08/11/2026
🚨 ပြည်လမ်း၊ အင်းယားကန်ဘောင် ကားပါကင်မှာ ကားရပ်ထားသူများ သတိထားကြပါ။
ဒီနေ့ မနက် ကျွန်တော်တို့ Next Level အဖွဲ့ရဲ့ အကိုတစ်ယောက် ကားထဲမှာ ထားခဲ့တဲ့ ပစ္စည်းတွေ သူခိုးယူသွားတဲ့ ဖြစ်စဉ်တစ်ခု ကြုံတွေ့ခဲ့ရပါတယ်။
ဖြစ်စဉ်ကတော့ မနက် ၅:၀၀ နာရီမှာ ကားကို ကားပါကင်မှာ ရပ်ခဲ့ပြီး Running ထွက်ခဲ့ပါတယ်။ မနက် ၆:၃၀ လောက် ပြန်ရောက်တဲ့အချိန်မှာ ကားထဲက ပစ္စည်းတွေ ပျောက်ဆုံးနေခဲ့တာပါ။
ကားကိုလည်း သေချာ Lock ချခဲ့သလို လက်ကိုင်ကို ထပ်ဆွဲပြီး Lock ကျမကျပါ စစ်ဆေးခဲ့ပါသေးတယ်။
ဒါပေမဲ့ ပြန်ရောက်တဲ့အခါမှာတော့ ကားထဲက Tools Box ထဲမှာ ထည့်ထားတဲ့ ပိုက်ဆံအိတ်ဟာ ကားခုံပေါ် ရောက်နေပြီး အထဲကနေ—
ငွေသား ၁၅၀,၀၀၀ ကျပ်
ကားလိုင်စင်
Smart Card
တို့ကို ယူဆောင်သွားခဲ့ပါတယ်။
မှတ်ပုံတင်တစ်ခုကိုတော့ ပိုက်ဆံအိတ်အခွံနဲ့အတူ ချန်ထားခဲ့ပြီး ဖုန်းကတော့ Running ထွက်ချိန်မှာ ကိုယ်နဲ့အတူ ယူသွားတဲ့အတွက် မပါသွားခဲ့ပါဘူး။
ပြီးတော့ ကားတံခါးတွေကို Lock ပါ ပြန်ချထားခဲ့တာပါ။ ကားကို သော့တုတစ်ခုခုနဲ့ ဖွင့်ခဲ့တာလို့ ယူဆရပါတယ်။
ကျွန်တော်တို့ဟာ ကားကို လုံခြုံစိတ်ချရမယ်လို့ ယူဆတဲ့ ကားပါကင်မှာ ကားပါကင်ကြေးပေးပြီး ရပ်ထားခဲ့ကြတာပါ။ အခုလို ဖြစ်စဉ်မျိုး ကြုံတွေ့ရတဲ့အခါ ဘယ်သူ့ကို တာဝန်ယူခိုင်းရမလဲဆိုတာတောင် မသိတော့ပါဘူး။
ငွေသားတစ်သိန်းခွဲနဲ့ ကတ်တချို့ ဆုံးရှုံးသွားတာထက် ကားပါကင်မှာ ကားကို စိတ်ချလက်ချ ထားခဲ့လို့မရတော့တဲ့ အခြေအနေက ပိုပြီး စိုးရိမ်စရာကောင်းပါတယ်။
တခြားကားတွေမှာလည်း ဖုန်း၊ ငွေသားနဲ့ တန်ဖိုးကြီးပစ္စည်းတွေ ထားခဲ့တတ်ကြပါတယ်။ ဒီနေ့ ကျွန်တော်တို့အဖွဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ကို တခြားသူတွေ ထပ်မံမကြုံတွေ့ရစေဖို့ အသိပေးလိုက်ရခြင်း ဖြစ်ပါတယ်။