12/05/2026
“အခုမျိုးဆက်က အချက်အလက်တွေကို ထိုင်ပြောနေတာ၊ ပွဲပြီးသွားတဲ့အခါမှာ သူကတော့ ပေးပို့ပုံတိကျမှု ၉၇% အထိ ရှိခဲ့တယ်ဆိုပြီး ပြောတယ်၊ ဘယ်လိုပေးပို့မှုမျိုးလဲ၊ အနောက်ကိုပဲ ပြန်ပေးနေတာမျိုးလား၊ ဘာမှအသုံးမဝင်တဲ့ ပေးပို့မှုတွေလား၊ ရှေ့ကိုတက်ကစားနိုင်ဖို့ကို လိုအပ်ပါတယ်၊ အဲလိုကစားလို့ ဘောလုံးဆုံးရှုံးသွားရင်တောင်မှ ဘာမှမဖြစ်ပါဘူး”
- ကက်ဆီမီရို (ဖာဒီနန်နဲ့တွေ့ဆုံခဲ့တဲ့ စကားဝိုင်းမှာ ပြောဆိုခဲ့မှု)
12/05/2026
လက်ရှိခြေစွမ်းအရတော့ အာဆင်နယ်ဟာ ဖလားရဖို့အတွက် အနီးစပ်ဆုံး အနေအထားမှာ ရှိနေပါတယ် ပြည်တွင်းပရီးမီးယားလိဂ်တင်မကဘဲ ဥရောပချန်ပီယံလိဂ်မှာပါ အောင်မြင်မှုတွေ ရယူနိုင်မယ့် အလားအလာတွေက တကယ်ကို မြင်တွေ့နေရတာပါ ဒါပေမဲ့ တစ်ခုရှိတာက အသင်းမှာ အဖက်ဖက်က ပြည့်စုံနေအောင်လို့ အချို့သော ကစားသမားနေရာတွေကိုတော့ မဖြစ်မနေ ပြောင်းလဲဖြည့်တင်းဖို့ လိုအပ်နေပါသေးတယ်
အခုရာသီကုန်လို့ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်မှာတော့ အာဆင်နယ်ဆီကို ကစားသမားတိုင်းက လာချင်ကြမှာပါ အသင်းရဲ့ တိုးတက်လာတဲ့ ပုံစံနဲ့ အနာဂတ် ရည်မှန်းချက်တွေကြောင့် ထိပ်တန်းကစားသမားတွေအတွက် ဆွဲဆောင်မှုအရှိဆုံး အသင်းတစ်သင်း ဖြစ်လာမှာပါ ဒါဟာ အာဆင်နယ်အတွက် အခွင့်အကောင်းဖြစ်သလို တခြားပြိုင်ဘက်အသင်းတွေအတွက်ကတော့ အားကောင်းတဲ့ ကစားသမားတွေကို အရယူဖို့ ခက်ခဲသွားစေနိုင်တဲ့ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်
အာဆင်နယ်အနေနဲ့ အခုလိုမျိုး အရှိန်အဟုန်ကောင်းနေချိန်မှာ လိုအပ်တဲ့ အပြောင်းအလဲတွေကိုသာ မှန်မှန်ကန်ကန် လုပ်နိုင်မယ်ဆိုရင် ဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်မယ့် ခေတ်တစ်ခေတ်ကို တည်ဆောက်နိုင်တော့မှာ သေချာနေပါပြီ
12/05/2026
ဘာစီလိုနာရဲ့ ကြယ်ပွင့်လေး ယာမယ်ဟာ အသင်းရဲ့ အောင်ပွဲခံ ဘတ်စ်ကားလှည့်လည်ပွဲမှာ ပရိသတ်တွေကြား အတော်လေး ဟိုးလေးတကျော်ဖြစ်သွားစေမယ့် အင်္ကျီတစ်ထည်ကို ဝတ်ဆင်ပြခဲ့ပါတယ် အဲဒီအင်္ကျီပေါ်မှာတော့ "မက်ဒရစ်ပရိသတ်တစ်ယောက် မဖြစ်ခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စာသားကို ရေးသားထားတာပါ
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အသင်းရဲ့ အဓိကကစားသမားဖြစ်နေတဲ့ ယာမယ်ဟာ အခုလိုမျိုး ရဲရဲဝံ့ဝံ့ စနောက်လိုက်တာက သူဟာ ဘာစီလိုနာအသင်းအပေါ် ဘယ်လောက်အထိ သစ္စာရှိပြီး ချစ်မြတ်နိုးသလဲဆိုတာကို ပြသနေတာပါ အောင်ပွဲခံပွဲလမ်းသဘင်မှာ ပျော်ပျော်ပါးပါးနဲ့ ပြိုင်ဘက်ကို အခုလို စနောက်တာက ဘောလုံးလောကရဲ့ ရိုးရာတစ်ခုလို ဖြစ်နေတာကြောင့် ပရိသတ်တွေကြားမှာလည်း စိတ်ဝင်စားမှုတွေ အမြင့်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်
ယာမယ်ရဲ့ ဒီလုပ်ရပ်က ရီးရဲလ်ပရိသတ်တွေအတွက်တော့ စိတ်အနှောင့်အယှက် ဖြစ်စရာရှိနိုင်ပေမဲ့ ဘာစီလိုနာပရိသတ်တွေကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့်လေးကို ပိုပြီးတော့တောင် ချစ်သွားကြမှာပါ
12/05/2026
အူစမန်ဒမ်ဘီလီဟာ လီဂူးရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ၂ရာသီဆက်တိုက် ရရှိသွားခဲ့ပါပြီ။ ဒီရာသီလီဂူးမှာ ပီအက်စ်ဂျီအတွက် ၁၀ ဂိုးသွင်း၊ ၆ ကြိမ်သာ ဖန်တီးပေးထားနိုင်ခဲ့ပေမယ့် အကောင်းဆုံးဆုကို သူ ထပ်ရခဲ့တာပါ။ ပီအက်စ်ဂျီအတွက် အရေးပါတဲ့ ကစားသမားအဖြစ် သူ ခြေစွမ်းပြနိုင်ခဲ့တာကြောင့်ပါပဲ။
ကိန်းဂဏန်းတွေအရ နည်းပါးတယ်လို့ထင်ရပေမယ့် လီဂူးပွဲ ၂၀ သာ သူ ကစားထားရတာပါ။ တပွဲကို တဂိုးနီးပါး ပါဝင်ပတ်သက်နေခဲ့တာဖြစ်ပြီး အမှတ်ပေးဖလားရဖို့ နီးစပ်နေအောင် သူ လုပ်ပေးထားပါတယ်။ ဘလွန်းဒီအောဆုရှင်ရဲ့ အကောင်းဆုံးနေ့ရက်တွေက မကုန်ဆုံးသေးဘူးဆိုတာကို မြင်တွေ့နေရတာပါ။
အင်းနရစ်လက်အောက်မှာ ခံစစ်ကို ဆင်းကူသလို ဘောလုံးပါလိုက်လုနေတဲ့ ဒမ်ဘီလီကို မြင်တွေ့ရတာဖြစ်ပြီး ဒဏ်ရာရရှိမှုနှုန်းကလည်း နည်းပါးလာပါတယ်။ ပြင်သစ်သားရဲ့ ကစားသမားဘ၀ အကောင်းဆုံးနေ့ရက်တွေပါပဲ။
12/05/2026
ပွဲဦးထွက်မှာတင် အဖွင့်ဂိုးသွင်းပြီး အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ မက်သီးစ် တဲလ် တစ်ယောက်၊ အဲ့ဒီနောက်မှာတော့ မထင်မှတ်ထားတဲ့ အမှားကနေတစ်ဆင့် ပင်နယ်တီပေးလိုက်ရတာကြောင့် ပွဲရလဒ်က ၁-၁ ဖြစ်သွားခဲ့ရပါတယ်
စပါးတို့ အနိုင်ဂိုးရယူနိုင်ဖို့အတွက် နာကျင်အချိန်ပို (၁၃) မိနစ်အထိ အခွင့်အရေးတွေ အများကြီး ရခဲ့ပေမဲ့ အနိုင် ၃ မှတ် မရယူနိုင်ခဲ့ပါဘူး
ဒါ့အပြင် အခုပွဲစဉ်ဟာ VAR ဆုံးဖြတ်ချက်တွေကြောင့် အတော်လေးကို ရှုပ်ထွေးခဲ့ပြီး အငြင်းပွားစရာတွေနဲ့ ပြည့်နှက်နေခဲ့တာပါ
အကယ်၍သာ လာမယ့် ချယ်လ်ဆီးနဲ့ အဝေးကွင်းပွဲမှာ စပါးတို့ ထပ်မံခြေချော်ပြီး၊ ဝက်စ်ဟမ်းက နယူးကာဆယ်ကို အနိုင်ရသွားမယ်ဆိုရင်တော့ စပါးအသင်းဟာ ရာသီပိတ်ပွဲစဉ်မတိုင်ခင်မှာတင် တန်းဆင်းဇုန်ထဲကို တရားဝင် ရောက်ရှိသွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ
11/05/2026
လာမိုင်းယာမယ်လ်ဟာ ဘာစီလိုနာနဲ့အတူ လာလီဂါဖလားကို ၃ ကြိမ်အထိ ရရှိခဲ့ပါပြီ။ ဒါဟာ ရီးရဲလ်မက်ဒရစ်အတွက် ၉ နှစ်ကြာ ကစားပေးပြီး ၂ကြိမ်သာ ရရှိခဲ့တဲ့ ရော်နယ်ဒိုထက် တကြိမ်ပိုမိုသာလွန်သွားခဲ့တာပါ။ ဒီအတွက် ယာမယ်လ်ဟာ ၄ ရာသီသာ ကစားခဲ့ရတာပါ။ တကယ်ကို ထူးခြားတဲ့ မှတ်တမ်းပါပဲ။
11/05/2026
ရက်ရှ်ဖို့ဒ်ကတော့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးလို့ သတ်မှတ်ခံထားရတဲ့ အမ်ဘာပေထက်တောင် လာလီဂါချန်ပီယံဆုကို အရင်ဆွတ်ခူးခဲ့သွားခဲ့ပါပြီ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းဆီ အငှားနဲ့ ရောက်ရှိလာတဲ့ ပထမဆုံး ရာသီမှာတင် အသင်းကို ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ သူ့ရဲ့ ကံကြမ္မာဟာ တကယ့်ကို ထူးခြားလွန်းတယ်လို့ ဆိုရမှာပါ အမ်ဘာပေဟာ ရီးရဲလ်ကို ရောက်ရှိလာပြီး လာလီဂါဖလားကို မျှော်လင့်နေချိန်မှာ ရက်ရှ်ဖို့ဒ်ကတော့ စောစီးစွာနဲ့ ချန်ပီယံအဖြစ် အောင်ပွဲခံသွားနိုင်ခဲ့ပါပြီ
ဒီအခြေအနေကို ကြည့်ရင် ရက်ရှ်ဖို့ဒ်ဟာ အမ်ဘာပေထက်တောင် ပိုပြီး အောင်မြင်နေသလို ခံစားရစေပါတယ် ယူနိုက်တက်မှာ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ မရရှိခဲ့တဲ့ လိဂ်ဖလားကို စပိန်မြေမှာ ချက်ချင်းဆိုသလို သိမ်းပိုက်နိုင်ခဲ့တာက ရက်ရှ်ဖို့ဒ်အတွက်တော့ ကစားသမားဘဝရဲ့ အမြင့်ဆုံး အလှည့်အပြောင်းတစ်ခုပါပဲ
အမ်ဘာပေအနေနဲ့ နောက်ရာသီတွေမှာ ဖလားတွေ ပြန်ယူနိုင်ဖို့ ရှိပေမဲ့ ရက်ရှ်ဖို့ဒ်ကတော့ သမိုင်းစာမျက်နှာထက်မှာ အမ်ဘာပေထက် အရင် အောင်မြင်ခဲ့သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ
11/05/2026
ဒီရာသီမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ တကယ်ပဲ ထိုက်တန်နေပြီဆိုတာ အမှန်တရားတစ်ခုပါပဲ ဘယ်လိုပဲဖြစ်ဖြစ် အာဆင်နယ်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ တည်ငြိမ်မှုကိုတော့ ကျွန်တော်တို့ လေးစားဖို့ လိုအပ်ပါတယ် သူတို့ဟာ ဒီအသင်းကို နှစ်ပေါင်းများစွာကြာအောင် အောက်ခြေကနေ အုတ်တစ်ချပ်ချင်း စီပြီး ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ကြတာပါ
အရင်ကဆိုရင် အာဆင်နယ်ဟာ ဝက်စ်ဟမ်းလို ကွင်းမျိုးမှာ အခုလို အကြိတ်အနယ် ဖိအားပေးပြီး သုံးမှတ်အပြည့် ရအောင် ယူနိုင်ဖို့ ခဲယဉ်းလေ့ရှိပါတယ် ဒါပေမဲ့ အခုတော့ သူတို့ဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားကောင်းလာသလို ပေးအပ်ထားတဲ့ တာဝန်ကိုလည်း အကောင်းဆုံး ကျေပွန်အောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်
အာတီတာရဲ့ စီမံကိန်း စတင်ကတည်းက အခက်အခဲပေါင်းစုံကို ဖြတ်သန်းခဲ့ရတဲ့ အာဆင်နယ်အတွက် အခုလို ဖိအားတွေကို ရင်ဆိုင်နိုင်စွမ်းရှိလာတာက သူတို့ဟာ တကယ့်အစစ်အမှန်တွေ ဖြစ်လာပြီဆိုတာကို သက်သေပြနေတာပါ ချန်ပီယံဆုနဲ့လည်း အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိလို့နေပါပြီ သူတို့ရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ ခံနိုင်ရည်ရှိမှုက ဒီရာသီရဲ့ ချန်ပီယံပြိုင်ပွဲမှာ ဘယ်သူမှ ငြင်းပွားလို့မရတဲ့ အချက်တစ်ခု ဖြစ်လာခဲ့ပါတယ်
11/05/2026
“ဒီလိုဂိုးတွေကို ခွင့်မပြုဘူးဆိုရင် အာဆင်နယ်က အမှတ်ပေးဇယားထိပ်မှာ ရှိနေမှာတောင် မဟုတ်ဘူး၊ တရာသီလုံး ဒီလိုပုံစံနဲ့ သူတို့ ဂိုးတွေသွင်းခဲ့တာမို့ပါ၊ သူတို့လည်း ပြိုင်ဘက်ကစားသမားတွေကို ပိတ်ဆို့ပြီးတော့ ဂိုးတွေသွင်းနေခဲ့တာပါ၊ လိုက်ဆွဲနေခဲ့တာပါ၊ အဲဒါတွေအကုန်လုံး လုပ်ခဲ့တာပဲ”
- ပီတာရှမိုက်ကယ်
11/05/2026
အာဆင်နယ်ကတော့ တကယ်ကို ကံကောင်းလွန်းပါတယ်
နောက်ဆုံးမိနစ်မှာ ဝက်စ်ဟမ်းဘက်က ဂိုးသွင်းသွားပေမဲ့လဲ ဒိုင်က Foul ဆိုပြီးဂိုးမပေးခဲ့ပါဘူး
ဂိုးသာပေးလိုက်ရရင် အာဆင်နယ်ဘဝက မတွေးရဲစရာပါပဲ ဖလားရဖို့သေချာတော့မှာမဟုတ်ပါဖူး
အာဆင်နယ်ကို ကံကလဲအကျိုးပေးတာပါ
ဝက်စ်ဟမ်းတို့ကလဲ ရုန်းလွန်းပါတယ် တန်းဆင်းဇုံရုန်းအားက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းတာထက်တောင် ပိုကြောက်ဖို့ကောင်းပါတယ်
နောက်ပြီး ဝက်စ်ဟမ်းက ကွင်းသစ်ကြီးမှာ တကယ်ကိုကျစ်လစ်လွန်းတဲ့အသင်းတစ်သင်းပုံစံကစားပြသွားတာပါ
တန်းဆင်းဇုံထဲကိုရောက်နေပေမဲ့လဲ သူတို့ရဲ့ကွင်းအနေအထားအရ သူတို့က အသင်းကြီးလိုမျိုးကိုဖြစ်နေတာပါ
အဲ့တော့ အာဆင်နယ်အနိုင်ရသွားတာက ဝက်စ်ဟမ်းကို တော်တော်က်ို ခက်ခက်ခဲခဲနဲ့ဖြစ်ပါတယ်
10/05/2026
ဘရန့်ဖို့ဒ်နဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက ဝက်စ်ဟမ်းကို ကြိတ်ထားကွဆိုပြီး အားပေးသွားခဲ့တာပါ။ အာဆင်နယ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမယ့် ဝက်စ်ဟမ်းဘက်ကနေ သူ အားပေးနေမယ်ဆိုတာကို လုပ်ပြသွားခဲ့တာဖြစ်ပါတယ်။
တန်းမဆင်းရဖို့အတွက် လက်ကျန်ပွဲတိုင်းမှာ အမှတ်ရသလောက် ယူထားရမယ့် ဝက်စ်ဟမ်းဟာ အမှတ်ပေးဖလားရဖို့ နီးစပ်နေတဲ့ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့နေရတာပါ။ အာဆင်နယ်ကလည်း နိုင်ကိုနိုင်မှ ဖြစ်မယ့် အခြေအနေမို့ ဒီပွဲက နှစ်သင်းစလုံးအတွက် တော်တော်လေး အရေးကြီးနေပါတယ်။
ဒါကြောင့်လည်း ဂွါဒီယိုလာက ပြိုင်ဘက်အာဆင်နယ်ကို အလဲထိုးနိုင်ဖို့အတွက် ဝက်စ်ဟမ်းကို အားပေးသွားခဲ့တာပါ။ ဟမ်းမားပုံစံပါ သူက လုပ်ပြသွားပြီး သူ့ဟာသူ သဘောတွေကျကာ ရယ်မောပြီး အခန်းတွင်းကနေ ပြန်ထွက်သွားခဲ့ပါတယ်။