Myanmar Hoteliers Association

Call Directions Website

Myanmar Hoteliers Association Myanmar Hoteliers Association is one of the leading professional organization in Myanmar.

25/10/2026
ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့မျ...
14/10/2026

ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များနှင့် တွေ့ဆုံ
နေပြည်တော်၊ အောက်တိုဘာလ (၁၄) ရက်
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း စနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံ တကာ ခရီးသွားဈေးကွက် ပြန်လည်ဦးမော့လာစေရေး၊ နိုင်ငံတော်၏ စီးပွားရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝကို ဘက်စုံအထောက်အကူပြုနိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ဟန်ချက်ညီညီ ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာလ(၁၂)ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၃)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဌဦးသိန်းဝင်း၊ဒုတိယဥက္ကဌ(၁)ဦးထွန်းလင်းသောင်း၊ဒုတိယဥက္ကဌ(၂)ဒေါက်တာဦးကျော်မင်းထွန်း၊ဒုတိယဥက္ကဌ(၃)ဦးမျိုးမင်းဇော်၊ဒုတိယဥက္ကဌ(၅)ဦးသန်းထွဋ်၊အထွေထွေအတွင်းရေးမှူးဦးနေအောင်ကို၊ဘဏ္ဍာရေးမှူးဦးသီဟအောင်၊တွဲဖက်အတွင်းရေးမှူး(၃)ဦးချမ်းမင်းဦး၊တွဲဖက်စာရင်းစစ်(၂)ဦးသန့်နိုင်ထွန်းနှင့်ညီနောင်အသင်းများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပါသည်။ထို့နောက် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်‌ ရေးနှင့်ပတ်သက်ပြီးဆွေးနွေးပြောကြားပါသည်။
ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လက်ရှိ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် အနာဂတ်အလားအလာများ၊ တွေ့ကြုံနေရသည့် စိန်ခေါ်မှု များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြ ပါသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးကာ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ စဉ်ဆက်မပြတ် ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်သွား နိုင်ရေးနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။သတင်းစဉ်

ဒုတိယသမ္မတ‌ ဒေါ်နန်းနီနီအေး၂၀၂၆ ခုနှစ်ကမ္ဘာ့ခရီး‌ သွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားတက်‌ရောက်နေပြည်တော်(၂၈)၂၀၂...
28/09/2026

ဒုတိယသမ္မတ‌ ဒေါ်နန်းနီနီအေး၂၀၂၆ ခုနှစ်ကမ္ဘာ့ခရီး‌ သွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားတက်‌ရောက်
နေပြည်တော်(၂၈)
၂၀၂၆ခုနှစ်ကမ္ဘာ့ခရီးသွားလုပ်ငန်း‌နေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ(၂၇)ရက်မနက်ပိုင်းက နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-1)၌ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ‌ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားပြီးဆုများပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ဗဟိုကော်မတီ ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ လွှတ် တော်ရေးရာ ကော်မတီများမှ ဥက္ကဌများ၊ဒုတိယဥက္ကဌများ၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှသံအမတ်ကြီးများ၊ဌာနဆိုင်ရာအကြီးအကဲများ၊ဟိုတယ်ခရီးသွားလုပ်ငန်းနှင့်ယဉ်‌ ကျေးမှုဆိုင်ရာကော်မတီဥက္ကဌများနှင့်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌနှင့်တာဝန်ရှိသူများ၊ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့်ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းကိုယ်စားလှယ်များ၊အသင်းအဖွဲ့များမှဥက္ကဌများနှင့်တာဝန်ရှိသူများ၊တက္ကသိုလ်ကောလိပ်များမှပါ‌မောက္ခချုပ်များ၊ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုပညာဌာနမှူးများနှင့် ကျောင်းသားကျောင်းသူများနှင့်ဖိတ်ကြားထားသူများ၊ဆုရရှိကြသူများတက်‌ရောက်ကြပါသည်။
အခမ်းအနားတွင်ဒုတိယသမ္မတဒါ်နန်းနီနီအေးကအမှာစကား ပြောကြားပါသည်။အဲ့ဒီ‌နောက် ဒုတိယသမ္မတထံပြန်ကြား ရေးဝန်ကြီးဦးထိန်လင်းက၂၀၂၆ခုနှစ်ကမ္ဘာ့ခရီးသွားလုပ်ငန်း‌နေ့အထိမ်းအမှတ်လက်‌ဆောင်ကို‌နေရာအ‌ရောက်‌ ဂါရဝပြုပေးအပ်သည်။ ဆက်လက်ပြီးဒုတိယသမ္မတနှင့်တက်ရာက်လာကြသူများကကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အထွေထွအတွင်းရေးမှူးချုပ်၏သတင်းစကားရုပ်သံvideo၊မြန်မာနိုင်ငံတွင်‌ဆောင်ရွက်လျက်ရှိ‌သောခရီးသွားလုပ်ငန်းအမျိုးအစားvideo၊အနုပညာရှင်များ၏ခရီးသွားခြင်းနှင့်ကမ္ဘာ‌တေးသီချင်းများဖြင့်သီဆို‌ ဖျော်ဖြေမှု များကိုကြည့်ရှုအား‌ပေးသည်။အဲ့ဒီ‌နောက် ဒုတိယသမ္မတနှင့်ပြည်ထောင် စုဝန်ကြီးများမှဆုရရှိကြသူများကိုဆုများအသီးသီး‌ ‌‌ ပေးအပ်ချီးမြှင့်ကြသည်။အဲ့ဒီ‌နောက်ဒုတိယသမ္မတနှင့်တာဝန်ရှိသူများစု‌ပေါင်းမှတ်တမ်းတင်ဓာတ် ပုံရိုက်ကူးကြပြီးခင်းကျင်းပြသထားသည့်တိုင်းဒေသကြီးနှင့်ပြည်နယ်များမှMSMEထုတ်ကုန်ပြခန်းများနှင့်ဆုရဓာတ်ပုံ၊‌ဆောင်းပါး၊စာတမ်း၊စာစီစာ ကုံး၊ကုမ္ပဏီများနှင့်ဟိုတယ်များမှပြခန်းများအား လှည့်လည်ကြည့်ရှုအား‌ ပေးပါသည်။ယခုနှစ်ကမ္ဘာ့ခရီးသွားလုပ်ငန်း‌နေ့၏‌ဆောင်ပုဒ်မှာခရီးသွားကဏ္ဍဆန်းသစ်ဖို့ဒစ်ဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပညာကို သုံးကြစို့ဖြစ်ပါသည်။

အာဆီယံ ဒေသတွင်း ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့် အစည်းအဝေးများ ဗီယက်နမ်နိုင်ငံ၌ ကျင်းပ​ရန်ကုန်၊ ဩဂုတ် ၃၁​အာဆ...
31/08/2026

အာဆီယံ ဒေသတွင်း ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့် အစည်းအဝေးများ ဗီယက်နမ်နိုင်ငံ၌ ကျင်းပ

​ရန်ကုန်၊ ဩဂုတ် ၃၁

​အာဆီယံ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများအကြား ခရီးသွားလာရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ အဆင့်မြင့် ခရီးသွားလုပ်ငန်း အစည်းအဝေးများနှင့် ပြပွဲများကို ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၄ ရက်မှ ၂၉ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီးမြို့၌ ကျင်းပခဲ့သည်။

​အဆိုပါ အစည်းအဝေးအတွင်း ကမ္ဘောဒီးယား-လာအို-ဗီယက်နမ် (CLV)၊ ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) နှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) အဖွဲ့ဝင် နိုင်ငံများမှ ဝန်ကြီးအဆင့်အစည်းအဝေးများ၊ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးများ၊ အကြီးတန်းအရာရှိများ အစည်းအဝေးများကိုREX Hotel ၌ အဆင့်ဆင့် ကျင်းပခဲ့သည်။

​ထို့ပြင် ဩဂုတ် ၂၇ ရက်နေ့တွင် (၂၀) ကြိမ်မြောက် ဟိုချီမင်းစီးတီး နိုင်ငံတကာ ခရီးသွားပြပွဲ (ITE-HCMC) ဖွင့်ပွဲအခမ်းအနားကို Saigon Exhibition and Convention Center (SECC) ၌ ကျင်းပပြီး၊ MICE Tourism ဆိုင်ရာ အဆင့်မြင့် ခရီးသွားလုပ်ငန်း ဖိုရမ်ကိုပါ ထည့်သွင်းကျင်းပပါသည်။
အခမ်းအနားများသို့မြန်မာနိုင်ငံမှယဉ်ကျေးမှု၊ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး၊ရန်ကုန်တိုင်း‌ေဒသကြီးစည်ပင်သာယာ‌ေရးဝန်ကြီး၊မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များတက်‌ေရောက်ခဲ့ကြသည်။

​သတင်းစာရှင်းလင်းပွဲများနှင့် အခမ်းအနား အစီအစဉ်များပြီးနောက် တက်ရောက်လာကြသည့် ကိုယ်စားလှယ်တော်များသည် ဩဂုတ် ၂၈ ရက်နေ့တွင် လေ့လာရေးခရီးစဉ်များ သွားရောက်ကြပြီး ဩဂုတ် ၂၉ ရက်နေ့တွင် ပြန်လည်ထွက်ခွာကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

မန္တလေးတွင် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ ၂၀၂၆ စည်ကားသိုက်မြိုက်စွာ ကျင်းပ​မန္တလေး၊ ဩဂုတ် ၂၄​မန္တလေးမြို့ရှိ ...
24/08/2026

မန္တလေးတွင် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ ၂၀၂၆ စည်ကားသိုက်မြိုက်စွာ ကျင်းပ

​မန္တလေး၊ ဩဂုတ် ၂၄

​မန္တလေးမြို့ရှိ Mandalay Convention Centre ၌ မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ ၂၀၂၆ (မန္တလေး) ကို ဩဂုတ်လ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

​အဆိုပါ ပြိုင်ပွဲနှင့် ပြပွဲသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း MHA (ဗဟို) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ MHA (မန္တလေးဇုန်) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပြင် သက်ဆိုင်ရာ ဇုန်နယ်မြေအသီးသီးမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

​ပြပွဲတွင် မြန်မာ့ရိုးရာ အစားအသောက်များကို ဖော်ထုတ်ပြသသည့် ပြိုင်ပွဲများနှင့်အတူ ဒေသန္တရ လက်ရာစုံလင်စွာ ခင်းကျင်းပြသထားပြီး တက်ရောက်လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနဲ့ပြပွဲ2026ဖွင့်ပွဲအခမ်းအနားကျင်းပရန်ကုန် ဇူလိုင် ၂၇ဟိုတယ်၊ခရီးသွားလာ‌ရေးနှင့်ယဉ်‌‌ ကျေးမှ...
27/07/2026

မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနဲ့ပြပွဲ
2026ဖွင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန် ဇူလိုင် ၂၇
ဟိုတယ်၊ခရီးသွားလာ‌ရေးနှင့်ယဉ်‌‌ ကျေးမှုဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ကျင်းပသည့်မြန်မာ့ရိုးရာ အစားအစာပြိုင်ပွဲနှင့်ပြပွဲ
၂၀၂၆(Tastes of the Golden Land -2026 )ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ 25 ရက်နေ့မနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန် ကွန်ဗင်းရှင်း စင်တာ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးတက်ရောက်အမှာစကား‌
ပြောကြားသည် ။အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်
မောင်စိုး၊ ဦးထွန်းအုံနှင့်ဦး မောင်မြင့် ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ၊ ဒုတိယဝန်ကြီး ဦးဖြိုး‌ ဇော်စိုး၊ တိုင်းဒေသကြီးလွှတ် တော် ဥက္ကဌ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ၊ နိုင်ငံတကာသံရုံးများမှသံအမတ်ကြီးများနှင့်သံတမန်များ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌနှင့်ညီ နောင်အသင်းများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဌနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းဥက္ကဌနှင့်တာဝန်ရှိသူများ အကဲဖြတ်ဒိုင်များ ပြိုင်ပွဲဝင်အချက်အပြုတ်ပညာရှင်များ ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်ရောက်ကြသည် ။ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးကအမှာစကား ပြောကြားသည်။ ယင်းနောက်ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးမောင်မြင့်က မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ ၂၀၂၆ အခမ်းအနား ကျင်းပရခြင်းနှင့်စပ်လျဥ်း၍ရှင်းလင်း‌ ပြောကြားသည်။ ဆက်လက်၍ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက Main Sponsor ၊ Gold Sponsor နှင့် Silver Sponsor အဖြစ်ပံ့ပိုးကူညီ‌ ပေးခဲ့ကြသည့် လုပ်ငန်းရှင်များကိုလည်း ကောင်း၊ပြည်‌‌ ထောင်စုဝန်ကြီးများနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က Supporting Partner အဖြစ်ပံ့ပိုးကူညီပေးခဲ့ကြသည့်လုပ်ငန်းရှင်များကိုလည်းကောင်း ဂုဏ်ပြု လက်မှတ်များပေးအပ်ချီးမြှင့်ကြသည်။ထို့နောက်ဒုတိယသမ္မတသည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူပြိုင်ပွဲယှဉ်ပြိုင်နေမှုရုပ်သံကိုကြည့်ရှုအားပေးပြီးစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာပြခန်းများနှင့်ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအားကြည့်ရှုအားပေးပါသည်။
သတင်းစဉ်

Tastes of the Golden Land 2026" ပွဲမှ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ် ✨စည်ကားသိုက်မြိုက်စွာ ကျင်းပမယ့် "Tastes of the Gol...
23/07/2026

Tastes of the Golden Land 2026" ပွဲမှ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ် ✨

စည်ကားသိုက်မြိုက်စွာ ကျင်းပမယ့် "Tastes of the Golden Land 2026" ပြပွဲကြီးမှာ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) မှလည်း အတူတကွ ရှိနေမှာဖြစ်လို့ မိတ်ဆွေများအားလုံး လာရောက်လေ့လာကြဖို့ နွေးထွေးစွာ ဖိတ်ကြား အပ်ပါသည်။

📍 ပွဲကျင်းပမည့်နေရာ - YCC Hall, Yangon
📅 ရက်စွဲ - (25-26 July)
🏷️ Booth နံပါတ် - J2

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (သရေခေတ္တရာ - ပြည်ဇုံ) ၏ (၃) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ညစာစာ...
20/07/2026

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (သရေခေတ္တရာ - ပြည်ဇုံ) ၏ (၃) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ညစာစားပွဲ ကျင်းပ

​ပြည်၊ ဇူလိုင် ၂၀

​မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ သရေခေတ္တရာ (ပြည်ဇုံ) ၏ (၃) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲကို ဇူလိုင် ၁၅ ရက်က ပြည်မြို့ရှိ Prome Garden Hotel ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

​အဆိုပါ အခမ်းအနားသို့ သရေခေတ္တရာ (ပြည်ဇုံ) အတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ အသင်းဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး အသင်း၏ (၃) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် အနာဂတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

ငွေဆောင်ဟိုတယ်ဇုန်၌ တရုတ်အစားအစာ ချက်ပြုတ်နည်း သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်​ငွေဆောင်၊ ဇူလိုင် ၂၀​ဟိုတယ်နှင့် ခရီးသွားလာရ...
20/07/2026

ငွေဆောင်ဟိုတယ်ဇုန်၌ တရုတ်အစားအစာ ချက်ပြုတ်နည်း သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

​ငွေဆောင်၊ ဇူလိုင် ၂၀

​ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဖူးကျင့် နိုင်ငံတကာဘာသာစကားသင်တန်းကျောင်း (Kunming Vocational University of Science and Technology) တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် တရုတ်အစားအစာ ချက်ပြုတ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကိုဇူလိုင်လ(၁၈)ရက်နံနက် ၉ နာရီက ငွေဆောင်ဟိုတယ်ဇုန်ရှိ ယမုံနာဦးဟိုတယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

​အခမ်းအနားတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်သူဦးက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။

​ထို့နောက် တရုတ်နိုင်ငံ ကူမင်း သိပ္ပံနှင့်နည်းပညာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ တက္ကသိုလ်မှ နိုင်ငံတော်အဆင့် စားဖိုမှူး သင်တန်းနည်းပြ Mr. Feng Jian Lin (ဖုန်းကျန့်လင်) က အမှတ်တရ စကားပြောကြားခဲ့ပါသည်။ယင်းနောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းနည်းပြများအား ကျေးဇူးတင်လွှာ ပေးအပ်ခဲ့ပြီး၊ ငွေဆောင်ဟိုတယ်ဇုန် ဟိုတယ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးလှိုင်မွန်နှင့် ကမ်းခြေလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်အောင်လင်းတို့က သင်တန်းနည်းပြများအား ဒေသထွက် အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

17/07/2026

Address

Room No. (101), Aye Yeik Thar (1) Street, Shwe Than Lwin Condo, Bahan Township
Yangon

Alerts

Be the first to know and let us send you an email when Myanmar Hoteliers Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby gyms & sports facilities