Yoga Land

Yoga Land

Share

Reveal your potential!

03/08/2026

✨ Yoga Land Member များအတွက် အထူးသီးသန့် Exclusive Gift - Free Beauty Skin Test ✨

Yoga Land ရဲ့ Member များအတွက် Premium Korean Aesthetic Skincare Brand ဖြစ်သော Shangpree နှင့် ပူးပေါင်း၍ Janus-III Digital SLR & Lens (3D Image View) စက်ဖြင့် အသားအရေ အတွင်းပိုင်းအထိ အခမဲ့ စစ်ဆေးပေးမည့် အစီအစဉ်လေး ရှိပါတယ်ရှင်။ ✨

🔬 Janus-III 3D စက်နဲ့ ဘာတွေအထိ အသေးစိတ် စစ်ဆေးပေးမှာလဲ?

✔️ တင်းတိပ်၊ မှဲ့ခြောက် နှင့် အရေပြားအမဲစက် တည်ရှိမှု

✔️ ချွေးပေါက် အကျယ်/အနက် နှင့် အရေးကြောင်း အနက် ပမာဏ

✔️ ဝက်ခြံဖြစ်စေသည့် Porphyrin (ဘက်တီးရီးယား) တည်ရှိမှု

✔️ အဆီနှင့် ရေဓာတ် မျှတမှုအခြေအနေ (Moisture & Sebum Balance)

✔️ အသားအရေ နီမြန်းမှု/ထိခိုက်လွယ်မှု အခြေအနေ

✔️ Skin Age (မိမိအသားအရေရဲ့ တကယ့် အသက်အရွယ်)

ဒီလို Whole Face Data တွေကို အခမဲ့ စစ်ဆေးပေးမယ့်အပြင်...
Premium Korean Aesthetic Spa-based Skincare Company ဖြစ်တဲ့ Shangpree ရဲ့ Beauty Manager ကိုယ်တိုင် ချစ်တို့ရဲ့ Skin Care Program များနှင့် အကြံဉာဏ်များကို အခမဲ့ ဆွေးနွေးပေးသွားမှာပါ! ❤️

မိမိ Skin ရဲ့ အတွင်းပိုင်း အမှန်တကယ် လိုအပ်ချက်ကို သိရှိပြီး Glow Skin & Healthy Skin ကို ပိုင်ဆိုင်နိုင်ဖို့ အောက်ပါ ရက်များအတိုင်း လာရောက် စစ်ဆေးနိုင်ပါသည်ရှင် —

🗓️ ရက်စွဲနှင့် နေရာများ (1:00 PM - 6:00 PM) :

📍 ဩဂုတ် (၄) ရက် (အင်္ဂါနေ့) - မြောက်ဒဂုံ Branch

📍 ဩဂုတ် (၅) ရက် (ဗုဒ္ဓဟူးနေ့) - ဗဟန်း Branch

🌿 ကိုယ့်အသားအရေလေး ဘာတွေလိုအပ်နေလဲဆိုတာကို Janus-III 3D စက်နဲ့ လာရောက် စစ်ဆေးဖို့ Yoga Land Member လေးများကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်နော်... ✨

Bahan Branch
📍အမှတ် 90/C , ကမ္ဘာအေးဘုရားလမ်း, ပုလဲကွန်ဒိုဘေး , ရွှေနိုင်ငံဝင်းအတွင်း , ဗဟန်း။
☎️ဖုန်းနံပါတ် − 09 778 916000
North Dagon Branch
📍အမှတ်(၇၃၂-၇၃၁) ငါးမာန်အောင်ဘုရားလမ်း ၃၃ရပ်ကွက် , မြောက်ဒဂုံ)
☎️ဖုန်းနံပါတ် − 09 9449 16000
ကျန်းမာလှပပါစေရှင်
Yoga Land
Yoga, Yoga Accessories and Sportswear Distribution

29/07/2026

နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေ ... တာဝန်ဝတ္တရားတွေကနေ ခေတ္တခဏ ပြည့်ပြည့်ဝဝအနားယူနိုင်ဖို့အတွက်
🗓️ August Group Sound Healing Schedule :

📅 05 / Aug (Wed) : 7:15 PM - 8:15 PM

📅 15 / Aug (Sat) : 3:00 PM - 4:00 PM

📅 19 / Aug (Wed) : 3:30 PM - 4:30 PM

📅 22 / Aug (Sat) : 3:00 PM - 4:00 PM

📅 26 / Aug (Wed) : 7:15 PM - 8:15 PM

Individual Healing Sessions (One-on-One) များလည်း Book လုပ်လို့ ရပါပြီရှင်
Individual Sessions တွေမှာဆိုရင်
Balancing Therapy for 7 chakras
Sacral Therapy for Reproductive system and Menstrual Health စသဖြင့် မိမိနဲ့ ကိုက်ညီရာ Therapy များလည်း ရွေးချယ်နိုင်ပါတယ်ရှင်

Sound Healing ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ Nervous system ကြီးတစ်ခုလုံးမှာ block ဖြစ်နေတဲ့နေရာတွေကို သန့်စင်တဲ့ ဒြပ်စင် ၇မျိုးကိုအချိုးကျကျပေါင်းစပ်ပြုလုပ်ထားတဲ့ Himalayan Singing Bowl တွေရဲ့ vibration ကနေတဆင့် ခန္ဓာကိုယ်ကို ကိုလှုံ့ဆော်အလုပ်လုပ်စေတာဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ရဲ့ 60%ဟာ ရေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အဲ့ဒီရေဟာ strong ဖြစ်တဲ့ bowl ရဲ့ vibration နဲ့ထိတွေ့ပြီးတဲ့အခါ စိတ်ရဲ့အတွင်းနက်ရှိုင်းတဲ့နေရာထိ grounding ဖြစ်စေရုံသာမက ကိုယ်မသိလိုက် မသိဘာသာဖြစ်ထားတဲ့ ၊ တစ်ချို့သိသိသာသာ ရှိနေတဲ့ emotional တွေကိုဆွဲခွါ သန့်စင်ပေးတဲ့သဘောလဲရှိပါတယ်။
အဲ့ဒီ processing မှာ လူကဝမ်းနည်းသလိုလို၊ အေးချမ်းသလိုလို၊ စိတ်ပျော်ရွှင်မှုရသလိုလို၊ ငိုချင်စိတ်ဖြစ်လာသလိုလို စတဲ့မတူညီတဲ့ response မျိုးတွေတွေ့ရတတ်ပါတယ်။
ဒါဟာစိုးရိမ်စရာမဟုတ်ဘဲ healing journey ထဲကတစ်ခုသာဖြစ်ကြောင်း ကြိုသိထားဖို့လိုအပ်ပါတယ်။
Sound Healing ရဲ့ အကျိုးကျေးဇူးတွေကတော့
🪷စိတ်ဖိစီးမှု၊ ပူပန်သောကကို လျှော့ချပေးခြင်း
🪷စိတ်တည်ငြိမ်အေးချမ်းစေခြင်း
🪷အိပ်စက်မှု ပိုမိုကောင်းမွန်စေခြင်း
🪷အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေခြင်း
🪷နာကျင်ကိုက်ခဲမှုများကို သက်သာစေခြင်း
🪷သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းကို ထိန်းညှိပေးခြင်း
🪷ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးခြင်း
🪷စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး စိတ်ဓာတ်ကျခြင်းကို သက်သာစေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိမှာဖြစ်ပါတယ်
ဒါကြောင့် ဒီ Sound Healing အတန်းလေးကို
🌸စိတ်ဖိစီးမှုများပြီး ခဏတာအနားယူဖို့လိုအပ်နေသူ
🌸စိတ်ထဲမှာ လွှတ်ချဖို့ခက်ခဲနေတဲ့ အရာတွေများနေသူ
🌸ညအိပ်မပျော်သူ
🌸စိတ်ဆိုး စိတ်ဆတ် ထိလွယ်ရှလွယ်ဖြစ်သူများအတွက် အထူး Recommend လုပ်ချင်ပါတယ်ရှင်

လူဦးရေ အကန့်အသတ်ရှိတာကြောင့် Sound Healing ရဲ့ အေးချမ်းတဲ့ ခံစားချက်ကို ရယူဖို့အတွက် Page Messenger ကနေ အခုပဲ စုံစမ်း Booking တင်လိုက်တော့နော်...

Bahan Branch
📍အမှတ် 90/C , ကမ္ဘာအေးဘုရားလမ်း, ပုလဲကွန်ဒိုဘေး , ရွှေနိုင်ငံဝင်းအတွင်း , ဗဟန်း။
☎️ဖုန်းနံပါတ် − 09 778 916000
North Dagon Branch
📍အမှတ်(၇၃၂-၇၃၁) ငါးမာန်အောင်ဘုရားလမ်း ၃၃ရပ်ကွက် , မြောက်ဒဂုံ)
☎️ဖုန်းနံပါတ် − 09 9449 16000
ကျန်းမာလှပပါစေရှင်
Yoga Land
Yoga, Yoga Accessories and Sportswear Distribution

29/07/2026

"ရက်မြတ်ဝါဆို ဓမ္မစကြာအခါတော်နေ့"

မြတ်စွာဘုရားရှင် တရားဦး စတင်ဟောကြားတော်မူခဲ့သည့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါဆိုလပြည့် အခါသမယတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပြီး ကြည်လင်အေးချမ်းတဲ့ ပဒုမ္မာရွှေကြာပန်းလိုလန်းဆန်းနိုင်ကြပါစေကြောင်း Yoga Land မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏

ဝါဆိုလပြည့် ရက်မြတ်မှစ၍ ရွှံ့နွံမှ ရေပေါ်သို့ လှပစွာ ဖူးပွင့်လာသော ပဒုမ္မာရွှေကြာပန်းကဲ့သို့ အခက်အခဲအမျိုးမျိုးကြားမှ စိတ်၏ ကြည်လင်အေးချမ်းမှုကို ပိုင်ဆိုင်နိုင်ကြပါစေ။ စိတ်နှလုံးနှင့် ခန္ဓာကိုယ် ဟန်ချက်ညီညီဖြင့် အေးချမ်းသာယာသော နေ့ရက်များကို ဖြတ်သန်းနိုင်ကြပါစေရှင်။ 🤍

Bahan Branch
📍အမှတ် 90/C , ကမ္ဘာအေးဘုရားလမ်း, ပုလဲကွန်ဒိုဘေး , ရွှေနိုင်ငံဝင်းအတွင်း , ဗဟန်း။
☎️ဖုန်းနံပါတ် − 09 778 916000
North Dagon Branch
📍အမှတ်(၇၃၂-၇၃၁) ငါးမာန်အောင်ဘုရားလမ်း ၃၃ရပ်ကွက် , မြောက်ဒဂုံ)
☎️ဖုန်းနံပါတ် − 09 9449 16000
ကျန်းမာလှပပါစေရှင်
Yoga Land
Yoga, Yoga Accessories and Sportswear Distribution

26/07/2026

✨ Yoga Land - August Sound Healing Schedule & Individual Therapy ✨
"Sound Healing တက်ပြီးရင် စိတ်တွေ တကယ်ရှင်းပြီး ပေါ့ပါးသွားတယ်"၊ "အာရုံစူးစိုက်မှု Focus & Concentration တွေ ပိုကောင်းလာတယ်"၊ "ဖိအားတွေလျော့ပြီး ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိလာတယ်" ဆိုတဲ့ Feedback ကောင်းတွေ ရရှိထားတဲ့ Group Healing - Relaxing Therapy လေးရဲ့ August လအတွက် Schedule လေး ထွက်ရှိလာပါပြီရှင် 🧘‍♀️🤍

ဒါ့အပြင် 🧘‍♂️ Individual Healing Sessions (One-on-One) များလည်း Book လုပ်လို့ ရပါပြီရှင်
Individual Sessions တွေမှာဆိုရင်
✨ Balancing Therapy for 7 chakras
🌸 Sacral Therapy for Reproductive system and Menstrual Health စသဖြင့် မိမိနဲ့ ကိုက်ညီရာ Therapy များလည်း ရွေးချယ်နိုင်ပါတယ်ရှင်
လူဦးရေ အကန့်အသတ်ရှိတာကြောင့် Sound Healing ရဲ့ အေးချမ်းတဲ့ ခံစားချက်ကို ရယူဖို့အတွက် Page Messenger ကနေ အခုပဲ စုံစမ်း Booking တင်လိုက်တော့နော်... 🥰
Bahan Branch
📍အမှတ် 90/C , ကမ္ဘာအေးဘုရားလမ်း, ပုလဲကွန်ဒိုဘေး , ရွှေနိုင်ငံဝင်းအတွင်း , ဗဟန်း။
☎️ဖုန်းနံပါတ် − 09 778 916000
North Dagon Branch
📍အမှတ်(၇၃၂-၇၃၁) ငါးမာန်အောင်ဘုရားလမ်း ၃၃ရပ်ကွက် , မြောက်ဒဂုံ)
☎️ဖုန်းနံပါတ် − 09 9449 16000
ကျန်းမာလှပပါစေရှင်
Yoga Land
Yoga, Yoga Accessories and Sportswear Distribution

23/07/2026

🌿 Meet Our New Yoga Instructor – Tr. May Thazin Phyo 🌿

Yoga Practitioner တို့ရဲ့ Yoga Journey ကို ပိုမိုပြည့်စုံဖို့အတွက် Yoga Land မှာ ဆရာမအသစ်တစ်ယောက် အားဖြည့်ထားပါတယ်ရှင်

Tr. May Thazin Phyo ဟာ ယောဂကို စိတ်အားထက်သန်စွာဖြင့် အစဉ်မပြတ် လေ့လာလိုက်စားနေသူဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ Mysore မြို့မှာ Ashtanga Yoga Teacher's Training ကို ထူးချွန်စွာ သင်ကြားပြီးမြောက်ခဲ့သူလည်းဖြစ်ပါတယ်ရှင်

ရှေးရိုးရာ ယောဂအခြေခံကောင်းများကို ကောင်းစွာတတ်မြောက်ထားသူဖြစ်တာနဲ့အညီ
သင်တန်းသား/သူများ Yoga ကို Injury ကင်းကင်း ကျင့်နိုင်ကာ ခန္ဓာကိုယ်ပျော့ပျောင်းစေပြီး စိတ်တည်ငြိမ်အေးချမ်းမှု ရရှိစေရန်အတွက် သေချာစွာ သင်ကြားပြသပေးသွားမည် ဖြစ်ပါတယ်။

Tr. May Thazin Phyo သင်ကြားပေးသွားမယ့် Yoga အမျိုးအစားများကတော့
✨ Basic Hatha Yoga
✨ Ashtanga Yoga တို့ဖြစ်ပါတယ်ရှင်

ကျန်းမာပျော်ရွှင်မှု၊ ဘဝဟန်ချက်ညီမှုနဲ့အတူ အဓိပ္ပာယ်ရှိတဲ့ ယောဂခရီးစဉ်ကို လျှောက်လှမ်းနိုင်ဖို့ New Tr.မေသဇင်ဖြိုး နဲ့အတူ Yoga Land မှ နွေးထွေးစွာ ကြိုက်ဆိုပါတယ်ရှင်

Bahan Branch
📍Studio လိပ်စာလေးကတော့ အမှတ် 90/C , ကမ္ဘာအေးဘုရားလမ်း, ပုလဲကွန်ဒိုဘေး , ရွှေနိုင်ငံဝင်းအတွင်း , ဗဟန်း။
☎️ဖုန်းနံပါတ် − 09 778 916000
North Dagon Branch
📍အမှတ်(၇၃၂-၇၃၁) ငါးမာန်အောင်ဘုရားလမ်း ၃၃ရပ်ကွက် , မြောက်ဒဂုံ )
☎️ဖုန်းနံပါတ် − 09 9449 16000
ကျန်းမာလှပပါစေရှင်
Yoga Land
Yoga, Yoga Accessories and Sportswear Distribution

22/07/2026

🫧 Transform Your Body with Online Mat Pilates Class 🫧
Yoga ကျင့်နေရင်း မတူညီတဲ့ လေ့ကျင့်မှုတခုကို ပြောင်းချင်တာပဲဖြစ်ဖြစ်၊ ကြွက်သားခွန်အားကို အဓိကမြှင့်တင်ပေးမယ့် Strengthening Training ဘက်ကို ပိုပြီးအလေးပေးချင်တာပဲဖြစ်ဖြစ်... Yoga Land ရဲ့ Online Mat Pilates Class လေး ရှိပါတယ်နော်။ 🧘‍♀️✨

Online Mat Pilates ရရှိလာမယ့် ကောင်းကျိုးလေးတွေကတော့
၁။ flexibility ခန္ဓာကိုယ် ပျော့ပျောင်းလာခြင်း
၂။ strength and muscle tone ခွန်အားတိုးလာပြီး ကြွက်သား လှလှပပတည်ဆောက်ခြင်း
၃။ ခန္ဓာကိုယ်မှာ သတိရှိပြီး ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ ကြွက်သားတွေကို ထိန်းချုပ်လာနိုင်ခြင်း
၄။ posture တိုးတက်လာပြီး ခန္ဓာကိုယ်မှာအရေးကြီးတဲ့ alignment မှန်ကန်လာခြင်း
၅။ stress and tension ဖိအားနဲ့ တင်းအားတွေ လျော့လာခြင်း
၆။ ခန္ဓာကိုယ်အားအင်ပြည့်ကာ နေထိုင်ကောင်းလာပြီး relaxဖြစ်စေခြင်း
၇။ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ injury နဲ့ chronic pain ကဲ့သို့ ဒဏ်များကို ပြုပြင်ချိန်ညှိပြီး သက်သာစေနိုင်ပါတယ်
၈။ မတူညီတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အတူတကွ ပေါင်းစည်းလေ့ကျင့်ခြင်းဖြင့် balance မျှစေတယ်
၉။ physical နဲ့ mental ပိုင်းဆိုင်ရာ စွမ်းအင်တွေ စုပေါင်းတိုးတက်လာစေတယ်
၁၀။ coreရဲ့ ခွန်အားတွေနဲ့ stable ဖြစ်မှုတွေကြောင့် physical လှုပ်ရှားမှုတွေမှာ များစွာအထောက်ကူဖြစ်စေတယ်
၁၁။ ကိုယ်ရရှိချင်တဲ့ fitness level နဲ့ goalတွေကို Pilates လေ့ကျင့်ခြင်းမှတဆငိ့ ရရှိစေနိုင်ပါတယ်။

🗓️ Class Details :

Days : တနင်္လာ ၊ ကြာသပတေး ၊ သောကြာ (Mon / Thurs / Fri)

Time : ညနေ 4:30 PM - 5:30 PM

Platform : Zoom Online Class

Equipment Needed : Mini Ball (25cm), Roller (60*15cm), Pilates Ring

💡 Ongoing Class ဖြစ်တာကြောင့် မိမိအဆင်ပြေသည့် အပတ်မှစ၍ လစဉ် စတင်တက်ရောက်နိုင်ပါသည်။

အိမ်မှာနေရင်း လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ဖန်တီးဖို့အတွက် Mat Pilates Class လေးကို စိတ်ဝင်စားတယ်ဆိုရင် Comment မှာ MPO လို့ရေးခဲ့ရုံပါပဲနော်
မင်မင်တို့က အသေးစိတ်အချက်အလက်တွေနဲ့ သိချင်တာလေးတွေကို နွေးထွေးစွာ ဆွေးနွေးရှင်းပြပါ့မယ်ရှင် 🥰

Bahan Branch
📍Studio လိပ်စာလေးကတော့ အမှတ် 90/C , ကမ္ဘာအေးဘုရားလမ်း, ပုလဲကွန်ဒိုဘေး , ရွှေနိုင်ငံဝင်းအတွင်း , ဗဟန်း။
☎️ဖုန်းနံပါတ် − 09 778 916000

North Dagon Branch
📍အမှတ်(၇၃၂-၇၃၁) ငါးမာန်အောင်ဘုရားလမ်း ၃၃ရပ်ကွက် , မြောက်ဒဂုံ )
☎️ဖုန်းနံပါတ် − 09 9449 16000
ကျန်းမာလှပပါစေရှင်
Yoga Land
Yoga, Yoga Accessories and Sportswear Distribution

17/07/2026

🧘‍♀️ Myanwen Young Executive Retreat 2026 မှာ Sound Healing Session (၃) ခုကို အောင်မြင်စွာ ပြုလုပ်ပေးခဲ့ပါတယ်ရှင်... 🍀✨

Myanwen အဖွဲ့ဝင် ထက်မြက်တက်ကြွတဲ့ လူငယ်အမျိုးသမီးလုပ်ငန်းရှင်များနှင့်အတူ Sound Healing Session များ ပြုလုပ်ခွင့်ရခဲ့လို့ အရမ်းကို ဝမ်းမြောက်မိပါတယ်။ 🍀

အလုပ်ကိစ္စတွေ၊ စိန်ခေါ်မှုတွေကြားကနေ စိတ်ရောကိုယ်ပါ ပြန်လည်ပြီး အနားယူ Balance ညှိနိုင်ခဲ့တဲ့ ဒီ Retreat လေးဟာ အရမ်းကို ပျော်စရာကောင်းပြီး တန်ဖိုးရှိလှတဲ့ ပြီးပြည့်စုံတဲ့ ခရီးစဉ်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီ Retreat မှာ Sound Therapist တစ်ယောက်အနေနဲ့ ပါဝင်အားဖြည့်ပေးဖို့ ယုံကြည်စိတ်ချစွာ ဖိတ်ခေါ်ပေးခဲ့တဲ့ မသီရိဆွေ ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ 🙏💞 Sound Healing Session လေး အဆင်ပြေပြေနဲ့ ပြီးမြောက်သွားအောင် အစစအရာရာ မစိုးရိမ်ရဘဲ ပြည့်ပြည့်စုံစုံ ပံ့ပိုးပေးခဲ့တဲ့အတွက်လည်း အထူးပင် ကျေးဇူးတင်ပါတယ်။

နောင်လည်း ပိုမိုကောင်းမွန်ပြီး စိတ်ခွန်အားသစ်တွေ ရစေမယ့် အပန်းဖြေခြင်း နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 🤍🌿

Yoga Land

14/07/2026

ကျွန်မတို့ဟာ ပင်ပန်းနွမ်းလျခြင်းရဲ့ စက်ယန္တရားကနေ ခဏလောက်ထွက်လာပြီး သေသေချာချာလေးအနားယူဖို့ထိုက်တန်ပါတယ် 🍀

ကျွန်မတို့ဟာ ပျောက်ဆုံးနေတဲ့ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေဖို့ ထိုက်တန်ပါတယ် 🍀

ကျွန်မတို့ဟာ ဘယ်သူကိုယ့်ကို မေတ္တာရှိသည်ဖြစ်စေ/ မရှိသည်ဖြစ်စေ ကိုယ့်ဘာကိုချစ်ခင်ပေးဖို့ထိုက်တန်ပါတယ်🍀

ကျွန်မတို့ရဲ့ဝန်နဲ့အားမမျှ သယ်ပိုးထားတဲ့လေးလံလွန်းတဲ့အချို့အရာတွေကိုလွှတ်ချဖို့လဲထိုက်တန်ပါတယ်🍀

ဒီလိုသေချာလေးအနားယူနိုင်ဖို့၊ သေချာလေးကိုယ့်ကိုယ်ကိုအချိန်ပေးပြီး ပြန်လည်ရှာဖွေတွေ့ရှိနိုင်ဖို့၊ ဝန်အပိုတွေကို တတ်နိုင်သမျှလွှတ်ချနိုင်ဖို့အတွက် ကျွန်မရဲ့ Sound Healing Sessions လေးတွေက မိတ်ဆွေအတွက် နွေးထွေးစွာရှိနေပါတယ် 🍀🍀🍀
Sound Healing Session လေးကို July လ ၁၈ရက်၊ ၂၃ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ ထပ်ရှိသေးတာမလို့ စိတ်ဝင်စားတက်ရောက်ချင်တယ်ဆိုရင် Comment မှာ "SH"လို့ ရေးသွားပေးပါရှင်
Yoga Land မင်မင်များက အသေးစိတ်ရှင်းပြပါလိမ့်မယ်ရှင်
Bahan Branch
📍Studio လိပ်စာလေးကတော့ အမှတ် 90/C , ကမ္ဘာအေးဘုရားလမ်း, ပုလဲကွန်ဒိုဘေး , ရွှေနိုင်ငံဝင်းအတွင်း , ဗဟန်း။
☎️ဖုန်းနံပါတ် − 09 778 916000
North Dagon Branch
📍အမှတ်(၇၃၂-၇၃၁) ငါးမာန်အောင်ဘုရားလမ်း ၃၃ရပ်ကွက် , မြောက်ဒဂုံ ( Map - https://maps.app.goo.gl/xjJMneYwXZuN7fu5A )
☎️ဖုန်းနံပါတ် − 09 9449 16000
ကျန်းမာလှပပါစေရှင်
Yoga Land
Yoga, Yoga Accessories and Sportswear Distribution

13/07/2026

Yoga ပုံမှန်လေ့ကျင့်သူမဟုတ်ရင်တောင် headstand လေ့ကျင့်လို့ရနိုင်ပါတယ်

အများစုကပုံမှန် yoga လေ့ကျင့်သူမှသာ upside-down ဖြစ်တဲ့ headstand ရနိုင်မယ်ဆိုတဲ့အယူအဆရှိနေတာမျိုးတွေ့ရပါတယ်

ပုံမှာပြထားသလို core muscle လို့ခေါ်တဲ့ ခန္ဓာကိုယ်အလယ်ပိုင်းတစ်ဝိုက်ကြွက်သားတွေကို ငြိမ်နေအောင်ထိန်းထားပြီး အပေါ်ပိုင်းတစ်ဝိုက်(လက်မောင်း၊ပုခုံး)နားကကြွက်သားတွေကို သန်မာအောင်လေ့ကျင့်ပေးတာနဲ့ headstand စတင်လေ့ကျင့်လို့ရပါပြီ

စတင်လေ့ကျင့်မယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ instructor နဲ့အရင်ဆုံးလေ့ကျင့်သင့်ပါတယ်

အလွတ်မလေ့ကျင့်နိုင်ရင်တောင် wall support (နံရံကပ်) ပြီးလေ့ကျင့်နိုင်ပါတယ်

Beginner အကွက်မဟုတ်တဲ့အတွက်တော့ တစ်ရက်ထဲ တစ်ကြိမ် နှစ်ကြိမ်ထဲရနိုင်မလားဆိုပြီးမတွေးသင့်ပါဘူးနော်

Consistency ရှိရှိ တစ်နေ့ကို အနည်းဆုံး ၃၊၄ ကြိမ်လေ့ကျင့်ပေးတာနဲ့ အချိန်ကာလတစ်ခုရောက်ရင်ရလာနိုင်ပါတယ်

ဒီနေရာမှာ မလေ့ကျင့်ခင် အပေါ်မှာပြောခဲ့သလို အပေါ်ပိုင်းကြွက်သားများသန်မာဖို့ (plank,elbow plank) လိုလေ့ကျင့်ခန်းများအရင်လုပ်ပေးဖို့လိုသလို ဝမ်းဗိုက်တစ်ဝိုက်ကြွက်သားတွေထိန်းနိုင်အောင် ဝမ်းဗိုက်နဲ့ပတ်သတ်တာတွေလည်း လေ့ကျင့်သင့်ပါတယ်

ဒါမျိုးတွေ လေ့ကျင့်ပြီးရင်တော့ headstand စတင်လေ့ကျင့်လို့ရပါပြီ (အသေးစိတ်ကိုတော့ ပုံမှာကြည့်လို့ရပါတယ် 😬)

ဒါနဲ့ အရေးကြီးဆုံးတစ်ချက်က contra-indication လို့ခေါ်တဲ့ မဖြစ်မနေမလုပ်သင့်တဲ့သူမျိုးတွေရှိပါတယ်
📍 လည်ပင်း၊ ကျောရိုး၊ ပခုံး ဒဏ်ရာရှိသူ
* Neck pain, cervical disc, herniated disc, recent injury သို့မဟုတ် ခွဲစိတ်ထားသူ

* သွေးတိုးရောဂါ မထိန်းချုပ်နိုင်သေးသူ
* ခေါင်းအောက်ခြေသို့ သွေးဖိအားတိုးနိုင်တာကြောင့် အန္တရာယ်ရှိနိုင်

* မျက်စိရောဂါရှိသူ
* Glaucoma၊ မျက်စိအတွင်းဖိအားမြင့်သူ၊ Retina ပြဿနာရှိသူ

* နှလုံးရောဂါရှိသူ
* ဆရာဝန်ခွင့်ပြုချက်မရှိဘဲ မလေ့ကျင့်သင့်ပါ

* မူးဝေတတ်သူ (Vertigo)၊ ခေါင်းကိုက်ပြင်းထန်သူ
* Balance ပျက်နိုင်ပြီး လဲကျနိုင်ခြေများပါတယ်

* ကိုယ်ဝန်ဆောင်နေသူ
* အထူးသဖြင့် Headstand မကျွမ်းကျင်သေးသူတွေ မလုပ်သင့်ပါ

* အရိုးပွရောဂါ (Osteoporosis) ရှိသူ
* လည်ပင်းနှင့် ကျောရိုးပေါ် ဖိအားများနိုင်ပါတယ်

* ဖျားနာနေသူ၊ ကိုယ်ခံအားနည်းသူ

ရှောင်ရမယ့်အကြောင်းအရာတွေပြီးတော့

ကောင်းကျိုးတွေကိုဆက်ပြောပါမယ်

✨ 🧘‍♀️ Core Strength တိုးစေတယ် – ဗိုက်၊ ခါးနဲ့ ကိုယ်လုံးအလယ်ပိုင်းကြွက်သားတွေကို အားကောင်းစေပါတယ်

* 💪 ပခုံး၊ လက်မောင်းနဲ့ အပေါ်ပိုင်းကိုယ်ခန္ဓာကို သန်မာစေတယ် – ခန္ဓာကိုယ်ကို ထိန်းထားနိုင်တဲ့ အင်အားတိုးလာစေပါတယ်

* ⚖️ Balance နဲ့ Body Control ကောင်းလာစေတယ် – ကိုယ်ခန္ဓာကို ထိန်းညှိနိုင်စွမ်းနဲ့ ဟန်ချက်ညီမှု ပိုကောင်းလာပါတယ်

* 🧠 အာရုံစူးစိုက်မှု တိုးစေတယ် – Pose ကို ထိန်းထားရင်း စိတ်တည်ငြိမ်မှုနဲ့ အာရုံစိုက်နိုင်စွမ်းကို လေ့ကျင့်ပေးပါတယ်

* 🫁 Posture ကောင်းလာစေတယ် – မှန်ကန်တဲ့ Alignment နဲ့ လေ့ကျင့်ပါက ကိုယ်ဟန်အနေအထားကို ပိုကောင်းစေပါတယ်

😊 ယုံကြည်မှု တိုးစေတယ် – ခက်ခဲတဲ့ Pose တစ်ခုကို အောင်မြင်စွာလုပ်နိုင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးလာစေပါတယ်

ဒါ့အပြင် aging အတွက်အကောင်းဆုံး asana ကိုပြပါဆိုလည်း headstand ဖြစ်ပြီးတော့ benefits တွေများလွန်းလို့ king of asana လို့တောင်တင်စားကြပါတယ်

ဆိုတော့ ပုံမှန် yoga လေ့ကျင့်နေသူပဲဖြစ်ဖြစ် yoga မကျင့်သော်လည်း headstand လေ့ကျင့်ချင်ရင်ပဲဖြစ်ဖြစ် ဆောင်ရန်ရှောင်ရန်တွေလိုက်နာပြီးလေ့ကျင့်နိုင်ပါကြောင်းပြောရင်း

Headstand လေ့ကျင့်ရင်း ပိုမိုနုပျို၊ ယုံကြည်မှုပိုတိုးအောင်တည်ဆောက်ကြရအောင် နော်

Tr.Po
Yoga Land



Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


No. 90/C, Kabar Aye Pagoda Road, Beside Pearl Condo, Shwe Naing Ngan Housing Area, Bahan
Yangon
11201

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00