Fantasy by Zicu

Call Directions

Fantasy by Zicu For Work (Telegram)

Joao Pedro replacement အကြောင်း တစေ့တစောင်းJoao Pedro နဲ့ ပတ်သက်ပြီး Alonso က “a few weeks” နားရမယ်ပြောတော့ နှစ်ပတ်အနည်း...
29/10/2026

Joao Pedro replacement အကြောင်း တစေ့တစောင်း

Joao Pedro နဲ့ ပတ်သက်ပြီး Alonso က “a few weeks” နားရမယ်ပြောတော့ နှစ်ပတ်အနည်းဆုံးနားရမယ်လို့ ထင်တယ်။ အဲ့အတွက် replacement တွေအကြောင်း စဉ်းစားဖို့ လိုလာတယ်။

▪️Making no replacement (ဘယ်သူ့မှ မခေါ်ခြင်း)
Pedro လို ကစားသမားမျိုးက အချိန်တန်ပြန်ခေါ်မှာပဲမို့ ဒီတိုင်းပစ်ထားချင် ထားလို့ရပါတယ်။ စျေးအကျခံနိုင်တဲ့ဆရာတွေအတွက်ပါ။ ရှင်းရှင်းပြောရရင် Pedro က replacement ကောင်းကောင်း သိပ်မရှိတာမို့ အရံသေချာရှိရင် အောက်ပို့ပြီး ခဏသိမ်းထားလို့ရပါတယ်။

▪️Isak (9.1 m)
Pedro ကို မဖြစ်မနေလဲချင်ရင်တော့ Isak က ခြွင်းချက်မရှိ top 1 ပါ။ သို့ပေမဲ့ budget လောက်မှ (သို့) Ft 2 ခု သုံးမှ ရမှာမျိုးပါ။ Isak က Liverpool အတွက် PL နောက်ဆုံးသုံးပွဲဆက် ဂိုးသွင်းထားပြီး တောင်ပံတွေရဲ့ end product က သူ့ဆီမှာ လာဆုံးတာကို သဘောကျပါတယ်။ အားနည်းချက်ကတော့ Liverpool က UCL ကစားရလို့ fatigue ဖြစ်နိုင်တာပါပဲ။ ကျန်တာကတော့ သဘောကျချင်စရာကောင်းပါတယ်။ xG per 90 = 0.67, shot per 90 = 3.2, xGA per 90 = 0.69 ဆိုတော့ ရင်ခုန်ချင်စရာ stat တွေပါ။

▪️Jackson (6.8 m)
Jackson က UCL ပါ ကစားရပေမဲ့ PL အတွက် သူ့နေရာမှာ ဝင်နိုင်စရာ ဖိအားပေးမဲ့သူက Madjo လောက်ပဲ ရှိတယ်လို့ မြင်တယ်။ Jackson ရဲ့ xG per 90 က 0.3, xGA per 90 က 0.46 ပဲ ရှိလို့ အားရစရာတော့ သိပ်မကောင်းပါဘူး။ ဒါပေမဲ့ Confidence မြင့်နေတာမို့ ကြွေတက်ပြီး return ဆက်ရတာနိုင်မျိုးတွေ ဖြစ်နိုင်ပါတယ်။

▪️DCL (6.1 m)
DCL ဟာလည်း ဥရောပပွဲမကစားရတာမို့ Jackson, Evanilson, Isak တို့နဲ့ ယှဉ်ရင် FPL မှာ line-up မပါလာမှာမျိုး စိတ်ပူစရာမလိုတဲ့ option ပါ။ Leeds fixtures run က လှပါတယ်။ GW11 Chelsea (A), GW13 City (A), GW15 Liverpool (A) က လွဲရင် ရာသီဝက်ထိ ထည့်ထားလို့ကောင်းနေတယ်။ Pedro ပြန်မခေါ်မှာ ကြာမှာမျိုးနဲ့ Haaland, Pedro, DCL လည်း အချိန်တန် ပြန်ရံထားလို့ရပြီး Bruno, Gabriel တို့လို စျေးကြီးတွေ မဝယ်ထားရင် Haaland, DCL, Isak လည်း ထားလို့ရတာကြောင့် DCL ဟာ FPL long-term အတွက် jigsaw ဖြစ်လာပါမယ်။

▪️Barry (5.6 m)
Everton fixtures run က မဆိုးပါ။ Castle (A), Coventry (H), Brentford (A), Liverpool (H), Villa (A), Fulham (H) စသဖြင့် ရှိတဲ့အပြင် ဥရောပပွဲလည်း မကစားရတာမို့ ကောင်းကွက်တွေ ရှိနေပါတယ်။ သူက big chance တွေလည်း မတရားရတာမို့ ရင်ခုန်လို့ရပါတယ်။

▪️ဟယ် ဒါဆို Evanilson, Solanke / Marmoush, McBurnie တို့ကရော❓

Kroupi ကို UEL အတွက် registered မလုပ်ထားဘူးလို့ သိရတယ်။ Kroupi က သက်သာနေပြီး United နဲ့ပွဲမှာ ဝင်ကစားသွားတယ်။ ဒါ့ကြောင့် PL မှာ play-time စရလာနိုင်ပြီး 10 role က Kluivert နေရာဝင်ကစားနိုင်သလို Evanilson နဲ့ rotate လုပ်နိုင်တာကြောင့် မသေချာမရေရာတာတွေ ဖြစ်လာနိုင်တယ်။

Solanke / Marmoush တို့ကကျ RDZ က rotate အရမ်းလုပ်တယ်။ 4-2-3-1 ကိုမှ Tel LW (or) Marmoush LW လုပ်သလို၊ ညာခြမ်းကကျ Kudus ကတော့ fixed ဖြစ်နေတယ်။ Maddison နားရမယ်ဆိုရင် 10 role မှာ Gallagher, Fernandes တို့ကို သုံးနိုင်တာကြောင့် Marmoush Striker ထားဆော့ရင် Solanke က ဘုံပျောက်ပါတယ်။ Tel ကလည်း ဂိုးသွင်းထားတာကြောင့် အလွယ်လေးတော့ မ bench လောက်ဘူး။ ဒါ့ကြောင့် Solanke / Marmoush က တစ်ယောက်တော့ အရံရောက်နိုင်တယ်။

McBurnie (5.5 m) က မဆိုးဘူး။ Haaland, Isak, Pedro ရှိရင် သူနဲ့ လဲလို့ရပေမဲ့ သူက အဝါလေးကဒ် ထိပြီးပြီမို့ အကယ်၍ တစ်ကဒ်ထိတာနဲ့ သူ့အိမ်ကွင်းပွဲသာ လွဲသွားရင် နှမြောစရာဖြစ်မှာမို့ပါ။ ဒီလောက်ပါပဲဆရာတို့။

Arsenal က Liverpoolအပေါ် -35, 3(85) ပေးထားတယ်။ ပထမဆုံး သတိထားမိတာကတော့ အသင်းကြီးနှစ်သင်းတွေ့တာကို ဂိုးပေါင်းစျေးက ပျော့န...
28/10/2026

Arsenal က Liverpoolအပေါ် -35, 3(85) ပေးထားတယ်။ ပထမဆုံး သတိထားမိတာကတော့ အသင်းကြီးနှစ်သင်းတွေ့တာကို ဂိုးပေါင်းစျေးက ပျော့နေတယ်။ အရင်ရာသီ Anfield မှာ တွေ့တုန်းက 3(50), Emirates မှာ တွေ့တုန်းကလည်း အဲ့စျေးနားပဲ။

ဘော်ဒီစျေးကို သုံးသပ်ရရင် Arsenal နဲ့ City နောက်ဆုံးတွေ့ခဲ့တဲ့ မှတ်တမ်းတွေအရ City ဟာ Arsenal ထက် -30 လောက်ပဲ သာပါတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းပွဲတွေမှာ ကြေးပေးမှုတွေကို ပြန်ပြီး လေ့လာလိုက်တော့ Villa အပေါ် Arsenal က 1(-30), City က 1D ဝန်းကျင်၊ Sunderland အပေါ် City က ပြား 210, Arsenal က ပြား 250 သာနေတဲ့အပြင် Brighton အပေါ် ပေးစျေးတွေအရလည်း Arsenal က ပြန်သာနေတာ တွေ့ရပါတယ်။ City ထက် Arsenal သာသာ၊ Arsenal ထက် City သာသာ ဒီရာသီကြေးတန်းတွေအရဆိုရင်တော့ ဒီပွဲမှာ Arsenal ပေးစျေး ပျော့နေတယ်လို့ပဲ ပြောရမယ်။ City က Arsenal ထက် ပြား 30 သာတယ်လို့ဆိုရင် Liverpool အပေါ် City ကန်ခါနီး ပေးခဲ့တဲ့ သရေရှုံးစျေးအရ ပြား 30 လျှော့ပြီး -70 လောက်ပေးရမှာပါ၊ Arsenal က City ထက် ကြေးတန်းမြင့်တယ် သတ်မှတ်ရင်လည်း City ပေးခဲ့တဲ့ သရေရှုံးထက် ပိုပေးရမယ်။ အဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် Arsenal ကြေးက မရောက်နေဘူးဖြစ်နေတယ်။

Arsenal လို Liverpool ထက် အစုအဖွဲ့ပိုကောင်း၊ PL champion ၊ UCL runner-up ဖြစ်ထားတာတွေနဲ့ ယှဉ်ရင် ဒီပွဲအတွက် သူတို့ ပေးစျေးဟာ ပျော့နေတယ်။ Liverpool ကလည်း တစ်ဖက်မှာ ခြေက ပြန်တက်လာတော့ ယှဉ်ကစားသွားနိုင်မလား၊ မထင်မှတ်ထားတာတွေ လုပ်ပြသွားမလားလို့လည်း ခံစားရတယ်။

ဒီပွဲအပေါ် ချစ်ခြင်း၊ မုန်းခြင်းမပါဘဲ သုံးသပ်ထားတာပါ။ Arsenal အတွက် လွယ်ကူတဲ့ပွဲတစ်ပွဲဖြစ်လာမှာမဟုတ်ဘူး၊ challenges တွေနဲ့ စောင့်နေမဲ့ပွဲလို့ မြင်မိတယ်။

Tip ပေးတဲ့ပို့စ် မဟုတ်ပါဘူး။ ကြေးတန်းအရ သုံးသပ်ထားခြင်းဖြစ်ပါတယ်ခင်ဗျ။

England ကစားသမားတစ်ယောက် Ballon d’Or နောက်ဆုံးရခဲ့တဲ့အချိန်က လွန်ခဲ့တဲ့ 25 နှစ်ပါ။ 25 နှစ်အကြာမှာ Kane က အဲ့ဒီ nostalgic...
27/10/2026

England ကစားသမားတစ်ယောက် Ballon d’Or နောက်ဆုံးရခဲ့တဲ့အချိန်က လွန်ခဲ့တဲ့ 25 နှစ်ပါ။ 25 နှစ်အကြာမှာ Kane က အဲ့ဒီ nostalgic ဖြစ်ပြီး ဖုန်တက်နေတဲ့ မှတ်တမ်းတွေကို မှတ်တမ်းသစ်ရေးပြီး ဖုန်ခါပေးလိုက်တယ်။

အားလုံးသိတဲ့အတိုင်း Kane က Bayern ရောက်တော့ သူ့ကစားသမားဘဝက တစ်ဆင့်မြင့်သွားသလို အသင်းအတွက် သူတာဝန်ယူပေးရတဲ့အလုပ်တွေ၊ ကစားရတဲ့ play-style တွေနဲ့ သူ့ရဲ့ contribution တွေက များပြားလာတယ်။ အရင်လို ဂိုးသွင်းဖို့တာဝန်မဟုတ်ဘဲနဲ့ ကွင်းလယ်ကို ပြန်ဆင်းပြီး အသင်းဖော်တွေနဲ့ hold-up, link-up play တွေ၊ တခြားအသင်းဖော် နေရာလွတ်ရအောင် off the ball, on the ball run တွေနဲ့ ဖန်တီးပေးတာတွေလည်း လုပ်ပေးရတယ်။ အဲ့ဒါအပြင် မကသေးဘူး။ Kane က England သားပီပီ သူ့ pass တွေက အနေအထားတစ်ခုမှာရှိတယ်။ သာမန်တိုက်စစ်ကစားသမားတစ်ယောက် မလုပ်နိုင်တဲ့ ပေးပို့မှုတွေနဲ့ ကမ္ဘာ့အဆင့်ခံစစ်ကစားသမားတစ်ယောက်တောင် တွက်ဆဖို့ခက်တဲ့ progressive pass တွေ through ball တွေကို သူပေးနိုင်တာမျိုး တွေ့ရတယ်။

ကျွန်တော်က Kane ကို Ballon d’Or ရစေချင်တာကြာပါပြီ။ အပေါ်မှာပြောသလို သူ့အလုပ်တွေ များပါတယ်။ ဂိုးရှေ့မှာလည်း သူရှိနေတယ်၊ zone 10-15 အပြင် တစ်ခါတလေ zone 5, 8 တွေမှာလည်း သူ့ကို တွေ့ရတယ်။ Long pass တိတိကျကျတွေဆိုလည်း သူပေးလိုက်တာပဲ။ သူ့လို profile မျိုးက ရှားပါတယ်။ အဲ့အလုပ်တွေကို လုပ်နိုင်တဲ့ တိုက်စစ်မှူးတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ လုပ်ရတဲ့အလုပ်တိုင်းကို တိတိကျကျနဲ့ outcome ကောင်းအောင် လုပ်ပြနိုင်ဖို့ကတော့ မလွယ်ဘူး။ ဒါကို သူက ကြည့်တဲ့သူ သက်တောင့်သက်သာကြည့်ရအောင် အလွယ်လေးထင်ရအောင် လုပ်ပြနိုင်ခဲ့တယ်။ Kane က အရင်တုန်းကနဲ့ လက်ရှိမှာတော့ တစ်ဖက်ဂိုးနဲ့ အနီးကပ်ဆုံးနေရာက သော့တစ်ချောင်းပါပဲ။ ဒါကြောင့် သူက တခြားတိုက်စစ်မှူးတွေနဲ့ ယှဉ်ရင် unique ဖြစ်တယ်၊ ထင်းခနဲထွက်နေတာမျိုး ခံစားရတယ်။

အဲ့ဒါတင် မကသေးဘူး။ သူက England အသင်းကို ဦးဆောင်သူ၊ အသက် 33 နှစ်နဲ့ တာဝန်တွေအများကြီး လုပ်နိုင်သေးသူ၊ ရွယ်တူ၊ တက်သစ်စ၊ နာမည်ကြီးတွေနဲ့ လယ်ဗယ်ယှဉ်ပြီး ဂိုးအရေအတွက်တွေ ထိုင်ရေတွက်နိုင်သူ၊ play-making ability နဲ့ ပြည့်စုံတဲ့ တိုက်စစ်မှူး၊ နည်းပြတိုင်းနီးပါး လိုချင်တဲ့ profile မျိုး ဖြစ်နေတယ်။

ဒီအဆင့်ရောက်လာဖို့ သူဟာ အရင်တည်းက ကောင်းနေခဲ့ကြောင်း သက်သေပြခဲ့ပြီးသားဖြစ်တာမို့ ထိုက်တန်တယ်။ ဂိုးတွေ သွင်းပေးရုံသာမက အသင်းအတွက် ဘယ်နေရာကကြည့်ကြည့် အားကိုးလို့ရပြီး ရှားပါးတဲ့ ကစားဟန်၊ တာဝန်ကျေမှုတွေ ပိုင်ဆိုင်ထားတာကြောင့် Kane ဟာ 2026 ရဲ့ Ballon d’Or ဆုရှင်ဖြစ်လာတယ်။ Kane လို့ ကြားလိုက်တာနဲ့ consistency, creativity, completeness စတာတွေပဲ မြင်လာတဲ့အထိ သူက ပရိသတ်ရင်ထဲရောက်ပါတယ်။ Congratulations ပါ, Kane 🏴󠁧󠁢󠁥󠁮󠁧󠁿🏆

သီတင်းကျွတ်အခါသမယလေးမှာ ကိုယ့်ဆရာတွေ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၊ စီးပွါးရေးတွေလည်း အဆင်ပြေကြပါစေလို့ ဆုတောင်းမေတ္တာပ...
26/10/2026

သီတင်းကျွတ်အခါသမယလေးမှာ ကိုယ့်ဆရာတွေ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၊ စီးပွါးရေးတွေလည်း အဆင်ပြေကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

Liverpool က ဆော့ရခက်ပါတယ်ဆိုတဲ့ Brighton, Brentford, Bournemouth အသင်းတွေကို အနိုင်ကန်ထားတယ်။ City ကို ရှုံးတာက ထားပါ။ C...
26/10/2026

Liverpool က ဆော့ရခက်ပါတယ်ဆိုတဲ့ Brighton, Brentford, Bournemouth အသင်းတွေကို
အနိုင်ကန်ထားတယ်။ City ကို ရှုံးတာက ထားပါ။ Castle, Forest, Fulham ပွဲတွေအမှတ်လျော့ပြီး အပေါ်ကသုံးသင်းဆီက ၉ မှတ်ပြန်ယူတာနဲ့တင် respect ပေးလို့ရနေပြီ။

United အားပေးတယ်Truffert ကို အသင်းထဲထည့်ထားတယ်နောက်ဆို United နဲ့ ကန်တဲ့ကစားသမားတိုင်း ထည့်ရမလိုဖြစ်နေပြီလားလို့ စဉ်းစား...
25/10/2026

United အားပေးတယ်
Truffert ကို အသင်းထဲထည့်ထားတယ်
နောက်ဆို United နဲ့ ကန်တဲ့ကစားသမားတိုင်း ထည့်ရမလိုဖြစ်နေပြီလားလို့ စဉ်းစားမိတဲ့အထိ ကိုယ်တွေအသင်း စုတ်ပြတ်နေခဲ့ပြီ…..

No joke

Gross own goalPalmer အနီကဒ်Calafiori 1 မှတ်Pedro squad ထဲမပါပျော်ရွှင်စရာကောင်းတဲ့ GW8
25/10/2026

Gross own goal
Palmer အနီကဒ်
Calafiori 1 မှတ်
Pedro squad ထဲမပါ

ပျော်ရွှင်စရာကောင်းတဲ့ GW8

Bruno benched
25/10/2026

Bruno benched

သူ့အနီကဒ်က Carabao မှာ ကျေမှာဆိုတော့ GW9 ပါဦးမှာတဲ့။ ငိုးမ စိတ်ဒုက္ခပေးလို့ မဝသေးဘူးထင်တယ်။
24/10/2026

သူ့အနီကဒ်က Carabao မှာ ကျေမှာဆိုတော့ GW9 ပါဦးမှာတဲ့။ ငိုးမ စိတ်ဒုက္ခပေးလို့ မဝသေးဘူးထင်တယ်။

Palmer captain တွေ ပျော်လို့ရပြီ။ -2 ဆိုတဲ့အဓိပ္ပာယ်က အရံကနေ ကိုယ်ကြိုက်တဲ့နှစ်ယောက်နဲ့ လဲလို့ရတယ်လို့ပြောတာပါ။
24/10/2026

Palmer captain တွေ ပျော်လို့ရပြီ။ -2 ဆိုတဲ့အဓိပ္ပာယ်က အရံကနေ ကိုယ်ကြိုက်တဲ့နှစ်ယောက်နဲ့ လဲလို့ရတယ်လို့ပြောတာပါ။

Address

135 Old Church Road
Romford

Telephone

+959782402474

Website

Alerts

Be the first to know and let us send you an email when Fantasy by Zicu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category

Nearby gyms & sports facilities