02/06/2026
ယူနိုက်တက် အသင်း နဲ သတင်းအရမ်းမထွက်ဘဲ အပြောင်းအရွှေ့ဖြစ်လာနိုင်တဲ့ ရာဖေးလ် လီယာအို
ယူနိုက်တက်အသင်း သည် လာမယ် ဒီနွေရာသီ အပြောင်းအရွေ့. စျေးကွက်မှာ ရာဖေးလ် လီယာအိုကို ခေါ်ယူဖို့အတွက် ထည့်သွင်းစဉ်းစားနေပါတယ်။
အစီရင်ခံစာများအရ အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ပြီးနောက်မှာတော့ သူတို့ရဲ့ တောင်ပံကစားသမားအတွက် လျှော့စျေးနဲ့ ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပြီး၊ လီယာအိုဟာ လက်ရှိ အိုးထရက်ဖို့ဒ်မှာ ဆွေးနွေးနေကြတဲ့ တိုက်စစ်ပိုင်း ရွေးချယ်စရာ ပစ်မှတ်အချို့ထဲမှာ ပါဝင်လာခဲ့တာပါ။
ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းတွေအရ ပေါ်တူဂီသားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဝန်းကျင်ဟာ ဖြစ်နိုင်ခြေရှိတဲ့ ပမာဏတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
01/06/2026
မေဆန်မောင့် နဲ့ မာဇာရီ တို့နဲ့ ပတ်သက်လို့ ကာရစ် ရဲ့ ဆုံးဖြတ်ချက်။
ယူနိုက်တက်ကို ရောက်ခါစကတည်းက ဆေးရုံကုတင်ပေါ်မှာပဲ အချိန်ကုန်နေခဲ့တဲ့ မေဆန်မောင့် နဲ့ ခြေစွမ်းအတက်အကျများတဲ့ ခံစစ်မှူး မာဇာရီ တို့ကို ပရိသတ်တွေကတော့ သံသယဝင်နေကြပါပြီ။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက် နည်းပြသစ် မိုက်ကယ်ကာရစ် ကတော့ ဒီကစားသမားနှစ်ယောက်ကို လုံးဝလုံးဝ မရောင်းနိုင်ဘူး၊ သူတို့ဟာ ဥရောပညချမ်းတွေအတွက် ငါတို့ရဲ့ အဓိကလက်နက်တွေပဲလို့ ရှိနေလို့ ကာကွယ်ပေးလိုက်ပါတယ်။ပရိသတ်အများစုရဲ့ အမြင်မှာ မေဆန်မောင့် ဟာ ပေါင်သန်း ၆၀ ပေးရကျိုးမနပ်တဲ့ ကျရှုံးမှုတစ်ခုပါ၊ မာဇာရီ ဟာလည်း ခံစစ်မှာ အားနည်းချက်တွေ ရှိနေတယ်လို့ မြင်ကြပါတယ်။ ဒါပေမဲ့ ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်းဖြစ်သလို အခုနည်းပြသစ်ဖြစ်လာတဲ့ ကာရစ် ရဲ့ မျက်လုံးထဲမှာတော့ သူတို့ကို သာမန်ပရိသတ်တွေမြင်သလို မမြင်ပါဘူး။ ကာရစ် က သူတို့ကို လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အစွမ်းဆောင်ဆုံး ချိုကာကတ်တွေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ကာရစ် ကိုယ်တိုင်ကလည်း ကစားသမားဘဝမှာ ကွင်းလယ်မှာ ဉာဏ်သုံးပြီး ကစားခဲ့တဲ့ high IQ midfielder ပါ၊ ဒါကြောင့် သူက ပြေးလွှားနေရုံသက်သက်မဟုတ်ဘဲ နည်းဗျူဟာကို နားလည်တဲ့ ကစားသမားတွေကို တော်တော်လေးသဘောကျပါတယ်။ မေဆန်မောင့် ဟာ နံပါတ်တန်း ကွင်းလယ်တိုက်စစ်နေရာမှာ ကစားနိုင်သလို နံပါတ်အိတ် ဘော့စ်တူဘော့စ် နဲ့ တောင်ပံတွေမှာပါ သွားကစားနိုင်စွမ်းရှိပါတယ်။ ဥရောပပွဲစဉ်တွေမှာ ပွဲပွဲကစားကွက်တွေအတိုင်း ပွဲချိန်အတွင်းမှာ ကစားကွက်ပြောင်းလဲရတဲ့အခါမျိုးမှာ မောင့် လို ကစားသမားမျိုးက ကွင်းလယ်မှာ ရှိနေခြင်းဟာ လူစားလဲစရာမလိုဘဲ နည်းဗျူဟာပြောင်းလဲနိုင်တဲ့ အားသာချက် ရရှိစေပါတယ်။
ခေတ်သစ်ဘောလုံးလောကမှာ ရှေ့တန်းကနေ စနစ်တကျ ဖိအားပေးနိုင်ဖို့က အသက်ပါ၊ မောင့် ဟာ ဘယ်အချိန်မှာ ပေးရမယ်၊ ဘယ်အချိန်မှာ ပွဲရဲ့ ပရက်ရှင်တိုင်းကို ပေးရမယ်ဆိုတာကို အင်မတန်ကျွမ်းကျင်သူပါ၊ ကာရစ် ရဲ့ တိုက်စစ်ဆင်မှု စနစ်သစ်မှာ မောင့် ဟာ ပွဲမယ့်ကွင်းလယ်ကို အသက်ရှူရစေမယ့် အဓိကအင်ဂျင် ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ယောက်ကတော့ မာဇာရီ ပါ၊ သူ့ကို လက်မလွှတ်တာဟာ ကာရစ် ရဲ့ ခေတ်မီတဲ့ နည်းစနစ်အမြင်ကို ပြသနေတာပါပဲ။ မာဇာရီ ဟာ သာမန် ညာနောက်ခံလူလို ဘေးစီးကနေ ပြေးတဲ့သူမဟုတ်ပါဘူး၊ သူက ကွင်းလယ်အလယ်ပိုင်းထိ ဝင်ရောက်ကစားနိုင်တဲ့ inverted fullback စွမ်းရည် အပြည့်အဝ ရှိပါတယ်။ ကာရစ် လို ကွင်းလယ်စိုးမိုးမှုကို အဓိကထားတဲ့ နည်းပြအတွက် မာဇာရီ ကွင်းလယ်ကို ဝင်လာခြင်းဟာ ကွင်းလယ်လူအင်အား သာလွန်မှု numerical advantage ကို ချက်ချင်း ရရှိစေပါတယ်။ ယူနိုက်တက်ဟာ ဘယ်နောက်ခံလူနေရာမှာ အမြဲတမ်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာပါ၊ မာဇာရီ ဟာ ညာဘက်မှာတင်မက ဘယ်ဘက်မှာပါ ပုံမှန်ခြေစွမ်းမပျက် ကစားပေးနိုင်တဲ့အတွက် ပွဲကျပ်နဲ့ ဥရောပညချမ်းတွေမှာ အသင်းရဲ့ ခံစစ်လိုင်းကို လိုသလိုပုံသွင်းနိုင်မယ့် အဖိုးတန်လက်နက်တစ်ခု ဖြစ်ပါတယ်။ လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေ ဆင်နွှဲရမယ့်အချိန်ဆိုတာ ကာရစ် အတွက် အဓိကသော့ချက်ပါ၊ ဥရောပချန်ပီယံလိဂ်ဆိုတာ ပရီးမီးယားလိဂ်နဲ့ မတူဘဲ နည်းစနစ်ပိုင်းအရ အင်မတန် ကြွယ်ဝတဲ့ ပြိုင်ပွဲတွေပါ၊ ပွဲစဉ်တစ်ခုနဲ့တစ်ခုကြားမှာ နားရက်နည်းပါးသလို ပြိုင်ဘက်တွေကလည်း ပုံစံအမျိုးမျိုးနဲ့ လာကြပါတယ်၊ ဒီလိုအချိန်မှာ ပုံသေကစားကွက်တစ်ခုတည်းနဲ့ သွားလို့မရပါဘူး။ မောင့် နဲ့ မာဇာရီ တို့လို နေရာစုံ အလိုက်သင့်ကစားနိုင်မယ့် versatile ကစားသမားတွေဟာ အသင်းရဲ့ လူစာရင်းအင်အားကို နှစ်ဆမြင့်တက်သွားစေပါတယ်။ ကစားသမားတစ်ယောက်က နေရာနှစ်နေရာ ကစားနိုင်ရင် နည်းပြအတွက် လူစာရင်းရွေးချယ်ရတာ အင်မတန် လွယ်ကူမှုရှိသွားပါလိမ့်မယ်။ ဒါပေမဲ့ ကာရစ် ရဲ့ ဒီဆုံးဖြတ်ချက်မှာ အားနည်းချက်တစ်ခုတော့ ရှိနေပါတယ်၊ အဲ့ဒါကတော့ ဒီကစားသမားနှစ်ယောက်စလုံးက ဒဏ်ရာရလွယ်တဲ့ ရာဇဝင်ရှိနေတာပါပဲ။ မေဆန်မောင့် ဆိုရင် ယူနိုက်တက်ကို ရောက်ကတည်းက ပွဲဆက်ကစားနိုင်တဲ့အချိန်ဆိုတာလည်း လက်ချိုးရေတွက်လို့ ရပါတယ်၊ နည်းစနစ်ပိုင်းအရ ဘယ်လောက်ပဲ ကောင်းကောင်း ကွင်းထဲမှာ မရှိရင် ဘာမှသုံးစားလို့ မရပါဘူး။ ကာရစ် အနေနဲ့ သူတို့ကို အသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ ယူနိုက်တက်ရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အပေါ် အလုံးစုံယုံကြည်လို့ အလောင်းအစား လုပ်လိုက်တာပါ၊ တကယ်လို့ သူတို့သာ နောက်ရာသီသစ်မှာ ဒဏ်ရာတွေနဲ့ ထပ်ပြီး ရုန်းကန်နေရမယ်ဆိုရင်တော့ ပရိသတ်တွေရဲ့ ဒေါသမီးတောက်ဟာ ကာရစ် ဆီကို တိုက်ရိုက်လှည့်လာမှာ သေချာပါတယ်။ ညီကိုတို့ကရော မေဆန်မောင့် တို့နဲ့ ပတ်သက်ပြီး ကာရစ် ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဘယ်လိုမျိုး မြင်ကြလဲ၊ ပြောပြသွားခဲ့လို့ ရပါတယ်။ အဆုံးထိ ကြည့်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ရဲ့ page ကို လိုက်ခ်အင်ဖောလိုး လုပ်သွားပေးခဲ့ကြပါဦး၊ မန်ဖန်တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်ခင်ဗျာ။"
30/05/2026
"အီဒါဆင်အပြင် ဆန်ဒရို တိုနာလီ ကိုပါ ခေါ်ယူဖို့ အီတလီမြေမှာ အေးဂျင့်တွေနဲ့ ဆွေးနွေးခဲ့တဲ့ ယူနိုက်တက်"
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေဟာ အီတလီနိုင်ငံဆီ ခရီးထွက်ခွာခဲ့တာဟာ အာတာလန်တာ ကွင်းလယ်လူ အီဒါဆင်တစ်ယောက်တည်းအတွက် မဟုတ်ဘဲ နယူးကာဆယ်ရဲ့ အီတလီကွင်းလယ်လူ ဆန်ဒရို တိုနာလီကိုပါ ခေါ်ယူဖို့အတွက် ၎င်းရဲ့ အေးဂျင့်တွေနဲ့ပါ ဆက်သွယ်တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနို က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ရိုမာနိုက သူ့ရဲ့ YouTube ချန်နယ်ကနေတစ်ဆင့် အခုလို အတည်ပြုခဲ့တာ ဖြစ်ပါတယ် —
"မန်ချက်စတာယူနိုက်တက် ကိုယ်စားလှယ်အဖွဲ့ဟာ အီတလီကို သွားရောက်ခဲ့ပြီး ကိစ္စရပ်တော်တော်များများကို စတင်ဆွေးနွေးခဲ့ကြပါတယ်။ တိုနာလီရဲ့ အေးဂျင့်တွေဟာ အီတလီမှာ ရှိနေတာဖြစ်လို့ သူတို့နဲ့ တွေ့ဆုံခဲ့သလို၊ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ့် ကစားသမားတွေအကြောင်း အပါအဝင် တခြားဆွေးနွေးစရာတွေကိုပါ လုပ်ဆောင်ခဲ့ကြတာပါ။ ယူနိုက်တက်ဟာ အီတလီအပြောင်းအရွှေ့ဈေးကွက်မှာ အမြဲတမ်း တက်ကြွလှုပ်ရှားလေ့ ရှိပါတယ်"
ယူနိုက်တက်ဟာ ကာစီမီရို ထွက်ခွာသွားမယ့် ကွင်းလယ်အင်ဂျင်အတွက် တိုနာလီကို လာမယ့်ရာသီ အဓိက ကစားသမားအဖြစ် ခေါ်ယူဖို့ စာရင်းသွင်းထားဆဲဖြစ်ပြီး၊ အခုလို အီတလီမြေမှာ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တာကြောင့် ကွင်းလယ်လူ (၂) ယောက်လုံးကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ယူနိုင်ဖို့ အခွင့်အရေး ပိုမိုအလားအလာကောင်း လာခဲ့ပြီ ဖြစ်ပါတယ်။
29/05/2026
အသင်းအတွက် စဉ်းစားတဲ့အခါ ရက်ဖို့ဒ်ထက်စာရင် ကွန်ညာကိုပဲ မျက်စိမှိတ် ရွေးချယ်မယ်ဆိုတဲ့ ဖာဂူဆန်
ယူနိုက်တက်ရဲ့ သားတော်မောင် မားကပ်စ် ရက်ဖို့ဒ်မှာ ပြိုင်ဘက်ကို ကြောက်ဒူးတုန်စေတဲ့ ပါရမီ ရှိပေမဲ့၊ အပတ်စဉ် ယှဉ်ပြိုင်ရမယ့် အသင်းတစ်သင်းကို တည်ဆောက်မယ်ဆိုရင်တော့ ကွန်ညာကိုပဲ ရွေးချယ်မယ်လို့ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က ပွင့်ပွင့်လင်းလင်း နှိုင်းယှဉ်ဝေဖန်လိုက်ပါတယ်။
ရက်ဖို့ဒ်နဲ့ ကွန်ညာ ဘယ်သူ့ကို ရွေးမလဲဆိုတဲ့ မေးခွန်းအပေါ်မှာ ဖာဂူဆန်ရဲ့အဖြေက ကစားသမားနှစ်ယောက်ကို သာမန်နှိုင်းယှဉ်လိုက်တာ မဟုတ်ပါဘူး။ ဒါက ခေတ်သစ်ဘောလုံးလောကမှာ အသင်းတစ်သင်းရဲ့ စွမ်းဆောင်ရည်၊ ကစားသမားတွေရဲ့ ကွင်းတွင်းစည်းကမ်းနဲ့ အသင်းကို ဆွဲတင်မယ့် ခေါင်းဆောင်မှုတွေက မွေးရာပါဗီဇထက် အဆပေါင်းများစွာ ပိုအရေးကြီးတယ်ဆိုတာကို အတိအလင်း ကြေညာမောင်းခတ်လိုက်တာပါ။
ဖာဂူဆန်က ရက်ဖို့ဒ်ကို အရင်ဆုံး ချီးကျူးသွားပါတယ်။ 'ပြိုင်ဘက်ကို ကြောက်ဒူးတုန်စေတဲ့ အစွမ်းရှိတယ်' တဲ့။ ဒါက လုံးဝမှန်ကန်ပါတယ်။ ရက်ဖို့ဒ်ဟာ နေရာယူမှန်ကန်ပြီး ယုံကြည်မှုအပြည့်နဲ့ တိုက်စစ်ဆင်တဲ့ နေ့တွေမှာ သူ့ကို တားဆီးနိုင်မယ့် ခံစစ်မှူးဆိုတာ ကမ္ဘာပေါ်မှာ မရှိသလောက် ရှားပါတယ်။ သူ့ရဲ့ အမြန်နှုန်း၊ ဆုံးဖြတ်ချက် ပြတ်သားမှုနဲ့ အဝေးကန်ချက်တွေက ပွဲတစ်ပွဲရလဒ်ကို တစ်ယောက်တည်းနဲ့ လှည့်ပြောင်းဖြစ်စေနိုင်တဲ့ Game Changer အဆင့်မှာ ရှိပါတယ်။ ဖာဂူဆန်ပြောသလိုမျိုး ဒီလိုမွေးရာပါ ပေါက်ကွဲအားမျိုးကို ဘယ်လေ့ကျင့်ရေးကွင်းမှာမှ သင်ပေးလို့ မရပါဘူး။ ဒီအချက်မှာ ရက်ဖို့ဒ်ဟာ ကွန်ညာထက် သာလွန်တဲ့ ပါရမီရှင် စစ်စစ်ပါ။
ဒါပေမဲ့ ပြဿနာက အဲဒီပါရမီကို အသုံးပြုတဲ့ နေရာမှာပါ။ ဒီအချက်နဲ့ပတ်သက်လို့ 'တစ်ခါတလေ သူက အကောင်းဆုံးလို့ ခံစားရပေမဲ့၊ နောက်တစ်ခါကျတော့ ကွင်းထဲမှာ ရှိနေမှန်းတောင် သတိမထားမိဘူး' ဆိုပြီး ဖာဂူဆန်က ပြောထားပါတယ်။ ဒီစကားကတော့ ရက်ဖို့ဒ်ရဲ့ ကြီးမားဆုံး အားနည်းချက်ကို တည့်တည့်ထိုးနှက်လိုက်တာပါပဲ။ ခေတ်သစ်ဘောလုံးနည်းစနစ်မှာ တိုက်စစ်မှူးတစ်ယောက်က ဘောလုံးရမှ ကစားရတာ မဟုတ်ပါဘူး။ ဘောလုံးမရှိချိန် Off the ball မှာလည်း ပြိုင်ဘက်ကို ဖိအားပေးတာ၊ ခံစစ်ကို ကူညီပေးတာနဲ့ နေရာလွတ်တွေ ဖန်တီးပေးတာ စတဲ့ ကွင်းတွင်းစည်းကမ်းတွေကို အများကြီး လိုက်နာဖို့ လိုအပ်တာပါ။
ရက်ဖို့ဒ်ဟာ ခြေစွမ်းမပြနိုင်တဲ့ နေ့တွေမှာဆိုရင် ခံစစ်ကို လိုက်မကူတော့ဘဲနဲ့ လမ်းလျှောက်နေတတ်တာ၊ ဘောလုံးဆုံးရှုံးသွားရင် လွယ်လွယ်ကူကူ လက်လျှော့တတ်တာတွေကို ခဏခဏ မြင်တွေ့ရပါတယ်။ အသင်းတစ်သင်းရဲ့ စွမ်းဆောင်ရည်က ကစားသမားတစ်ယောက်ချင်းစီရဲ့ တာဝန်ယူမှုအပေါ်မှာ အများကြီး မူတည်ပါတယ်။ အသင်းက ရုန်းကန်နေရချိန်မှာ တိုက်စစ်ကစားသမားတစ်ယောက်က ခံစစ်ကို မကူဘဲနဲ့ လျစ်လျူရှုထားတာက အသင်းရဲ့ ခေါင်းဆောင်မှုပိုင်းကိုပါ အကြီးအကျယ် ထိခိုက်စေတာ ဖြစ်ပါတယ်။ နည်းပြတွေအနေနဲ့ ဒီလိုကစားသမားမျိုးကို ယုံကြည်ပြီး အသင်းရဲ့ အနာဂတ်ကစားကွက်ကို တည်ဆောက်ဖို့ဆိုတာက အင်မတန်မှ ခေါင်းခဲစရာကောင်းတဲ့ ကိစ္စပါ။
ဘာကြောင့် ဖာဂူဆန်က ကွန်ညာကို ရွေးချယ်ရတာလဲ။ ကွန်ညာက ရက်ဖို့ဒ်လို ဂိုးတွေ တစ်ရာသီကို အလုံးသုံးဆယ်လောက် သွင်းပေးနိုင်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ဆီမှာ အသင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အလေ့အထ Work rate နဲ့ တာဝန်ယူမှု Accountability ရှိပါတယ်။ ဖာဂူဆန် ထောက်ပြသလိုပဲ သူက အပတ်တိုင်း ပြင်းပြင်းထန်ထန်ကစားတယ်၊ ကစားကွက်ချိတ်ဆက်တယ်၊ Pressing ကို စနစ်တကျဆင်းတယ်။ ဒီအချက်တွေက အသင်းရဲ့ဟန်ချက်ကို ကြီးကြီးမားမား အထောက်အကူပြုတာပါ။ တိုက်စစ်မှူးတစ်ယောက် ဂိုးမသွင်းနိုင်တဲ့နေ့မှာတောင်မှ ပြိုင်ဘက်ကို ဆက်တိုက်ဖိအားပေးနေမယ်ဆိုရင် ခံစစ်က မှားယွင်းမှုဖြစ်ပြီးတော့ အသင်းဖော်တွေအတွက် အခွင့်အရေး ရလာနိုင်ပါတယ်။
ကွန်ညာက သူကိုယ်တိုင် ဂိုးမသွင်းနိုင်ရင်တောင်မှ ပွဲအပေါ်မှာ သက်ရောက်မှုမရှိအောင် အမြဲတမ်း ကြိုးစားနေသူပါ။ ဒါက သူ့ရဲ့ ကြီးမားတဲ့ ကွင်းတွင်းစည်းကမ်းကို ပြသနေတာဖြစ်ပြီးတော့ နည်းပြတစ်ယောက်အနေနဲ့ မျက်စိမှိတ်ယုံကြည်လို့ရတဲ့ အရည်အချင်းမျိုးကို ပြသနေတဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ စပ်ပြီးပြောပြလာတဲ့ ပါရမီတစ်ခုတည်းနဲ့တင် ထိပ်တန်းဘောလုံးလောကမှာ ရေရှည်ရပ်တည်ဖို့ မလွယ်ကူဘူးဆိုတဲ့ စကားဟာ ဖာဂူဆန်ရဲ့ ဘဝတစ်သက်တာ ဒဿနပါပဲ။ ဖာဂူဆန် ယူနိုက်တက်ကို အောင်မြင်အောင် ကိုင်တွယ်ခဲ့တဲ့ ခေတ်တွေကို ပြန်ကြည့်ပါ။ ဒေးဗစ် ဘက်ခမ်း၊ ရိုင်ယန် ဂစ်၊ ပတ်ဂျီဆန်၊ ဝိန်း ရွန်နီ စတဲ့ ကစားသမားတွေဟာ ပါရမီရှိရုံတင်မကဘဲ ကွင်းထဲမှာ အသေရုန်းကန်ပြီး အသင်းအတွက် ပေးဆပ်ကစားခဲ့ကြသူတွေပါ။
ရက်ဖို့ဒ်လို ကစားသမားတွေက တစ်ပွဲကောင်း ခြေစွမ်းပြပြီး မီဒီယာတွေမှာ နာမည်ကြီးလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြည့်စုံသွားပြီလို့ ထင်မှတ်ပြီးတော့ အလုပ်ကြိုးစားမှု လျော့ပါးသွားတတ်ပါတယ်။ ဒါက ဆိုရှယ်မီဒီယာခေတ်ရဲ့ အဆိုးဝါးဆုံး သက်ရောက်မှုပါပဲ။ ဒါပေမဲ့ ကွင်းထဲမှာ အမှန်တရားကတော့ အသင်းတစ်သင်း ဖလားရဖို့ဆိုတာက နာမည်ကြီး ကြယ်ပွင့်တွေရဲ့ အခိုက်အတန့်လေးတွေထက် ရာသီဝက်လောက်အထိ ခြေစွမ်းတည်ငြိမ်ပြီး ရုန်းကန်ပေးနိုင်တဲ့ ကွန်ညာလို ကစားသမားတွေရဲ့ ပုခုံးပေါ်မှာသာ အဓိက မှီတည်နေတာ ဖြစ်ပါတယ်။
29/05/2026
ယူနိုက်တက် အသင်းသည် အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်း မိုက်ကယ် ကားရစ် (Michael Carrick) ကို နည်းပြအဖြစ် ခန့်အပ်ပြီး ရေရှည်စီမံကိန်းအဖြစ် လူငယ်ခြေတက် ကစားသမားတွေနဲ့ အသင်းကို ပုံဖော်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စိတ်လှုပ်ရှားစရာသတင်းတွေ ထွက်ပေါ်နေပါတယ်။
ဝင်ရောက်လာနိုင်မည့် ကစားသမားသစ်များနှင့် ၎င်းတို့၏ အခန်းကဏ္ဍများ
အသင်းသစ်မှာ ပါဝင်လာနိုင်တယ်လို့ သတင်းထွက်နေတဲ့ ကစားသမား (၄) ဦးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
တိုနာလီ (Sandro Tonali): ကွင်းလယ်ပိုင်းကို ဦးနှောက်နဲ့ ကစားပြီး ထိန်းချုပ်မယ့်သူ (Playmaker) အဖြစ်။
အီဒါဆင် (Ederson): ကွင်းလယ်မှာ လျှပ်စီးလို လျင်မြန်ပြီး တက်ကြွတဲ့ အဖျက်ကစားသမားအဖြစ်။
အင်ဒီယာယီ (Iliman Ndiaye): တိုက်စစ်ပိုင်းမှာ ဂိုးပေါက်ကို တိတိကျကျ ပစ်မှတ်ထားနိုင်မယ့်သူအဖြစ်။
လူးဝစ် ဟောလ် (Lewis Hall): ဘယ်နောက်ခံလူနေရာမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ အားကိုးရမယ့် လူငယ်ကစားသမားအဖြစ်။
28/05/2026
Old Trafford ရဲ့ ဥရောပညတွေကို သွေးသစ်လောင်းပေးမယ့် Benjamin Šeško။
Manchester United အသင်း Champions League စင်မြင့်ထက်ဆီ ရဲဝံ့စွာ ပြန်လည်ခြေချနိုင်ခဲ့တဲ့အပေါ် တိုက်စစ်မှူးသစ် Benjamin Šeško ရဲ့ ရင်တွင်းစကားတွေဟာ ယနေ့ခေတ် ရလဒ်ကောင်းနောက်ပဲ လိုက်ချင်ကြတဲ့ အားကစားလောက ကမ္ဘာမှာ တကယ်ကို ရှားပါးလှတဲ့ စိတ်ဓာတ်မျိုး ဖြစ်ပါတယ်။
သူဟာ အောင်မြင်မှု အဆင်သင့်ရှိနေတဲ့ ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး သမိုင်းဝင်ဂုဏ်သိက္ခာတွေကို ပြန်လည်ရယူဖို့ ရုန်းကန်နေရတဲ့ Old Trafford ရဲ့ စိန်ခေါ်မှုကို သွေးပူပူနဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ Šeško ရဲ့ စကားတွေထဲမှာ အလေးအနက်ထားစရာ အကောင်းဆုံးအချက်ကတော့ စိန်ခေါ်မှုနဲ့ စစ်မှန်တဲ့ သံယောဇဉ်ပါပဲ။ သူဟာ အောင်မြင်မှုတွေ အာမခံချက်ရှိနေတဲ့ နေရာမျိုးမှာ သာသာယာယာ ကစားဖို့ထက် ပရိသတ်တွေရဲ့ ဆာလောင်မှု၊ အသင်းရည်မှန်းချက်ကြီးမားမှုတွေနဲ့ ဖိအားတွေကို ကိုယ်တိုင် ရင်ဆိုင်ချင်ခဲ့တာ ဖြစ်ပါတယ်။
"ပြန်လည်နိုးထဖို့ ရုန်းကန်နေရတဲ့ ကလပ်အသင်းတစ်သင်းကို ကျွန်တော် မြင်တွေ့ခဲ့ရပြီး အဲဒီခရီးမှာ ပါဝင်ကူညီချင်ခဲ့တယ်" ဆိုတဲ့ စကားဟာ United DNA အပြည့်နဲ့ ကွက်တိကျခဲ့ပါတယ်။ အသင်းတစ်သင်းကို အောက်ခြေကနေ ထိပ်ဆုံးရောက်အောင် ကိုယ်တိုင်ရုန်းကန် ပံ့ပိုးပေးခဲ့ရတဲ့ အောင်မြင်မှုဟာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ တန်ဖိုးရှိတာကို သူ ကောင်းကောင်းနားလည်ထားတာပါ။
Old Trafford ရဲ့ Champions League ညတွေဟာ သမိုင်းအစဉ်အလာအရ ဥရောပဘောလုံးလောကမှာ အရှိန်အဝါ အကြီးမားဆုံး ညတွေ ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီဂုဏ်ပုဒ်ကို ပြန်လည်သိမ်းပိုက်ဖို့ Šeško လို ရည်မှန်းချက်ကြီးပြီး ဆာလောင်နေတဲ့ သွေးသစ်လောင်းတိုက်စစ်မှူးတစ်ယောက် အသင်းမှာ ရှိနေတာဟာ United ပရိသတ်တွေအတွက် တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။ သူပြောသလိုပါပဲ အောင်မြင်မှုကို ပြန်လည်ယူဆောင်လာဖို့ ကူညီပေးတဲ့အခါ ခံစားချက်က ကွဲပြားလှပြီး ကိုယ်တိုင်လည်း ဖြစ်လာပါတယ်ဆိုတာဟာ လာမယ့်ရာသီမှာ သူ ဘယ်လောက်အထိ အစွမ်းပြကစားတော့မလဲဆိုတာ သက်သေပြနေတာ ဖြစ်ပါတယ်။
ကဲ... United ပရိသတ် ညီအစ်ကိုတို့ရေ... သမိုင်းဝင် ပြန်လည်နိုးထခြင်း ခရီးစဉ်ကြီးကို ဦးဆောင်ဖို့ စိတ်ဓာတ်ရော ခြေစွမ်းပိုင်းမှာပါ ထိပ်ဆုံးကို ရောက်နေတဲ့ Šeško အဆင်သင့် ရှိနေပါပြီ။ Champions League အလံတော်ကြီးအောက်က Old Trafford ရဲ့ ညတွေမှာ Šeško ရဲ့ သွင်းဂိုးတွေနဲ့အတူ United တို့ ဥရောပကို ဘယ်လိုတုန်လှုပ်စေဦးမလဲဆိုတာကတော့ တကယ်ကို မျှော်လင့်ချက်အပြည့်နဲ့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
27/05/2026
ယူနိုက်တက် အသင်းသည် Ederson ကို ခေါ်ယူဖို့ လက်ရှိမှာအပြင်းအထန် ကြိုးစားနေပေမယ့် ကွင်းလယ်ကစားသမား ခေါ်ယူမှုတွေကိုတော့ ရပ်တန့်ဖို့ မပြင်ဆင်ထားကြောင်း သိရဘာတယ် ။
ဘရာဇီးလ်ကွင်းလယ်လူအတွက်ခေါ်ယူမှု ပြီးစီးတော့မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကလည်းအပြောင်းအရွှေ့တစ်ခုကို အပြီးသတ်လုပ်ဆောင်
နေတယ်လို့ ယုံကြည်ရပါတယ်။
တစ်ချိန်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်ဟာ Sandro Tonali ကို ခေါ်ယူဖို့တွန်းအားပေးဖို့ အသင့်ဖြစ်နေပါပြီ။
အီတလီကြယ်ပွင့်ရဲ့ တန်ကြေးက ယူရို ၁၀၀ သန်းဖြစ်ပြီး အခုဆိုရင် ယူနိုက်တက်ရဲ့ နောက်ထပ်ခေါ်ယူသွားမဲ့ အဓိကပစ်မှတ်ကစားသမား ဖြစ်လာပါပြီ။
27/05/2026
အီလီယော့အန်ဒါဆန် က မန်ချက်စတာကလပ်နှစ်သင်းနဲ့ သတင်းထွက်နေမှုအပေါ် ပြောကြားရာမှာ..
🗣️ သတင်းထောက် -
" မန်ယူနိုက်တတ် နဲ့ မန်စီးတီး နှစ်သင်းလုံးက မင်းကို ခေါ်ယူချင်နေတယ်ဆိုတဲ့ သတင်းတွေရှိနေပါတယ်။ ဒီအပေါ် မင်းဘယ်လိုမြင်လဲ?”
🗣️ အန်ဒါဆန်...
“ကလပ်တိုင်းကို ကျွန်တော်လေးစားပါတယ်။ ဒါပေမယ့် ကစားသမားတစ်ယောက်အနေနဲ့ အသင်းအပေါ်အရမ်းချစ်ပီး အားပေးတဲ့ ပရိတ်သတ် တွေ၊ လူအုပ်ကြီးတွေရှေ့မှာ ကစားရတာကို ကျွန်တော်သဘောကျတယ်။ ဖိအားတွေ၊ ပရိသတ်အော်သံတွေ၊ ပရိတ်သတ်တေရဲ့ အားပေးမှု အရှိန်အဝါ တွေကို ကျွန်တော်ကြိုက်တယ်… တချို့ကွင်းတွေမှာ အထူးခံစားချက်တစ်ခုရှိတတ်ပါတယ်။
ဘယ်ကလပ်မှာ support မရှိဘူးလို့တော့ မပြောပါဘူး။ ဒါပေမယ့် ကိုယ်ပိုင်အမြင်အရဆိုရင် မန်ချက်စတာယူနိုက်တတ် ကို ပြောင်းရွှေ့ရမှာက ကျနော့်အတွက် အိမ်မက်ပါပဲ ”
27/05/2026
ယူနိုက်တက်အသင်းသည် လာမယ့် အပတ်တွေမှာ Mateus Fernandes ကို ခေါ်ယူဖို့ ကြိုးစားသွားမယ့် အစီအစဉ်ရှိနေပါတယ်။
အကြောင်းကတော့ Fernandes ဟာ ကွင်းနေရာအနှံ့ ဘောလုံးလက်ခံယူနိုင်စွမ်းကောင်းပြီး အသင်းရဲ့ လူငယ်ကွင်းလယ်ကြယ်ပွင့် Kobbie Mainoo နဲ့လည်း အရည်အသွေးမြင့် ပြိုင်ဆိုင်မှုတစ်ခု ဖန်တီးပေးနိုင်မယ် လို့ ယူဆထားတာကြောင့် ဖြစ်ပါတယ်။
သတင်းရင်းမြစ်တွေအရ Fernandes ဘက်ကလည်း ရွေးချယ်ခွင့်ရရင် Manchester United ကို ပထမဦးစားပေးအဖြစ် ရွေးချယ်ထားတယ် လို့ ဖော်ပြထားပါတယ်။
27/05/2026
Ederson ကို ပေါင် ၃၅သန်း + အပိုဆုကြေး ၃သန်းနဲ့ ယူနိုက်တက် အသင်း ရအောင်ခေါ်နိုင်ခဲ့တာတော့တစ်ကယ်တန်ပါတယ်။
အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်အတွေ့ကြုံလဲတော်တော်လေးရှိတယ် Underratted Player မျိုးဖြစ်ပြီး ပြိုင်ပွဲစုံအတွေ့ကြုံလဲများတာမို့ မိုက်ကယ်ကာရစ်ရဲ့ကိုင်တွယ်မှုတွေနဲ့ ကွင်းလယ်ပိုင်းကို တစ်ကယ်အကျိုးရှိမဲ့ခေါ်ယူမှုဖြစ်လာမှာပါ ..
အရံမှာထားပြီးကစားကစား ပွဲထွက်ပြီးကစားခိုင်းခိုင်း
ခြေစွမ်းပိုင်းမနိမ့်တာတော့ယုံကြည်တယ်။
ဒီစျေးနဲ့ရော အသင်းကို လိုလိုလားလား လာချင်တာကောဆို တန်တယ်ပြောရမယ် လာမယ့်ရာသီ EPL/ UCL / FA/ CARABAO ပွဲတွေများတော့ ဖလားပွဲတွေမှာ LineUp
ပေးလို့ရတယ် ထူးရှယ်ခြေစွမ်းကောင်းရင်တော့ ရွှေဖြစ်ပြီးပေါ့
တစ်ချို့တွေမကြိုက်ပေမဲ့ ကျွန်တော်ကတော့ ကြိုက်တယ် Fred 2.0 ဆိုပြီး သူများပြောလို့ ဖြူသလားမသိမဲသလားမသိ လျောက်ရွှီး နေတာ ခြေစွမ်းပိုင်းက ဆိုးဆိုးရွားရွားမဖြစ်ပါဘူး
ပရီးမီးယားလိဂ်နဲ့ အံဝင်ဖို့ဘဲလိုပါတယ် ....
တစ်ခြားလိဂ်ကပြောင်းလာတာဖြစ်လို့
သူနဲ့သတင်းထွက်တာ ၃နှစ်လောက်အထိရှိပြီ
စထွက်တုန်းက တော်တော်လေးကို High နေတာ။
ဒီစျေးနဲ့ဒီခြေစွမ်းရှိတဲ့ကစားသမားကိုရတာ အရမ်းတန်တယ်လို့မြင်မိတယ် ခြေစွမ်းမပြနိုင်လို့ ပြန်ရောင်းရင်တောင် အရှုံးမရှိနိုင်တဲ့ ခေါ်ယူမှုလို့မြင်ပါတယ်
ချန်ပီယံလိဂ်ဝင်ခွင့်ရတာကတစ်ပိုင်း INEOS ရဲ့အပြောင်းအရွေ့လူခေါ်ယူမှုတွေကလည်း ဆရာကျလာတယ်လို့
ခံစားမိတယ်