Daily Wave

Website

Daily Wave ဗဟုသုတများ သတင်းထူးများ သတင်းဦးများ

အမျိုးသမီး ၂ ဦးတည်းရှိတဲ့အိမ်ကို ဓားကိုင်ပြီး အတင်းဝင်ဖို့ ကြိုးစားခဲ့တဲ့ လူရမ်းကား၊ အကူအညီတောင်းပေမယ့် ဘယ်သူမှ ရောက်မလာ...
13/10/2026

အမျိုးသမီး ၂ ဦးတည်းရှိတဲ့အိမ်ကို ဓားကိုင်ပြီး အတင်းဝင်ဖို့ ကြိုးစားခဲ့တဲ့ လူရမ်းကား၊ အကူအညီတောင်းပေမယ့် ဘယ်သူမှ ရောက်မလာခဲ့

ရန်ကုန်မြို့မှာ အမျိုးသမီး ၂ ဦးတည်း နေထိုင်တဲ့ နေအိမ်တအိမ်ကို အမျိုးသားတဦးက ဓားကိုင်ဆောင်ပြီး အတင်းအဓမ္မ ဝင်ရောက်ဖို့ သောင်းကျန်းခြိမ်းခြောက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတခု လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ရန်ကုန်မြို့က "လာဘ်ပန်းအိမ်" ပင်လယ်စာနဲ့ စားသောက်ကုန်လုပ်ငန်းရဲ့ နေအိမ်မှာ ဖြစ်ခဲ့တာပါ။ လူရမ်းကားဖြစ်သူက နေအိမ်ရှေ့အထိ ရောက်လာပြီး ဓားပြကာ စိတ်ကြိုက် ခြိမ်းခြောက်နေခဲ့တာကို ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ရပါတယ်။

အဆိုးဆုံးကတော့ ဖြစ်စဉ်ဖြစ်ပွားနေချိန်မှာ နေအိမ်ထဲက အမျိုးသမီးတွေက အကူအညီတောင်းခံ အော်ဟစ်ခဲ့ပေမယ့် သောင်းကျန်းသူ ထွက်ခွာသွားတဲ့အချိန်အထိ လာရောက်ကူညီမယ့်သူ တဦးတယောက်မှ မရှိခဲ့တာပဲ ဖြစ်ပါတယ်။

အခုလိုမျိုး ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ သူခိုး၊ ဓားပြနဲ့ လူရမ်းကားတွေ အတားအဆီးမရှိ သောင်းကျန်းနေတာကြောင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာပြီး ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် လွန်စွာ စိုးရိမ်ပူပန်နေကြရတယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

Ref: လူမှုကွန်ရက် သတင်းရင်းမြစ်
#လာဘ်ပန်းအိမ်

ကလေးတွေရဲ့ အသက်ကို ဘာမှတ်နေလဲ... တာမွေမီးပွိုင့်မှာ မီးနီကို လမ်းပြောင်းပြန်ကနေ ကျော်တက်မောင်းသွားတဲ့ "ပညာမိုးကောင်းကင်"...
13/10/2026

ကလေးတွေရဲ့ အသက်ကို ဘာမှတ်နေလဲ... တာမွေမီးပွိုင့်မှာ မီးနီကို လမ်းပြောင်းပြန်ကနေ ကျော်တက်မောင်းသွားတဲ့ "ပညာမိုးကောင်းကင်" ကျောင်းဖယ်ရီ

ရန်ကုန်မြို့၊ တာမွေမီးပွိုင့်နားမှာ ဒီနေ့ (အောက်တိုဘာ ၁၃ ရက်) မနက်ပိုင်းက ကလေးမိဘတွေ ရင်ထိတ်စရာ မြင်ကွင်းတခု ဖြစ်သွားခဲ့ပါတယ်။

"ပညာမိုးကောင်းကင်" လို့ နာမည်တပ်ထားတဲ့ ကျောင်းဖယ်ရီကားတစီးဟာ မီးပွိုင့်စည်းကမ်းကို လုံးဝဂရုမစိုက်ဘဲ လမ်းပြောင်းပြန်ဘက်ကနေ ကျော်တက် မောင်းနှင်သွားခဲ့တာကို မျက်မြင်တွေ့ရှိခဲ့တဲ့ မိဘတဦးက အွန်လိုင်းကနေတဆင့် သတိပေးလာတာပါ။

ဖြစ်စဉ်က ဒီနေ့မနက် ၈ နာရီ ၂၆ မိနစ်လောက် တာမွေအိုးရှင်းအနီး ရွှေဂုံတိုင်လမ်းဘက်မှာ ဖြစ်ခဲ့တာပါ။ အကွေ့လိုင်းတွေ မီးနီနေချိန်မှာ ဒီကျောင်းဖယ်ရီကားက စောင့်ဆိုင်းမနေဘဲ လမ်းပြောင်းပြန်ဘက်ကနေ ဝင်ထွက်ကာ ကားတွေကြားထဲ တည့်တည့်မောင်းပြီး သမိန်ဗရမ်းလမ်းဘက်ကို ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

"မနက် ၈ နာရီဝန်းကျင်ဆိုတာ ကျောင်းသွားချိန်ဖြစ်တဲ့အတွက် ကားပေါ်မှာ ကလေးငယ်တွေ ပါလာနိုင်ပါတယ်။ အကယ်၍ မီးစိမ်းနေတဲ့ဘက်က ကားတစီးသာ အရှိန်နဲ့ မောင်းလာခဲ့ရင် ဘယ်လောက်အန္တရာယ်များမလဲ စဉ်းစားကြည့်စေချင်ပါတယ်" လို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူက ပြောပါတယ်။

တာမွေမီးပွိုင့်ရဲ့ ဒီလမ်းဆုံဟာ တည့်တည့်သွားမယ့်ကားတွေနဲ့ ကွေ့မယ့်ကားတွေ လမ်းကြောင်း Overlap ဖြစ်နေတတ်လို့ ယာဉ်တိုက်မှု မကြာခဏ ဖြစ်လေ့ရှိတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုလို မဆင်မခြင် မောင်းနှင်မှုဟာ အလွန်အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ "ပညာမိုးကောင်းကင်" ကျောင်းတာဝန်ရှိသူတွေအနေနဲ့ မိမိတို့ကျောင်းက ဖယ်ရီယာဉ်မောင်းရဲ့ မောင်းနှင်ပုံကို စုံစမ်းစစ်ဆေး အရေးယူပေးဖို့ လိုအပ်နေသလို၊ ကျောင်းသားမိဘတွေအနေနဲ့လည်း ကိုယ့်ကလေးတွေ စီးနေတဲ့ ဖယ်ရီကားတွေရဲ့ လုံခြုံရေးကို ပိုမိုစောင့်ကြည့် သတိပြုနိုင်ဖို့ Daily Wave ကနေ တဆင့် မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

Ref: မျက်မြင်တွေ့ရှိသူ မိဘတဦး၏ ပေးပို့ချက်
#ပညာမိုးကောင်းကင်

Address

Yangon

Opening Hours

Monday 09:00 - 21:30
Tuesday 09:00 - 21:30
Wednesday 09:00 - 21:30
Thursday 09:00 - 21:30
Friday 09:00 - 21:30
Saturday 09:00 - 21:30
Sunday 09:00 - 21:30

Alerts

Be the first to know and let us send you an email when Daily Wave posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share