06/08/2026
ဖလားစုံ သိမ်းဖို့ အာဖြည့်ဖို့ လိုအပ်နေသေးတဲ့ မန်ယူ
အပြောင်းအရွေ့ သတင်းပိတ်ဖို့ လေးပတ်အလိုမှာ မန်ယူကစားသမား အပြောင်းအရွေ့စာရင်းဖြစ်ပါတယ်။
In:
Andrey Santos, from Chelsea
Youri Tielemans, from Aston Villa
Karl Darlow, from Leeds
Out:
Rasmus Hojlund, to Napoli
Casemiro, to Inter Miami
Tyler Fredricson, to Lausanne-Sport
Jadon Sancho, released
Tyrell Malacia, released
Radek Vítek, to Middlesbrough
ကျန်နေရာတွေ မရရင်တောင် တိုက်စစ်မှူးတစ်ဦး ၊ Full back တစ်ဦးကိုတော့ မဖြစ်မနေ ခေါ်သင့်တယ် ထင်ပါမယ်။ ဒါမှလည်း ဖလားစုံသိမ်းဖို့ အင်အားတောင့်တင်းနေမှာဖြစ်ပါတယ်။
04/08/2026
အိုလီဝက်ကင်းအတွက် စိတ်ချလိုက်ပါတော့
အမှန်ပါပဲ။ ဝက်ကင်းအတွက် စိတ်ချလို့ ရပါပြီ။ ဘာလို့ဆို မန်ယူက သူ့ကိုခေါ်ဖို့ စီစဉ်မထားဘူးလို့ The Athletic က ဖော်ပြလာလို့ပါပဲ။ ဆက်စကိုကို မခေါ်ခင်က စိတ်ဝင်စားခဲ့ပေမယ့် အခုတော့ ဒီတိုင်း ဘဝမှာ တစ်ခါသာ ပက်သက်ချင်ခဲ့ဖူးတဲ့ သူအဖြစ်သာ ထားရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ။ ဆက်စကို ၊ ကွန်ညာ တို့ နံပါတ် ကိုးနေရာအတွက်ရှိပြီး လိုအပ်ရင် ဘူမို ၊ မေဆင်မောင့် တို့လည်း အသင့်ရှိနေပါတယ်ခင်ဗျာ။
03/08/2026
အသင်းဆီ လာချင်နေတဲ့ ချယ်လ်ဆီး ကစားသမားဟောင်း
မန်ချက်စတာယူနိုက်တက်အသင်းဟာ နယူးကာဆယ်နောက်ခံလူ Lewis Hall ကို ခေါ်ယူဖို့ အခြေအနေကောင်းလာနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၁ နှစ်အရွယ် ဘယ်နောက်ခံကစားသမားဟာ ဒီနွေရာသီမှာ နယူးကာဆယ်ကနေ ထွက်ခွာဖို့ စိတ်ဝင်စားနေပြီး၊ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့လည်း အဆင်သင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။
Hall ဟာ ချယ်လ်ဆီးအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ချယ်လ်ဆီးကို ပြန်သွားဖို့ စိတ်မဝင်စားဘူးလို့ သတင်းတွေက ဖော်ပြထားပါတယ်။
မန်ယူဘက်ကလည်း အသင်းသစ်တည်ဆောက်နေတဲ့အချိန်မှာ ဘယ်နောက်ခံနေရာအတွက် Hall ကို အဓိကပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားပုံရပါတယ်င်ဗျာ။
31/07/2026
သိကြားမင်းတောင် ဆင်းတားနိုင်မှာမဟုတ်တဲ့ မန်ယူ
မန်ယူအသင်းက တတိယမြောက် ကွင်းလယ်လူကို ထပ်ခေါ်ဦးမှာပါ။ လောလောဆယ် ပစ်မှတ်စာရင်းတွေထဲမှာ ကိုနေးက အနီးကပ်ဆုံးပါ။ ဒါပေမယ့် တစ်ဖက်က ရိုဒရီအနေနဲ့ မန်စီးတီးကနေ ရီရဲလ်ဆီ ပြောင်းသွားရင်တော့ ရီရဲလ်က ချုအာမန်နီကို ရောင်းနိုင်ပါတယ်။ မန်ယူအနေနဲ့ ဘက်ဂျက်လည်း လောက်နေတာမို့ ချူအာမန်နီကို ခေါ်နိုင်ပါပြီ။ ဒီလိုဆိုရင်တော့ မန်ယူကွင်းလယ်ကို သိကြားမင်းဆင်းတားရင်တောင် မရတော့ပါဘူးခင်ဗျာ။
30/07/2026
ပုံရိပ်ကို အသုံးပြုပြီး မန်ယူခေါ်မယ့် တောင်ပံကစားသမား
မန်ယူအသင်းအနေနဲ့ ဒီရာသီမှာ ကွင်းလယ်ကိုအဓိကထားပြင်ဆင်နေတာမှန်ပေမယ့် တောင်ပံတွေကိုလည်း လျစ်လျှူရှုထားတာမျိုးတော့ မရှိပါဘူး။ အစပိုင်းမှာ ဆမ်မာဗီလ်ကို အနီးကပ်ဆုံး လိုက်နိုင်ခဲ့ပေမယ့် ကစားသမားက ဆော်ဒီလိဂ်ကို ရွေးသွားပါတယ်။
ဒီတော့ အနီးကပ်ဆုံး ပြန်ဖြစ်လာတာက အဲဗာတန်အသင်းရဲ့ အန်ဒီအေးပါပဲ။ အန်ဒီအေးကိုလည်း ဆော်ဒီကလပ် အယ်လ်ဟီလယ်က စိတ်ဝင်စားလာပြီး အဲဗာတန်ကတော့ သူတို့ကစားသမားအတွက် ပေါင် သန်း 70 လောက်ရရင် ရောင်းချင်နေပါတယ်။ ခက်တာက လစာပါ။ ဆော်ဒီကလပ်က အန်ဒီအေးကို တစ်ပတ်လုပ်ခ ပေါင် 2သန်း 7 သောင်းလောက်ထိ ပေးခေါ်နေပါတယ်။
သေချာပါတယ်။ မန်ယူကတော့ အဲ့လောက်ထိ ပေးနိုင်မှာမဟုတ်ပါဘူး။ မန်ယူက ပုံရိပ်ကိုပဲ သုံးခေါ်ရမှာ။ ငါတို့ ဒီလောက်တော့ မပေးနိုင်ဘူး ဒါပေမယ့် ငါတို့အသင်းမှာ လာကစားရင် မင်း ဒါတွေ ဒါတွေ ခံစားရမယ်ဆိုတဲ့ ကမ်းလှမ်းချက်မျိုးပါ။ ကစားသမားရဲ့ ဆုံးဖြတ်ချက်က အက္ခရာပါပဲ။ သူ့အနေနဲ့ ငွေနဲ့ ပုံရိပ်ကို ရွေးချယ်သွားရမှာပါ။ ငွေကို ရွေးသွားရင်တော့ မန်ယူက အခြားကစားသမားဘက်ကို မြှားဦးလှည့်ရတော့မှာဖြစ်ပါတယ်။
30/07/2026
ကွင်းလယ်ကစားသမားသစ်တစ်ဦးကို ပိုင်ဆိုင်ဦးမယ့် မန်ယူနိုက်တက်
မန်ယူအသင်းရဲ့ လက်ရှိကွင်းလယ်မှာ အူကာတီက ဒဏ်ရာကြောင့် ကာလရှည်နားရပါမယ်။ Colleyer က အငှားထွက်မှာဖြစ်သလို ဖလက်ချာညီနောင်ကလည်း အငှားထွက်ပါမယ်။ ဆိုတော့ အင်အားက ပျော့နေပါပြီ။ ဒီအတွက် မန်ယူက ပြင်ဆင်နေရာ အခုဆိုရင် ရိုးမားအသင်းရဲ့ ကွင်းလယ်လူ ကိုနေးနဲ့ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ ရိုးမားအသင်းနဲ့ ပြောင်းရွေ့ကြေး ညှိနှိုင်းတာအဆင်ပြေရင် ကိုနေးက မန်ယူကစားသမားဖြစ်ပါပြီ။ ပေါင် 43 သန်း ဝန်းကျင်နဲ့ ညှိနေပါတယ်။ ကိုနေးရောက်လာရင်တော့ မန်ယူက ကွင်းလယ်အတွက်စိတ်ပူစရာမလိုတော့ပါဘူးခင်ဗျာ။
27/07/2026
တစ်ရာသီ ဂိုးနှစ်ဆယ်အထက် သွင်းမယ့်ကောင်းကြီး ပြန်လာပြီ
မန်ယူကစားသမားတွေရဲ့ ပြောင်းလဲမှုနဲ့ပက်သက်ပြီး ဘန်ဂျမင်ကတော့ အတော်ရေပန်းစားနေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံက မနှစ်ကနဲ့ ဘာမှမတူတော့ပါဘူး။ အားကိုးချင်စရာကြီးကို ဖြစ်လာနေတာပါ။
တကယ်ဆိုရင် ဆက်စကိုကို အာဆင်နယ်ဆီရောက်ပြီ ထင်ခဲ့ပေမယ့် အမှတ်မထင်ဘဲ သူက လမ်းကောင်းဆီ လှမ်းလျှောက်လာနိုင်တာပါ။ ရောက်ရောက်ချင်းမှာလည်း သူဘာလဲဆိုတာ သက်သေပြထားပြီး အခု ကာရစ်ရဲ့ နည်းစနစ်အောက်မှာ ဒီရာသီ ဂိုးနှစ်ဆယ်အထက် သွင်းဖို့ မျှော်လင့်ရပါတယ်။ အခုတော့ သူဒဏ်ရာက သက်သာလာပြီး ဩဂတ် 8 ရက် ၊ ပီအက်ဂျီနဲ့ ကစားမယ့်ပွဲစဉ်မှာ ပါဝင်လာတော့မှာဖြစ်ပါတယ်ခင်ဗျာ။
25/07/2026
မန်စီးတီးက မန်ယူရဲ့ ဘုရင်ပါတဲ့။ စီးတီး ကစးသမားသစ် အန်ဒါဆန်က ပြောလိုက်တဲ့စကားပါ။ ဟုတ်မှာပါ အများကြီးလည်း မငြင်းလိုတော့ပါဘူး။
သမိုင်းမှာ ဘုရင်ကို သ-တ်ပြီး နန်းချကာ ကိုယ်တိုင်နန်းတက်လာသူတွေလည်း အများကြီးပဲ မဟုတ်ပါလား။ ဒါကြောင့် ရာသီကုန်ရင် ဘယ်သူက ဖားလဲ ဘယ်သူက ကျားလဲဆိုတာ ကြည့်ရအောင် စီးတီးရပ်ဝန်းတစ်ခုကို စိ-န်ခေါ်လိုက်ရပါတယ်ခင်ဗျာ။
23/07/2026
ပေါင်သန်း 70 တန်ကစားသမားအတွက် မန်ယူခြေလှမ်းစပြင်
🚨 မန်ချက်စတာ ယူနိုက်တက်က အီဗာတန် အသင်းကို အန်ဒီအေး အတွက် ဆက်သွယ်ထားပါတယ်။ တိုက်စစ်ပိုင်း ပြောင်းလဲဖို့အတွက် ယူနိုက်တက် အနေနဲ့လည်း မားကပ်စ် ရက်ရှ်ဖို့ဒ် မထွက်ခွာသေးသရွေ့ ဒီအပြောင်းအရွှေ့ကို ရှေ့မတိုးနိုင်သေးပါဘူး။ ရတ်ဖို့ကိစ္စ ရှင်းပြီးရင်ဝောာ့ တောင်ပံအတွက် ထဲထဲဝင်ဝင်လှုပ်ရှားမှာပါ။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ ဂိုး ၆ ဂိုးသွင်းထားတဲ့ အန်ဒီအေးအတွက် အီဗာတန်က ပေါင် သန်း ၇၀ ဝန်းကျင် တောင်းဆိုနိုင်တယ်လို့ သိရပါတယ်။
Source: Fabrizio Romano
23/07/2026
🚨 မန်ယူကစားသမားသစ် တီလီမန်းစ် က ဥရောပပြိုင်ပွဲတွေအကြောင်း အခုလို ပြောပါတယ်။
🗣️ "ဥရောပပြိုင်ပွဲက ပြည်တွင်းလိဂ်နဲ့ မတူပါဘူး။ သုံးရက်၊ လေးရက်တစ်ခါ ပွဲကစားရတာဆိုတော့ အမြဲအဆင်သင့်ဖြစ်နေဖို့၊ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။"
🗣️ "Format အသစ်ကလည်း မတူတော့ဘူး။ League ပုံစံဖြစ်သွားတဲ့အတွက် တစ်ပွဲတည်းနဲ့ အဆင့်တက်သွားနိုင်သလို အဆင့်ကျသွားနိုင်ပါတယ်။ ဒါကြောင့် တစ်ရာသီလုံး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ထိန်းထားဖို့ အရေးကြီးပါတယ်။"
တီလီမန်းတစ်ယောက် ဒီရာသီမှာမန်ယူနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးသွားဖို့ မျှော်လင့်ရပါတယ်ခင်ဗျာ။
Source: Interview