Golden Ratio Life Coaching

Golden Ratio Life Coaching Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Ratio Life Coaching, Coach, Universe, Yangon.

Lei Khaing Moe

Holistic Transformational Coach

Guiding individuals to transform self-doubt into confidence, confusion into clarity, and potential into purposeful action.

ကျွန်မ Coaching Session လုပ်ရင်း သတိထားမိတာတစ်ခုရှိပါတယ်။Client ဆီမှ ပထမဆုံးကြားရတဲ့ Problem က တကယ့် Problem ဖြစ်ချင်မှ ...
28/09/2026

ကျွန်မ Coaching Session လုပ်ရင်း သတိထားမိတာတစ်ခုရှိပါတယ်။

Client ဆီမှ ပထမဆုံးကြားရတဲ့ Problem က တကယ့် Problem ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

Client တစ်ယောက်က သူ့အခက်အခဲကို ပြောလာတဲ့အခါ ပထမဆုံးကြားရတဲ့အကြောင်းအရာကို သေချာနားထောင်ပေးပြီး “အော်… ဒီလိုဖြစ်နေတာပဲ” လို့ အဖြေတစ်ခု မြန်မြန်မပေးမိဖို့လိုပါတယ်။

Michael Bungay Stanier ရဲ့ The Coaching Habit မှာ ကျွန်မသဘောကျတဲ့ မေးခွန်းလေးတစ်ခုရှိပါတယ်။

“And what else?”
“နောက်ထပ်ရော… ဘာရှိသေးလဲ?”

ဥပမာ—
“အလုပ်တွေများလွန်းနေလို့ Time Management ကြောင့်ချည်းမဟုတ်ဘဲ Boundary မထားနိုင်တာ၊ Delegation မလုပ်နိုင်တာ၊ သူများကို စိတ်ပျက်စေမှာကြောက်တာတွေ ရှိနေနိုင်ပါတယ်။

ဒါကြောင့် Coaching မှာ တစ်ခါတလေ Curiosity နဲ့ နည်းနည်းပိုကြာကြာ နေနိုင်ဖို့ လိုပါတယ်။

Powerful Question ဆိုတာ ရှုပ်ထွေးဖို့ မလိုပါဘူး။
“And what else?”
ဆိုတဲ့ မေးခွန်းလေးတစ်ခုကပဲ တကယ့်အကြောင်းရင်း ကို မြင်လာစေနိုင်ပါတယ်။

ကျွန်မကိုယ် ကျွန်မလည်း ပြန်မေးကြည့်မိပါတယ်

“သူ့အဖြေကို ငါ တကယ်စူးစမ်းပေးနေတာလား…
ဒါမှမဟုတ် ငါမြင်ထားတဲ့အဖြေကို သူလည်း မြင်လာအောင် မသိမသာ ဦးဆောင်နေမိတာလား…”

ချစ်ခင်လေးစားစွာဖြင့်
Lei Khaing Moe
Holistic Transformational Coach





📚 Inspired by The Coaching Habit by Michael Bungay Stanier

24/09/2026
💎  4  DAYS TO GOCrystal Clarity MasterclassStarting — 25 September 2026Enrollment  open.Crystal တစ်လုံးကို သိတယ်ဆိုတာသူ့...
21/09/2026

💎 4 DAYS TO GO

Crystal Clarity Masterclass
Starting — 25 September 2026
Enrollment open.

Crystal တစ်လုံးကို သိတယ်ဆိုတာ
သူ့ရဲ့ Meaning ကို သိရုံပဲလား?

Citrine ဆိုရင် Abundance၊
Rose Quartz ဆိုရင် Love၊
Amethyst ဆိုရင် Calmness…

ဒီလို Meaning လေးတွေကနေ ကျွန်မတို့ Crystal ကို စပြီးသိလာကြတာ များပါတယ်။

ဒါပေမယ့် ကျွန်မအတွက်တော့ Crystal တစ်လုံးကို လေ့လာတဲ့အခါ ဒီနေရာမှာပဲ မရပ်ချင်တော့ပါဘူး။

ဒီ Crystal ဘယ်လိုဖြစ်ပေါ်လာသလဲ။
ဘာ Mineral တွေနဲ့ဖွဲ့စည်းထားသလဲ။
Natural လား၊ Treated လား။
ဘယ်လိုထိန်းသိမ်းသင့်လဲ။
ကိုယ့်လက်ထဲက ကျောက်လေးအကြောင်းနားလည်ထားခြင်းဟာ Crystal Literacy ပါ။

ပြီးတော့ နောက်တစ်ဆင့်မှာ…

ဒီ Crystal ရဲ့ Color နဲ့ Symbolic Meaning က
ကိုယ့်အတွက် ဘာကို ပြန်သတိရစေလဲ။

ဥပမာ Citrine ကို “Abundance” နဲ့ ဆက်စပ်ပြောလေ့ရှိတယ်ဆိုရင်၊

“ကိုယ့်အတွက် Abundance ဆိုတာ တကယ်ဘာလဲ?”

ငွေတွေဝင်လာတာလား။
အချိန်လွတ်လပ်မှုလား။
ကျန်းမာခြင်းလား။
ကိုယ်ချစ်တဲ့သူတွေနဲ့ အေးအေးချမ်းချမ်း နေနိုင်ခြင်းလား။

ဒီမေးခွန်းရဲ့အဖြေက လူတိုင်းအတွက် တူမှာမဟုတ်ပါဘူး။

ဒီနေရာမှာ Crystal က
ကိုယ့်အဖြေကို ကိုယ်ပြန်ရှာဖို့ သတိပေးတဲ့ Reflection Point လေးတစ်ခု ဖြစ်လာပါတယ်။

ဒါကြောင့် Crystal Clarity Masterclass မှာ ကျွန်မ သင်ပေးချင်တာက Crystal Meaning တွေကို မှတ်မိနေဖို့တစ်ခုတည်း မဟုတ်ပါဘူး။

Understand the Crystal.
Discover the Reflection.
Create Your Own Clarity.

Crystal • Color • Chakra • Self-Coaching

Crystal ကို ပိုနားလည်လာရင်း
ကိုယ့်ကိုယ်ကိုလည်း ပိုနားလည်လာဖို့ပါ။

💎 Crystal Clarity Masterclass 💎
သင်တန်းရက် (၁၄) ရက် | Zoom Class
စတင်မည့်ရက် — September 25, 2026
Wednesday & Friday | 7:00–9:00 PM
သင်တန်းကြေး — 177,000 MMK

🎓 Certificate of Completion
💎 21-Day Integration Plan
💻 Replay Video 1- years at Telegram Group

သင်တန်းစတင်ဖို့ ၄- ရက်သာ လိုပါတော့တယ်။
Crystal ကို ပိုမိုစနစ်တကျ နားလည်ရင်း
ကိုယ့်အတွင်းကိုလည်း ပြန်လည်စူးစမ်းချင်သူများအတွက်
ဒီ Learning Journey မှာ အတူပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

💎 Enrollment is still open.
သင်တန်းအပ်နှံလိုပါက Page Messenger မှာ ဆက်သွယ်နိုင်ပါတယ်ရှင်။

ချစ်ခင်လေးစားစွာဖြင့်
Lei Khaing Moe
Holistic Transformational Coach




💎 Crystal Clarity MasterclassCrystal တွေကို ကျွန်မတို့ လှလို့ ဝယ်တတ်ကြတယ်။ ကြိုက်လို့ ဆောင်တတ်ကြတယ်။ တချို့ကျတော့ “ဒီကျေ...
17/09/2026

💎 Crystal Clarity Masterclass

Crystal တွေကို ကျွန်မတို့ လှလို့ ဝယ်တတ်ကြတယ်။ ကြိုက်လို့ ဆောင်တတ်ကြတယ်။ တချို့ကျတော့ “ဒီကျောက်က ဘာအတွက်ကောင်းလဲ” ဆိုတာလေး သိပြီး အသုံးပြုကြပါတယ်။

ဒါပေမဲ့ ကျွန်မ ဒီသင်တန်းမှာ ပေးချင်တာက အဲ့ဒီထက် နည်းနည်းပိုပါတယ်။

သင်တန်းပြီးသွားတဲ့အခါ…

Crystal တစ်လုံးကို မြင်ရုံနဲ့ သူ့ရဲ့ Formation, Colour, Shape နဲ့ အခြေခံသဘောတရားတွေကို ပိုနားလည်လာမယ်။

ကိုယ့်အတွက် Crystal ရွေးတဲ့အခါ သူများပြောတာကိုပဲ လိုက်ရွေးတာထက် ကိုယ်ဘာလိုအပ်နေသလဲ၊ ဘာ Intention နဲ့ အသုံးပြုချင်သလဲ ဆိုတာကို သိပြီး ရွေးချယ်တတ်လာမယ်။

Crystal Cleansing, Care, Intention, Programming, Chakra, Colour Theory, Traditional Chinese Medicine, Crystal Grid နဲ့ Reiki Infused Crystal တွေကိုလည်း စနစ်တကျ လေ့လာအသုံးပြုတတ်လာမယ်။

အရေးကြီးဆုံးကတော့ Crystal ကို ကိုယ့်အတွက် အရာအားလုံး လုပ်ပေးမယ့်အရာလို့ မမြင်ဘဲ Self-Awareness, Reflection နဲ့ Action အတွက် Reminder တစ်ခုအဖြစ် အသုံးချတတ်လာမယ်။

ဘယ်သူတွေ တက်သင့်လဲ။

Crystal ရောင်းချပေးနေသူ၊ Crystal ကို အခုမှ စိတ်ဝင်စားလာသူ၊ Crystal တွေရှိပြီး ဘယ်လိုအသုံးပြုရမလဲ မသေချာသေးသူ၊ Crystal ကို အခြေခံကနေ စနစ်တကျ နားလည်ချင်သူ၊ Chakra, Crystal Grid, Reiki နဲ့ Self-Reflection ကို ချိတ်ဆက်လေ့လာချင်သူတွေအတွက် ဒီသင်တန်းလေးက သင့်တော်ပါတယ်။

Crystal တွေ အများကြီးရှိဖို့ မလိုပါဘူး။

Crystal ကို ပိုနားလည်ရင်း
ကိုယ့်ကိုယ်ကိုပါ ပိုနားလည်လာချင်ရင် ရပါပြီ။

💎 14-Day Crystal Clarity Masterclass
📅 Starts September 25
💻 Zoom | Wednesday & Friday
⏰ 7:00 PM – 9:00 PM
🎓 Certificate of Completion
💎 21-Day Integration Plan
💻 Replay Video 1- years at Telegram Group

သင်တန်းအပ်နှံဖို့ Page Messenger မှာ
“CRYSTAL CLARITY” လို့ စာပို့ထားနိုင်ပါတယ်ရှင်။

ချစ်ခင်လေးစားစွာဖြင့်
Lei Khaing Moe
Holistic Transformational Coach




ဒီနေ့မှ စရွေးရမယ်ဆိုရင်… ဒီလမ်းကိုပဲ ရွေးဦးမလား။တစ်ခါတလေ ကျွန်မတို့ကို လမ်းတစ်လမ်းပေါ်မှာ ဆက်လျှောက်ဖြစ်စေတာ အိပ်မက်တစ်ခ...
14/09/2026

ဒီနေ့မှ စရွေးရမယ်ဆိုရင်… ဒီလမ်းကိုပဲ ရွေးဦးမလား။

တစ်ခါတလေ ကျွန်မတို့ကို လမ်းတစ်လမ်းပေါ်မှာ ဆက်လျှောက်ဖြစ်စေတာ အိပ်မက်တစ်ခုတည်း မဟုတ်ပါဘူး။ “ဒီလောက်တောင် ပေးဆပ်ခဲ့ပြီးပြီ” ဆိုတဲ့ နှမြောစိတ်လည်း ပါနေတတ်ပါတယ်။

အရင်က ရွေးချယ်ခဲ့တာဟာ အဲဒီအချိန်က ကိုယ့်အတွက် မှန်ခဲ့နိုင်ပါတယ်။ ဒါပေမဲ့ အတွေ့အကြုံတွေ တိုးလာသလို ကိုယ်တန်ဖိုးထားတဲ့အရာတွေလည်း ပြောင်းလာနိုင်ပါတယ်။ ပန်းတိုင်ကို ပြန်သုံးသပ်ခြင်းဟာ ကိုယ့်ကြိုးစားမှုတွေကို ပယ်ဖျက်လိုက်ခြင်း မဟုတ်ပါဘူး။

သို့သော် ပင်ပန်းတဲ့နေ့တစ်နေ့ရဲ့ ခံစားချက်နဲ့တော့ အိပ်မက်တစ်ခုလုံးကို မဆုံးဖြတ်ပါနဲ့။ လမ်းခက်နေတာလား၊ လမ်းဆုံးမှာ ရမယ့်အရာကို ကိုယ်မလိုချင်တော့တာလား။ ဒီနှစ်ခုကို ခွဲမြင်ဖို့ လိုပါတယ်။

ဒီည စာအုပ်လေးထဲမှာ ရေးကြည့်ပါ။

“အတိတ်က ပေးဆပ်ခဲ့တာတွေကို ခဏဘေးချထားရင်၊ ရှေ့လာမယ့် ကိုယ့်အချိန်တွေကို ဒီပန်းတိုင်အတွက် ပေးချင်သေးသလား။”

အဖြေကို အလျင်မလိုပါနဲ့။ ဆက်လျှောက်ဖို့ဖြစ်ဖြစ်၊ လမ်းပြင်ဖို့ဖြစ်ဖြစ်—ဒီတစ်ခါ ရွေးချယ်မှုထဲမှာ ဒီနေ့ ကိုယ့်ဆန္ဒလည်း ပါပါစေ။

Crystal နှင့် Minneralကျွန်မ Crystals တွေကို ဝယ်ယူဖို့ ကိုင်လိုက်တဲ့အခါ “ဒီကျောက်က ဘာအတွက်ကောင်းတာလဲ”၊ “ဘာ Chakra နဲ့ ဆက...
14/09/2026

Crystal နှင့် Minneral

ကျွန်မ Crystals တွေကို ဝယ်ယူဖို့ ကိုင်လိုက်တဲ့အခါ “ဒီကျောက်က ဘာအတွက်ကောင်းတာလဲ”၊ “ဘာ Chakra နဲ့ ဆက်နွယ်နေလဲ”၊ “ဘယ်လို Energy ရှိလဲ” ဆိုတဲ့ မေးခွန်းလေးတွေ မေးမိပါတယ်။

Crystal တွေကို လေ့လာလာရင်း အဲဒီမေးခွန်းတွေနဲ့အတူ အခြေခံကျတဲ့ မေးခွန်းလေးတွေကို အမြဲလေ့လာလေ့ရှိပါတယ်။
“ကျွန်မ လက်ထဲမှာ ကိုင်ထားတဲ့ ဒီကျောက်လေးဟာ ဘာတွေနဲ့ ဖွဲ့စည်းထားတာလဲ။”

သူ့အတွက် လူတွေ ပေးထားကြတဲ့ အဓိပ္ပာယ်တွေကို လေ့လာရတာ စိတ်ဝင်စားစရာကောင်းသလို၊ သူ့ရဲ့ မူလသဘာဝကို သိလာရတာကလည်း ကျောက်လေးတစ်လုံးကို ပိုပြီး နားလည်မြတ်နိုးမိစေပါတယ်။ အဲဒီနေရာမှာ Mineral ဆိုတဲ့ စကားလုံးလေးနဲ့ စတင်ရင်းနှီးဖို့ လိုလာပါတယ်။

ဘူမိဗေဒအရ Mineral ဆိုတာ သဘာဝဖြစ်စဉ်တွေကနေ ဖြစ်ပေါ်လာပြီး၊ သတ်မှတ်ဖော်ပြနိုင်တဲ့ ဓာတုဖွဲ့စည်းမှုနဲ့ အတွင်းမှာ Atoms တွေ စနစ်တကျ စီစဉ်ဖွဲ့စည်းထားမှုရှိတဲ့ အစိုင်အခဲတစ်မျိုးပါ။ အလွယ်ပြောရရင် “ဘာတွေနဲ့ ဖွဲ့ထားသလဲ” နဲ့ “အဲဒီအရာတွေ ဘယ်လိုစီစဉ်ချိတ်ဆက်နေသလဲ” ဆိုတာဟာ Mineral တစ်မျိုးကို နားလည်ဖို့ အခြေခံဖြစ်ပါတယ်။

ကျွန်မတို့တွေ အလွယ်ဝယ်နေကြတဲ့ Quartz ကိုပဲ ဥပမာကြည့်ရအောင်နော်။ Quartz ဟာ Mineral တစ်မျိုးဖြစ်ပြီး Silicon နဲ့ Oxygen တို့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ Silicon Dioxide : SiO₂ ဖြစ်ပါတယ်။

အရောင်မဲ့ ကြည်လင်နေတဲ့ Clear Quartz၊ ခရမ်းရောင် Amethyst၊ အဝါရောင်ကနေ လိမ္မော်ရောင်အထိ တွေ့ရတဲ့ Citrine၊ နူးညံ့တဲ့ ပန်းရောင် Rose Quartz… စတဲ့အမည်နဲ့ အရောင်လေးတွေ ကွဲပြားနေပေမယ့် အားလုံးဟာ Quartz ဆိုတဲ့ Mineral တစ်မျိုးတည်းရဲ့ မျိုးကွဲတွေပါပဲ။ အရောင်ကွဲပြားမှုအချို့မှာ အလွန်နည်းပါးတဲ့ ပမာဏနဲ့ ပါဝင်နေတဲ့ အခြားဒြပ်စင်တွေ၊ အတွင်းပါဝင်ပစ္စည်းလေးတွေက အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေခြင်းဖြစ်ပါတယ်။

ဒီအကြောင်းလေးကို သိလာတဲ့အခါ ကျွန်မအတွက် Crystal လေ့လာရတာ ပိုစိတ်ဝင်စားစရာကောင်းလာပါတယ်။ ကျောက်တစ်လုံးရဲ့ အရောင်ကို ကြည့်မိရာကနေ “ဒီအရောင်လေး ဘယ်လိုဖြစ်လာတာပါလိမ့်” ဆိုပြီး သူ့ရဲ့ နောက်ခံသဘာဝကိုပါ သိချင်လာမိတာပါ။

ဒီနေရာမှာ Crystal ဆိုတဲ့ စကားလုံးကိုလည်း နည်းနည်းရှင်းချင်ပါတယ်။ သိပ္ပံအရ Crystal ဆိုတာ အတွင်းက Atom, Iron, Molecules နဲ့ စနစ်တကျ စီစဉ်ထားတဲ့ အစိုင်အခဲကို ဆိုလိုပါတယ်။ အပြင်မှာ အချွန်အတက်နဲ့ မျက်နှာပြင်ညီလေးတွေ ထင်ရှားဖို့ကတော့ ကြီးထွားခဲ့တဲ့ အခြေအနေတွေ၊ နေရာလွတ်ရရှိမှုတွေပေါ်လည်း မူတည်ပါတယ်။ ဒါကြောင့် Quartz တစ်ခုဟာ Mineral လည်းဖြစ်ပြီး Crystal အဖြစ်လည်း ရှိနိုင်တာပါ။

ကျွန်မတို့ နေ့စဉ်တွေ့နေရတဲ့ Granite ကျောက်သားကို ပြန်ကြည့်ရင်တော့ Quartz၊ Feldspar၊ Mica စတဲ့ Mineral တွေ အတူတကွ စုစည်းပါဝင်နေပါတယ်။ Granite ဟာ Rock : ကျောက်သား ဖြစ်ပြီး၊ အဲဒီထဲက Quartz ကတော့ သူ့ကို ဖွဲ့စည်းထားတဲ့ Mineral တစ်မျိုးဖြစ်ပါတယ်။ ဒီဥပမာလေးနဲ့ ကြည့်လိုက်ရင် ကျောက်သားတစ်တုံးနဲ့ Mineral တစ်မျိုးရဲ့ ဆက်နွယ်ပုံကို ပိုမြင်လွယ်ပါတယ်။

ကျွန်မ သင်ကြားမျှဝေချင်တာကလည်း ဒီလို နားလည်မှုလေးတွေပါ။ ကိုယ့်လက်ထဲရောက်လာတဲ့ ကျောက်လေးဟာ ဘာလဲ၊ ဘာနဲ့ဖွဲ့ထားသလဲ၊ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကို အခြေခံကနေ သိလာစေချင်ပါတယ်။

အဲဒီအခြေခံနဲ့အတူ Crystal တွေအပေါ် လူတွေ ပေးထားကြတဲ့ ရိုးရာအဓိပ္ပာယ်တွေ၊ Chakra နဲ့ ဆက်စပ်တဲ့ သင်္ကေတအယူအဆတွေကိုလည်း သူတို့ရဲ့ နောက်ခံအလိုက် နားလည်လေ့လာနိုင်ပါတယ်။ သိပ္ပံနည်းကျ ဖော်ပြနိုင်တဲ့ သဘာဝဂုဏ်သတ္တိတွေနဲ့ ယုံကြည်မှုအရ ပေးထားတဲ့ အဓိပ္ပာယ်တွေကို ခွဲခြားနားလည်တတ်ခြင်းဟာလည်း ကျွန်မအတွက် Clarity တစ်မျိုးပါပဲ။

ကိုယ့်ဘဝမှာ အသုံးချတဲ့အခါတော့ “ဒီ Crystal လေးကို မြင်တိုင်း ကိုယ့်အတွက် ဘာကို သတိရချင်သလဲ” ဆိုတဲ့ မေးခွန်းလေးကနေ ဆက်သွားနိုင်ပါတယ်။ ကိုယ့်စိတ်ကို ပြန်သတိထားဖို့လား။ ကိုယ်အလေးထားတဲ့ Intention တစ်ခုအတွက် ဒီနေ့ လုပ်နိုင်တာလေးကို စလုပ်ဖို့လား။ အဲဒီအဓိပ္ပာယ်ကို ကိုယ်တိုင်ရွေးချယ်ပေးနိုင်ပါတယ်။

Crystal Clarity Masterclass ရဲ့ ၁၄ ရက်တာ လေ့လာမှုကိုလည်း ဒီအမြင်နဲ့ ပြင်ဆင်ထားပါတယ်။ Mineral အခြေခံကနေ Colour Theory၊ Chakra ဆိုင်ရာ အဓိပ္ပာယ်တွေ၊ Intention နဲ့ Self-Coaching အထိ တစ်ဆင့်ချင်း နားလည်သွားနိုင်ဖို့ပါ။

နောက်တစ်ခါ ကိုယ့် Crystal လေးကို လက်ထဲကိုင်မိတဲ့အခါ သူ့အကြောင်း သိထားပြီးသား အဓိပ္ပာယ်တွေနဲ့အတူ မေးခွန်းအသစ်လေးတစ်ခုပါ ထည့်မေးကြည့်စေချင်ပါတယ်။

“ဒီကျောက်လေးရဲ့ သဘာဝအကြောင်း ငါ ဘာတွေ သိထားပြီးပြီလဲ။”

Crystal, Color, Chakra & Self-Coaching Masterclass

စာသင်ချိန် 14-Days ရက်ကြာမြင့်ပါမည်။

💻 Zoom Class
Telegram Group တွင် Recording Video 1- Years ထားပေးပါမည်။
💎 21-Days Integration Plan
🎓 Certificate of Completion
📅 September 25 မှာ စတင်ပါမယ်။
🗓️ Wednesday & Friday
⏰ 7:00 PM – 9:00 PM

အသေးစိတ်သိလိုသည်များကို “CRYSTAL CLARITY” လို့ Message ပို့ထားနိုင်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်
Lei Khaing Moe
Holistic Transformational Coach





6- Days Masterclass of Coaching Mastery ဆရာ့ရဲ့ Coach တွေကို အထူးမွမ်းမံလေ့ကျင့်ပေးသော သင်တန်းလေး ကို ကျွန်မသွားရောက်လေ့...
13/09/2026

6- Days Masterclass of Coaching Mastery

ဆရာ့ရဲ့ Coach တွေကို အထူးမွမ်းမံလေ့ကျင့်ပေးသော သင်တန်းလေး ကို ကျွန်မသွားရောက်လေ့လာဖြစ်ပါတယ်။
ဒီ Coaching Mastery Learning မှာ သိလာတာထက် ပိုပြီး “မြင်လာခဲ့ခြင်း”ပါ။

ဒီ ၆ ရက်တာ Coaching Mastery Learning & Practice အပြီးမှာ ကျွန်မ ပိုပြီးနက်နက်ရှိုင်းရှိုင်း နားလည်လာတာတစ်ခုရှိပါတယ်။

Coaching ဆိုတာ မေးခွန်းကောင်းကောင်း မေးတတ်ခြင်းတစ်ခုတည်း မဟုတ်ပါဘူး။
Client ပြောလာတဲ့စကားကို နားထောင်ရုံမက သူ့ရဲ့ အမြင်၊ ခံစားချက်၊ Pattern၊ Strengths၊ Intentions နဲ့ Potential တွေကိုပါ Awareness ရှိရှိ နားထောင်နိုင်ဖို့ လိုပါတယ်။

ဒီ ၆ ရက်တာအတွင်း TRUST SCHOOLS of Inner Design မှ ဆရာ ဦးခင်မောင်သန်း က IAC ရဲ့ The Coaching Masteries ကို အခြေခံပြီး Mastery တစ်ခုချင်းစီဟာ Coaching Session တစ်ခုထဲမှာ ဘယ်လိုအသက်ဝင်လာသလဲဆိုတာကို စေတနာ၊ မေတ္တာအပြည့်နဲ့ အသေးစိတ် မျှဝေသင်ကြားပေးခဲ့ပါတယ်။

ကျွန်မအနေနဲ့ Masteries ၉ ခုကို လေ့လာရင်း Client ရဲ့ Coaching Journey ကို
Connect → Understand → Explore → Choose → Act
ဆိုတဲ့ Flow လေးနဲ့ ပြန်မြင်မိလာပါတယ်။

ဒီ Flow က IAC ရဲ့ official step-by-step model မဟုတ်ဘဲ Masteries တွေကို လေ့လာပြီး ဆရာ့ရှင်းပြမှုများအတိုင်း ပြန်လည်ချိတ်ဆက်နားလည်မိတဲ့ Learning Reflection ဖြစ်ပါတယ်။

CONNECT — ယုံကြည်မှုကနေ စတင်ခြင်း

Mastery #1 — Establishing and Maintaining a Relationship of Trust
Mastery #3 — Engaged Listening
Mastery #5 — Expressing

Client တစ်ယောက်က ကိုယ့်ရှေ့မှာ အမှန်တကယ် ဖွင့်ပြောနိုင်ဖို့ ပထမဆုံးလိုအပ်တာက Trust ပါ။
အဲ့ဒီ Trust ရှိလာတဲ့အခါ Coach က စကားလုံးတွေကိုသာ နားထောင်တာမဟုတ်တော့ဘဲ Tone၊ Emotion၊ Pause၊ Meaning နဲ့ မပြောဖြစ်သေးတဲ့ အရာတွေကိုပါ ပိုပြီး သတိထားနားထောင်လာနိုင်ပါတယ်။

Expressing မှာလည်း Coach ကိုယ်သိတာကို ပြသဖို့ထက် Client အတွက် အခုအချိန်မှာ ဘာက အသုံးဝင်မလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း၊ လေးစားမှုရှိရှိ ပြောနိုင်ဖို့ ပိုအရေးကြီးပါတယ်။

UNDERSTAND — Client ရဲ့ အတွင်းကမ္ဘာကို ပိုရှင်းလာစေခြင်း

Mastery #4 — Processing in the Present
Mastery #6 — Clarifying
Mastery #2 — Perceiving, Affirming and Expanding the Client’s Potential

Client ပြောလာတဲ့ Story နောက်ကိုသာ လိုက်သွားတာမဟုတ်ဘဲ

“အခုဒီအကြောင်းပြောနေချိန်မှာ ဘာဖြစ်နေသလဲ”
“တကယ်အရေးကြီးတဲ့အရာက ဘာလဲ”
“ဘာကို Client ကိုယ်တိုင် စတင်မြင်လာသလဲ”

ဆိုတာတွေကို ရှင်းလာစေဖို့ လိုပါတယ်။

ဒီအချိန်မှာ Coach က Client ရဲ့ Problem ကိုသာ မမြင်ဘဲ သူ့မှာရှိပြီးသား Strengths, Resources နဲ့ Potential တွေကိုပါ ပြန်မြင်လာနိုင်အောင် Support လုပ်ပေးရပါတယ်။

Coach က အဖြေသတ်မှတ်ပေးသူမဟုတ်ဘူး။
Client ကိုယ်တိုင် ပိုရှင်းလာအောင် အတူရှိပေးသူပါ။

EXPLORE — “တခြား ဘာဖြစ်နိုင်သေးလဲ…”

Mastery #8 — Inviting Possibility

လူတစ်ယောက် အခက်အခဲထဲရောက်နေတဲ့အခါ တစ်ခါတလေ ကိုယ်မြင်နေတဲ့ လမ်းတစ်လမ်းတည်းကပဲ အမှန်လို့ ထင်နေတတ်ပါတယ်။

Coaching က အဖြေအသစ်တစ်ခု ထည့်ပေးတာထက်

“တခြားဘယ်လိုဖြစ်နိုင်သေးလဲ…”

ဆိုတဲ့ အတွေးတံခါးလေးကို ဖွင့်ပေးနိုင်ပါတယ်။

အဲဒီ Exploration ထဲကနေ Perspective အသစ်၊ Option အသစ်နဲ့ Possibility အသစ်တွေ ပေါ်လာနိုင်ပါတယ်။

CHOOSE — ရွေးချယ်မှုကို Client ဆီ ပြန်ထားခြင်း

Mastery #7 — Helping the Client Set and Keep Clear Intentions

Possibilities တွေ မြင်လာပြီးတဲ့အခါ အရေးကြီးဆုံးက

“ဘယ်လမ်းကို ရွေးမလဲ”
ဆိုတာပါ။
ဒါပေမယ့် အဲ့ဒီရွေးချယ်မှုကို Coach က မရွေးပေးပါဘူး။

Client ကိုယ်တိုင်
ဘာကိုလိုချင်သလဲ၊
ဘာကို ဦးတည်ချင်သလဲ၊
ဘာကြောင့် ဒါဟာ သူ့အတွက် အရေးကြီးသလဲဆိုတာ ပိုရှင်းလာတဲ့အခါ Ownership လည်း Client ဆီမှာပဲ ရှိလာပါတယ်။

ACT — Awareness ကို Way Forward ဆီ သယ်ဆောင်ခြင်း

Mastery #9 — Helping the Client Create and Use Supportive Systems and Structures

Insight ကောင်းတစ်ခု ရလာတာနဲ့ Coaching မပြီးသေးပါဘူး။

“ဒီကနေ ဘာဆက်လုပ်မလဲ”
“ဘာ Support လိုမလဲ”
“ဘယ် System၊ ဘယ် Structure က ကိုယ်ရွေးထားတဲ့အရာကို ဆက်ထိန်းထားနိုင်အောင် ကူညီပေးမလဲ”

ဆိုတာတွေ ရှင်းလာတဲ့အခါ Awareness က Action ဆီ ရွေ့လာပါတယ်။
ဒါက Client ရဲ့ Way Forward ဖြစ်လာပါတယ်။

ဒီ ၆ ရက်တာမှာ ကျွန်မအတွက် အထူးတန်ဖိုးရှိခဲ့တာက Coach – Client – Observer အဖြစ် Breakout Room ထဲမှာ Role ပြောင်းပြီး လက်တွေ့ Practice လုပ်ခဲ့ရခြင်းပါ။

Coach ဖြစ်တဲ့အခါ
ကိုယ်တကယ် နားထောင်နေသလား၊
ဒါမှမဟုတ် ကိုယ်ထင်တဲ့အဖြေဆီ Client ကို မသိမသာ ဦးတည်နေမိသလားဆိုတာ ပြန်သတိထားရပါတယ်။

Client ဖြစ်တဲ့အခါ
တကယ်နားထောင်ပေးခံရခြင်း၊ မေးခွန်းကောင်းတစ်ခုနဲ့ Silence တစ်ခုက ကိုယ့်အတွင်းမှာ ဘယ်လောက်ထိ Awareness ဖြစ်စေနိုင်သလဲ ကိုယ်တိုင်ခံစားရပါတယ်။

Observer ဖြစ်တဲ့အခါတော့ အခြားသူရဲ့ Coaching ကို ကြည့်ရင်း ကိုယ့် Coaching ကိုပါ ပြန်မြင်လာရပါတယ်။

Observer က Examiner မဟုတ်သလို Judge လည်း မဟုတ်ပါဘူး။

ဘာဖြစ်နေသလဲကို non-evaluative observation နဲ့ သတိထားကြည့်ပြီး Coach–Client interaction ထဲမှာ ဘာက အလုပ်ဖြစ်ခဲ့သလဲ၊ ဘယ်နေရာမှာ ပို Explore လုပ်နိုင်သေးသလဲဆိုတာကို developmental feedback ပေးခြင်းပါ။

IAC ရဲ့ triad guidance မှာလည်း Coach, Client, Observer အဖြစ် အလှည့်ကျ Practice လုပ်ပြီး Observer က feedback ပေးခြင်းဟာ ကိုယ့် Masteries ကို ပိုနက်နက်ရှိုင်းရှိုင်း နားလည်လာစေတဲ့ learning process တစ်ခုဖြစ်ပါတယ်။

ဒီ Masterclass အပြီးမှာ ကျွန်မ ပိုပြီးသဘောပေါက်နားလည်သွားတာက
Masterful Coaching ဆိုတာ Masteries ၉ ခုကို Checklist တစ်ခုလို တစ်ခုချင်းစီ ထည့်သုံးနေခြင်း မဟုတ်ပါဘူး။

Client ရဲ့ uniqueness နဲ့ autonomy ကို လေးစားရင်း Connect ဖြစ်လာဖို့၊
ကိုယ့်ကိုယ်ကို ပို Understand လုပ်လာဖို့ Possibilities တွေ Explore လုပ်နိုင်ဖို့၊
ကိုယ့် Choice ကိုယ်ရွေးနိုင်ဖို့၊
ပြီးတော့ ကိုယ်ရွေးထားတဲ့ Direction ဆီ ကိုယ်တိုင် ရှေ့ဆက်နိုင်ဖို့၊
Coach က Presence၊ Awareness နဲ့ Skill ရှိရှိ အတူရှိပေးခြင်း လို့ ကျွန်မ ပိုမြင်လာပါတယ်။

တစ်နည်းအားဖြင့် Client ရဲ့ Values, Intentions နဲ့ Actions တွေကြား ပိုပြီး Alignment ရှိလာအောင်၊ သူကိုယ်တိုင် သတိပြု၊ ရွေးချယ်၊ လုပ်ဆောင်လာနိုင်အောင် Support ပေးခြင်းပါ။

ဒီ ၆ ရက်တာအတွင်း ပညာနဲ့ အတွေ့အကြုံတွေကို လက်တွေ့ Practice လုပ်ခွင့်၊ Observe လုပ်ခွင့်၊ ကိုယ့် Coaching ကို ပြန်ဆန်းစစ်ခွင့်တွေအထိ စေတနာမေတ္တာအပြည့်နဲ့ မျှဝေသင်ကြားပေးခဲ့တဲ့
ဆရာ့ကို လေးစားစွာ အထူးကျေးဇူးတင်ပါတယ်ရှင်။ 🙏

ကျွန်မအတွက် Professional Development ဆိုတာ Certificate တစ်ခုနဲ့ ပြီးဆုံးသွားတဲ့ခရီးမဟုတ်ပါဘူး။

ပိုနားထောင်နိုင်ဖို့။
ပိုသတိရှိနိုင်ဖို့။
ပိုမဆုံးဖြတ်ဘဲ နေနိုင်ဖို့။
Client ရဲ့ Potential နဲ့ Choice ကို ပိုယုံကြည်လေးစားပေးနိုင်ဖို့။
အမြဲတမ်း ဆက်လက်သင်ယူနေရမယ့် ခရီးလမ်းတစ်ခုပါပဲ။

ချစ်ခင်လေးစားစွာဖြင့်
Lei Khaing Moe
Holistic Transformational Coach

Golden Ratio Life Coaching
Harmony in Every Dimension


Crystal တွေထဲမှာ ကျွန်မ နေ့တိုင်းဝတ်တဲ့ ကျောက်တစ်မျိုးရှိပါတယ်။Red Jasper ပါ။Red Jasper ကို စပြီးသဘောကျခဲ့တာတော့ သူ့ရဲ့ ...
13/09/2026

Crystal တွေထဲမှာ ကျွန်မ နေ့တိုင်းဝတ်တဲ့ ကျောက်တစ်မျိုးရှိပါတယ်။

Red Jasper ပါ။

Red Jasper ကို စပြီးသဘောကျခဲ့တာတော့ သူ့ရဲ့ အနီရောင်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာကြာ ဝတ်လာတဲ့အခါ ကျွန်မအတွက် သူ့အဓိပ္ပာယ်က “အနီရောင်ကျောက်လေးတစ်လုံး” ထက် ပိုလာခဲ့ပါတယ်။

Mineral ဘက်ကကြည့်မယ်ဆိုရင် Jasper ဟာ silica-rich, opaque material တစ်မျိုးဖြစ်ပြီး microcrystalline quartz / chalcedony နဲ့ ဆက်စပ်ပါတယ်။ Red Jasper ရဲ့ နီညိုညိုအရောင်ကတော့ အဓိကအားဖြင့် iron oxide minerals တွေကြောင့် ဖြစ်လာတာပါ။ Quartz family နဲ့ ဆက်စပ်တဲ့အတွက်လည်း Mohs hardness က အကြမ်းဖျင်း 6.5–7 ဝန်းကျင် ရှိပါတယ်။

Crystal traditions တွေထဲမှာတော့ Red Jasper ကို Grounding, Stability, Strength, Courage နဲ့ Endurance တို့နဲ့ ဆက်စပ်ဖော်ပြလေ့ရှိပါတယ်။

အနီရောင်ဖြစ်တဲ့အတွက် Chakra framework မှာ Root Chakra နဲ့လည်း ဆက်စပ်ကြပါတယ်။

ဒါပေမယ့် ကျွန်မ Red Jasper ကို နေ့တိုင်းဝတ်ဖြစ်တာက
“ဒီကျောက်က ကျွန်မကို ခွန်အားတွေပေးလို့” ဆိုတာထက်

“ကိုယ်လုပ်နေတဲ့အရာကို Stay Grounded. Keep Moving Forward. အခြေမပျက် ဆက်လုပ်တယ်၊ လမ်းမလွဲဘဲ ဆက်သွားတယ်” ဆိုပြီး သတိပေးနေလို့ပါ။

ကျွန်မတို့ဘဝမှာ Motivation အသစ်တစ်ခု မလိုပါဘူး။ Idea အသစ်တွေလည်း အမြဲတမ်းကြီးမလိုဘူး။
နောက်ထပ်လမ်းအသစ်တစ်ခု ပြောင်းသွားဖို့လည်း မလိုပါဘူး။

ကိုယ်ရွေးထားပြီးသားလမ်းပေါ်မှာ Consistency ရှိရှိနဲ့
ဒီနေ့လုပ်ရမယ့်အရာကို ဒီနေ့လုပ်ပြီး၊ တစ်လှမ်းချင်း ဆက်သွားနိုင်ဖို့ပဲ လိုပါတယ်။

Red Jasper ကို ကြည့်လိုက်တိုင်း ကျွန်မအတွက်

“Ground yourself.”
“Stay with what matters.”
“One step at a time.”
ဆိုတဲ့ စကားလေးတွေကို သတိရစေပါတယ်။

ကျွန်မလို No-5 သမား ကျယ်ကျယ်ပြန့်ပြန့်ပညာစူးစမ်းချင်သူ ဟိုဟာလည်း လုပ်ချင်၊ ဒီဟာလည်း လုပ်ချင်တတ်သူတစ်ယောက်အတွက် Red Jasper က
မြန်နေတဲ့စိတ်ကို ငြိမ်သွားစေသလို ခံစားရပြီး
“အခု မင်းဘယ်မှာ ရပ်နေလဲ၊ ဘာဆက်လုပ်မှာလဲ “ လို့ ပြန်မေးစေတဲ့ Symbolic Anchor တစ်ခုလိုပါပဲ။
ဒါကြောင့်ပဲ Red Jasper ကို ကျွန်မနေ့တိုင်း ဝတ်ဖြစ်ပါတယ်။

ကျောက်က ကျွန်မအစား အလုပ်လုပ်ပေးမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ကိုယ်လုပ်ရမယ့်အလုပ်ကို မမေ့ဖို့၊
ကိုယ့်အရှိန်နဲ့ကိုယ် တည်တည်ငြိမ်ငြိမ် ဆက်သွားဖို့
နေ့တိုင်း သတိပေးနေတဲ့ Personal Cue လေးတစ်ခု ဖြစ်နေပါတယ်။

တစ်ခါတလေ Transformation ဆိုတာ
အကြီးကြီးပြောင်းလဲလိုက်ခြင်း မဟုတ်ပါဘူး။

ကိုယ်ရွေးထားတဲ့အရာကို နေ့တိုင်း နည်းနည်းစီ ဆက်လုပ်နိုင်ခြင်း၊ ကိုယ့်စိတ်ကို ကိုယ်ပြန်သတိထားနိုင်ခြင်း၊ ပြီးတော့ Awareness ကနေ ပိုကောင်းတဲ့ Choice တစ်ခု ရွေးနိုင်ခြင်းကလည်း Transformation ပါပဲ။

Crystal Clarity Masterclass မှာလည်း
“ဘယ်ကျောက်က ဘာကောင်းလဲ” ဆိုတာလောက်နဲ့ ကျွန်မတို့ ရပ်မှာမဟုတ်ပါဘူး။

ကိုယ်ကိုင်ထားတဲ့ Crystal ရဲ့ Mineral Facts, Color & Symbolism, Chakra Framework နဲ့ Traditional Energy Interpretation တွေကို လေ့လာပြီး—

နောက်ဆုံးမှာတော့
“ဒီ Crystal က ငါ့အတွက် ဘာလုပ်ပေးမလဲ” ဆိုတာထက်
“ဒီ Crystal ကို မြင်တိုင်း ငါ ဘာကို သတိရချင်တာလဲ”
ဆိုတဲ့ Self-Coaching လုပ်သွားမှာပါ။

Crystal ကို ယုံကြည်ရုံမဟုတ်ဘဲ
သိပြီး၊ နားလည်ပြီး၊ ကိုယ့်ဘဝထဲမှာ အသိရှိရှိ အသုံးချချင်သူများအတွက်ပါ။

Crystal, Color, Chakra & Self-Coaching Masterclass

စာသင်ချိန် 14-Days ရက်ကြာမြင့်ပါမည်။

💎 21-Days Integration Plan
🎓 Certificate of Completion
📅 September 25 မှာ စတင်ပါမယ်။
💻 Zoom Class
🗓️ Wednesday & Friday
⏰ 7:00 PM – 9:00 PM

အသေးစိတ်သိလိုသည်များကို “CRYSTAL CLARITY” လို့ Message ပို့ထားနိုင်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်
Lei Khaing Moe
Holistic Transformational Coach




Address

Universe
Yangon
..

Telephone

+959973284494

Website

Alerts

Be the first to know and let us send you an email when Golden Ratio Life Coaching posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Ratio Life Coaching:

Shortcuts

Share

Category