01/06/2026
ဒီကလန်ရိုက်စ်က လန်ဒန်မြို့ထဲမှာ ပရီးမီးယားလိဂ် ဆုဖလားကြီးနဲ့ အောင်ပွဲခံနေစဉ် ကားပေါ်ကနေ ပရိသတ်တွေအတွက် သတင်းစကားပါးသွားခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ရှုံးခဲ့တုန်းက လုံးဝမပြီးဆုံးသေးဘူး ဆိုပြီးပြောခဲ့ဖူးပါတယ်။ တကယ်လည်း သက်သေပြခဲ့တယ်။
သူတို့အတွက် ချန်ပီယံလိဂ် ဆုဖလားကြီးနဲ့ လွဲချော်ရခြင်းဟာ ကျရှုံးခြင်းမဟုတ်ဘူး။ လာမယ့်ရာသီမှာ နည်းပြမီခေးလ်အာတေတာနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ခေတ်သစ်ကို သူတို့တွေဟာ ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ခေတ်သစ်မှာ အာဆင်နယ်က ထိပ်ဆုံးကနေ ပြေးနေဦးမှာဖြစ်တာကို သံသယဖြစ်ဖို့ မလိုအပ်ပါဘူး။
01/06/2026
လက်ရှိဘောလုံးလောကမှာတော့ ပီအက်စ်ဂျီအသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကြီး ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ လူးဝစ်အင်းနရီကေးဟာ ဂန္တဝင်နည်းပြကြီးများစာရင်းထဲကို တရားဝင် ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာအသင်းနဲ့အတူ ၂၀၁၅ ခုနှစ်မှာ တစ်ကြိမ်၊ ပီအက်စ်ဂျီအသင်းနဲ့အတူ ၂၀၂၅ ခုနှစ်မှာ တစ်ကြိမ် အောင်မြင်ခဲ့ပြီးနောက်၊ အခု ၂၀၂၆ ခုနှစ် ဘူဒါပက်စ်ဗိုလ်လုပွဲမှာ ထပ်မံဗိုလ်စွဲနိုင်ခဲ့တာကြောင့် သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလား ၃ လုံးနဲ့အထက် ရယူထားနိုင်တဲ့ နည်းပြကြီး ၅ ယောက်ထဲက တစ်ယောက် ဖြစ်လာခဲ့တာပါ။
🇮🇹 Carlo Ancelotti 🏆🏆🏆🏆🏆
🇪🇸🆕 Luis Enrique 🏆🏆🏆
🇫🇷 Zinedine Zidane 🏆🏆🏆
🇪🇸 Pep Guardiola 🏆🏆🏆
🏴 Bob Paisley 🏆🏆🏆
ဒါဟာ ဘောလုံးသမိုင်းမှာ ကာလိုအန်ဆယ်လော့တီ၊ ဇီဒန်း၊ ဂွာဒီယိုလာ နဲ့ ဘော့ပေ့စ်လေ တို့လိုမျိုး ဂန္တဝင်ကြီးတွေသာ စွမ်းဆောင်နိုင်ခဲ့တဲ့ အဆင့်အတန်းမျိုးဖြစ်ပြီး အင်နရီကေးလည်း ပါဝင်လာခဲ့ပါပြီ။ ဇီဒန်းရဲ့ ၃ နှစ်ဆက်ကို အမီလိုက်နိုင်မလားဆိုတာ ဆက်လက်စောင်ကြည့်ရပါတော့မယ်။
01/06/2026
မျက်လုံးတွေ နီရဲနေလို့ပါ 😅
31/05/2026
ဘောလုံးလောကမှာ တစ်ခါတလေ ကံတရားက ရွှေပေးလို့ မရနိုင်အောင် ရက်စက်လွန်းလှပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အာဆင်နယ်ဟာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီကို သာမန်မိနစ် ၉၀ သာမက အချိန်ပို မိနစ် ၁၂၀ အထိ မရှုံးအောင် ကစားနိုင်ခဲ့တာပါ။
ဒါပေမဲ့ နောက်ဆုံး ပင်နယ်တီအဆုံးအဖြတ် ကန်ကြတဲ့အချိန်ကျမှ ဂါဘရီရယ်ရဲ့ ပင်နယ်တီကန်သွင်းမှု လွဲချော်သွားကာ နှစ် ၂၀ ကြာမှ ပြန်လည် အိပ်မက်မက်ခွင့်ရခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကြီးနဲ့ ထပ်မံပြီး လွဲချော်ခဲ့ရပြန်ပါတယ်။
ဒါကြောင့်မို့ အာဆင်နယ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက်လုံး သာမန်ပွဲချိန်တွေမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲနဲ့ ဆုဖလားကြီးကို ကိုင်မြှောက်ခွင့်မရခဲ့တဲ့ အသင်းအဖြစ် ထူးထူးဆန်းဆန်း သမိုင်းမှတ်တမ်းဝင်သွားခဲ့ရပါတယ်။
ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တယ်ဆိုပေမဲ့ ပယ်နယ်တီနဲ့သာ လွဲချော်ခဲ့တာဖြစ်ပြီး ကွင်းထဲက မိနစ် ၁၂၀ စွမ်းဆောင်ရည်ကတော့ ရှုံးနိမ့်ခဲ့တာ မဟုတ်ပါဘူး။
တစ်ဖက်မှာလည်း အာဆင်နယ်ပရိသတ်တွေအနေနဲ့ ဝမ်းနည်းနေဖို့ မလိုပါဘူး။ ဘာလို့လဲဆိုတော့ နည်းပြအာတေတာဟာ ဒီရာသီမှာတင် အာဆင်နယ်ပရိသတ်တွေ ၂၂ နှစ်တိုင် မျှော်လင့်တောင့်တခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကြီးကို အရယူပေးထားနိုင်ခဲ့လို့ ဖြစ်ပါတယ်။
ဒါ့အပြင် အသင်းကို နှစ်ပေါင်း ၂၀ ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစင်မြင့်ဆီအထိ ပို့ဆောင်ပေးနိုင်ခဲ့တာကလည်း အာတေတာရဲ့ တကယ့် Masterclass ပါပဲ။ ဖိုင်နယ်မှာ ကံမပါလို့ ဖလားနဲ့ လွဲခဲ့ရပေမဲ့လည်း ဒီရာသီမှာ အာတေတာ ပြုလုပ်ပေးခဲ့တဲ့ အောင်မြင်မှုတွေက အာဆင်နယ်ပရိသတ်တွေအတွက် တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ သမိုင်းဝင်ရာသီတစ်ခု ဖြစ်ခဲ့တာတော့ ငြင်းလို့မရတဲ့ အမှန်တရားပါပဲဗျာ။
31/05/2026
အာဆင်နယ် နဲ့ ချန်ပီယံလိဂ်ဖလား ဟာ သူမ နဲ့ ကျွန်တော် လိုပါပဲ..
31/05/2026
နှစ်ပေါင်း ၂၀ ကြာပြီးနောက်မှာ ပထမဆုံးအကြိမ် ပြန်လည်တက်လှမ်းနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အာဆင်နယ်ဟာ ဆုဖလားကြီးနဲ့ လွဲချော်သွားခဲ့ပြန်ပြီ။ အာဆင်နယ်အတွက် ရင်နာစရာအဆုံးသတ်ကြီး ဖြစ်ခဲ့ပေမဲ့လည်း ဂုဏ်ငယ်နေစရာမလိုဘူး။
ခံစစ်ကျောက်ဆောင် အထိုင်တည်ဆော့လို့ ဘောလုံးပရိသတ်တွေက လှောင်ကြပြောင်ကြတာတွေ ရှိလိမ့်မယ်။ လူအမျိုးမျိုး၊ စိတ်အထွေထွေ၊ ကိုယ့်အကြိုက်နဲ့ကို ဖြစ်လို့ ဒါတွေကို ဂရုစိုက်နေဖို့အတွက် မလိုအပ်ဘူး။
တိုက်စစ်အကောင်းဆုံးဆိုတဲ့ ပီအက်ဂျီကို အာဆင်နယ်က သူတို့ရဲ့အားသာချက်ဖြစ်တဲ့ ခံစစ်တည်ပြီး လှုပ်မရအောင် ထိန်းချုပ်ပြသွားနိုင်ခဲ့တယ်။ ပီအက်ဂျီကလည်း အချဉ်မှမဟုတ်တာ၊ Tempo အတင် အချ ခပ်မှန်မှန်နဲ့ ထိုးထွက်ရခက်နေတဲ့ အာဆင်နယ် ခံစစ်ကို ဖြိုဖျက်ပြသွားတယ်။
အာဆင်နယ်ကလည်း ခံစစ်ကိုပိတ်ရာကနေ မဖြစ်တဲ့အဆုံး ဖွင့်တိုက်တဲ့အချိန်မှာ အခွင့်အရေးတွေကို ပြန်ပေးခဲ့ရတယ်။ ဘာကိုလာရဲ့ အသဲယားစရာ တန်ပြန်တွေကို ဒေးဗစ်ရာယာက အကောင်းဆုံးသော ဆုံးဖြတ်ချက်တွေနဲ့ ကာကွယ်သွားနိုင်ခဲ့တယ်။
တစ်ပွဲလုံးခြုံကြည့်လိုက်ရင် တိုက်စစ်ပိုင်းနဲ့ ပတ်သက်သမျှ အာဆင်နယ်ရဲ့ Stats တွေက ဘာဆိုဘာမှ အားရစရာ မရှိနေဘူး။ သို့ပေမဲ့ အာဆင်နယ် ကောင်းမကောင်းဆိုတာကို Stats တွေနဲ့ ဆုံးဖြတ်တာဟာ မမျှတဘူး။
ဒီပွဲစဉ်မှာ အာဆင်နယ် မစွမ်းဆောင်နိုင်ခဲ့တဲ့ တစ်ခုတည်းသောအရာက ပင်နယ်တီအဆုံးအဖြတ်မှာ အရမ်းစိတ်လှုပ်ရှားလွန်ပြီးတော့ ဖိအားဒဏ်ကို မကိုင်တွယ်နိုင်ခဲ့တာ တစ်ခုပဲရှိတယ်။
ပုံမှန် ပွဲကစားချိန်အတွင်းမှာ ချန်ပီယံ ပီအက်ဂျီဟာ သူ့အထာအတိုင်း အကောင်းဆုံး ဆော့ပြခဲ့သလို အာဆင်နယ်ဟာလည်း အစွမ်းကုန် ဆော့ပြသွားခဲ့တယ်။ အာဆင်နယ် ရှုံးသွားတာဟာ မထိုက်တန်လို့ မဟုတ်ဘဲနဲ့ ပင်နယ်တီကံတရား မရှိနေခဲ့လို့ပါ။
ဒါ့ကြောင့် အာတေတာနဲ့ သူ့ရဲ့ တပည့်သားချင်းတွေအနေနဲ့ ဒီရှုံးပွဲအတွက် နာကျင်လို့ရတယ်။ သို့ပေမဲ့ ဂုဏ်ငယ်နေစရာ အကြောင်းမရှိဘူး။
30/05/2026
ဒီဘဲ ဘာဖြစ်ချင်နေတာလဲ..🙄😆😆
30/05/2026
The Special One ကြီး ဂျိုဆေးမော်ရင်ဟိုတစ်ယောက် အိမ်ဟောင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီကို တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာဖို့ သေချာသွားခဲ့ပါပြီ။
အသင်းဘုတ်အဖွဲ့က မော်ရင်ဟိုနဲ့ ၃ နှစ်သက်တမ်းရှိမယ့် စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ပြီးတော့ လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ပြုလုပ်မယ့် ကလပ်အသင်းဥက္ကဌ ရွေးကောက်ပွဲအပြီး နည်းပြသစ်အဖြစ် တရားဝင် မိတ်ဆက်ပေးတော့မှာပါ။
အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်နည်းပြကြီးဟာ လာလီဂါမြေနဲ့ မစိမ်းဆန်းလှဘဲ ၂၀၁၀ ကနေ ၂၀၁၃ အထိ ဘာနေဗျူးမှာ ဖြတ်သန်းခဲ့စဉ်ကလည်း လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတွေကို သိမ်းပိုက်ပေးခဲ့ဖူးသူပါ။
ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာကို ကိုင်တွယ်ခဲ့တုန်းကလည်း တစ်ရာသီလုံး အမှတ်ပေးလိဂ်ပွဲစဉ်တွေမှာ ရှုံးပွဲမရှိစံချိန်နဲ့ သူ့ရဲ့ဆရာကြီးအဆင့်အတန်းကို သက်သေပြခဲ့ပါသေးတယ်။
အခုတစ်ခေါက် မက်ဒရစ်မြေမှာတော့ တစ်နှစ်ကို လစာ ယူရို ၁၂ သန်းဝန်းကျင်အပြင် အောင်မြင်မှုတွေ အပေါ် မူတည်ပြီး စာချုပ်သက်တမ်းတိုးခွင့်နဲ့ ထပ်တိုးအကျိုးခံစားခွင့်တွေပါ ရရှိမှာဖြစ်လို့ မော်ရင်ဟို အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ခေတ်သစ်ဖန်တီးနိုင်မလား စိတ်ဝင်စားစရာပါ။
30/05/2026
“စပိန်ဟာ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်ခြေ အရှိဆုံးထဲက အသင်းတစ်သင်းပဲ။ သူတို့တွေက ယူရိုမှာလည်း ချန်ပီယံဖြစ်ထားတယ္။ ပြီးတော့ သူတို့တွေဆီမှာက လာမင်းယာမဲလ်လည်း ရှိနေတယ်။ လာမင်းက ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။”
🗣️ဗင်နီစီးယပ်စ်
အယ်လ်ကလက်စီကိုနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ပဲ ကွင်းတွင်းကွင်းပြင် ပွတ်လိုက်မှုတွေရှိရှိ၊ ဗင်နီစီးယပ်စ်ဟာ လာမင်းယာမဲလ်ကို အပုပ်ချတဲ့စကားလုံးတွေထက် အခုလိုမျိုး ချီးကျူးစကားတွေ ပြောလေ့ရှိသူပါ။
လာမင်းယာမဲလ် လူမျိုးရေးခွဲခြားမှုနဲ့ ကြုံတွေ့ရတုန်းကလည်း ဗင်နီစီးယပ်စ်က မားမားမတ်မတ်နဲ့ အတူ ရပ်တည် အားပေးခဲ့ပါသေးတယ်။
29/05/2026
လေမုန်တိုင်းဒဏ် မခံနိုင်လို့ပါ