Fit Me Gym

Fit Me Gym Gym & fitness နဲ့ ပါတ်သတ်တဲ့ videos တွေကို sharing လုပ်ပေးသွားပါမယ် ။💪🏻💪🏻💪🏻
📌(အမှတ်၈၇၂၊၂၅ ရပ်ကွက်၊ထားဝယ်လမ်း၊တောင်ဒဂုံ။(ကုန်ပဒေသာ မှတ်တိုင်အနီး။)

27/07/2026

Fit Me Gym ရဲ့ အမောပြေဆေးကတော့ Trainer တွေပါပဲ! 😜 တကယ် မောမောနဲ့ ကြည့်လိုက်ရင် အမောပြေသွားတာမျိုး~ ❤️

⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠

ပျော်တယ်ဗျို့ ပျော်တယ်ဗျို့ 📣📣🎉 𝐅𝐢𝐭 𝐦𝐞 𝐆𝐲𝐦 မှာ လစဉ် Gym fees သက်သာမဲ့ Promotion လေးတစ်ခု လာပီတဲ့🔜🔜လစဉ် လတိုင်း 25 ရက်နေ့...
23/07/2026

ပျော်တယ်ဗျို့ ပျော်တယ်ဗျို့ 📣📣

🎉 𝐅𝐢𝐭 𝐦𝐞 𝐆𝐲𝐦 မှာ လစဉ် Gym fees သက်သာမဲ့

Promotion လေးတစ်ခု လာပီတဲ့🔜🔜

လစဉ် လတိုင်း 25 ရက်နေ့ မှာ

Gym members fees သွင်းသူတိုင်းကို

(5000)mmk ကျပ် cash back ပြန်ပေးနေပီတဲ့

မုန့်ဖိုးလည်း ပြန်ရမယ် Gym လည်း ဆော့ရမယ် 🤭🤭

ကျေနပ်ပီတိတွေ ဖြစ်နေပီမို့ ၂၅ ရက်နေ့ကျရင်

Fit Me Gymမှာ Gym သွားအပ်တော့မယ် 🏃‍♀️🏃

🌞 𝐅𝐢𝐭 𝐌𝐞 𝐆𝐘𝐌
ကို အမြန် လာရောက်စာရင်း ပေးသွင်းနိုင်ပါပီ

🏡𝐀𝐝𝐝𝐫𝐞𝐬𝐬
========
အမှတ် (၈၇၂)၊ ထားဝယ်လမ်း၊ ၂၅ရပ်ကွက်၊ တောင်ဒဂုံမြို့
နယ်၊ ကုန်ပဒေသာ မှတ်တိုင်အနီး။

Google maps 🩸

https://maps.app.goo.gl/Af4Qh58Jp2YLyP167?g_st=com.google.maps.preview.copy

☎️095073476

#𝐅𝐢𝐭𝐌𝐞
&_𝐅𝐢𝐭𝐧𝐞𝐬𝐬_𝐂𝐞𝐧𝐭𝐫𝐞

05/07/2026

ပြင်ဆင်မွမ်းမံမှု့တွေ ပီးသွားပီမို့

ဒီနေ့ကစ ပိတ်ရက်မရှိ လာဆော့လို့ရပီဗျို့

အကုန်လုံးကို ဆုံတွေ့ချင်တယ် ✊✊

📢 အသိပေးကြေညာချက်နှင့် အားနာစွာ တောင်းပန်လွှာ 📢[Fit Me Gym] ကို အစဉ်တစိုက် အားပေးလာကြသော ချစ်လှစွာသော Members များ အားလု...
01/07/2026

📢 အသိပေးကြေညာချက်နှင့် အားနာစွာ တောင်းပန်လွှာ 📢
[Fit Me Gym] ကို အစဉ်တစိုက် အားပေးလာကြသော
ချစ်လှစွာသော Members များ အားလုံးခင်ဗျာ...

ကျွန်တော်တို့ Gym အား ပိုမိုသန့်ရှင်းသပ်ရပ်ပြီး
ခေတ်မီဆန်းသစ်သော Decorations များဖြင့်
အဆင့်မြှင့်တင်ရန်အတွက် ဆောက်လုပ်ရေးနှင့် ပြင်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရှိပါသဖြင့်

အောက်ပါရက်များအတိုင်း Gym ကို
ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

🗓 ပိတ်မည့်ရက် - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့ မှ ဇူလိုင်လ (၅) ရက်နေ့အထိ

🗓 ပြန်လည်ဖွင့်လှစ်မည့်ရက် - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ (ပုံမှန်အချိန်အတိုင်း)

Gym ပိတ်ထားစဉ်အတွင်း မန်ဘာဝင်များ၏
လေ့ကျင့်ရေးပိုင်း အဆင်မပြေမှုများ ရှိခဲ့ပါက
အနူးအညွတ် တောင်းပန်အပ်ပါသည်။

လူကြီးမင်းတို့၏ Member သက်တမ်းများကိုလည်း

ပိတ်ရက် Group လိုက် ပြန်လည်တိုးမြှင့်ပေးသွားမည် ဖြစ်ပါသည်။

ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်နှင့် ဝန်ဆောင်မှုများဖြင့် ဇူလိုင်လ (၆) ရက်နေ့မှာ ပြန်လည်ဆုံတွေ့ကြပါစို့ ခင်ဗျာ။

❤️
# Fit Me gym

22/06/2026

Main trainer ရာထူးအတွက် 📣📣

Fit Me Gym မှာ အတူတူလက်တွဲပြီး ကျန်းမာကြံ့ခိုင်တဲ့
လူ့အသိုက်အဝန်းတစ်ခုကို ပုံဖော်ပေးဖို့ စိတ်အားထက်သန်တဲ့ လူငယ် Trainer များကို ဖိတ်ခေါ်လိုက်ပါတယ်။ 🏋️‍♂️💪
မိမိရဲ့ အရည်အချင်းကို အပြည့်အဝထုတ်ပြပြီး
ဝင်ငွေကောင်းကောင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပဲ လျှောက်ထားလိုက်ရအောင်... 👇

📋 ခေါ်ယူမည့် ရာထူးများ
၁။ Main Trainer (အမျိုးသား / အမျိုးသမီး)
အားကစားနှင့် Fitness ပိုင်းတွင် အတွေ့အကြုံရှိပြီး Gym Member များကို စနစ်တကျ လမ်းညွှန်ပြသပေးနိုင်သူ ဖြစ်ရမည်။
၂။ Helper Trainer (အမျိုးသား / အမျိုးသမီး)
အားကစားနှင့် Fitness ကို ဝါသနာပါပြီး သင်ယူလိုစိတ်ရှိသူ၊ Main Trainer ကို ကူညီပေးနိုင်သူ ဖြစ်ရမည်။ (အတွေ့အကြုံမရှိသော်လည်း စနစ်တကျ ပြန်လည်သင်ကြားပေးပါမည်။)
💰 ခံစားခွင့်များနှင့် လစာနှုန်းထား
သင့်တင့်မျှတသော အခြေခံလစာ (Base Salary) ကို ပေးအပ်မည့်အပြင်၊
မိမိရဲ့ ကြိုးစားအားထုတ်မှုအပေါ် မူတည်ပြီး PT (Personal Trainer) Commission များကိုလည်း စိတ်ကျေနပ်မှုရှိစေမည့် ရာခိုင်နှုန်းအတိုင်း ထပ်မံခံစားခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ (ကြိုးစားရင် ကြိုးစားသလောက် ဝင်ငွေ အကန့်အသတ်မရှိ ရရှိနိုင်မည့် အခွင့်အလမ်း ဖြစ်ပါတယ်)

✨ လိုအပ်ချက်များ
ကျန်းမာကြံ့ခိုင်ပြီး ဖျတ်လတ်တက်ကြွသူ ဖြစ်ရမည်။
Gym Member များနှင့် ဆက်ဆံရေးပြေပြစ်ပြီး ဖော်ဖော်ရွေရွေ စိတ်ရှည်စွာ ဝန်ဆောင်မှုပေးနိုင်သူ ဖြစ်ရမည်။
အချိန်လေးစားပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ ဖြစ်ရမည်။

📩 လျှောက်ထားရန်နည်းလမ်း
စိတ်ပါဝင်စားသူများအနေဖြင့်
Fit Me Gym ရဲ့ Page Messenger မှတစ်ဆင့် CV Application ပေးပို့၍လည်းကောင်း၊
အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်၍လည်းကောင်း စုံစမ်းလျှောက်ထားနိုင်ပါသည်။
📞 ဆက်သွယ်ရန်ဖုန်း - [095073476]
📍 Gym လိပ်စာ -872 dawei street 25 ward south Dagon
ကျန်းမာရေးနဲ့ Fitness လောကမှာ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ Fit Me Gym မိသားစုဆီကို အမြန်ဆုံး လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ 🤝✨

25/05/2026

လကုန်ခါနီးပြီဆိုပြီး Gym ဆော့ဖို့ ဝန်မလေးနဲ့တော့!

လတိုင်းရဲ့ ၂၅ ရက်နေ့တိုင်း Fit Me Gym က ပေးနေကျ 5,000 Cash Back အစီအစဉ် ရှိတယ်နော်။ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ/ရှင်။ 🙌✨

𝐅𝐢𝐭 𝐌𝐞 𝐆𝐲𝐦 မှာ 𝐇𝐞𝐥𝐩𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐞𝐫 အဖြစ် လက်တွဲဖို့ ဖိတ်ခေါ်ခြင်း ✨Fitness ဝါသနာအိုးလေးတွေအတွက် Fit Me Gym မှာ အလုပ်အကိုင် အခ...
04/05/2026

𝐅𝐢𝐭 𝐌𝐞 𝐆𝐲𝐦 မှာ 𝐇𝐞𝐥𝐩𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐞𝐫 အဖြစ် လက်တွဲဖို့ ဖိတ်ခေါ်ခြင်း ✨

Fitness ဝါသနာအိုးလေးတွေအတွက် Fit Me Gym မှာ အလုပ်အကိုင် အခွင့်အလမ်းရှိပြီနော်! 💪

ကိုယ်တိုင်လည်း အားကစားလုပ်ရတာ ဝါသနာပါတယ်၊ တခြားသူတွေကိုလည်း ကူညီပေးချင်တယ်ဆိုရင်တော့
𝐅𝐢𝐭 𝐌𝐞 𝐆𝐲𝐦 မှာ 𝐇𝐞𝐥𝐩𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐞𝐫 အဖြစ် အခုပဲ လျှောက်ထားလိုက်ပါ။

ကျွန်တော်တို့ ဘယ်လိုလူမျိုးကို ရှာနေတာလဲ?

• Gym ကစားတာကို ချစ်မြတ်နိုးသူ။
• သူတစ်ပါးကို ကူညီလမ်းညွှန်ပေးဖို့ ဝန်မလေးသူ။
• အမြဲပြုံးရွှင်တက်ကြွပြီး အဖွဲ့အစည်းနဲ့ လုပ်ကိုင်နိုင်သူ။

အကျိုးခံစားခွင့်များ
• သင့်တင့်သော လစာနှင့် ခံစားခွင့်များ။
• Gym စက်ကိရိယာများကို စနစ်တကျ လေ့ကျင့်ခွင့်။
• ဝါရင့် Trainer များထံမှ ပညာရပ်များ သင်ယူခွင့်။

Fit Me Gym မှာ လုပ်ကိုင်ရင်း ကျန်းမာကြံ့ခိုင်တဲ့ Lifestyle တစ်ခုကို အတူတူ တည်ဆောက်ကြရအောင်။

📍 နေရာ: Fit Me Gym
📩 စိတ်ဝင်စားပါက: Messenger မှာ CV ပို့ပေးပါ သို့မဟုတ် [095073476 ] ကို ဆက်သွယ်နိုင်ပါတယ်

24/04/2026

Owner ရော Trainer ပါ လက်မြန်တဲ့အခါ..."

"Owner က လာညှိပေးမလားမှတ်တယ်... ပိုတောင်နာသွားသေးတယ်။ ၂ ပတ်နဲ့တော့ မရဘူးနော်... ဇွဲရှိမှ ရမှာပါ 😂။

"

20/04/2026

ဆရာကမေးတော့လဲအမှန်တိုင်းဖြေရတာပေါ့🤣🤣🤣
သင်္ကြန်မှာဘယ်နှရက်ဆက်တိုက်သောက်ခဲ့ကြလဲမန်ဘာတို့🍻🏋🏻‍♀️
သင်္ကြန်မှာ သောက်ခဲ့သမျှ ချွေးပြန်ထုတ်နေရတဲ့ဘဝ🥵🏋🏻‍♀️🏋🏻‍♂️🏋🏻‍♂️

ဘယ်ပျောက်ကုန်တာလဲ 🤣🤣
19/04/2026

ဘယ်ပျောက်ကုန်တာလဲ 🤣🤣

Address

Yangon
11431

Telephone

+9595073476

Website

Alerts

Be the first to know and let us send you an email when Fit Me Gym posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share