01/09/2026
Focused on the goal. 🎯💪
🦁Unbreakable Spirit, Yangon Pride.
🦁 YANGON ROYAL GROUP FUTSAL CLUB 🇲🇲
🏆 CHAMPIONS : MFF FUTSAL LEAGUE 2025/2026
01/09/2026
Focused on the goal. 🎯💪
🦁Unbreakable Spirit, Yangon Pride.
29/08/2026
MFF U19 YOUTH FUTSAL LEAGUE 2026
WEEK-10
JV FC 1-2 YRG U-19 FC
27/08/2026
WELCOME HEAD COACH CIDRÃO 🇧🇷✍️🤝
🦁Unbreakable Spirit, Yangon Pride.
26/08/2026
🇧🇷 WELCOME BACK, NATHAN! 🦁💚
A familiar face returns to YRG.🔥
YRG Futsal Club သည် ဘရာဇီးလ်ဖူဆယ်ကစားသမား Nathan ကို ထိုင်းဖူဆယ်ကလပ် PORT ASM FC 🇹🇭 မှ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါတယ်။
YRG FC နဲ့အတူ အရင်နှစ်တွေထဲက ပါဝင်ကစားခဲ့ဖူးပြီး ထိုင်းဖူဆယ်လိဂ်နဲ့ မြန်မာဖူဆယ်လိဂ် နှစ်ခုစလုံးမှာ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ Nathan ဟာ အခုတစ်ကြိမ်မှာတော့ YRG FC ရဲ့ ကစားသမားတစ်ဦးအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပါပြီ ပဲ ဖြစ်ပါတယ်။
Welcome back to YRG, Nathan! 🇧🇷💚
🦁Unbreakable Spirit, Yangon Pride.
26/08/2026
MFF U19 YOUTH FUTSAL LEAGUE 2026
WEEK-9
YRG U-19 FC 9-2 UNITED CITY FC
24/08/2026
WELCOME GOALKEEPER COACH BAGUS 🇮🇩✍️🤝
🦁Unbreakable Spirit, Yangon Pride.
22/08/2026
MFF U19 YOUTH FUTSAL LEAGUE 2026
WEEK-8
MIU FC 5-5 YRG U-19 FC
21/08/2026
🇮🇩 WELCOME TO YRG FC, GOALKEEPER COACH BAGUS NUGRAHARLAN! 🧤🦁
YRG Futsal Club ၏ Goalkeeper Coach အသစ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသား နည်းပြ Mochamad Bagus Widya Putra Nugraharlan ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါတယ်။
Coach Bagus သည် အင်ဒိုနီးရှား Professional Futsal လောကတွင် အတွေ့အကြုံများစွာရှိသည့် Goalkeeper Coach တစ်ဦးဖြစ်ပြီး FKB, Bifor FC Papua, DB Asia Jabar, Radit FC Pontianak, Blacksteel FC Papua, Kuda Laut Nusantara နှင့် Fafage Banua စသည့် အသင်းများတွင် Goalkeeper Coach အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။
နည်းပြဘဝတစ်လျှောက် Goalkeeper များ၏ Technical Ability, Tactical Understanding, Positioning, Decision Making, Distribution နှင့် Mental Strength တို့ကို ခေတ်မီ Futsal ပုံစံနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန် အဓိကထား လေ့ကျင့်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
🎓 COACHING QUALIFICATIONS
• AFC Futsal Level 1
• AFC Futsal Level 2
• AFC Futsal Goalkeeper Level 1
🏆 CAREER HIGHLIGHTS
🥈 Indonesian Professional Futsal League 2023–2024 — Runner-up
Blacksteel FC Papua
🥈 Indonesian Super Cup 2025–2026 — Runner-up
Fafage Banua
🥉 Indonesian Professional Futsal League 2025–2026 — Third Place
Fafage Banua
🧤 COACHING SPECIALTIES
• Goalkeeper Technique
• Positioning & Angles
• Shot Stopping & 1v1 Situations
• Reaction & Agility
• Game Reading & Decision Making
• Passing, Ball Control & Distribution
• Defensive Organization
• Goalkeeper Build-Up Play
• Match Preparation & Player Development
Coach Bagus ၏ နည်းပြအတွေးအခေါ်အရ ခေတ်သစ် Futsal Goalkeeper တစ်ဦးသည် ဂိုးပေါက်ကာကွယ်သူတစ်ဦးသာမက အသင်းကို ဦးဆောင်နိုင်သူ၊ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သူနှင့် အသင်း၏ တိုက်စစ်စတင်ရာ ပထမဆုံးကစားသမားတစ်ဦး ဖြစ်ရမည်ဟု ယုံကြည်ထားသူဖြစ်ပါတယ်။
Coach Bagus ၏ Professional Futsal အတွေ့အကြုံများ၊ ခေတ်မီ Goalkeeper Training နည်းစနစ်များနှင့် Player Development အပေါ်ထားရှိသည့် အမြင်များက YRG FC ၏ Goalkeeper Department ကို ပိုမိုအားကောင်းလာစေရန်နှင့် ကစားသမားများ၏ အရည်အသွေး တိုးတက်လာစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပေးနိုင်မည်ဟု ယုံကြည်ပါတယ်။
Welcome to YRG FC, Coach!
Let’s make history together! 🇮🇩🤝🇲🇲
🦁Unbreakable Spirit, Yangon Pride.🔰
21/08/2026
🔥 FIRE DRAGON INTERNATIONAL FUTSAL CUP 2026 🏆
Fire Dragon International Futsal Cup 2026 ပြိုင်ပွဲတွင် YRG FC သည် ထိုင်းနိုင်ငံမှ Black Pearl United FC အပါအဝင် MIU FC နဲ့ M2K FC တို့နဲ့ GROUP-B မှာ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
📅 YRG FC – GROUP STAGE FIXTURES
6 September 2026 | 6:30 PM
YRG FC 🆚 M2K FC
7 September 2026 | 5:30 PM
MIU FC 🆚 YRG FC
8 September 2026 | 3:00 PM
YRG FC 🆚 Black Pearl United FC 🇹🇭
YRG FC ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ အပြည့်အဝ ကြိုးစားယှဉ်ပြိုင်သွားမှာဖြစ်တဲ့အတွက် ပရိသတ်များ ကွင်းထဲသို့ လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
🦁Unbreakable Spirit, Yangon Pride.🔰
19/08/2026
🇧🇷 WELCOME TO YRG FC, CRISTIANO CIDRÃO! 🦁
YRG Futsal Club ၏ နည်းပြချုပ်အသစ်အဖြစ် အတွေ့အကြုံရင့်ကျက်သော ဘရာဇီးလ်ဖူဆယ်နည်းပြ Cristiano Cidrão ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။
🇧🇷 Cristiano Cidrão သည် ဘရာဇီးလ်ဖူဆယ်လောကတွင် နှစ်ပေါင်းများစွာ နည်းပြအတွေ့အကြုံရှိသူဖြစ်ပြီး Matelândia, Palotina, Santa Helena နှင့် Missal စသည့်အသင်းများကို ကိုင်တွယ်ခဲ့ဖူးသလို Paraná State Championships များတွင်လည်း အောင်မြင်မှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။
အသင်းများကို အဆင့်မြင့်တန်းသို့ တက်လှမ်းနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့သည့် ထူးချွန်သောမှတ်တမ်းများကြောင့် ဘရာဇီးလ်ဖူဆယ်လောကတွင် “King of Promotion” 👑 ဟုလည်း လူသိများသူဖြစ်ပါတယ်။
🏆 EXPERIENCE & ACHIEVEMENTS
နည်းပြ Cristiano Cidrão သည် Matelândia Futsal အသင်းကို ၉ ရာသီ၊ Santa Helena Futsal အသင်းကို ၄ ရာသီ တိုင်တိုင် ဦးဆောင်ခဲ့ပြီး အသင်းတည်ဆောက်မှုနှင့် ကစားသမားဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အတွေ့အကြုံများစွာ ရရှိထားသူဖြစ်ပါတယ်။
ထို့အပြင် Missal Futsal ကိုလည်း ခက်ခဲသောအခြေအနေတစ်ခုမှ Série Prata ဆီမီးဖိုင်နယ်အဆင့် အထိ ရောက်ရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
📚 COACHING QUALIFICATIONS
နည်းပြ Cristiano Cidrão သည် National School of Futsal Coaches တွင် နည်းပြပညာရပ်များ လေ့လာသင်ယူခဲ့ပြီး CBFS – License 3 ကို ရရှိထားသူဖြစ်ပါတယ်။
ထို့အပြင် ACBF – Carlos Barbosa Futsal တွင် Marquinhos Xavier နှင့်လည်းကောင်း၊ Carlos Joinville တွင် Fernando Ferretti နှင့်လည်းကောင်း Supervised Internship များ ပြုလုပ်ခဲ့ပြီး အဆင့်မြင့်ဖူဆယ်နည်းစနစ်နှင့် နည်းပြအတွေ့အကြုံများ ရရှိထားပါတယ်။
⚽ MAIN SKILLS
နည်းပြ Cristiano Cidrão သည် နည်းဗျူဟာပိုင်းအားကောင်းသည့် Strategist တစ်ဦးဖြစ်ပြီး အထူးသဖြင့် Offensive System များ တည်ဆောက်ခြင်းနှင့် Rehearsed Plays / Set Plays များကို လက်တွေ့အသုံးချရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။ ဖူဆယ်နည်းစနစ်နှင့် နည်းဗျူဟာများကို အစဉ်တစိုက် လေ့လာသုတေသနပြုသူတစ်ဦးလည်း ဖြစ်ပါတယ်။
🌏 ဘရာဇီးလ်နိုင်ငံပြင်ပတွင်လည်း နည်းပြအတွေ့အကြုံရှိပြီး ထိုင်းဖူဆယ်လောကတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့်အတွက် အာရှဖူဆယ်၏ ကစားဟန်နှင့် ပတ်ဝန်းကျင်ကိုလည်း ရင်းနှီးနားလည်ထားသူ ဖြစ်ပါတယ်။
Welcome to YRG FC, Coach!
Let’s make history together! 🇧🇷🤝🇲🇲
🦁Unbreakable Spirit, Yangon Pride.🔰