1 v 1 ပြိုင်ပွဲ ဝင်တွေ ဘာ Challenge တွေ ပြိုင်ခဲ့ကြသေးလဲ?
SWAT - E
Sports We All Trust
ရိုးရာအားကစားကို မပျောက်ကွယ်အောင် ဘယ်လို ထိန်းသိမ်းနေကြလဲ... (Part-2)
14/02/2026
Libra Sign လေးတွေ ပဲ လာပေးနော် 😁😁
ရိုးရာအားကစားကို မပျောက်ကွယ်အောင် ဘယ်လို ထိန်းသိမ်းနေကြလဲ... (Part-1)
ဆုကြေး သိန်း ၂၀ ရသွားတဲ့ 1 v 1 (Season-1) Champion
---------
SWAT-E က ကျင်းပခဲ့တဲ့ 1 v 1 Challenge Cup (Season-1) အတွက် ချန်ပီယံ အသစ်ပေါ်ထွက်လာခဲ့ပါပြီ။
ပွဲစဉ်တိုင်းက အကြိတ်အနယ်ဖြစ်ခဲ့ပြီး အလုပ်ပိတ်လို့ လာပြိုင်ခွင့်ရခဲ့တဲ့ မြောက်ဒဂုံက ပြိုင်ပွဲဝင်က ချန်ပီယံဆုနဲ့ အတူ ဆုကြေးငွေ သိန်း ၂၀ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ပါတယ်။
ဆုငွေသိန်း ၂၀ ရမယ့် 1 v 1 Challenge Cup Season-1 ချန်ပီယံ ဘယ်သူလဲ...(Part-1)
____________________________________
ဒီပိုစ့်ကို Share ထားပီး Screen shot လေးကို Comment ရေးပီး မန့်ပေးပါ တစ်ပတ်အတွင်း react အများဆုံး တစ်ယောက် ဆုငွေ ၁ သိန်း ရပါမယ်နော်
မက်ဆာကီ နဲ့ Podcast (Part-2) မှာတော့ လက်ရှိ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ ဘယ်တော့ အနားယူမလဲ၊ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေအကြောင်း နဲ့ သူကိုယ်တိုင်ဖွင့်ထားတဲ့ ဘောလုံး အကယ်ဒမီအကြောင်းတွေကို ပြောဖြစ်ခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက်နဲ့ပွဲမှာ ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ရှမ်းယူနိုက်တက်ရဲ့ ဂါနာ ကွင်းလယ်ကစားသမား မက်ဆာကီက အမေဆုံးတဲ့ စိတ်နဲ့ အမှားလုပ်ခဲ့မိတယ်လို SWAT-E Podcast မှာ ရင်ဖွင့်ခဲ့ပါတယ်။
မက်ဆာကီက ဘယ်သူ့အပေါ်မှာမှ မရိုင်းခဲ့ဘူးကြောင်းနဲ့ ဒဏ်ရာရခဲ့တဲ့ ကောင်းစည်သူကိုလည်း ချက်ချင်း တောင်းပန်ခဲ့ကြောင်း၊ အမေနဲ့တိုင်တည် ဆဲရေးခဲ့တဲ့ ကစားသမားကြောင့် စိတ်လွတ်ပြီး ပြန်ဆဲခဲ့မိတာဖြစ်ကြောင်း၊ ပရိသတ်ကို ဆဲတာ မဟုတ်ကြောင်းလည်း ဆိုခဲ့ပါတယ်။
09/01/2026
1 v 1 Challenge Cup ဆုကြေး တိုးလိုက်ပြီ
----------
SWAT-E က ကျင်းပမယ့် 1 v 1 Challenge Cup ပြိုင်ပွဲအတွက် ဆုကြေး ၁၀ သိန်း သတ်မှတ်ထားရာကနေ သိန်း ၂၀ တိုးလိုက်ပြီနော်...
ပြိုင်ပွဲဝင်တွေကို Rhino ကလည်း အားကစားဝတ်စုံတွေ ပံ့ပိုးပေးသွားမယ့်အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
ပြိုင်ပွဲကျင်းပမယ့်နေ့ - ၁၂.၁.၂၀၂၆
ပြိုင်ပွဲကျင်းပမယ့်နေရာ - အလုံမြက်ခင်းတုကွင်း
ပြိုင်ပွဲ ကျင်းပမယ့် အချိန် - မနက် ၁၀နာရီ - ညနေ ၄နာရီ
နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ 1 v 1 Challenge Cup ပြိုင်ပွဲကို မြန်မာနိုင်ငံက ဘောလုံးဝါသနာရှင်တွေလည်း ယှဉ်ပြိုင်ဖူးတဲ့ အတွေ့အကြုံရအောင်လို့ ကျွန်တော်တို့ 1 v 1 Challenge Cup ပြိုင်ပွဲလေးတစ်ခု လုပ်ဖို့ရှိပါတယ်။ ပြိုင်ပွဲပုံစံကတော့ တစ်ယောက်စီကို Attack တစ်လှည့် Defence တစ်လှည့်စီ လုပ်ပြီး ဂိုးအရေအတွက်နဲ့ အနိုင်/အရှုံး ဆုံးဖြတ်မှာပါ။
အချိန် ငါးမိနစ်အတွင်းမှာ တိုက်စစ် သုံးကြိမ်၊ ခံစစ် သုံးကြိမ် လုပ်ခွင့်ရှိပါမယ်။ သရေကျနေမယ်ဆိုရင် တစ်ကြိမ်စီ ထပ်လုပ်ပါမယ်။ အဲ့ဒါကိုမှ သရေထပ်ကျနေဦးမယ် ဆိုရင်တော့ ပင်နယ်တီ သုံးလုံးစီ ကန်ပြီး အနိုင်/အရှုံးဆုံးဖြတ်ပါမယ်။
SWAT-E 1 v 1 Challenge Cup ပြိုင်ပွဲကို ရှုံးထွက် ပုံစံလုပ်ပါမယ်။ ပြိုင်ပွဲ ၆၄ယောက်အထိ လက်ခံပေးသွားမှာပါ။ စာရင်းသွင်းဖို့အတွက်ကတော့ ဦးရာလူ စနစ်ပါ။ ၆၄ယောက် ပြည့်ရင် စာရင်းပိတ်ပါမယ်။ ၆၄ယောက်ကို ရှုံးထွက် ပုံစံနဲ့ တောက်လျှောက်ကစားပြီး နောက်ဆုံး Final အထိ သွားမှာပါ။
အသက် မကန့်သတ်ထားပါဘူး။ စာရင်းသွင်းမယ့်သူတွေအနေနဲ့ အမည်၊ အသက်၊ ဖုန်းနံပါတ်ကို အောက်ပါ ဖုန်းနံပါတ်ရဲ့ Viber မှာ ပို့ထားပေးရပါမယ်။ ပြီးရင် ရွေးချယ်ခံရတဲ့ ကစားသမား ၆၄ယောက်ကို Viber Group ဖွဲ့ပြီး ပြိုင်ပွဲ information တွေ ပေးသွားပါမယ်။ ပြိုင်ပွဲရဲ့ information တွေကို Viber Group မှာပဲ အဓိက share ပေးမှာ ဖြစ်လို့ active ဖြစ်နေဖိုတော့ လိုပါမယ်။
ပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ Viber နံပါတ် 09 761 224060 (Viber) ကို စာရင်းပေးသွင်းနိုင်ပါတယ်။ ဒီ video မြင်ပြီးတာနဲ့ စာရင်းစသွင်းလိုရပါပြီ။ ဖုန်းဆက် စုံစမ်းမယ်ဆိုရင်တော့ ရုံးချိန်အတွင်း မနက် ၉နာရီခွဲကနေ ညနေ ၅နာရီခွဲအထိ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ရုံးချိန်ကျော်သွားတဲ့ ဖုန်းနံပါတ်တွေကိုတော့ လက်ခံဖြေကြားမှာ မဟုတ်ပါဘူး ခင်ဗျာ။
ကဲ..ဒီတော့ ဆုငွေ ဆယ်သိန်းရမယ့် SWAT-E 1 v 1 Challenge Cup ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရဖို့ အခုပဲ စာရင်းပေးလိုက်ကြတော့နော်…
ပြိုင်ပွဲကျင်းပမယ့်နေ့ - ၁၂.၁.၂၀၂၆
ပြိုင်ပွဲကျင်းပမယ့်နေရာ - အလုံမြက်ခင်းတုကွင်း
ပြိုင်ပွဲ ကျင်းပမယ့် အချိန် - မနက် ၁၀နာရီ - ညနေ ၄နာရီ
Merry Christmas from SWAT-E Family 🎄🎅🎁✨
--------
အားလုံးအတွက် ပျော်ရွှင်နွေးထွေးစရာကောင်းတဲ့ ခရစ္စမတ်ကာလကို ကြိုဆိုတဲ့အနေနဲ့ SWAT-E Academy သင်တန်းသားတွေနဲ့ ပျော်စရာ ဂိမ်းတွေ ကစားခဲ့ပြီး ခရစ္စမတ်လက်ဆောင်တွေ ပေးခဲ့ပါတယ်။
SWAT-E Family ကနေ အားပေးသူအားလုံးကိုပျော်ရွှင်နွေးထွေးတဲ့ ခရစ္စမတ်အခါသမယ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
ဒီတစ်ပတ် လမ်းပေါ်မှာ VAR ရဲ့ အရှည်ကောက် အဓိပ္ပာယ်ပြောနိုင်တဲ့သူတွေကို ဆုငွေ တစ်သောင်းနဲ့ Rhino Polo Shirt လက်ဆောင်ပေးခဲ့ပါတယ်။
ကျွန်တော်တို အစီအစဉ်ကို ပံ့ပိုးပေးတဲ့ Rhino ကိုလည်း အထူးကျေးဇူး တင်ရှိပါတယ်။
คลิกที่นี่เพื่อเป็นสมาชิก?
ที่ตั้ง
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
Soi Chok Chai Ruam Mit
Bangkok
10900