03/11/2026
Gym ပထမဆုံးနေ့မှာ Beginner တွေ လုံးဝ (လုံးဝ) မလုပ်သင့်တဲ့ အမှား (၅) ခု 🛑
Gym ကို ပထမဆုံး စလာတဲ့နေ့မှာ Motivation တွေ အပြည့်နဲ့ တွေ့သမျှ စက်တိုင်း ဆော့မိတဲ့အခါ ဒဏ်ရာရတာ၊ မူမမှန် ကြွက်သား နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ⚠️
ဒါကြောင့် Gym Beginner တွေ ပထမဆုံးနေ့မှာ မဖြစ်မနေ သတိထားရှောင်ကြဉ်သင့်တဲ့ အချက် (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်။
၁။ Warm-up ကို ကျော်မသွားပါနဲ့
Gym ရောက်ရောက်ချင်း အလေးတွေဆီ တန်းမသွားပါနဲ့။ ကြွက်သားတွေနဲ့ အဆစ်အမြစ်တွေကို သွေးပူလေ့ကျင့်ခန်း (Dynamic Warm-up) အရင်လုပ်ပေးတာက ကြွက်သားစုတ်ပြဲခြင်းနဲ့ ဒဏ်ရာရခြင်းကို ၈၀% အထိ ကာကွယ်ပေးပါတယ်။ 💯
၂။ ဝိတ်အများကြီးကို ချက်ချင်း မ,မပါနဲ့
ပထမဆုံးနေ့မှာ သင့်ခန္ဓာကိုယ်က လှုပ်ရှားမှုအသစ်တွေနဲ့ မရင်းနှီးသေးပါဘူး။ ခန္ဓာကိုယ်ရဲ့ Form နဲ့ Balance ကို အရင်တည်ဆောက်ဖို့ စက်တွေမပါတဲ့ Bodyweight လေ့ကျင့်ခန်းတွေ၊ ပေါ့ပါးတဲ့ အလေးချိန် (Light weight) တွေကနေပဲ ဖြည်းဖြည်းချင်း စတင်ပါ။ 🏋️
၃။ Form အမှန်မသိဘဲ ရမ်း မဆော့ပါနဲ့
ဘေးလူ လုပ်တာကိုကြည့်ပြီး အပေါ်ယံ လိုက်လုပ်တာက အလွန်အန္တရာယ်များပါတယ်။ လေ့ကျင့်ခန်းတစ်ခုကို ဘယ်ကြွက်သားအတွက် လုပ်ရသလဲ၊ Posture (ကိုယ်နေဟန်ထား) ဘယ်လိုထားရမလဲ ဆိုတာကို သေချာသိမှသာ ပြုလုပ်ပါ။ Form မှားနေရင် ကြွက်သားမတက်တဲ့အပြင် ခါးနာ၊ ဒူးနာတာတွေပဲ အဖတ်တင်ပါလိမ့်မယ်။ 🙅
၄။ သူများနဲ့ မယှဉ်ပါနဲ့
ဘေးကလူက အလေးအများကြီး မ,နေနိုင်လို့ ကိုယ်ပါ လိုက်မ,ပြစရာ မလိုပါဘူး။ Ego ကို Gym အပြင်မှာပဲ ထားခဲ့ပါ။ ကိုယ့်ခန္ဓာကိုယ်က လက်ရှိ ခံနိုင်ရည်ရှိတဲ့ ပမာဏ (Fitness Level) ကိုပဲ အာရုံစိုက်ပါ။ 🎯
၅။ အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့
ဘယ်စက်ကို ဘယ်လိုသုံးရမလဲ မသိတာ၊ ခုံအနိမ့်အမြင့် ချိန်ချင်တာတွေအတွက် ကိုယ့်ဘာသာ အတင်းမလုပ်ပါနဲ့။ မှားယွင်းစွာ အသုံးပြုမိရင် စက်ရော လူပါ ထိခိုက်နိုင်ပါတယ်။ ⚠️
သင့်ရဲ့ ပထမဆုံး Gym ရက်ကို အထိရောက်ဆုံးနဲ့ အန္တရာယ်အကင်းဆုံး ဖြစ်စေဖို့ Dagon Gym ရဲ့ ကျွမ်းကျင် Floor Trainer များက စက်ပစ္စည်းအသုံးပြုပုံကအစ စနစ်တကျ အနီးကပ် လမ်းညွှန်ပြသပေးဖို့ အသင့်ရှိနေပါတယ်။ 💯💯
ယုံကြည်မှုအပြည့်နဲ့ သင့်ရဲ့ Fitness ခရီးစဉ်ကို အခုပဲ စတင်လိုက်ပါ။ 💪✨
📍 Location: အမှတ် (၇၉၇)၊ ၁၉ရပ်ကွက်၊ စည်ပင်လမ်း၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ Contact: 09 792 703 111, 09 967 556 958
🕒 Hours: 6 AM - 9 PM