01/06/2026
JUST MY OPINION ပါ…
နည်းပြ ကြီးသာ အသင်းဆီ ရောက်လာခဲ့ရင် ဒီဂျပန်သား Daichi ကြီးပါ ခေါ်ခိုင်းဦးမလား မသိဘူး…
ကြီးနဲ့ ရဲ့ အစေးကပ်မှုက အသင်းမှာ အတူတကွ Europa League ယူခဲ့ဖူးသလို…
လောလောလတ်လတ် အသင်းနဲ့လဲ Conference League ဖလားကို အတူတကွ ယူထားကြတာဆိုတော့…
ကျွန်တော်တို့တွေ အသင်းမှာ ဒုတိယမြောက် ဂျပန်သားကို မြင်တွေ့ရနိုင်ချေလဲ ရှိနေပါတယ်…
လောလောဆယ်တော့ ကြီး တကယ်ရောက်လာဖို့ပဲ လိုတယ်…
#ဂလက်စနာ
#ကာမာဒါ
#အေစီမီလန်
01/06/2026
EXPECTED TALK …
အသင်းရဲ့ နည်းပြဟောင်း Oliver ဟာ လာမယ့် 48 နာရီအတွင်း အသင်းနဲ့ တွေ့ဆုံစကားပြောဆိုသွားမယ်လို့ သိရပါတယ်…
ကြီးသာ အသင်းဆီ တကယ်ရောက်လာပြီး…
ပြီးခဲ့တဲ့ ဇန်နဝါရီစျေးကွက်က မခေါ်ဖြစ်ခဲ့တဲ့ ကြီးလဲ ရောက်လာမယ်ဆိုရင်တော့
လာမယ့်နှစ် ယူရိုပါလိဂ်က အသင်းအတွက်ပဲ… 😅
#ဂလက်စနာ
#အေစီမီလန်
01/06/2026
🔜✍️
အသင်းရဲ့ အသင်းခေါင်းဆောင် Lucas ( Age 24 🇫🇷 ) ဟာ
အသင်းနဲ့ 2030 ထိ စာချုပ်သက်တမ်းတိုးမြှင့်သွားဖို့ နီးစပ်နေပြီလို့ သိရပါတယ်…
Edit - ထပ်မံထွက်ရှိလာတဲ့ သတင်းအရ စာချုပ်သစ်က 2031 ထိလို့ သိရသလို လစာလဲ တိုးပေးသွားမယ်လို့ သိရပါတယ်…
#ဒါကွန်ညာ
#ကိုမို
01/06/2026
OFFICIAL! ✅
ကျွန်တော်တို့ legend နည်းပြကြီး Carlos ရဲ့ သားဖြစ်သူ Davide ဟာ
ပြင်သစ်ကလပ် အသင်းရဲ့ နည်းပြအဖြစ် 2 နှစ်စာချုပ်နဲ့ ရောက်ရှိသွားပါပြီ…
ဒါဟာ သူ့အတွက် နည်းပြချုပ်အဖြစ် ဒုတိယမြောက် ကိုင်တွယ်တဲ့အသင်းဖြစ်ပြီး ပထမဆုံးအသင်းက ဘရာဇီးကလပ် အသင်းပါ…
အရင်က တောက်လျှောက် အဖေဖြစ်သူ ကိုင်တွယ်တဲ့ အသင်းတိုင်းမှာ လက်ထောက်နည်းပြအနေနဲ့ ဆောင်ရွက်ခဲ့တဲ့ Davide အတွက် ဥရောပထိပ်တန်းလိဂ် ၅ ခုက ကလပ်အသင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်ခွင့် ရရှိတာဖြစ်လို့ ဘယ်လောက်ထိ စွမ်းဆောင်ပြနိုင်မလဲဆိုတာ နောက်ရာသီမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်…
Good luck Davide . 🇮🇹
#အန်ဆယ်လော့တီ
#လိုင်လီ
01/06/2026
ကိုယ်တွေ Serie A မှာ 20 ကျော် လူငယ်ကစားသမားအနေနဲ့ စတင်ခြေချခဲ့တဲ့ ကောင်လေးက ပြင်သစ်မြေမှာ တစ်ရာသီခွဲပဲ ရှိသေးတဲ့အချိန် ဥရောပရဲ့ အမြင့်ဆုံးဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ်ကို (ဆက်တိုက်) နှစ်ကြိမ်ရယူပြီးပြီ…
ဒီရာသီမှာဆို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ ရရှိတဲ့ထိ တောက်ပနေလိုက်တာများ ဘောလုံးလောကမှာ Khvicha ဆိုတာ ဘယ်လိုကစားသမားလဲဆိုတာ ဘောလုံးဖန်တိုင်း သိတဲ့ကစားသမားအဖြစ်ကိုတောင် ရောက်ရှိသွားတဲ့ထိပဲ…
ဒီလို အဆင့်ထိ ရောက်သွားလို့ တဖက်မှာ (သူ့အတွက်) ဝမ်းသာရသလို တဖက်မှာလဲ နှမျောမိသား…
ဒါပေမယ့်လဲ သူသာ Serie A မှာ ဆက်ကစားနေတုန်းဆိုရင် … ဒီနေ့ ဒီလိုနေရာ ဒီလိုအဆင့် ဒီလိုအောင်မြင်မှုတွေဆိုတာ (သူ့အနေနဲ့) အနားတောင် ကပ်နိုင်မယ် မထင်ဘူး…
အသင်းပြောင်းတာ မှန်သွားသလို right time - right place ဖြစ်သွားတာလဲပါတယ်…
Congratulations Khvicha ရေ…
သတင်းတွေပြေးနေသလို Ballon D’or ဆုကြီးလဲ သိမ်းပိုက်နိုင်ပါစေကွာ…
#ခဗာရတ်စခီလီယာ 🇬🇪
31/05/2026
အီတလီအတွက် ကြီးမားတဲ့ဆုံးရှုံးမှု…
အီတလီ U19,U20,U21 အသင်းတို့မှာ တောက်လျှောက် ကိုယ်စားပြုကစားလာခဲ့တဲ့ အသင်းက တောင်ပံကစားသမားလေး Cristian ( Age 22 🇦🇺🇮🇹 ) ဟာ
အီတလီနိုင်ငံကနေ ဩစတေးလျနိုင်ငံအတွက် ကိုယ်စားပြုကစားဖို့ ဆုံးဖြတ်လိုက်ပါတယ် …
ဟာ အီတလီလူမျိုး မိဘနှစ်ပါးကနေ ဩစတေးလျနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်တဲ့အတွက် ခုလို ဩစတေးလျနိုင်ငံအတွက် ကိုယ်စားပြုကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်…
ကမ္ဘာ့ဖလားသုံးကြိမ်ဆက်တိုက် လွဲချော်ခဲ့တဲ့ အီတလီနိုင်ငံထက်စာရင် ကမ္ဘာ့ဖလားကျင်းပတဲ့နှစ်တိုင်း ခြေစစ်ပွဲအောင်ခဲ့တဲ့ ဩစတေးလျနိုင်ငံကို ရွေးချယ်လိုက်တာက ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ခွင့်ရဖို့ အာမခံချက် ရရှိစေတာကလဲ ရွေးချယ်စရာ ဖြစ်သွားခဲ့တာ ထင်ပါတယ်…
အနာဂတ်မှာ ဆက်လက်တောက်ပနိုင်ဖို့ ဆုတောင်းပေးရုံကလွဲပြီး သက်ပြင်းချရုံမှတပါး… 😮💨
#ဗော်လ်ပါတို 🇦🇺
31/05/2026
အသင်းရဲ့ တောင်ပံကစားသမား Rafael ( Age 26 🇵🇹 ) ဟာ အသင်းရဲ့ အစီအစဉ်တွေမှာ ပါဝင်ခြင်းမရှိတော့တဲ့အတွက် ဒီနွေရာသီကာလမှာပဲ အသင်းကနေ ထွက်ခွါသွားဖွယ် ရှိနေပါတယ်…
#လီယာအို
#အေစီမီလန်
31/05/2026
TRANSFER RUMOR …
နည်းပြသစ် ဖြစ်လာတဲ့ Massimiliano မှ အသင်းနဲ့ စာချုပ်သက်တမ်း တနှစ်သာ ကျန်ရှိတော့တဲ့ ကင်မရွန်းကွင်းလယ်လူ Frank ( Age 30 🇨🇲 ) အနေနဲ့ နွေရာသီမှာ အသင်းက ထွက်ခွါဖြစ်ခဲ့ပါက နဲ့ အသင်းတို့မှာ လက်တွဲခဲ့တဲ့ သူ့ရဲ့ တပည့်ဟောင်း Andrien ( Age 31 🇫🇷 ) ကို အသင်းထံ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သတင်းထွက်နေပါတယ်…
အသင်းရဲ့ အားကစားဒါရိုက်တာ Giovanni Manna ကလဲ အဆိုပါ ပြင်သစ်ကွင်းလယ်လူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့အတွက် တကယ်ခေါ်ယူဖို့ ကြိုးစားလာပါက အပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်…
သို့ပေမယ့် ကွင်းလယ်လူ ဟာ 2026 ကမ္ဘာ့ဖလားရဲ့ ပြင်သစ်အသင်းလူစာရင်းမှာ ပါဝင်နေတဲ့အတွက် အပြောင်းအရွှေ့သတင်းဟာ ကမ္ဘာ့ဖလားပြီးမှသာ ဆက်လက်ထွက်ပေါ်လာဖွယ် ရှိနေပါတယ်…
#အန်ဂွီဆာ
#ရာဘီယော့
#အယ်လီဂရီ
#နာပိုလီ
31/05/2026
အသင်းကနေ အသင်းဆီ အဌားသွားရောက်ကစားနေတဲ့ ကွင်းလယ်ကစားသမား Tommaso ( Age 23 🇮🇹 ) ဟာ
အသင်းထံသို့ အပြီးသတ်ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ပြီး အသင်းဘက်က ပြောင်းရွှေ့ကြေး ယူရို €10 သန်းဖြင့် ကမ်းလှမ်းထားပြီး ကစားသမားကို 2030 ထိ 4 နှစ်စာချုပ် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်…
#ဘယ်လ်ဒန်ဇီ
#ဂျီနိုအာ
#ရိုးမား
31/05/2026
TRANSFER NEWS 📰
နည်းပြ မှ အသင်းရဲ့ တောင်ပံကစားသမား Mason ( Age 24 🏴 ) ဟာ သူခေါ်ယူချင်တဲ့ ဦးစားပေးကစားသမားဖြစ်တဲ့အတွက် အသင်းကို ခေါ်ယူပေးဖို့ တောင်းဆိုထားရာ အသင်းဘက်က ကို ခေါ်ယူလို့ရမယ့် နည်းလမ်းအားလုံးအား မေးမြန်းစုံစမ်းလျက်ရှိနေပါတယ်…
ကစားသမားရဲ့အေးဂျင့်နဲ့ ကနဦးတွေ့ဆုံစကားပြောဆိုမှုမှာတော့ အပေါင်းလက္ခဏာဆောင်တဲ့ရလဒ် ထွက်ရှိခဲ့တယ်လို့ သိရပါတယ်…
အကယ်၍ အပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့ပါက အသင်းဟောင်း အသင်းက ပြောင်းရွှေ့ကြေးရဲ့ 40% ကို ရရှိသွားဦးမှာ ဖြစ်ပါတယ်…
#ဂရင်းဝုဒ်
#မာဆေး
#ရိုးမား