Cage Fight

Cage Fight

แชร์

MMA ရပ်၀န်း

Photos from Cage Fight's post 31/08/2026

Nene Royal ဗိုလ်စွဲမယ်လို့ ခန့်မှန်းလိုက်တဲ့ ဘိုးတော် ဘရုဘတ်ဖာ
-------------

UFC ရဲ့ အသံပိုင်ရှင်ကြီး ဘရုဘတ်ဖာ က ထိုင်းက ဆယ်ကျော်သက် အဆိုတော်မလေး Nene Royal ရဲ့ ပရိသတ်ဗျ။

America's Got Talent နောက်ဆုံးဖိုင်နယ်မှာ ဗိုလ်စွဲမယ်လို့ စတေးတပ်တင်ပြီး ခန့်မှန်းပေးလိုက်ပါတယ်။

သူများနိုင်ငံက လူငယ်တွေ တော်ချက် ၊ အောင်မြင်ချက်နော်။

အသက် ၁၆ နှစ် နဲ့ ကမ္ဘာကျော် အဆိုတော်ဖြစ်တာ။

👏👏👏

Photos from Cage Fight's post 30/08/2026

ရာထူးတိုးသွားတဲ့ ဘရန်ဒန်ရိုဗာ
----------

ချန်ပီယံရဲ့ ပြိုင်ဘက်ဟောင်း ဘရန်ဒန်ရိုဗာ ကတော့ ဒီညမှာပဲ ရာထူးတက်သွားပါပြီ။

ရီးစားဖြစ်သူက ရင်သွေးငယ်လေးကို အောင်မြင်စွာမွေးဖွားလိုက်ပြီဖြစ်ကြောင်း သူ့ရဲ့ My Day Story ကနေတဆင့် ချပြလိုက်ပါတယ်။

ဘရန်ဒန်ရိုဗာ ဟာ ချစ်သူကို Social Media အကောင့်မှာချပြလေ့ရှိပေမယ့် Public မှာ ပွဲထုတ်တာ အတော်နည်းပါတယ်။

UFC က ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုမှာ သူတို့ စုံတွဲကို ကင်မရာသမားတွေက ရိုတ်ပြလိုက်တဲ့ အခိုက်တန့်ကစလို့ ပရိသတ်တွေအကြား ချက်ခြင်းကို ပျံ့နှံ့သွားပါတယ်။

အဲဒီမှာ ပရိသတ်တစ်ချို့က "နာမည်ကြီး ဖိုက်တာမို့ အပိုင်ဖမ်းတဲ့ ရုပ်မျိုးပဲ" ဆိုပြီး မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

အဲဒီ ရေးသားချက်တွေနဲ့ ပတ်သက်လို့ ရိုဗာ က ပြက်ရယ်ပြုခဲ့ပါတယ်။

ဘာလို့လဲ ဆိုတော့ ရည်းစားဖြစ်သူက သူ့ထက်ပိုပြီး ပညာတတ်သလို ၊ ဝင်ငွေလဲ အများကြီး ပိုကောင်းတဲ့သူ ဖြစ်နေတာကြောင့်ပါ။

ဒါ့ကြောင့် အပိုင်ဖမ်းခံရတာ မဟုတ်ပဲ ၊ သူက အပိုင်ဖမ်းထားတာ ဆိုပြီးတောင် ဟာသဆန်ဆန်လေး တုန့်ပြန်ခဲ့ပါတယ်။

ရိုဗာရဲ့ ရည်းစားက ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ယောက်လို့ ဆိုပါတယ်။

လက်တွဲလာတဲ့ သက်တမ်းက ၂ နှစ်ကျော်လာပြီဖြစ်လို့ ၊ အခုတော့ ရင်သွေးငယ်တစ်ဦးတောင် ပိုင်ဆိုင်သွားပါပြီ။

ကလေးရဲ့ နာမည်ကို Lennox Ray Royval လို့ အမည်ပေးဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း ရိုဗာက ပွဲအကြို အင်တာဗျူးတွေမှာ ထုတ်ပြောထားခဲ့ပါတယ်။

👨‍👩‍👦

30/08/2026

နောက်တစ်ကြိမ် နှုတ်ထွက်ရပြန်တဲ့ ဒက်ချို

ရော့လက်ဖက် နဲ့ ပြောင်းပြီး ပွဲထိုးရမယ့် ပွန်ဖက်

လက်ဝှေ့လောကအတွက် ရှိသင့်တဲ့ ဥပဒေစည်းမျဉ်းတစ်ခု

Photos from Cage Fight's post 30/08/2026

အောက်ချင်းလေး ဂျပန်ကို သွားပြီ
------------

အောက်ချင်းလေး က ဒီမနက်မှာပဲ ထိုင်း ကရင် ဖိုက်တာ စူအာဘလက် နဲ့ လေဆိပ်မှာ ဆုံတဲ့ ဓါတ်ပုံ တစ်ပုံကို တင်ထားပါတယ်။

သဘောက နှစ်ယောက်သားအတူတူ ဂျပန်ကို ခရီးဆက်ကြတာပါ။

နှစ်ယောက်စလုံးကလဲ ဂျပန်က ညီအစ်ကို နှစ်ယောက်နဲ့ ဆော်ကြရမှာပါ။

အောက်ချင်းလေးက နာဒကာ နဲ့ ထိပ်တိုက်တွေ့ထားပြီး ၊ စူအာဘလက် ကတော့ နာဒကာ နဲ့ ဝမ်းကွဲညီအစ်ကိုတော်တဲ့ ရှီမွန် နဲ့ ထိုးရမှာ ဖြစ်ပါတယ်။ ဒီတွဲဆိုင်း ၂ ခု စလုံးက ONE Samurai 3 ပြိုင်ပွဲမှာ ပါဝင်လာမှာပါ။

ONE Championship ဟာ ONE Samurai 3 နဲ့ ONE Samurai 4 ပြိုင်ပွဲတွေရဲ့ အကြို သတင်းစာရှင်းလင်းပွဲကို မနက်ဖြန်မှာပဲ ဂျပန်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဂျပန်က သတင်းသမားတွေ အကုန်လုံးကို ဖိတ်ခေါ်ထားပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို နှစ်ပိုင်းခွဲခြားပြီး ကျင်းပသွားမှာပါ။

29/08/2026



လာအိုဖိုက်တာကို စက္ကန့်ပိုင်းနဲ့ အလဲထိုးပြတဲ့ အော်စကာ
*********

ဒီည ကျင်းပနေတဲ့ မွေထိုင်း Super Champ ပြိုင်ပွဲမှာ

T-1 Fight Club က ညီလေး အော်စကာ က လာအိုဖိုက်တာကို တစ်မိနစ် မပြည့်ခင်မှာပဲ ပွဲသိမ်းပြသွားပါတယ်။

👏👏👏

Photos from Cage Fight's post 29/08/2026

ရှောင်ဂျင်နန်ကို အမြင့်ကန်ချက်နဲ့ အမှောက်သိပ်ပြလိုက်တဲ့ ပိုလက်စ်ထရီ
----------

ဘရာဇီးသူ ဂျူလီယာ ပိုလက်စ်ထရီ ရဲ့ စွမ်းဆောင်ရည်က ကြမ်းလွန်းပါတယ်။

ONE Championship လိုနေရာမျိုးမှာ ပြိုင်ဘက်ကင်းနဲ့ ဆက်တိုက် မင်းမူပြခဲ့တဲ့ ရှောင်ဂျင်နန် ကို ပထမချီနဲ့ အမှောက်သိပ်ပြလိုက်တာပါ။

အမြင့်ကန်ချက်က တိကျတယ် ၊ တစ်ချက်ဆို တစ်ချက်ထဲနဲ့ လောကကြီးနဲ့ အဆက်ပြတ်အောင် လုပ်ပြလိုက်တာ ဖြစ်ပါတယ်။

ရှောင်ဂျင်နန် ဟာ ဖိုက်တာဘ၀မှာ ရှုံးပွဲတွေကြုံဖူးပါတယ်။ ဒါပေမယ့် အခုလိုမျိုး အမှောက်သိပ်ခံရတာတော့ လုံး၀ မကြုံခဲ့ဖူးပါဘူး။

ဒါက သူမရဲ့ ပရော်ဖက်ရှင်နယ် ဖိုက်တာဘ၀ ပထမဆုံး အလဲထိုးနဲ့ ရှုံးနိမ့်ခြင်း ဖြစ်ဖွယ် ရှိပါတယ်။

ပရိုမိုးရှင်းတွေအကြား ၊ ဖိုက်တာတွေရဲ့ အရည်သွေး‌တွေ ဘယ်လောက်ထိ ကွာဟမှု ရှိလဲ ဆိုတာ ကွင်းကွင်းကွက်ကွက် မြင်ရတဲ့ ပွဲမျိုးပါပဲ။

28/08/2026

ONE က ဒေါ်လာ ၁ သိန်းတန်စာချုပ် vs. UFC က DWCS စာချုပ်

ထိုးကြေး ဘယ်လောက်ထိ ကွာဟမှု ရှိနိုင်လဲ နှိုင်းယှဉ်ချက်

28/08/2026



Road to UFC ပြိုင်ပွဲမှာ မင်ဘို ကို အားပေးဖို့

ကွင်းထဲကို ရောက်လာတဲ့ ဖိုက်တာကြီး။

ဒီဖိုက်တာကြီးကို သိတဲ့သူ အကောင်ပဲ

ဘာကောင်လဲ ဆိုတော့ ဂန္ထဝင်ဖိုက်တာကြီးကို အားပေးတဲ့ကောင် 😁😁

28/08/2026

ONE Samurai 3 မှာ အသုံးပြုမယ့် ပိုစတာ
-----------

ထူးထူးခြားခြား အောက်ချင်းလေး vs. နာဒကာ တို့ ထိပ်တိုက်တွေ့မယ့် တွဲဆိုင်းကို ONE Samurai 3 ပြိုင်ပွဲရဲ့ ထိပ်ဆုံးခေါင်ပွဲအဖြစ် သတ်မှတ်ထားပါတယ်။

နှစ်ယောက်စလုံး Kickboxing ပွဲ မကစားဖူးဘူး ဆိုပေမယ့်

နာဒကာ က Kickboxing အရမ်းဖွံဖြိုးတဲ့ ဂျပန်က ဖိုက်တာ ၊

အောက်ချင်းလေး က Kickboxing ပြိုင်ပွဲတောင် ကျင်းပခွင့် မရှိတဲ့ မြန်မာပြည်က ဖိုက်တာ။

တော်တော်လေးကို ကွာခြားချက် ကြီးမားပါတယ်။

ဘရော်နီကာ တုန်းကတော့ တိတ်တိတ်လေး Kickboxing နည်းပြနဲ့ လေ့ကျင့်ပြီး ထိုးသွားတာ

ကာနာဖြင့် ဒုတိယချီမှာ မှောက်လုမတတ်ပါပဲ။

အောက်ချင်းလေး တော့ အဲဒီလောက်ထိ ပြင်ဆင်ထားရဲ့လား မသိပါဘူး?

ဘာပဲဖြစ်ဖြစ် ခေါင်ပွဲ ထိုးရမှာဆိုတော့ Media Duty တွေ ၊

Promote လုပ်တဲ့ ကဏ္ဍတွေ ၊ Highlight Reel တွေ ဆက်တိုက် ဖော်ပြခံရတော့မှာပါ။

အဲဒီတော့ အကောင်းဆုံး မဟုတ်တောင် အဆိုးဆုံး မဟုတ်ဖို့တော့ မျှော်လင့်ပါတယ်။

ရိုးရိုးပွဲ မဟုတ်ပဲ ၊ ခေါင်ပွဲ ဖြစ်နေတဲ့အချက်ကို ဂရုစိုက်စေချင်ပါတယ်။

မကြာခင် ONE Samurai 3 ပြိုင်ပွဲနဲ့ ပတ်သက်လို့ ဂျပန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်တော့မှာပါ။

အဲဒီကျရင် မီဒီယာသမားတွေက မေးခွန်းတွေ မေးကြပါလိမ့်မယ်။

အစစ အရာရာ ကြိုပြီး ပြင်ဆင်ထားဖို့လဲ တိုက်တွန်းထားပါရစေဗျ။

28/08/2026

သတ်မှတ်ဝိတ်တန်းအတွင်း ဝင်ရောက်နိုင်ခြင်း မရှိတဲ့ ရှောင်ဂျင်နန်
------------

- ဒီညနေမှာ ကြည့်ရမယ့် Road to UFC အကြိုဗိုလ်လုပွဲစဉ်များ

- ၃ လ အတွင်း ၂ ပွဲ ထိုးရတဲ့ ရှောင်ဂျင်နန်

- တစ်ပွဲ ထိုးကြေး ဒေါ်လာ ၂ သန်း ကမ်းလှမ်းမှုကို ပယ်ချထားတဲ့ အူစမန် နူမာဂိုမီဒေါ့

- အာခိ နဲ့ ထိပ်တိုက်တွေ့တဲ့ ဖရာရီဖဲတက်

စတဲ့ အကြောင်းရာတွေကို ပြောပြထားပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bang Na?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Room 789/141, 7th Floor, My Condo Sukhumvit 103, Sukhumbit Road, Bangna Nuea Sub District, Bangna District
Bang Na