Myanmar Jiu-Jitsu Federation

Myanmar Jiu-Jitsu Federation

Share

To build a united world-class Jiu-Jitsu community that inspires excellence, and mutual respect.

22/07/2026

These are truly valuable words from Jiu-Jitsu Professor Master John Danaher.
They don't apply only to Jiu-Jitsu. They are equally relevant throughout life. Whenever we face challenges and difficulties, I hope we never choose to confront them half-heartedly. Instead, may we face them with full commitment, confidence, and determination.

Jiu-Jitsu မှာ အန္တရာယ်အများဆုံး လုပ်ဆောင်မှုက တစ်ဝက်တစ်ပျက် လုပ်တဲ့ move ပဲ ဖြစ်ပါတယ်။
ဘယ်လို move မဆို စတင်ဝင်လိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အန္တရာယ်တစ်ခုခုနဲ့ မဖြစ်မနေ ရင်ဆိုင်ရစေပါတယ်။ မူလက လုံခြုံတဲ့ ကာကွယ်ရေးအနေအထားကို စွန့်လွှတ်ပြီး တိုက်ခိုက်မှုကနေ ရနိုင်တဲ့ အကျိုးကျေးဇူးအတွက် စွန့်စားလိုက်တာ ဖြစ်ပါတယ်။
ဒါပေမယ့် move ကို တစ်ဝက်တစ်ပျက်ပဲ လုပ်မယ်ဆိုရင် မူလက ရှိတဲ့ လုံခြုံမှုကိုတော့ စွန့်လွှတ်ပြီးသား ဖြစ်သွားတယ်—ဒါက အန္တရာယ်ပါ။ ဒါပေမယ့် အောင်မြင်ဖို့ လိုအပ်တဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ အားထုတ်မှု မလုံလောက်တဲ့အတွက် အောင်မြင်နိုင်ခြေက အလွန်နည်းသွားပါတယ်။
အဲဒီလိုဆိုရင် စွန့်စားမှုအားလုံးကို ခံယူထားပြီး အကျိုးအမြတ်ကတော့ မရနိုင်သလောက် ဖြစ်သွားပါတယ်။ ဒါဟာ ကျရှုံးဖို့ စောင့်နေတဲ့ အခြေအနေတစ်ခုပါပဲ။
စွန့်စားမယ်ဆိုရင် အဲဒီစွန့်စားမှုကို ထိုက်တန်စေမယ့် အကျိုးအမြတ် ရှိရပါမယ်။ Jiu-Jitsu မှာတော့ အဲဒီအကျိုးအမြတ်က အမှတ်ရခြင်း (score) သို့မဟုတ် ချုပ်အနိုင်ယူခြင်း (submission) ပဲ ဖြစ်ပါတယ်။
အဲဒီလို ရလဒ်ကို ရဖို့ဆိုရင် ကိုယ်ဘက်ကလည်း အပြည့်အဝ စိတ်ပိုင်းဖြတ်ပြီး လုပ်ဆောင်ဖို့ လိုပါတယ်။
တစ်ဝက်တစ်ပျက် လုပ်တာက ဆုံးရှုံးနိုင်ခြေကိုပဲ အပြည့်အဝ ခံရပြီး အနိုင်ရနိုင်တဲ့ အခွင့်အရေးကိုတော့ မရစေပါဘူး။
ဒါကြောင့် ဝင်တော့မယ်ဆိုရင် အပြည့်အဝ ဝင်ပါ။ မဝင်ဘူးဆိုရင်လည်း မဝင်ပါနဲ့။

The most dangerous move to attempt in Jiu Jitsu is half a move. When you enter into any given move you inevitable expose yourself to risk. You’ve left a sound defensive stance in favor of the potential benefits of an attack. A half way committed move means you leave the safety of your initial stance - that’s a risk - but with so little commitment that there is almost not chance of success - so the one that justifies taking the risk is now highly unlikely to happen. You’ve taken all the risk of a move with none of the potential reward - that’s a disaster waiting to happen. If you’re going to take a risk there has to be a potential reward big enough to justify the risk. That means a score or submission. That’s always going to require a substantial commitment on your part. Going in half cocked exposes you to all the downside and none of the potential upside. So if you’re going to go - go!

Photos from Myanmar Jiu-Jitsu Federation's post 18/07/2026

年齢はあまり重要ではありません。Jiu-Jitsuを続けられるうちは、それが健康であるということです。

Age isn't what matters most. As long as you can keep practicing Jiu-Jitsu, that's what it means to be healthy.

11/07/2026

မြန်မာနိုင်ငံ ဂျူဂျစ်ဆုအဖွဲ့ချုပ်၏ ၂၀၂၆ ခုနှစ်၊ အသစ်ပြန်လည်ဖွဲ့စည်းသည့် အမှုဆောင်မျက်နှာစုံညီ ပထမအကြိမ်အစည်းအဝေး ကျင်းပ

ရန်ကုန်၊ ဇူလိုင် ၁၁

မြန်မာနိုင်ငံ ဂျူဂျစ်ဆုအဖွဲ့ချုပ် (MMJF) ၏ ၂၀၂၆ ခုနှစ်အတွက် အသစ်ပြန်လည်ဖွဲ့စည်းထားသော အမှုဆောင်မျက်နှာစုံညီ ပထမအကြိမ် အစည်းအဝေးကို ယနေ့ ဇူလိုင်လ ၁၁ ရက် မွန်းလွဲ ၁၂:၀၀ နာရီတွင် ဆရာစံလမ်းရှိ ကိုကံကောင်းလက်ဖက်ရည်ဆိုင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ အဖွဲ့ချုပ် နာယက ဦးထွန်းထွန်း၊ ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် အမှုဆောင်အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နာယက ဦးထွန်းထွန်းက အဖွင့်အမှာစကား ပြောကြားရာ၌ အဖွဲ့ချုပ်၏ လက်ရှိလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လမ်းညွှန်ချက်များ ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသော အမှုဆောင်အဖွဲ့ဝင်များက အဖွဲ့ချုပ် ရေရှည်ရပ်တည်နိုင်ရေး၊ ဖွံ့ဖြိုးတက်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် အသီးသီး အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းနှင့် ပြန်ကြားရေး MMJF

Myanmar Jiu-Jitsu Federation Holds First Plenary Executive Meeting of Newly Reconstituted 2026 Committee

YANGON, July 11

The Myanmar Jiu-Jitsu Federation (MMJF) held its first plenary executive meeting of the newly reconstituted 2026 committee today, July 11, at 12:00 PM at the Ko Kan Kaung Teashop on Saya San Road.
The meeting was attended by Patron U Tun Tun, Chairman U Thant Zin, and a full quorum of executive committee members.
In his opening remarks, Patron U Tun Tun provided key guidance and strategic directions on addressing the current needs and requirements of the federation moving forward.
Following the patron's address, the chairman and executive members engaged in active discussions, sharing recommendations and insights focused on the federation's sustainability, future development, and growth.
News and Information MMJF

Photos from Myanmar Jiu-Jitsu Federation's post 24/06/2026

This is a piece of news that made me very proud and happy.
When I first started learning Brazilian Jiu-Jitsu in Japan, one of the first professors who guided and taught me was Professor Mauricio Gomes. Recently, His Majesty King Charles III visited the Roger Gracie Academy in London, founded by Professor Mauricio Gomes' son, the multiple-time world champion Professor Roger Gracie.
It is inspiring to see the art of Jiu-Jitsu receiving such recognition and support at the highest levels.
Around the world, many elite military and special operations units, including the U.S. Navy SEALs, Green Berets, and the UK's SAS, study and practice Jiu-Jitsu because of its effectiveness in close-quarters combat and real-life self-defense situations.
Jiu-Jitsu is more than a sport—it is a practical martial art, a system of self-improvement, and a way of life.

私が日本でブラジリアン柔術(Jiu-Jitsu)を学び始めた頃、最初に出会い、直接ご指導いただいた先生の一人がマウリシオ・ゴメス教授でした。
そのマウリシオ・ゴメス教授のご子息であり、世界チャンピオンのロジャー・グレイシー教授が運営するロンドンのロジャー・グレイシー・アカデミーを、チャールズ国王陛下が訪問し、視察・激励されたというニュースです。
海外では、Navy SEALs(米海軍特殊部隊)、Green Berets(米陸軍特殊部隊)、SAS(英国特殊空挺部隊)をはじめとする精鋭部隊の多くが、実戦的な近接格闘技として柔術を学んでいます。
柔術は単なるスポーツではなく、実践的な護身術であり、人間形成にも役立つ素晴らしい武道だと感じています。

ကျွန်တော် ဂျပန်နိုင်ငံမှာ Brazilian Jiu-Jitsu ကို စတင်သင်ယူခဲ့စဉ်က ပထမဆုံးတွေ့ဆုံပြီး သင်ကြားလမ်းညွှန်ပေးခဲ့သူမှာ Professor Mauricio Gomes ဖြစ်ပါတယ်။

မကြာသေးမီက Professor Mauricio Gomes ၏ သားဖြစ်သူ၊ ကမ္ဘာ့ချန်ပီယံများစွာ ရရှိထားသော Professor Roger Gracie တည်ထောင်ထားသည့် London မြို့ရှိ Roger Gracie Academy သို့ ဗြိတိန်ဘုရင်ကြီး His Majesty King Charles III ကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သည်ဟု သိရသဖြင့် အလွန်ဝမ်းသာဂုဏ်ယူမိပါသည်။

Jiu-Jitsu ပညာရပ်သည် အားကစားတစ်မျိုးသာမက လက်တွေ့အသုံးချနိုင်သော ကိုယ်ခံပညာရပ်တစ်ခုလည်း ဖြစ်ပါသည်။ နိုင်ငံတကာတွင် U.S. Navy SEALs၊ Green Berets နှင့် UK SAS ကဲ့သို့သော အထူးစစ်ဆင်ရေးတပ်ဖွဲ့များကပင် အနီးကပ်တိုက်ခိုက်မှုများနှင့် လက်တွေ့ Self-Defense အတွက် Jiu-Jitsu ကို လေ့ကျင့်သင်ယူကြပါတယ်။

Jiu-Jitsu သည် တိုက်ခိုက်ရေးပညာရပ်တစ်ခုသာမက စိတ်ဓာတ်ခိုင်မာမှု၊ ကိုယ်ကျင့်တရားနှင့် ဘဝနေထိုင်မှုပုံစံကိုပါ တိုးတက်စေသည့် အဖိုးတန်ပညာရပ်တစ်ခု ဖြစ်ပါတယ် ခင်ဗျား။

Photos from Myanmar Jiu-Jitsu Federation's post 17/05/2026

ဒီနေ့ Jiu-jitsu သင်တန်းမှာ Ko Kyaw Zaw Hein ကို ခါးစည်းအညိုရောင် အဆင့်အဖြစ် တိုးမြှင့်ပေးလိုက်ပါတယ်၊
မြန်မာနိုင်ငံ Jiu-jitsu Federation အနေနဲ့ရော၊ Axis Jiu-jitsu Academy (Myanmar) အနေနဲ့ ပထမဆုံး တိုးမြှင့်ပေးတဲ့ ခါးစည်းအညိုရောင် အဆင့်လို့ပြောရင်လည်း မမှားပါဘူး၊
သင်တန်းမှာ အနေအထိုင်မှန်မှု၊ ကြိုးစားမှု၊ Sparring အချိန်တွေမှာ ဘယ်လို အခြေအနေ အခက်အခဲဘဲ ကြုံကြုံ စိတ်အေးအေးနဲ့ ကျော်လွှားနိုင်မှု၊ အများနဲ့ ဆက်ဆံရေးသဟဇာတဖြစ်ပြီးအဆင်ပြေမှု၊ အစရှိတဲ့ အချက်တွေ အပြင် သင်ကြား
လေ့လါခဲ့တဲ့ techniques တွေကို လက်တွေ့မှာ မှန်ကန်စွာ အသုံးချနိုင်မှုတွေ
ကြောင့် အခုလို အဆင့်တင်ပေးလိုက်တါပါ၊
ကျနော် ခုထိ လုံးထွေးသတ်ပုတ်နိုင်ပြီး
သန်မာတုံးဆိုပေမဲ့ တဖြည်းဖြည်းနဲ့ လူရွယ်တွေကို လိုအပ်တါတွေ သင်ပေးပြီး တဖြည်းဖြည်းချင်း နေရာလွှဲပေးရတော့မှာပါ။
Jiu-jitsu ပညာရပ်က မြန်မာနိုင်ငံကို နောက်ဆုံးမှ ရောက်ရှိလါတဲ့ တိုက်ခိုက်ရေး ပညာရပ်ဖြစ်ပေမဲ့ ပြင်ပ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ အဆင့်ရှိပါတယ်၊
မြန်မာနိုင်ငံက ကစားသမားတွေလိုအပ်နေတါက နိုင်ငံတကာ ပြိုင်ပွဲအတွေ့အကြုံတွေနဲ့ လိုအပ်တဲ့ ပံပိုးမှုတွေပါ။
Jiu-jitsu ပညာရပ်ကိုစတင် သင်ကြားပေးထဲကနေ ခုထိ စိုက်လိုက်မတ်မတ်
ကစားသမားးနေကြတဲ့ ကူညီသူ မိတ်ဆွေများ၊ ကစားသမားများကိုအမြဲတမ်းကျေးဇူးတင်လျက်ပါခင်ဗျား။

Today, at our Jiu-jitsu class, we promoted Ko Kyaw Zaw Hein to the rank of Brown Belt.
It would not be an exaggeration to say that this is the first Brown Belt promotion awarded both by the Myanmar Jiu-jitsu Federation and by Axis Jiu-jitsu Academy (Myanmar).
This promotion was granted not only because of his technical ability, but also because of his discipline and attitude during training, his dedication and hard work, his calmness in overcoming difficult situations during sparring sessions, and his ability to maintain good relationships and harmony with others. In addition, he has consistently demonstrated the ability to apply the techniques he has learned correctly and effectively in real situations.
Although I am still physically strong and capable of rolling and competing, little by little I will need to teach the younger generation what they need to know and gradually pass responsibilities on to them.
Jiu-jitsu may be one of the latest martial arts to arrive in Myanmar, but it has already reached a level where it can stand alongside the outside world competitively.
What Myanmar athletes truly need now are more opportunities for international competition experience and the necessary support to continue developing.
Since the day we first started teaching Jiu-jitsu until now, I remain deeply grateful to all the supporters, friends, and athletes who have continued to dedicate themselves wholeheartedly to this journey.

本日のJiu-jitsuクラスにおいて、Ko Kyaw Zaw Hein をブラウンベルトへ昇格させました。
これは、ミャンマーJiu-jitsu Federationとしても、また Axis Jiu-jitsu Academy (Myanmar) としても、初めて授与されたブラウンベルト昇格と言っても過言ではありません。
今回の昇格は、技術面だけでなく、日頃の練習での姿勢や礼儀、努力を惜しまない姿勢、Sparring中にどのような困難な状況に直面しても冷静に乗り越える力、周囲との調和や良好な人間関係、さらに学んできた techniques を実践の中で正しく活用できる能力などを総合的に評価して決定したものです。
私自身、今でも組み合いや戦いを続けられる体力と強さはありますが、これからは少しずつ若い世代に必要なことを伝え、徐々に役割を引き継いでいかなければならないと感じています。
Jiu-jitsuは、ミャンマーに比較的遅れて入ってきた格闘技ではありますが、すでに世界と肩を並べられるレベルに到達していると思います。
現在、ミャンマーの選手たちに本当に必要なのは、国際大会での経験、そして継続して成長していくための支援です。
Jiu-jitsuを教え始めた当初から現在に至るまで、変わらず努力を続けてくれている支援者の皆様、友人の皆様、そして選手の皆様に、心より感謝しております。

16/04/2026

7-DAY MICRO ACTION CHALLENGE

Call To Action: “1 Action Today = A Better Tomorrow”

Day 1: Turn off unused lights
Day 2: Reduce plastic
Day 3: Save water
Day 4: Clean your space
Day 5: Help someone
Day 6: Spend time in nature
Day 7: Teach someone else

❗ *Call for Action: JU-JITSU FOR EARTH! 2026 🌍*

*Earth Week: April 16–22
Earth Day: April 22*

Photos from Olympic Council of Asia's post 19/03/2026

ပန်းနာရင်ကျပ် ကုသမှုသည် အားကစားလောကတွင် အတွေ့ရများသော်လည်း တားမြစ်ဆေးဝါးထိန်းချုပ်ရေး စည်းမျဉ်းများကိုမူ လိုက်နာရန် လိုအပ်ပါသည်။

အချို့သော ပန်းနာရင်ကျပ်ဆေးဝါးများသည် ကုသမှုဆိုင်ရာ ကင်းလွတ်ခွင့် (TUE) ရယူရန် လိုအပ်ပြီး အချို့ကိုမူ သတ်မှတ်ထားသော ဆေးပမာဏအတွင်း၌သာ သုံးစွဲခွင့်ပြုပါသည်။ မိမိအသုံးပြုနေသော ဆေးဝါးနှင့် ဆေးပမာဏကို ဆေးဘက်ဆိုင်ရာအဖွဲ့ သို့မဟုတ် တားမြစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့အစည်းနှင့် အမြဲမပြတ် အတည်ပြုစစ်ဆေးပါ။

အသက်ရှူလမ်းကြောင်း ရှင်းလင်းပါစေ။ သန့်ရှင်းစွာ ယှဉ်ပြိုင်ပါ။



Asthma treatment is common in sport, but it must follow anti-doping rules.

Some asthma medications require a TUE, while others are allowed only within specific dosage limits. Always confirm your medication and dosage with your medical team or Anti-Doping Organization.

Breathe easy. Compete clean.

Photos from Myanmar Jiu-Jitsu Federation's post 16/03/2026

Recently, due to the fuel shortage, vehicles have to travel on alternate days according to their license plate numbers (odd/even). It has created some inconvenience for many people.
But for those who truly love Jiu-Jitsu, obstacles are just part of the journey. When it’s time to train, we always find a way to show up and step onto the mat.
The pressure we face during training and rolling teaches us how to stay calm, endure challenges, and push beyond our limits. These lessons don’t stay only on the mat—they shape our mindset in everyday life.
Jiu-Jitsu builds not only physical strength, but also mental resilience and the courage to overcome life’s difficulties. 🥋

最近、ガソリン不足の影響で、車はナンバープレートの奇数・偶数による交互通行となり、移動が少し不便になっています。
それでも、柔術(Jiu-Jitsu)を愛する私たちにとっては大きな問題ではありません。トレーニングの時間になれば、どんな状況でも工夫して道場へ向かい、マットの上で練習します。
スパーリングやトレーニングの中で感じるさまざまなプレッシャーは、困難に向き合い、それを乗り越える力を育ててくれます。そして、その学びはマットの上だけにとどまらず、日常生活にもつながっていきます。
柔術は、体の強さだけでなく、心の強さや人生の困難を乗り越える力も与えてくれるものだと思います。🥋

ခုတလော ဓာတ်ဆီရှားပါးမှုကြောင့် မော်တော်ယာဉ်တွေကို နံပါတ်ပြား စုံ/မ စနစ်နဲ့ အလှည့်ကျ သွားလာရတဲ့အတွက် လူများအတွက် သွားလာမှုမှာ အနည်းငယ် အဆင်မပြေမှုတွေ ရှိလာပါတယ်။
ဒါပေမယ့် Jiu-Jitsu ကို တကယ်ချစ်မြတ်နိုးတဲ့ ကျနော်တို့အတွက်တော့ ဒါဟာ ကြီးမားတဲ့ အတားအဆီး မဟုတ်ပါဘူး။ လေ့ကျင့်ချိန်ရောက်လာတဲ့အခါ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေပါစေ နည်းလမ်းရှာပြီး Dojo ကို သွားကာ မျက်ဖြာပေါ်မှာ လေ့ကျင့်ကြပါတယ်။
Sparring နဲ့ လေ့ကျင့်မှုတွေထဲမှာ တွေ့ကြုံရတဲ့ ဖိအားမျိုးစုံက အခက်အခဲတွေကို ရင်ဆိုင်ပြီး ကျော်လွှားနိုင်တဲ့ စိတ်ဓာတ်ကို သင်ပေးပါတယ်။ ဒီသင်ခန်းစာတွေက မျက်ဖြာပေါ်မှာပဲ မဟုတ်ဘဲ နေ့စဉ်ဘဝထဲထိ ဆက်လက် သက်ရောက်စေပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

No. ( 100 ), Lay Daung Kan Road, Near BOC Bus Stop , Thingangyun Township
Yangon
11071

Opening Hours

Saturday 09:00 - 12:00
Sunday 09:00 - 12:00