယောက်တွဲ ပထမ - ယိုးဒယား၊ ဒုတိယ မြန်မာ
၄ယောက်တွဲ ပထမ - မလေးရှား၊ ဒုတိယ အိန္ဒိယ
နောက်ဆုံးတော့ ပိုက်ကျော်ခြင်းအင်အားကြီး၂နိုင်ငံဖြစ်တဲ့ ယိုးဒယားနဲ့ မလေးရှားတို့ကပဲ ဆုဖလားကြီးကို ၁မျိုးစီယူသွားကြပေမယ့် ဒီတစ်ခေါက်ပြိုင်ပွဲမှာ မြန်မာနဲ့ အိန္ဒိယက အတိုးတက်ဆုံးပါပဲ။
မနိုင်တာကြာပြီဖြစ်တဲ့ယိုးဒယားကို ၄ယောက်တွဲမှာ အနိုင်ကစားခဲ့တဲ့ပွဲဟာ တတိုင်းပြည်လုံး ပျော်ရွှင်ခဲ့ရပါတယ်။ ဖလားရသလိုကို ပျော်ခဲ့ရတာပါ။ ပြိုင်ပွဲတိုင်းနီးပါး ဆုဖလားတွေကို အမြဲယူနေတဲ့ယိုးဒယားကို ဗီယက်နမ်တို့၊ မလေးရှားတို့အနိုင်ရခဲ့တုန်းကလည်း အခုကျနော်တို့ပျော်သလို ပျော်ခဲ့ကြပါတယ်။ နောက်တစ်ခါ အိန္ဒိယနဲ့တွေ့ရင် ၄ယောက်တွဲမှာအဓိကကျတဲ့ ကျောဘလော့၃ယောက်တက်တာကိုဖြေရှင်းနိုင်ရင် နိုင်ပါပြီ။ အိန္ဒိယလည်း ကျောဘလော့တစ်ခုတည်းနဲ့ ငွေတံဆိပ်ဆုယူနိုင်ခဲ့တာပါ။ ကျန်တာ ဘာမှသိပ်မကွာပါဘူး။
အတိုးတက်ဆုံးကတော့ ၃ယောက်တွဲ Regu ပါ။ အရင်က အုပ်စုတက်ဖို့တောင်အနိုင်နိုင်ဘဝကနေ အခုတော့ အင်ဒို၊ ဗီယက်နမ်တို့ပါတဲ့အုပ်စုမှာ ပထမရခဲ့ပြီး လက်ရှိချန်ပီယံဆိုတဲ့ အိမ်ရှင်မလေးရှားအသင်းကို သူတို့ပရိသတ်ရှေ့မှာ 2-0 နဲ့ အနိုင်ယူခဲ့တာ တကယ်ကိုဂုဏ်ယူရမယ့်အခိုက်အတန့်ပါ။ မြန်မာ့ပိုက်ကျော်ခြင်းအတွက် တကယ့်မှတ်တမ်းကောင်းတစ်ခုပါ။ ဖိုင်နယ်မှာ ယိုးဒယားကို 1-2 နဲ့ ရှုံးခဲ့တာကတော့ သူတို့ဆီမှာ ၃ယောက်တွဲပြိုင်ပွဲတွေကို လိဂ်ပွဲအပါအဝင် ပြိုင်ပွဲပေါင်းများစွာကို နှစ်ပေါက်အောက် အဆက်မပြတ် ကစားနေရလို့ ပြိုင်ပွဲအတွေ့အကြုံကွာသွားတာပါ။ ပံ့ပိုးမှုတွေ ကွာသွားတာပါ။ တို့ဆီမှာလည်း ပြိုင်ပွဲများများလုပ်ပေးရင် နောက်ဆိုယှဉ်နိုင်တော့မှာပါ။ ကစားသမားတွေ ပင်ကိုယ်ပါရမီကောင်းကြတယ်၊ မညံ့ပါဘူး။ သူတို့နိုင်ငံတွေလိုသာယာပြီး သူတို့ကစားသမားတွေလိုသာ နေထိုင်၊ လေ့ကျင့်ရရင် ကျနော်တို့အသင်းလည်း ဆုဖလားတွေရနိုင်ပါတယ်။ ပြိုင်ပွဲများများကျင်းပပေးနိုင်အောင် အားလုံးဝိုင်းဝန်းကူညီကြရအောင်ပါ။
Kwee Sai
ပိုက်ကျော်ခြင်းဝါသနာရှင်
19/05/2026
Myanmar 2-0 Malaysia
၃ယောက်တွဲ Regu မှာ Myanmar အသင်းဟာ အိမ်ရှင်မလေးရှားကို ၂ပွဲပြတ်နဲ့ အနိုင်ယူကာ ဖိုင်နယ်တက်သွားပါပြီ။
မြန်မာအသင်း တကယ်ကောင်းခဲ့ပါတယ်။ အထူးသဖြင့် သန့်ဇင်ထွန်းပါပဲ။ ရဲထက်နဲ့ အောင်ကြီးတို့လည်း တကယ်ကိုကောင်းခဲ့ပါတယ်။
ဖိုင်နယ်မှာ မဟာပြိုင်ဘက်ကြီး ယိုးဒယားအသင်းနဲ့ ကစားရပါမယ်။
19/05/2026
၄ယောက်တွဲမှာ အကောင်းဆုံးအသင်း၊ လက်ရှိချန်ပီယံဆိုတဲ့ဗီယက်နမ်အသင်းကို နည်းစနစ်ပိုင်းနဲ့ အနိုင်ယူပြသွားတဲ့မလေးရှားအသင်းကို တကယ်ချီးကျူးမိပါတယ်။
၁ပွဲစီအနိုင်ရပြီး ၃ပွဲမြောက်ဆင်းတဲ့အခါ အကောင်းဆုံးဆိုတဲ့ကျောဘလော့ကို အပြင်းမကန်တော့ပဲ ဘတ်ခြင်းတွေနဲ့ အမှတ်ယူတယ်၊ နောက်ထိန်းကြီး အိုင်ဒဲမန်းဆိုရင် လိုအပ်ရင် ကိုယ်တိုင်ထောင်ပြီး ဖဝါးတက်ပုတ်ကာ အရေးကြီးတဲ့အမှတ်၁မှတ်ကို စွန့်စွန့်စားစား ရှာယူနိုင်ခဲ့တယ်။
၄ယောက်တွဲမှာ အဓိကဖြစ်လာတဲ့ကျောဘလော့၃ယောက်တွဲတက်တာကို ရအောင်ဖြည်ပြသွားတဲ့ မလေးရှားအသင်းရဲ့ နည်းစနစ်ကို တကယ်ချီးကျူးမိပါတယ်။
Kwee Sai (ပိုက်ကျော်ခြင်းဝါသနာရှင်)
18/05/2026
မြန်မာ 2-1 ယိုးဒယား (၄ယောက်တွဲ)
မြန်မာ 2-0 အိန္ဒိယ (၃ယောက်တွဲ)
ပြိုင်၂မျိုးစလုံး ဆီမီးဖိုင်နယ်တက်ရောက်သွားပါပြီအမျိုးတို့ရေ💪👍👏
🎶 အုတ်ဖိုဘူတာ တကယ်လှတယ်၊ ကျုပ်ကိုယူပါ သူငယ်မရယ်🎵
18/05/2026
၃ယောက်တွဲ Regu မှာလည်း မြန်မာအသင်းဟာ အုပ်စုပထမနဲ့ တက်သွားပါပြီ။
18/05/2026
Myanmar 2-0 China
၄ယောက်တွဲ Quadrant Event မှာ မြန်မာအသင်းဟာ အုပ်စုပထမရပြီး ကွာတားဖိုင်နယ်တက်သွားပါပြီ။
တစ်ဖက်အုပ်စုမှာ ဒုတိယရခဲ့တဲ့ ယိုးဒယားအသင်းနဲ့ ကစားရပ့မယ်။
Click here to claim your Sponsored Listing.
Location
Category
Contact the business
Website
Address
Yangon