11/10/2026
‘’Standing up for what is right shouldn’t depend on whether it is easy or convenient. We should stand for what is right simply because it is the right thing to do.”
Violence against women is not just a women’s issue. It is a human rights issue, a matter of dignity, and a responsibility that belongs to all of us.
No woman should have to live in fear, remain silent because of social pressure, or be blamed for the violence committed against her. A person’s clothing, appearance, choices, or past should never be used to justify abuse or undermine their right to justice.
As members of society, we must learn to listen without judgment, support survivors with compassion, and hold those responsible accountable through a fair and just process.
Silence must never be mistaken for consent. Speaking out must never become a reason to shame or intimidate survivors. And justice must never depend on who a person is or how society chooses to perceive them. Justice should be a right for everyone, not a privilege for a few.
Therefore, let us stand against violence, reject victim-blaming, and stand together for justice.
‘’မှန်ကန်တဲ့ဘက်မှာ ရပ်တည်ခြင်းဟာ လွယ်ကူမှ၊ အဆင်ပြေမှ လုပ်သင့်တဲ့အရာ မဟုတ်ပါဘူး။ မှန်ကန်တဲ့အရာဖြစ်လို့ ရပ်တည်သင့်တာပါ။’’
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုတာ အမျိုးသမီးတွေနဲ့သာ သက်ဆိုင်တဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး။ ဒါဟာ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတဲ့ လူမှုရေးပြဿနာတစ်ခု ဖြစ်ပါတယ်။
အမျိုးသမီးတစ်ဦးတစ်ယောက်ဟာ လူမှုအသိုင်းအဝိုင်းရဲ့ ဖိအားတွေကြောင့် ကြောက်ရွံ့နေရတာ၊ နှုတ်ဆိတ်နေရတာ၊ မိမိအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုအတွက် ပြန်လည်အပြစ်တင်ခံရတာမျိုး မဖြစ်သင့်ပါဘူး။ လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်ပုံ၊ အသွင်အပြင်၊ ကိုယ်ပိုင်ရွေးချယ်မှုတွေနဲ့ အတိတ်က အကြောင်းအရာတွေဟာ အကြမ်းဖက်မှုကို တရားမျှတအောင် ပြုလုပ်ပေးနိုင်တဲ့ အကြောင်းပြချက်တွေ မဟုတ်သလို တရားမျှတမှုရရှိပိုင်ခွင့်ကိုလည်း မပျောက်ကွယ်စေသင့်ပါဘူး။
လူမှုအသိုင်းအဝိုင်းရဲ့ အဖွဲ့ဝင်တွေအနေနဲ့ ကျွန်တော်တို့ဟာ အပြစ်တင်ဖို့ထက် နားထောင်ပေးဖို့၊ ဝေဖန်ဖို့ထက် နားလည်ကူညီပေးဖို့နဲ့ ကျူးလွန်သူတွေကို မျှတတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း တာဝန်ခံစေဖို့ ကြိုးစားသင့်ပါတယ်။
နှုတ်ဆိတ်နေခြင်းကို သဘောတူညီမှုအဖြစ် ဘယ်တော့မှ မယူဆသင့်ပါဘူး။ မိမိအပေါ် ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ထုတ်ဖော်ပြောဆိုလာသူတွေဟာ အရှက်ခွဲခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းတို့နဲ့ ရင်ဆိုင်ရတာမျိုးလည်း မဖြစ်သင့်ပါဘူး။ တရားမျှတမှုဆိုတာ လူတစ်ယောက်ရဲ့ အဆင့်အတန်း၊ နောက်ခံအခြေအနေ ဒါမှမဟုတ် လူမှု
အသိုင်းအဝိုင်းရဲ့ အမြင်အပေါ် မူတည်မနေသင့်ပါဘူး။
တရားမျှတမှုဆိုတာ လူအနည်းစုအတွက်သာရရှိနိုင်တဲ့ အခွင့်ရေးမဟုတ်ပဲ လူတိုင်း ရရှိပိုင်ခွင့်ရှိတဲ့ အခွင့်ရေးတစ်ခုဖြစ်ပါတယ်
ဒါကြောင့် အကြမ်းဖက်မှုကို ဆန့်ကျင်ကြပါ။ ထိခိုက်နစ်နာသူများကို အပြစ်တင်ခြင်းကို ငြင်းပယ်ကြပြီး တရားမျှတမှုအတွက် ရပ်တည်ကြရအောင်။