01/09/2026
𝚑𝚎𝚛𝚎 𝚠𝚎 𝚐𝚘 𝚊𝚐𝚊𝚒𝚗!!
မင်္ဂလာပါ TB FPL မန်နေဂျာများ
ယခုအပတ်မှာတော့ မနက်နေထွက်တယ်
ညနေ မိုးချုပ်တယ် ငသိန်း ဖိုင်းထိတယ် ဆိုတာ
မထူးဆန်းတဲ့ ဖြစ်စဉ်တွေပါပဲ
အဲ ထူးဆန်းတာကတော့ စနေညမှာ Chelsea Player သုံးယောက် ကုန်းရုန်းဆွဲတင်ပေးတာတောင် ၅၀၀၀ တန်းထိ ရောက်သွားတဲ့ ဆရာသိန်းအသင်းပါပဲ
ဒုတိယအကြိမ်ကျင်းပတဲ့ TB FPL မှာ
နှစ်ပတ်ဆက် ဖိုင်းထိတဲ့ ပထမဆုံး
Manager ဖြစ်ပါတယ်
သူ့အနောက်မှာတော့ ခွီးမျိုး ညီအကို
အစဉ်လိုက် ဖိုင်းထိပါတယ်
ပထမအပတ်က ကြက်ကန်းတိုး ဖိုင်းမထိတဲ့ ဂွင်းလေးဟာ မနှစ်က အာချောင်ဖိုးစန်းအသွင်အပြင်အသစ်ပါပဲ
သို့သော်ငြား ဖိုးစန်းလီယိုလို ၃-၄ ပတ်မလွှတ်ပဲ ဒုတိယပတ်မှာ ဖိုင်းထိခဲ့တော့ ကြက်ကြီး လည်လိမ်
ဖြစ်ခဲ့ပါတယ်။သူ့အနောက်မှာတော့ TB FPL ပထမရာသီဝက် တခုလုံး ဇယားထိပ်ဖင်ခုထိုင်ပြီး ရာသီကုန် အဆင့်လေးထိ ဆင်းသွားရတဲ့ ဆစ်စတီရဲထွေး ဖြစ်ပါတယ်
နောက်တစ်ယောက်ကတော့ FPL ကို ဟိုမရောက် ဒီမရောက် ဆော့လေ ရှိတဲ့ ဆရာဂွင်းကြီး ရှောင်ကောကော တရုတ် ဖြစ်ပါတယ်။သူခမျာ လူခေါ်ထားတာ ဟုတ်မလို ဟုတ်မလိုနဲ့ တနင်္ဂနွေ ရလဒ်တွေအရ ဖိုင်းထိခဲ့ပါတယ်
man utd က ဘရူနိူ ကယ်လို့ တန်းဆင်း ၅၀၀၀ အန္တရာယ် က လွှတ်ခဲ့ပြီး ၁၀၀၀ ပဲ ထိခဲ့တဲ့ စနေဝေဝေပါ
စနေညကဆို ပါသမျှမွဲ ရှိသမျှ ပေးခဲ့ရသလိုမျိုး
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ
ရွာတဲ့ မိုးကြား ထီးကကျိုး ကျိုးတဲ့ထီး
ဖျင်ထဲထိုး ဖြစ်ခဲ့တော့မလိုနဲ့ လွဲခဲ့တဲ့
အင်မတန် ကံကောင်းတဲ့စနေဝေဝေပါ
သူ့အထက်မှာ ကပ်လွှတ်ခဲ့သူကတော့
ဘရုနိူကို ဟာလန်း ပက်ဒရိုထက်
အမေကျော် ဒွေးတော် လွမ်းခဲ့တဲ့ အပ်နော်မန် နဲ့
မန်ဖန်ကြီးပီသစွာ ဘရူနိူ Captain ထားတဲ့
ဝီဝူးဝမ်းအက်ဖ်စီ ဖြစ်ပါတယ်
ယခုရာသီအစထူးဆန်းတာက
ယမန်နှစ် TB FPL ဇယားကြမ်းကပ်ဖော်
ကြမ်းကပ်ဖက် (၃) သင်းဖြစ်တဲ့
ပွဲဇိုးလေး ရဲ့ ရွှေသီအက်ဖ်စီ
အာချောင်ဖိုးစန်းရဲ့ လီယိုအက်ဖ်စီ နဲ့
မုဆိုးဖိုအယ်ကိုဟောလစ်ဆရာ သီဟအောင်တို့ရဲ့
အသင်းတွေဟာ ဇယားထိပ်မှာ ဖြစ်နေပါတယ်
ဒုတိယအကြိမ် ကျင်းပတဲ့ TB FPL ရဲ့ ပထမဆုံး အမှတ်(၁၀၀) ကျော်ခဲ့တာကတော့
ယခုအပတ်မှာ နှစ်သင်းရှိပါတယ်
ဖိုးစန်းလီယိုနဲ့ မုဆိုးဖိုသား ဦးအောင်ဇေယျ တို့ပါပဲ
Congratulations 👏 👏 👏
FPL Week(2) ဖိုင်းကြေးဒကာများ
ပယာမံဆရာသိန်း -၅၀၀၀
ဂွင်းလေးဖိုးအောင်-၄၀၀၀
ဆစ်စတီရဲထွေး-၃၀၀၀
တရုတ်ဆလိုင်း-၂၀၀၀
ဆရာကြီး မင်းသိင်္ခရဲ့ စနေဝေဝေ-၁၀၀၀
⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️
ဒဏ်ကြေးများကို ပွဲစဉ်နောက်တခု မစခင် ဆောင်ရန်
ဥပမာ Week(1) ပွဲ ဒဏ်ကြေးအား Week(2) ပွဲစဉ်စတဲ့ထိ မဆောင်လျှင် ဒဏ်ကြေး နှစ်ဆ တိုးမည်
⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️
27/08/2026
TB Wednesday League ရဲ့ Week (3) အပြီးမှာတော့
ဒီတစ်ပတ် ရဲထွေးနဲ့ ဆရာနိူအသင်း
ထိပ်တိုက်တွေ့ဆုံမှုမှာ Draw ဖြစ်ပြီး
တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ အမှတ်ခွဲယူခဲ့ပါတယ်
ဆရာသိန်း ဦးဆောင်တဲ့ အာဂျင်လတီ အသင်းဟာ
Week(3) အပြီးထိ ဘဲဥမကွဲသေးပါ
26/08/2026
Happy Birthday Our Cap ….
Sai Aung Naing
ဘာနေနေ စိတ်ရောလူရော အဆင်ပြေပါစေဗျာ
PS: မူးရင်တွေ့ရာ ထိုးမအိပ်နဲ့ဗျ😬😬
25/08/2026
𝚑𝚎𝚛𝚎 𝚠𝚎 𝚐𝚘 𝚊𝚐𝚊𝚒𝚗!!
ကဲ TB အသင်းက ဖန်တက်စီမန်နေဂျာများ
အားလုံး မင်္ဂလာပါခင်ဗျာ
အားလုံး ခွီလိုက် လောင်လိုက်နဲ့ မနှစ်က တရာသီ
ပြီးခဲ့ပြီး ယခု ရာသီသစ်မှာ ရင်ခုန်သံအသစ်တွေနဲ့ ပြန်လည်စတင်လိုက်ပါပြီ
မနှစ်က အသင်းဟောင်း ၈သင်းနှင့်
အသစ်ထပ်တိုးလာတဲ့
အသင်းသစ် မန်နေဂျာသစ်တွေ ဖြစ်တဲ့
ဂွင်းကြီးတရုတ် ရဲ့ ဆလိုင်းအက်ဖ်စီ
ဂွင်းလေး ရဲ့ ယေးဒီပီအေ အသင်း ဖြစ်ပါတယ်
ယခုရာသီအစ Week (1) ဇယားထိပ်မှာတော့
အလှု့ဒကာဟောင်း ရွှေသီနဲ့ မန်နေဂျာသစ် ဂွင်းလေးတို့ ပူးတွဲရပ်တည်နေပါတယ်
သူ့အောက်မှာတော့ ထုံးစံအတိုင်း
စနေ တနင်္ဂနွေထိ ဇယားထိပ်ဦးဆောင်နေပေမယ့်
တင်္နလာညရဲ့ ချယ်လ်ဆီးပွဲအပြီးမှာ တန်းဆင်းဇုန်ကနေ ကုန်းရုန်းတက်လာတဲ့ ဆစ်စတီနိုင်းရဲထွေး နဲ့
ချယ်လ်ဆီးပလေယာ သုံးယောက် အသက်ထွက်မတက် ဆွဲတင်ပေးတာတောင် ဒဏ်ကြေး ထိသွားတဲ့ ဆရာသိန်း အသင်းဖြစ်ပါတယ်
ယမန်နှစ်က ဇယားထိပ် (၃)သင်းဖြစ်တဲ့
ဂျလိမ်အုန်း(ခ)ဘော်ဒါဟုမ်း က ဝီဝူးဝမ်းနဲ့ ရီကီမာရူ အသင်းဟာ ယခုရာသီအဖွင့်မှာတော့ အမှတ်အသင့်အတင့်နဲ့ ဇယားအလည်က စရပ်တည်ပေမယ့်
လက်ရှိ TB FPL ချန်ပီယံ စနေဝေဝေ
ဂွတ်တမောနင်းဝေဝေ ဟာ
ဇယားဘိတ်ချေး ၅၀၀၀ တန်းက စထွက်ခဲ့ပါတယ်
သူ့အထက်မှာတော့ ဆလိုင်းအသင်းနဲ့
အာချောင်လီယိုတို့ အသီးသီး ဖိုင်းကြေး ထိပါတယ်
ပြီးခဲ့တဲ့ နှစ် ရာသီအစ တာထွက်ကောင်းပြီး ဖိုင်းကြေး တော်ရုံမထိခဲ့တဲ့ ဖိုးစန်းလီယိုဟာလည်း
နောင်တော်ကြီး စနေဝေဝေနဲ့အတူ
တာထွက်ဖိုင်းကြေး ပေးဆောင်ရပါမည်
ယခုနှစ် TB FPL ၁၁ သင်း ရှိပေမယ့်
POL City အသင်းကတော့ Guest အနေနဲ့သာ
ပါဝင်ပါတယ်
Week(1)
ဝေကြီး -၅၀၀၀
ပိုင်ကြီး-၄၀၀၀
လီယို-၃၀၀၀
ငသိန်း-၂၀၀၀
ငနိူ-၁၀၀၀
⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️
ဒဏ်ကြေးများကို ပွဲစဉ်နောက်တခု မစခင် ဆောင်ရန်
ဥပမာ Week(1) ပွဲ ဒဏ်ကြေးအား Week(2) ပွဲစဉ်စတဲ့ထိ မဆောင်လျှင် ဒဏ်ကြေး နှစ်ဆ တိုးမည်
⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️
21/08/2026
TB Wednesday League ရဲ့ Week (2) အပြီး
ရပ်တည်မှု ဇယား အရ ဖြေးဖြေးမှန်မှန် အမှားနည်းနည်းနဲ့ စိုင်းအောင်နိုင် ဦးဆောင်တဲ့ TB Legend အသင်းဟာ ဇယားထိပ်မှာ ဦးဆောင်နေပြီး
နောက်မှာ ကပ်လိုက်နေတာတော့
ဆရာ ရဲနိုင်ထွေး ဦးဆောင်တဲ့
ထူးခြားတဲ့ TB Strange ဖြစ်ပြီး
ဇယားအောက်ဆုံးမှာ ဘဲဥမကွဲပဲ
ရပ်တည်နေတာတော့
ကိုကိုငသိန်းဦးဆောင်တဲ့ TB Agility ဖြစ်ပါတယ်
19/08/2026
𝙒𝙀𝘿𝙉𝙀𝙎𝘿𝘼𝙔 𝙇𝙀𝘼𝙂𝙐𝙀
Week (2) Results
13/08/2026
𝙒𝙀𝘿𝙉𝙀𝙎𝘿𝘼𝙔 𝙇𝙀𝘼𝙂𝙐𝙀
Week (1) Results
09/08/2026
𝙃𝙚𝙧𝙚 𝙬𝙚 𝙜𝙤
Team Brotherly FC ရဲ့ 𝙒𝙚𝙙𝙣𝙚𝙨𝙙𝙖𝙮 𝙡𝙚𝙖𝙜𝙪𝙚
အသင်း ၃ သင်းဖြစ်တဲ့
TB Agility
TB Strange
TB Legend မှာ နောက်ဆုံးအနေနဲ့ကြေငြာမယ့် အသင်းက 𝙏𝘽 𝙇𝙚𝙜𝙚𝙣𝙙 ဖြစ်ပါတယ်
ပထမဆုံး ပွဲဖြစ်တဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ
အဖွင့်ပွဲအဖြစ်
𝖳𝖡 𝖠𝗀𝗂𝗅𝗂𝗍𝗒 🅥🅢 𝖳𝖡 𝖲𝗍𝖺𝗇𝗀𝖾
ဖြစ်ပြီး မိနစ် ၂၀ သုံးသင်းပတ်လည်ကစားပါမည်
သို့ဖြစ်၍ 𝖳𝖡 𝖠𝗀𝗂𝗅𝗂𝗍𝗒 နဲ့ 𝖳𝖡 𝖲𝗍𝖺𝗇𝗀𝖾တွေဟာ
၆နာရီမထိုးခင်မှာ ကန်ဖို့ Ready ဖြစ်နေရပါမယ်
08/08/2026
𝙃𝙚𝙧𝙚 𝙬𝙚 𝙜𝙤
Team Brotherly FC ရဲ့ 𝙒𝙚𝙙𝙣𝙚𝙨𝙙𝙖𝙮 𝙡𝙚𝙖𝙜𝙪𝙚
အသင်း ၃ သင်းဖြစ်တဲ့
TB Agility
TB Strange
TB Legend မှာ ပထမဆုံးအနေနဲ့
ဒုတိယမြောက်ကြေငြာမယ့်အသင်းကတော့
TB Strange လူစာရင်း ဖြစ်ပါတယ်
မနက်ဖြန်နောက်ဆုံးကျန်သော TB Legend
လူစာရင်း ကြေငြာပါမယ်