The Zawana - Gym And HPC

Call Directions Contact the business

The Zawana - Gym And HPC Welcome to our High Performance Centre, designed for everyone, helping achieve your fitness goals.

🔥 The Zawana Gym မှာ ကိုယ့်ရဲ့ Limit ကို ကိုယ်တိုင် ချိုးဖျက်ကြည့်ကြမယ်💥ဒီ November တစ်လလုံး The Zawana Gym မှာ 10-Minut...
08/11/2026

🔥 The Zawana Gym မှာ ကိုယ့်ရဲ့ Limit ကို ကိုယ်တိုင် ချိုးဖျက်ကြည့်ကြမယ်💥

ဒီ November တစ်လလုံး The Zawana Gym မှာ 10-Minute Standard Push-up AMRAP Challenge ကို စတင်တော့မှာဖြစ်ပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၁၀ မိနစ်အတွင်း ကိုယ်လုပ်နိုင်သမျှ Push-up အကြိမ်ရေကို ကိုယ်ကိုယ့်ကို စိန်ခေါ်ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း The Zawana Gym & HPC Page မှာ Top 3 တွေရဲ့ Ranking ကို ဖော်ပြပေးသွားမှာဖြစ်လို့ ကိုယ့်ရဲ့ နံပါတ်ဘယ်လောက်ရောက်နေပြီလည်းဆိုတာကိုလည်း စောင့်ကြည့်နိုင်ဦးမှာပါ။

⏰ Competition Time

Morning: 8:00 AM – 9:00 AM
Evening: 4:00 PM – 5:00 PM

Categories ကိုတော့ Male & Female ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ Category တစ်ခုစီမှ Top 1 Winner ကို ကိုယ့်နာမည်နဲ့ Highest Record ကို ရိုက်နှိပ်ထားတဲ့ The Zawana Tee တစ်ထည်စီ လက်ဆောင်ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီတစ်လတာ Challenge မှာ ကိုယ့်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသပြီး အရင်ကထက် ပိုကောင်းတဲ့ Record တစ်ခု ဖန်တီးလိုက်ကြရအောင်။

ကဲ! နိုဝင်ဘာ ၉ ရက်နေ့ကစပြီး The Zawana Gym မှာ ဒိုက်ထိုးဖို့ အဆင်သင့်ပဲလား။ 💪

🪔 “ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့”၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ဟာ ဟိန္ဒူဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော မီးထွန်းပွဲတေ...
08/11/2026

🪔 “ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့”

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ဟာ ဟိန္ဒူဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော မီးထွန်းပွဲတော် “ဒီပါဝလီနေ့” ပဲဖြစ်ပါတယ်။

ယနေ့ကျရောက်တဲ့ “ဒီပါဝလီနေ့” လေးမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အားအင်ပြည့်ဝကာ လိုအင်ဆန္ဒအားလုံး ပြည့်ဝကြပါစေလို့ The Zawana Gym & HPC မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏🏻🙏🏻🙏🏻

06/11/2026

🏋️ Farmer Carry ကို မှန်ကန်တဲ့ ကိုယ်ဟန်အနေအထားနဲ့ လေ့ကျင့်ဖို့ အရေးကြီးပါတယ်။

နည်းစနစ်မှန်ကန်ခြင်းက ထိရောက်မှုရှိစေရုံသာမက မလိုလားအပ်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် Coach Myo Thet Htun နဲ့အတူ Farmer Carry ကို ဘယ်လိုကိုယ်ဟန်အနေအထားနဲ့ မှန်ကန်စွာ လေ့ကျင့်သင့်လဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

🎃 The Zawana Halloween Zumba Festival – Unforgettable Moments! 👻သီချင်းသံတွေနဲ့အတူ စည်းချက်ညီညီ ကခုန်ရင်း ပျော်ရွှင်မှုတ...
05/11/2026

🎃 The Zawana Halloween Zumba Festival – Unforgettable Moments! 👻

သီချင်းသံတွေနဲ့အတူ စည်းချက်ညီညီ ကခုန်ရင်း ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်ခဲ့တဲ့ The Zawana Halloween Zumba Festival ရဲ့ အမှတ်တရပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 🎃

Halloween ရဲ့ ထူးခြားတဲ့ အငွေ့အသက်တွေကြားမှာ အားအင်အပြည့်နဲ့ ကခုန်ခဲ့ကြတဲ့ အချိန်တွေ၊ အတူတကွ ရယ်မောပျော်ရွှင်ခဲ့ကြတဲ့ အခိုက်အတန့်တွေက ဒီပွဲလေးကို ပိုမိုထူးခြားပြီး မမေ့နိုင်စရာ အမှတ်တရတစ်ခု ဖြစ်စေခဲ့ပါတယ်။

ဒီပွဲမှာ ပါဝင်ဆင်နွှဲပေးခဲ့ကြတဲ့ Participants တစ်ဦးချင်းစီတိုင်းနဲ့ အစွမ်းကုန် ဦးဆောင်ပေးခဲ့ကြတဲ့ Instructor Noel Myint, Instructor Yoo Li နဲ့ Instructor Shein တို့အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

အတူတူ ဖန်တီးခဲ့ကြတဲ့ ပျော်ရွှင်မှုတွေက အမှတ်တရတွေအဖြစ် အမြဲကျန်ရှိနေမှာ အသေအချာပါပဲ✨

03/11/2026

🎃 Halloween Zumba Festival Highlights! 👻🔥

သီချင်းသံတွေနဲ့အတူ အားရပါးရ ကခုန်ခဲ့ကြပြီး ပျော်ရွှင်စရာအမှတ်တရတွေ ဖန်တီးနိုင်ခဲ့တဲ့ Halloween Zumba Festival ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Instructor Noel, Instructor Yoo Li နဲ့ Instructor Shein တို့ရဲ့ ဦးဆောင်မှုနဲ့အတူ ပါဝင်လာသူတိုင်းက အားအင်အပြည့်နဲ့ အတူတူ ကခုန်ပျော်ရွှင်ခဲ့ကြတဲ့ အခိုက်အတန့်တွေကတော့ ဒီပွဲရဲ့ အမှတ်တရကောင်းတွေပါပဲ။

Step into November with fresh energy! 🚀🔥November လအတွက် The Zawana Gym & HPC ရဲ့ GX Class Schedule ထွက်ရှိလာပါပြီ။ဒီလမှာ...
02/11/2026

Step into November with fresh energy! 🚀🔥

November လအတွက် The Zawana Gym & HPC ရဲ့ GX Class Schedule ထွက်ရှိလာပါပြီ။

ဒီလမှာလည်း ကိုယ်လက်လှုပ်ရှားမှုအမျိုးမျိုးကို ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်နိုင်ဖို့ GX Classes အစုံအလင်ကို စီစဉ်ပေးထားပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ Class လေးကို ရွေးချယ်ပြီး သူငယ်ချင်းတွေနဲ့အတူ လာရောက်ပါဝင်လိုက်ကြရအောင်။ 💪✨

The Zawana Members တွေအနေနဲ့ GX Classes တွေကို အခမဲ့ ပါဝင်နိုင်မှာဖြစ်ပြီး၊ အပြင်မှ လာရောက် Join ချင်သူတွေအနေနဲ့လည်း GX Credit Card ဝယ်ယူပြီး ပါဝင်နိုင်ပါတယ်နော်။

GX Credit Card အကြောင်း အသေးစိတ်သိရှိလိုပါက အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 👇

🔗 https://www.facebook.com/share/p/18y42PMQYw/

For further information, feel free to contact us at;

📞 Phone – +959 447 974 994 / +959 69 234 4020

💬 Messenger – m.me/110271238758502

📍 Location – အမှတ် ၃၁၊ ဇဝနလမ်းနှင့် သီရိဧရာလမ်းထောင့်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

📍 Google Maps – https://maps.app.goo.gl/LzZKWcNQ32BPS1yCA?g_st=ic

***y

📢 Shape Up Master Class အတန်းချိန် ပြောင်းလဲမှု အသိပေးကြေညာခြင်းSir Andy ရဲ့ Shape Up Master Class ကို လာမယ့် နိုဝင်ဘာလ ...
02/11/2026

📢 Shape Up Master Class အတန်းချိန် ပြောင်းလဲမှု အသိပေးကြေညာခြင်း

Sir Andy ရဲ့ Shape Up Master Class ကို လာမယ့် နိုဝင်ဘာလ ၃ ရက်နဲ့ ၅ ရက်နေ့တွေမှာ ယာယီရပ်နားထားမှာ ဖြစ်ပါတယ်။

အစားထိုးပြုလုပ်ပေးမယ့် အတန်းရက်တွေကိုလည်း အတည်ပြုပြီးတာနဲ့ ထပ်မံအသိပေးသွားမှာ ဖြစ်ပါတယ်။

အတန်းတက်ဖို့ စီစဉ်ထားကြတဲ့ Member များအနေနဲ့ အခုလို အတန်းချိန် အပြောင်းအလဲရှိသွားတဲ့အတွက် အဆင်မပြေမှုတွေ ဖြစ်ခဲ့ရင် နားလည်ပေးကြဖို့နဲ့ ခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ 🙏

31/10/2026

The Zawana Halloween Zumba Festival ကြီးစတော့မှာနော် 🔥

31/10/2026

🎉 သီတင်းကျွတ်ရုံးပိတ်ရက်တွေနဲ့ တိုက်ဆိုင်သွားလို့ Promotion မမီလိုက်တဲ့သူတွေအတွက် သတင်းကောင်း!!!

The Zawana Gym & HPC ရဲ့ သီတင်းကျွတ် Promotion ကို နောက်ထပ် ၂ ရက် ထပ်မံတိုးမြှင့်ပေးလိုက်ပါပြီ။

📅 Promotion နောက်ဆုံးရက် – နိုဝင်ဘာလ ၂ ရက်နေ့အထိ

Membership ဝယ်ယူသူတွေအနေနဲ့ Cashback၊ Spin Wheel အစီအစဉ်နဲ့ Partner Gift လက်ဆောင်လေးတွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်လို့ ဒီတစ်ခေါက်တော့ အခွင့်အရေးကောင်းလေးကို လက်မလွတ်စေဘဲ လာရောက်ဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ် သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေလို့ The Zawana မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏

Address

No. 31 Corner Of Zawana And Thiriayeyar Street
Yangon

Opening Hours

Monday 06:00 - 22:00
Tuesday 06:00 - 22:00
Wednesday 06:00 - 22:00
Thursday 06:00 - 22:00
Friday 06:00 - 22:00
Saturday 06:00 - 22:00
Sunday 06:00 - 22:00

Telephone

+959447974994

Website

Alerts

Be the first to know and let us send you an email when The Zawana - Gym And HPC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Zawana - Gym And HPC:

Shortcuts

Share

Nearby gyms & sports facilities