MCG Myanmar

MCG Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MCG Myanmar, No. (202/A), Lower Kyee Daing Road, Ahlone Township, Yangon.

💨အခန်းထဲမှာ အမြဲမွှေးပျံ့နေအောင်ဆိုပြီး Aircon ဖွင့်ထားတဲ့အခန်းထဲမှာ Air Freshener တွေဖျန်းတတ်တဲ့သူရှိလား…❓📌ဒီအပြုအမူက အ...
25/09/2026

💨အခန်းထဲမှာ အမြဲမွှေးပျံ့နေအောင်ဆိုပြီး Aircon ဖွင့်ထားတဲ့အခန်းထဲမှာ Air Freshener တွေဖျန်းတတ်တဲ့သူရှိလား…❓

📌ဒီအပြုအမူက အခန်းထဲမှာတော့ မွှေးကြိုင်နေပေမယ့် Aircon အတွက်တော့ သာမာန်ထက် သက်တမ်းပိုတိုသွားစေတတ်ပါတယ် ။

‼️အခန်းထဲမှာဖျန်းလိုက်တဲ့ Air freshener Spray တွေထဲမှာပါတဲ့ ဓာတုဆီအမှုန်တွေက လေထုထဲမှာရှိတဲ့ဖုန်မှုန့်တွေနဲ့ပေါင်းစပ်သွားပါတယ်။

အဲ့လို ဓာတုအမှုန်တွေပါတဲ့ လေထုကို Aircon ကပြန်လည်စုပ်ယူသွားပြီး Aircon အတွင်းထဲက Cooling Coil တွေပေါ်မှာ သွားရောက် ကပ်ညှိသွားစေပါတယ်‌ ။

🧪ဓာတုဆီအမှုန်တွေဖြစ်တာကြောင့် Aircon အတွင်းပိုင်း ဂျိုးကပ်တာက ခါတိုင်းထက် ၃ ဆပိုမြန်သွားပြီး အအေးပေါ့ခြင်း၊ ချဉ်နံ့ထွက်ခြင်းနဲ့ ရေဆင်းပိုက်ပိတ်ပြီး ရေယိုခြင်း ပြဿနာတွေကို ဖြစ်စေပါတယ်။

📌ဒါကြောင့် အခန်းထဲမှာ အနံ့အသက်မွှေးချင်ရင် Aircon ဖွင့်ထားပြီးမှ Air freshener ဖျန်းတာမျိုးမလုပ်ပဲ…

💁Aircon မဖွင့်ခင်တည်းက အခန်းထဲမှာ ကြိုတင်ပြီး Air freshener ဖျန်းထားဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျာ ။

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸

https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1

Aircon Filter ကို ရေဆေးပြီးရင် နေပူထဲမှာ အခြောက်လှန်းလို့မရပါဘူး❌❗Customer တွေတော်တော်များများမေးတဲ့ မေးခွန်းတစ်ခုက "Air...
21/09/2026

Aircon Filter ကို ရေဆေးပြီးရင် နေပူထဲမှာ အခြောက်လှန်းလို့မရပါဘူး❌❗

Customer တွေတော်တော်များများမေးတဲ့ မေးခွန်းတစ်ခုက "Aircon Filter မှာတက်နေတဲ့ ဖုန်တွေကိုရေဆေးပြီးရင် နေပူထဲမှာလှန်းလို့မရဘူးလား…?ဘာလို့လဲ…❓

ဒီမေးခွန်းအတွက်အဖြေကတော့ နေပူထဲမှာ Filter ကိုလှန်းလို့မရပါဘူး ။

နေပူထဲမှာ Filter ကိုလှန်းမိတဲ့အခါ Filter ကိုပြုလုပ်ထားတဲ့ ပလတ်စတစ်နဲ့ ဇကာကွက်လေးတွေဟာ နေရောင်ခြည်ပြင်းပြင်းနဲ့ တိုက်ရိုက်ထိတွေ့မိသွားပြီး ကျုံ့သွားတာ ဒါမှမဟုတ် ပုံပျက်၊ ပျက်စီးသွားတတ်ပြီး…

အဖုံးပြန်ပိတ်လို့မရတာမျိုး ဖြစ်တတ်လို့ ရေဆေးပြီးရင် အရိပ်ထဲမှာပဲ လေပြင်းခံပြီး အခြောက်လှန်းရပါမယ်နော်။

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺
https://t.me/mcgairconmyanmar
𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿
https://invite.viber.com/...
𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸
https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH...


Aircon သုံးရင်း ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေကို ဘယ်လိုကာကွယ်မလဲ ❓" ✨Aircon ဖွင့်ထားပြီးအလုပ်လုပ်နေတုန်း ရုတ်တရက် ခေါင်...
16/09/2026

Aircon သုံးရင်း ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေကို ဘယ်လိုကာကွယ်မလဲ ❓"

✨Aircon ဖွင့်ထားပြီးအလုပ်လုပ်နေတုန်း ရုတ်တရက် ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေ ဖြစ်ဖူးကြမယ်ထင်ပါတယ် ။

📌ဒါကို "Aircon Sickness" လို့ ခေါပြီး Aircon ကထွက်တဲ့ လေအေးက ခန္ဓာကိုယ် (အထူးသဖြင့် ခေါင်းနဲ့ ဂုတ်ပိုး) ဆီ တိုက်ရိုက်တိုးနေလို့ ခန္ဓာကိုယ်အပူချိန် ရုတ်တရက်ကျဆင်းကာ သွေးကြောတွေကျုံ့သွားရတာကြောင့် ဒီလိုပြဿနာတွေ ကြုံရတာ ဖြစ်ပါတယ်။

📌ဒီလို ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေကို ကာကွယ်ဖြေရှင်းဖို့အတွက် Aircon Louvers တွေကို လူနဲ့လွတ်ရာ အပေါ်ဘက် သို့မဟုတ် ဘေးဘက်ကို အမြဲဦးတည်ထားပေးလိုက်ပါ…

💁ဒါမှမဟုတ် Aircon မှာပါတဲ့ Swing Mode Function ကိုအသုံးပြုပြီး....

Aircon သုံးရင်း ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေကိုကာကွယ်နိုင်ပါတယ် ။

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺
https://t.me/mcgairconmyanmar
𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿
https://invite.viber.com/...
𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸
https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH...


ဘုရားခန်းမှာ Aircon ဖွင့်ထားရင် ဖယောင်းတိုင်နဲ့ အမွေးတိုင် ထွန်းလို့ရလား? 🕯️🙏ကျွန်တော်တို့ အိမ်တော်တော်များများမှာ ဘုရား...
12/09/2026

ဘုရားခန်းမှာ Aircon ဖွင့်ထားရင် ဖယောင်းတိုင်နဲ့ အမွေးတိုင် ထွန်းလို့ရလား? 🕯️🙏

ကျွန်တော်တို့ အိမ်တော်တော်များများမှာ ဘုရားခန်းကို အေးအေးချမ်းချမ်း ရှိစေဖို့ ဘုရားခန်းမှာ Aircon တပ်ဆင်ထားတတ်ကြပါတယ်။

ဒါပေမဲ့ Aircon ဖွင့်ထားစဉ်မှာ ဖယောင်းတိုင်ထွန်းတာ၊ အမွေးတိုင်ပူဇော်တာတွေက Aircon ကိုတင်မကဘဲ ဘုရားခန်းထဲမှာ ရှိတဲ့သူရဲ့ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်နော် ။

ဒါကြောင့် ဒီနေ့မှာတော့….ကနေ ဘုရားခန်းထဲမှာ Aircon ဖွင့်ထားရင် ဖယောင်းတိုင် နဲ့ အမွေးတိုင် တွေဘာကြောင့် မထွန်းသင့်တာလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

1️⃣ Aircon ဖွင့်ထားတဲ့ အခန်းဟာ လေလုံနေတဲ့အတွက် အမွေးတိုင်ကထွက်တဲ့ အခိုးအငွေ့တွေဟာ အပြင်ကို မထွက်သွားဘဲ အခန်းထဲမှာပဲ လှည့်ပတ်နေပါတယ်။ ဒီအခိုးအငွေ့တွေမှာပါတဲ့ ဓာတုပစ္စည်းတွေက အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်ပြီး ရေရှည်မှာ အဆုတ်ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

2️⃣ အမွေးတိုင် နဲ့ ဖယောင်းတိုင်ကကထွက်တဲ့ ပြာမှုန့်တွေ နဲ့ အခိုးအငွေ့တွေဟာ Aircon Filter တွေဆီကို တိုက်ရိုက်ရောက်သွားပါတယ်။ ဒါဟာ Filter ကို အချိန်တိုအတွင်းဖုန်မှုန့်တွေပိတ်စေပြီး အအေးနှုန်းကျဆင်းစေနိုင်ပါတယ်။

3️⃣အမွေးတိုင် နဲ့ ဖယောင်းတိုင်ကထွက်တဲ့ အဆီအနှစ်တွေဟာ Aircon စက်အတွင်းပိုင်းက Cooling Coil တွေမှာ သွားရောက်ကပ်ငြိတတ်ပါတယ်။ ဒါဟာ အချိန်ကြာလာတဲ့အခါ ဖုန်မှုန့်တွေနဲ့ပေါင်းပြီး မှိုစွဲတာ၊ အနံ့ဆိုးထွက်တာနဲ့ စက်ကို သံချေးတက် ပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဘုရားခန်းထဲ Aircon ဖွင့်ထားတယ်ဆိုရင် ဖယောင်းတိုင်နဲ့ အမွေးတိုင် တို့ကိုမထွန်းဖို့ဒီကနေအသိပေးလိုက်ရပါတယ်ခင်ဗျာ ။

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺
https://t.me/mcgairconmyanmar
𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿
https://invite.viber.com/...
𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸
https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH...


Aircon Outdoor ရေမြုပ်သွားရင် ဒါတွေ လုံးဝမလုပ်ပါနဲ့ ⚠️🌧️မိုးတွေအရမ်းကြီးတဲ့အခါ မြေညီထပ်တွေမှာတပ်ထားတဲ့  Aircon ရဲ့ Outdo...
28/08/2026

Aircon Outdoor ရေမြုပ်သွားရင် ဒါတွေ လုံးဝမလုပ်ပါနဲ့ ⚠️

🌧️မိုးတွေအရမ်းကြီးတဲ့အခါ မြေညီထပ်တွေမှာတပ်ထားတဲ့ Aircon ရဲ့ Outdoor တွေရေမြုပ်တာတွေ ကြုံတွေ့နေရပါတယ် ။

💁ဒါကြောင့် ဒီနေ့မှာတော့ MCG Aircon ကနေ မိုးတွေအရမ်းရွာလို့ Aircon ရဲ့ Outdoor ရေမြုပ်သွားတဲ့အခါ ဘာတွေလုပ်သင့်တယ် ၊ မလုပ်သင့်ဘူးဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် ။

📌 မီးခလုတ် (Breaker) ကို ချက်ချင်း ချပါ

အပြင်မှာ ရေကြီးနေပြီဆိုတာနဲ့ Aircon Remote နဲ့ ပိတ်ရုံတင်မကဘဲ Aircon Outdoor အတွက် သီးသန့်ပေးထားတဲ့ Circuit Breaker (မိန်းခလုတ်) ကိုပါ သေချာပေါက် ပိတ်ပစ်ပါ။ မီးလိုင်းမဖြတ်တောက်ထားရင် ရေထဲကတစ်ဆင့် လျှပ်စစ်စီးကူးပြီး အန္တရာယ်ရှိနိုင်သလို၊ ရေဝင်နေတဲ့ အစိတ်အပိုင်းတွေပါ Short Circuit ဖြစ်ပြီး လုံးဝပျက်စီးသွားပါလိမ့်မယ်။

📌ရေပြန်ကျသွားလည်း Aircon ကိုချက်ချင်းပြန်မဖွင့်ပါနဲ့

ရေပြန်ကျသွားလို့ Outdoor ကိုအပြင်ပန်းကြည့်ရတာ ခြောက်သွေ့သွားရင်တောင် စက်ကို မဖွင့်သင့်ပါဘူး။ အတွင်းပိုင်းက PCB Board နဲ့ မော်တာတွေထဲမှာ ရေခိုးရေငွေ့နဲ့ ရွှံ့တွေ ပိတ်မိနေနိုင်ဆဲ ဖြစ်ပါတယ်။ ဒီအတိုင်း ဖွင့်လိုက်ရင် စက်နှိုးလိုက်တဲ့ စက္ကန့်ပိုင်းအတွင်းမှာတင် စက်ပစ္စည်းတစ်ခုလုံး ရှော့ခ်ဖြစ်ပြီး မီးလောင်သွားနိုင်ပါတယ်။

📌အနည်များနှင့် ရွှံ့များကို သန့်စင်ပါ

ရေကြီးရာကနေ ပါလာတဲ့ သဲ၊ ရွှံ့နဲ့ အမှိုက်သရိုက်တွေဟာ Outdoor ရဲ့ Fan Motor နဲ့ Coils တွေမှာ ကပ်ငြိကျန်ရစ်ခဲ့တတ်ပါတယ်။ ဒါတွေကို သေချာဆေးကြောသန့်စင်မှု မလုပ်ဘဲ ထားလိုက်ရင် နောက်ပိုင်းမှာ စက်ကို အပူလွန်ကဲစေပြီး Compressor ကိုပါ လောင်သွားစေနိုင်ပါတယ်။

📌ကျွမ်းကျင်ပညာရှင်နှင့် စစ်ဆေးပြီးမှသာ ပြန်ဖွင့်ပါ

ရေကျသွားပြီးနောက် အကောင်းဆုံးနည်းလမ်းကတော့ Technician တစ်ယောက်ကို ခေါ်ယူပြီး စက်ကို ဖြုတ်၊ အခြောက်ခံ၊ အမှိုက်သန့်စင်ပြီးမှ လျှပ်စစ်မီးလိုင်းကို ပြန်လည်စစ်ဆေးခိုင်းပြီးမှ Aircon ကိုပြန်အသုံးပြုသင့်ပါတယ် ။

💯အကောင်းဆုံးကတော့ Aircon ရဲ့ outdoor ကိုရေမမြုပ်နိုင်တဲ့အမြင့်မှာ တပ်ထားတာက ဒီလို Aircon Outdoor ရေမြုပ်တဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ် ။

ဒီလောက်ဆိုရင် Aircon Outdoor ရေမြုပ်သွားရင် ဘာတွေလုပ်သင့်တယ် ၊ မလုပ်သင့်ဘူးဆိုတာကိုသိသွားမယ်ထင်ပါတယ် ။

နောက်ထပ်တွေမှာလည်း Aircon နဲ့ပတ်သတ်တဲ့ဗဟုသုတတွေကိုဝေမျှပေးသွားဦးမှာဖြစ်လို့ Page ကို Like & Follow လုပ်ခဲ့ပေးကြပါဦးခင်ဗျာ ။

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺
https://t.me/mcgairconmyanmar
𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿
https://invite.viber.com/...
𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸
https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH...


Customer ကြီးတွေထဲမှာ 𝗠𝗖𝗚 𝗔𝗶𝗿𝗰𝗼𝗻 ကို မသိတဲ့သူဆိုတာအတော်လေးရှားပါ လိမ့်မယ် ။🇲🇲Myanmar နိုင်ငံရဲ့ After Sales Service အကော...
25/08/2026

Customer ကြီးတွေထဲမှာ 𝗠𝗖𝗚 𝗔𝗶𝗿𝗰𝗼𝗻 ကို မသိတဲ့သူဆိုတာအတော်လေးရှားပါ လိမ့်မယ် ။

🇲🇲Myanmar နိုင်ငံရဲ့ After Sales Service အကောင်းဆုံး Aircon Company ကနေ ဖြန်ဖြူးရောင်းချ‌ ပေးလျက်ရှိနေတဲ့ 𝗠𝗖𝗚 𝗔𝗶𝗿𝗰𝗼𝗻 တွေကို 𝑹𝒂𝒕𝒊𝒏𝒈 𝑺𝒕𝒂𝒓 ပေးရမယ်ဆိုရင် ဘယ်နှလုံးပေးကြမလဲ…❓

A. ⭐⭐⭐⭐⭐
B. ⭐⭐⭐⭐
C. ⭐⭐⭐
D. ⭐⭐

✨𝗠𝗖𝗚 𝗔𝗶𝗿𝗰𝗼𝗻 တွေကို သုံးဖူးကြတဲ့ Technician၊ Customer ကြီးတွေအနေနဲ့ ကိုယ်ပေးချင်တဲ့ ကြယ်အရေအတွက်လေး Comment မှာ မန့်ပေးခဲ့ကြပါဦးခင်ဗျာ ။💁

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸

https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1



Aircon ကိုအချိန်နည်းနည်းကြာကြာသုံးမိတာနဲ့ မီးအားစားတာက သိသိသာသာ တက်သွားတာမျိုးကြုံဖူးကြလား…❓💁ဒါက Aircon မကောင်းတော့လို့မ...
22/08/2026

Aircon ကိုအချိန်နည်းနည်းကြာကြာသုံးမိတာနဲ့ မီးအားစားတာက သိသိသာသာ တက်သွားတာမျိုးကြုံဖူးကြလား…❓

💁ဒါက Aircon မကောင်းတော့လို့မဟုတ်ဘဲ..အသုံးပြုတဲ့အလေ့အထပေါ်မူတည်ပြီး မီးအားစားနှုန်းကပြောင်းလဲသွားတာပဲဖြစ်ပါတယ် ။

✨ဒါကြောင့်ဒီနေ့မှာတော့ MCG Aircon ကနေ Aircon သုံးရင်း မီးအားစားသက်သာစေဖို့ ပြုလုပ်လို့ရတဲ့အချက် (၅) ချက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် ။

1️⃣ အပူချိန်ကို 25-26°C မှာထားပါ ။
အခန်းအေးဖို့အတွက် အအေးဆုံးအထိ ထားစရာမလိုပါဘူး။ 25-26°C မှာထားခြင်းက အခန်းကိုအေးမြစေနိုင်သလို မီးအားစားမှုကိုလည်းထိရောက်စွာချွေတာပေးပါတယ် ။

2️⃣ Filter ကို လစဉ် သန့်ရှင်းရေးလုပ်ပါ
Aircon ထဲမှာ ရှိနေတဲ့ Filter ညစ်ပတ်နေရင် Aircon က အေးအောင်ပိုအားစိုက်ရတာကြောင့် မီးအားပိုစားကာ ပိုကုန်တတ်ပါတယ်။

3️⃣ တံခါး၊ပြတင်းပေါက်တွေ လုံအောင်ပိတ်ပါ

အခန်းတံခါးတွေ ၊ ပြတင်းပေါက်တွေကို အပူဝင်လာနိုင်တဲ့ ကြားလပ်တွေ ရှိမနေအောင် စစ်ဆေးပါ။

4️⃣ Timer function သုံးပါ

ညဘက်အိပ်ချိန်တွေမှာ တစ်ညလုံး Aircon ကဖွင့်ထားစရာမလိုပဲ အလိုအလျောက် ပိတ်အောင် Timer Function ကိုအသုံးပြုနိုင်ပါတယ် ။

5️⃣ Aircon Servicing ပုံမှန်ပြုလုပ်ပေးပါ ။

Gas အခြေအနေ၊ Compressor အခြေအနေတွေကို ကျွမ်းကျင Technician တွေနဲ့ အချိန်မှီ ပုံမှန်စစ်ဆေးထိန်းသိမ်းပေးပါ ။

ဒီအချက် (၅) ချက်ကိုသာပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် Aircon ဖွင့်တိုင်း မီးအားစားမှုတွေကသိသိသာသာလျော့နည်းသွားမှာ အသေအချာပါပဲ ။

နောက်ထပ်တွေမှာလည်း Aircon နဲ့ပတ်သတ်တဲ့ ဗဟုသုတရစရာ အကြောင်းအရာများကိုပြောပြပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေးလုပ်ပေးခဲ့ကြပါဦးနော် ။

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸

https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1



🌇အပြင်ကပြန်လာလို့ အိမ်ထဲခြေလှမ်းလိုက်တာနဲ့ လှောင်ပိတ်နေတဲ့ အပူဒဏ်ရဲ့ ဆီးကြိုတာကိုကြုံဖူးလား…❓တစ်ခါတလေ Aircon ဖွင့်ထားပေမ...
18/08/2026

🌇အပြင်ကပြန်လာလို့ အိမ်ထဲခြေလှမ်းလိုက်တာနဲ့ လှောင်ပိတ်နေတဲ့ အပူဒဏ်ရဲ့ ဆီးကြိုတာကိုကြုံဖူးလား…❓

တစ်ခါတလေ Aircon ဖွင့်ထားပေမယ့် လိုချင်တဲ့ အအေးဓာတ်မရဘဲ လေထွက်သလိုပဲဖြစ်နေတဲ့ Aircon တွေကြောင့် စိတ်ညစ်နေရတဲ့ Customer ကြီးတွေအတွက်…

✨ပျောက်ဆုံးနေတဲ့ အေးမြမှုတွေကို 𝗠𝗖𝗚 𝗔𝗶𝗰𝗼𝗻 ကပြန်လည်ရှာဖွေပေးနိုင်ပါတယ် ။

မြန်မာနိုင်ငံရဲ့ 𝗔𝗳𝘁𝗲𝗿 𝗦𝗮𝗹𝗲𝘀 𝗦𝗲𝗿𝘃𝗶𝗰𝗲 အကောင်းဆုံး Company ဖြစ်တဲ့ “𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗖𝗹𝗮𝘀𝘀𝗶𝗰 𝗚𝗿𝗼𝘂𝗽 𝗖𝗼.,𝗟𝘁𝗱” ကနေဖြန့်ဖြူးရောင်းချပေးလျက်ရှိနေတဲ့…

🇲🇲MCG ရဲ့ Aircon က ခေတ်မီစက်ပစ္စည်းတွေ ၊ နိုင်ငံတကာအဆင့်မီနည်းပညာတွေနဲ့ ဖန်တီးထားတဲ့ Aircon တွေပဲဖြစ်ပါတယ် ။

ဒါ့အပြင်…

🔷𝑭𝒂𝒔𝒕 𝑪𝒐𝒐𝒍𝒊𝒏𝒈 𝒘𝒊𝒕𝒉 𝑻𝒖𝒓𝒃𝒐 𝑴𝒐𝒅𝒆
🔷𝑪𝒐𝒎𝒇𝒐𝒓𝒕 𝑺𝒍𝒆𝒆𝒑 𝑾𝒊𝒕𝒉 𝑺𝒍𝒆𝒆𝒑 𝑴𝒐𝒅𝒆
🔷𝑬𝒄𝒐 𝑴𝒐𝒅𝒆
🔷𝑨𝒖𝒕𝒐 𝑺𝒘𝒊𝒏𝒈 စတဲ့ထူးခြားတဲ့ Function တွေပါဝင်တာကြောင့် သက်တောင့်သက်သာနဲ့အေးမြမှုတွေကို 𝗠𝗖𝗚 𝗔𝗶𝗰𝗼𝗻 ကဖန်တီးပေးနိုင်ပါတယ် ။

🏠ဒါကြောင့် အိမ်ပြန်ရောက်တိုင်း စိတ်အမောပြေပြီး ကောင်းမွန်စွာ အနားယူနိုင်ဖို့အတွက်…

⏳အချိန်ကြာကြီးပျောက်ဆုံးနေတဲ့ အအေးဓာတ်တွေကို ပြန်လည်ဖော်ထုတ်ပေးနိုင်တဲ့…

✨𝗠𝗖𝗚 𝗔𝗶𝗰𝗼𝗻 ကိုအခုပဲရွေးချယ်လိုက်တော့နော်….

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸

https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1



🔥 "Aircon Coil ကို High-Pressure Water Jet နဲ့ ဆေးလို့ ရရဲ့လား…❓📌Aircon ကို Service လုပ်တော့မယ်ဆိုရင် Technician အများစု...
14/08/2026

🔥 "Aircon Coil ကို High-Pressure Water Jet နဲ့ ဆေးလို့ ရရဲ့လား…❓

📌Aircon ကို Service လုပ်တော့မယ်ဆိုရင် Technician အများစုက High-Pressure Water Jet နဲ့ Aircon Outdoor ကိုထိုးပြီးဆေးကြောတတ်ကြပါတယ် ။

💁ဒါပေမယ့်တချို့ Technician တွေကတော့ High-Pressure Water Jet ကအရှိန်ပြင်းလွန်းတာကြောင့် Aircon Outdoor ကိုထိုးပြီးဆေးကြောတဲ့အခါမှာ ရေအားပြင်းပြီး Aluminum Fin တွေကွေးသွားတာ ၊ ရေထိလို့မရတဲ့ Electric part တွေကို ထိမိပြီးပျက်စီးနိုင်တာကြောင့် High-Pressure Water Jet ကိုမသုံးပဲ Chemical Foam တွေကိုသာသုံးပြီးဆေးကြောတတ်ကြပါတယ် ။

ကဲ... Technician ကြီးတို့ကော ဘယ်နည်းလမ်းကို ပိုသဘောကျလဲ❓

A ."Water Jet နဲ့ပဲ ဆေးတယ်" ဆိုတဲ့ Water Jet သမားလား❓

B."Coil ထိခိုက်မှာ စိုးလို့ Chemical Foam နဲ့ပဲ အေးဆေး စိမ်ဆေးတယ်" ဆိုတဲ့ Chemical Foam သမားလား❓

🧑‍🔧 လက်တွေ့မှာ ဘယ်လိုနည်းလမ်းတွေသုံးပြီး ဆေးကြောနေကြလဲ…❓ကိုယ်လုပ်ခဲ့ဖူးတဲ့ Safe အဖြစ်ဆုံးနဲ့ အပြောင်ဆုံး နည်းလမ်းလေးတွေကို Comment မှာ ဆွေးနွေးသွားကြပါဦးဗျာ။ 👇

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸

https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1



အချစ်ရဆုံး မိသားစုဝင်တွေနဲ့အတူတူရှိချိန်တိုင်းဟာ ဘာနဲ့မှလဲလို့မရတဲ့ အခိုက်အတန့်တွေပါပဲ…။🧑‍🧑‍🧒‍🧒ဒီလိုမိသားစုဝင်တွေ စုံစုံ...
10/08/2026

အချစ်ရဆုံး မိသားစုဝင်တွေနဲ့အတူတူရှိချိန်တိုင်းဟာ ဘာနဲ့မှလဲလို့မရတဲ့ အခိုက်အတန့်တွေပါပဲ…။

🧑‍🧑‍🧒‍🧒ဒီလိုမိသားစုဝင်တွေ စုံစုံလင်လင်နဲ့ စကားစမြည်ပြောရင်း၊ တီဗီကြည့်ရင်း ရယ်မောပျော်ရွှင်နေရတဲ့ အခိုက်အတန့်တိုင်းကို ပိုမိုပြည့်စုံစေဖို့…

✅ကျန်းမာအတွက်ကောင်းမွန်တဲ့ သန့်ရှင်းလတ်ဆတ်တဲ့လေထုနဲ့အတူ MCG Aircon က အမြဲတမ်း အနားမှာ ရှိနေပေးမှာပါ။

📌MCG Aircon တွေက မိသားစုဝင်တွေ သက်တောင့်သက်သာနဲ့ အနားယူနိုင်စေဖို့ ပြင်းထန်တဲ့ အအေးဒဏ်မျိုးမဟုတ်ဘဲ ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျစေပြီး ကလေးလူကြီးမရွေး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် သဘာဝကျတဲ့ အအေးဓာတ်ကို ပေးစွမ်းနိုင်ပါတယ် ။

📌အိမ်တွင်းမှာရှိတဲ့ ဖုန်မှုန့်နဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ Filter ပါဝင်လို့ မိသားစုဝင်တွေရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို ကာကွယ်ပေးပါတယ်။

📌Quiet Operation စနစ်ကြောင့် ညဘက်အိပ်စက်တဲ့အခါ အသံဆူညံမှု လုံးဝမရှိတာကြောင့် အနှောင့်အယှက်ကင်းကင်းနဲ့ အနားယူနိုင်စေမှာပါ ။

🏡အိမ်ဆိုတာ... ပျော်ရွှင်ခြင်းတွေ စုဝေးရာနေရာလေးမို့ "မိသားစုရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တိုင်းကိုပြီးပြည့်စုံစေဖို့အတွက် အမြဲရှိနေမှာ MCG ပါ။👨‍👩‍👧‍👦✨

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸
https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1



Address

No. (202/A), Lower Kyee Daing Road, Ahlone Township
Yangon

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00

Telephone

+959765421769

Alerts

Be the first to know and let us send you an email when MCG Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share