YeMin.DeBeast

YeMin.DeBeast

Share

For work inquiries 📩 [email protected]

06/06/2026

From hell and back. Still standing. 🫀

Yep I was a drug addict. I’ve been to hell and back. But I survived i fought and I’m still climbing.

Every scar tells a story of strength.

I don’t say it for sympathy. I say it because someone out there needs to know you can come back from anything. 💯🔥

ဘာရယ်မဟုတ်ပါဘူ ဒီပုံလေးမြင်တော့ ကာလအပိုင်းအခြားတစ်ခုကို ပြန်သတိရသွားလို့ပါ။

တော်တော်များများက ဝပြီး ဝိတ်ချနိုင်ခဲ့တဲ့ ကိစ္စပဲသိကျတယ်။

ကျွန်တော်မသုံးဖူးတဲ့ မူးယစ်ဆေးက ခပ်ရှားရှားပဲ။

လူငယ်ဘဝ လက်တဲ့စမ်းချင်တာကနေစလိုက်တာဆေးသမားတို့ရဲ့ လမ်းဆုံးဖြစ်တဲ့ အဲ့ဘက်ကို ရောက်သွားခဲ့တာပဲ….

ကျွန်တော့်ဘဝရဲ့ ငရဲခန်း ဖြစ်တဲ့ ၂နှစ်လောက် ဘိန်းဖြူစွဲခဲ့တဲ့ ကိစ္စ မိသားစုဝင်တွေ ဆွေမျိုးနီးစပ် သူငယ်ချင်းအချို့ကလွဲပြီး မသိကြဘူး။

စသုံးထဲက အကြောထဲထိုးသွင်းခဲ့တာဆိုတော့ တော်တော်ဆိုးဆိုးပဲ။

လက်ဖျံကတက်တူးတွေကလဲ အပ်တွေအကြိမ်ကြိမ်ထိုးကနေ ဖြစ်လာတဲ့ အမာရွတ်တွေကို ဖုံးထားချင်တာကြောင့်လဲပါတယ်။

အခုပုံထဲမှာလဲ သေချာကြည့်ရင် အမာရွတ်တဟ်ချို့ကိုမြင်နိုင်ပါတယ်။

အဲ့ဒီတုန်းက ဖြစ်ခဲ့ပျက်ခဲ့တာတွေကို အားလုံးကိုစာလေးသေချာရေးပြီး sharing လုပ်ချင်ပါသေးတယ်။

05/06/2026

Just showing up as myself 🖤

30/05/2026

Threshold training day 💯🔥

29/05/2026

No fancy caption needed ♥️

28/05/2026

ဒီတစ်ခါတော့ ဝက်အူချိုဆီပြန်ဟင်းလေးအလှည့်ဖြစ်ပါတယ်။ 🤤💯

28/05/2026

ကောင်းချက်ကတော့ ထောင်းချက်ထားတဲ့အတိုင်းပဲဗျာ… 🤌🏽

Photos from YeMin.DeBeast's post 28/05/2026

မြို့ထဲလမ်းလျှောက်ရင်….

27/05/2026

တော်တော်များများက ဝိတ်ချဖို့ကြိုးစားရင် ဘာလေ့ကျင့်ခန်းတွေလုပ်ရမလဲကစပါတယ်။

ဒီညီလေး ဝိတ်ကျချင်တယ်ပြောတော့ ကျနော် ကူညီပါ့မယ်ဆိုပြီး စပြောထဲက သူ့ကိုဘာလေ့ကျင့်ခန်းတွေလုပ်ရမလဲ အခုထိ ကျနော်မပြောသေးပါဘူး။

တစ်ပတ်နီးပါးလောက် သူစားသမျှ ကျွန်တော့်ကိုပို့ခိုင်းပါတယ်။ နောက်တော့ သူ့စားသောက်နေတာတွေကို နည်းနည်းစပြောင်းခိုင်းပါတယ်။

ပြီးတော့ တစ်နေ့လုံးမှာ လှုပ်လှုပ်ရှားရှားနေဖို့နဲ့ လမ်းအနည်းငယ်လျှောက်ခိုင်းတာ ရေသောက်ခိုင်းတာစသဖြင့် lifestyle တဖြေးဖြေးပြောင်းဖို့ တိုက်တွန်းလိုက်တာပါပဲ။

လေ့ကျင့်ခန်းကတော့ သူ ကျွန်တော့် page တွေမှာတင်ထားတဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖြစ်တယ်လို့တော့ပြောပါတယ်။

အဓိကက ဝိတ်ကျချင်ရင် lifestyle ပြောင်းဖို့ကြိုးစားဖို့ပဲ တိုက်တွန်းဖြစ်ပါတယ်။ ဝိတ်ကျဖို့ လေ့ကျင့်ခန်းတစ်ခုထဲလုပ်နေတယ်ဆိုတာက ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။ တခြားအကျိုးကျေးဇူးတွေကတော့ ရရင်ရမှာပါ။

အခုလို post တင်ရတလဲ ဝိတ်ချဖို့ကြိုးစားနေတဲ့လူတွေကို awareness တစ်ခုလောက်ရသွားစေချင်ရုံ စေတနာသက်သက်ပါပဲ။

PT ရောင်းဖို့ကြိုးစားနေတယ်ထင်နေမှာလဲစိုးရသေးတယ်။

Personal trainer အလုပ်လဲ ကျနော်ရပ်ထားတာကြာပါပြီ။ ကျနော့်ကိစ္စတွေနဲ့ ရှုပ်နေတာနဲ့ Trainer တစ်ယောက်အနေနဲ့ client တွေကို commitment တစ်ခုမပေးနိုင်သေးဘူးလို့ထင်လို့ပါ။

local ကော international အသိအမှတ်ပြု certificate တွေကျနော်မှာရှိပြီးသားပါ။ ဘာလို့ ဒါတွေပြောနေရလဲဆို sharing လုပ်ပေးနေတဲ့ knowledge တွေက တစ်ကယ် legit ဖြစ်တဲ့ကိစ္စကို သိစေချင်ယုံပါပဲ။

နောက်ပြီး သိချင်တာရှိရင် စာပို့တာ comment မှာမေးထားတာမျိုးလုပ်လို့ရပါတယ်။ စာပြန်တာနောက်ကျခဲ့ရင်တောင် အမြဲ reply လုပ်ပါတယ်။ Hi, hello နဲ့ acc ပေးလို့ရလားတို့ စုပ်ချင်တာတို့တော့ reply မလုပ်ပါဘူး။

27/05/2026

FOE ရဲ့တာဝန်ရှိတဲ့လူတွေမြင်ပါစေ 😝

27/05/2026

လိုက်ကလိကြည့်ကျနော် 😆

Want your business to be the top-listed Gym/sports Facility in Melbourne?

Click here to claim your Sponsored Listing.

Location

Website

Address


Melbourne, VIC