Ibet789 Agent Myanmar

Ibet789 Agent Myanmar

Share

အိုင် ဘတ် 789 (10000ks) မှ စတင် အကောင့်ဖွင့်နိုင်ပါတယ်။မန်ဘာသစ်များ 10% ဘောနပ်

29/05/2026

ပြီးခဲ့တဲ့ ရာသီ ယူရိုပါလိဂ်ဖိုင်နယ်မှာ စပါးအတွက် ယူနိုက်တက်ဘက်ကို အနိုင်ဂိုးသွင်းခဲ့တဲ့ ဘရန်နန်ဂျွန်ဆင်ကို ပရိသတ်တွေ မှတ်မိဦးမှာပါ။ စပါးကလည်း အဲ့ဒီတစ်ဂိုးနဲ့ပဲ ယူရိုပါလိဂ်ချန်ပီယံဖြစ်သွားပါတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာတော့ ဘရန်နန်က စပါးကနေ ပဲလေ့စ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပဲလေ့စ်ကို ရောက်ချိန်မှာလည်း သူ့ရဲ့ ဥရောပဖလား ဇာတာက မရပ်တန့်သွားပါဘူး။

ပဲလေ့စ်နဲ့အတူ ယူရိုပါကွန်းဖရင့်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြန်ပြီး နှစ်ရာသီဆက်တိုက် ဥရောပချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

29/05/2026

နေမာကတော့ ဘရာဇီးလက်ရွေးစင်အသင်းကို ပါသွားပေမယ့် ဆေးရုံတက်ရပြန်ပါပြီ။ သူက အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာထပ်ရခဲ့တာဖြစ်ပြီး (၃) ပတ်အထိ အနားယူရတော့မှာဖြစ်ပါတယ်။

ဒါကို ဘရာဇီးဆေးအဖွဲ့ကလည်း အတည်ပြုပေးခဲ့ပါတယ်။ နေမာရဲ့ ညာဘက် ခြေသလုံး ကြွက်သားမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကြောင့် ဘရာဇီးရဲ့ ကမ္ဘာ့ဖလား ပထမဆုံးပွဲဖြစ်တဲ့ မော်ရိုကိုနဲ့ပွဲကို လွဲချော်တော့မှာပါ။

တကယ်ဆိုရင် နေမာရဲ့ အနေအထားက လက်ရွေးစင် လူစာရင်းမှာကို မပါလာသင့်တာပါ။ ဒါကို အန်ဆယ်လော့တီက မျက်စိစုံမှိတ် ရွေးချယ်လာခဲ့ပြီး အခုတော့ အကျိုးကျေးဇူးတွေကို ခံစားနေရပါပြီ။

29/05/2026

“အာဆင်နယ်တို့ ပီအက်စ်ဂျီနဲ့ပွဲမှာ ဖွင့်ကစားဖို့ မျှော်လင့်ပါတယ်။ ပိတ်ကစားလိုက်ရင်တော့ ပီအက်စ်ဂျီက မနှစ်ကဖိုင်နယ်မှာ အင်တာမီလန်ကို ငါးဂိုးသွင်းသလို သွင်းသွားပါလိမ့်မယ်”

“ပီအက်စ်ဂျီဘက်က လူစုံတက်စုံ ကစားနိုင်မယ်ဆိုရင် အာဆင်နယ်ကို ရစရာမရှိအောင် လုပ်မှာပါ။ အာဆင်နယ်အနေနဲ့ ပိုကောင်းတဲ့ ကစားဟန်ကို မပြသနိုင်ရင် ဘာအခွင့်အရေးမှ မရှိပါဘူး”

“ပိတ်ကစားလို့လည်း မရပါဘူး။ ကျနော်ကတော့ ပီအက်စ်ဂျီကို ကြိုက်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားမှာ ပီအက်စ်ဂျီတို့ ချဲလ်ဆီးကို ရှုံးခဲ့ပြီး ပွဲချိန်အတွင်းမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်”

-အီဗရာ

29/05/2026

ပဲလေ့စ်နဲ့ ယူရိုပါကွန်းဖရင့်လိဂ်ဖိုင်နယ်မှာ ဗယ်လက်ကာနို ဂိုးသမား ဘာတယ်လာက လေးစားစရာကောင်းတဲ့ လုပ်ရပ်ကို လုပ်သွားခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာ ပွဲကြည့်စင်ပေါ်က ပရိသတ်တစ်ယောက် အရေးပေါ် ပြုစုစောင့်ရှောက်မှု လိုအပ်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ဘာတယ်လာက ကွင်းထဲမှာ ထိုင်ချလိုက်ပြီး ပွဲကို ရပ်တန့်လို့ရအောင် လုပ်ပေးခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်ကြောင့်ပဲ ဒိုင်လူကြီးက ပွဲကို ရပ်တန့်လိုက်ပြီး ပရိသတ်အနေနဲ့လည်း ဆေးကုသမှု ခံယူနိုင်ခဲ့ပါတယ်။

ဘာတယ်လာရဲ့ လုပ်ရပ်ကတော့ တကယ်ကို လေးစားစရာကောင်းခဲ့ပြီး ဒီပွဲမှာ ဗယ်လက်ကာနိုတို့ ရှုံးနိမ့်ခဲ့သည့်တိုင် သူ့ရဲ့ လုပ်ရပ်ကတော့ အမှတ်ရစရာဖြစ်နေတော့မှာ သေချာပါတယ်။

28/05/2026

ရပ်ရှ်ဖို့ဒ်အတွက် ယူရိုသန်း (၃၀) ကို တစ်ပြားကနေ နှစ်ပြားခွာနေတဲ့ ကုန်းဆင်းကြီး ဘာစီလိုနာကတော့ သူတို့ တကယ်လိုချင်တဲ့သူကိုလည်း တွေ့ရော သန်း (၇၀) ပစ်ပေးလိုက်တော့တာပါပဲ။

ဘာစီလိုနာက နယူးကာဆယ် တောင်ပံကစားသမား ဂေါ်ဒွန်ကို စိတ်ဝင်စားခဲ့တာဖြစ်ပြီး မြန်မြန်ဆန်ဆန်ပဲ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ လုပ်ခဲ့ပါတယ်။ အခုဆိုရင် ကစားသမားနဲ့ရော၊ အသင်းနဲ့ပါ သဘောတူညီမှု ရသွားခဲ့ပါပြီ။

ဂေါ်ဒွန်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်၊ လီဗာပူးတို့ကလည်း စိတ်ဝင်စားခဲ့ပေမယ့် ဘာစီလိုနာကပဲ ဂေါ်ဒွန်ကို ခေါ်ယူဖို့အတွက် သေချာသလောက် ရှိသွားခဲ့ပြီဖြစ်ပါတယ်။

28/05/2026

“အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူရွေးချယ်ပုံကို ကြည့်ပြီး သူတို့ ဘယ်လို ကစားမယ်ဆိုတာကို ခင်ဗျားတို့ ပြောနိုင်ပါတယ်။ သူတို့က ထောင့်ကန်ဘောတွေ၊ လက်ပစ်ဘောတွေအပေါ် မှီခိုလာမှာပါ”

“အခုလိုမျိုး ပူအိုက်တဲ့ ရာသီဥတုမျိုးမှာဆိုရင် ဒါက ခင်ဗျားရဲ့ စွမ်းအင်ကို အနည်းဆုံး ကုန်ဆုံးစေမယ့် ကစားပုံလေ။ အာဆင်နယ်လည်း ဒီပုံစံနဲ့ပဲ ချန်ပီယံဖြစ်ခဲ့တာလေ”

“ထောင့်ကန်ဘောတွေသာ မရှိခဲ့ရင် အာဆင်နယ်က ချန်ပီယံဖြစ်မှာ မဟုတ်ပါဘူး”

-ရော်နယ်ကိုးမန်း (နယ်သာလန်နည်းပြ)

28/05/2026

ဒီရာသီ ဥရောပဖိုင်နယ် (၃) ပွဲမှာ အင်္ဂလန် (၃) သင်းစလုံး ဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်မှာ ဗီလာဗိုလ်စွဲနိုင်ခဲ့သလို ယူရိုပါကွန်ဖရင့်လိဂ်မှာလည်း ပဲလေ့စ်က ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

နောက်ထပ်ကျန်တဲ့ တစ်သင်းကတော့ အာဆင်နယ်ပါ။ အာဆင်နယ်က ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်နေပြီး လက်ရှိချန်ပီယံ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာပါ။

ဒီရာသီမှာ ထူးထူးဆန်းဆန်းပဲ အင်္ဂလန် ကလပ်တွေ အားလုံး ဥရောပဖိုင်နယ်တွေမှာ ဗိုလ်စွဲမလား၊ အာဆင်နယ်ကပဲ ဗွေဖောက်မလားဆိုတာကိုတော့ လာမယ့် စနေနေ့မှာ မြင်တွေ့ရတော့မှာပါ။

28/05/2026

ပဲလေ့စ်နည်းပြ ဂလက်စ်နာကတော့ အသင်းကို တစ်နှစ်အတွင်း ဖလား (၃) လုံး ယူပေးလိုက်ပါတယ်။ သူ့လက်ထက်မှာ အသင်းက အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းနဲ့ ယူရိုပါကွန်ဖရင့်လိဂ်ဖလားအထိ ရသွားခဲ့တာပါ။

ဂလက်စ်နာလက်ထက် ပဲလေ့စ်က တော်တော်လေး တည်ငြိမ်ခဲ့ပြီး မနေ့ကလည်း ဥရောပဖိုင်နယ်မှာ ဗယ်လက်ကာနိုကို မာတေတာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီလိုမျိုး ချန်ပီယံဖြစ်ခဲ့တာကြောင့် ပဲလေ့စ်အတွက်တော့ နှစ်ပေါင်း (၁၂၁) နှစ်အတွင်း ပထမဆုံး ဥရောပချန်ပီယံဆုဖြစ်ခဲ့ပါတယ်။

ဂလက်စ်နာကတော့ ပဲလေ့စ်နည်းပြဘဝ နောက်ဆုံးပွဲကို အကောင်းဆုံး နှုတ်ဆက်နိုင်ခဲ့ပြီး ပဲလေ့စ်အတွက်တော့ ဂန္တဝင်နည်းပြတစ်ယောက်လို့ သတ်မှတ်ရမယ့် နည်းပြမျိုးလည်း ဖြစ်ပါတယ်။

27/05/2026

မာဆယ်လိုရဲ့သား အန်ဇိုကတော့ အရွယ်ကောင်းကောင်း ရောက်လာခဲ့ပါပြီ။ သူ့အဖေက ဘရာဇီးသားဆိုပေမယ့် သူက လက်ရှိမှာတော့ စပိန်ကို ရွေးချယ်ထားပါတယ်။

စပိန်ရဲ့ သက်တမ်းလိုက် လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားနေပါတယ်။ လက်ရှိမှာလည်း ယူရိုပြိုင်ပွဲဝင်နေတဲ့ စပိန် ယူ-၁၇ အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ဒီကောင်လေးက ဦးဆောင်နေပါတယ်။

တစ်ချိန်တုန်းက အဖေဖြစ်သူ ချန်ပီယံလိဂ်ဖလားကြီးနဲ့ အောင်ပွဲခံနေချိန်မှာ လူမမယ် ကောင်လေးတစ်ယောက်အဖြစ် လိုက်ပါခဲ့ဖူးတဲ့ အန်ဇိုက အခုတော့ အရွယ်ရောက်ပြီး အသင်းခေါင်းဆောင်တွေတောင် ဖြစ်နေပါပြီ။

27/05/2026

လီဗာပူးကတော့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး လက်ရှိချန်ပီယံစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ ရှေ့တစ်နှစ်က လီဗာပူးတို့ ပရီးမီးယားလိဂ်ဖလားကို သာသာယာယာ ဆွတ်ခူးခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် အသည်းအသန် ရုန်းကန်ခဲ့ရပြီး ရမှတ်ကလည်း (၆၀) သာရခဲ့ပါတယ်။ ဒီရမှတ်ကြောင့်လည်း ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တတိယမြောက် အဆိုးရွားဆုံး လက်ရှိချန်ပီယံဖြစ်သွားခဲ့ပါတယ်။

လီဗာပူးရှေ့မှာ လက်စတာက ချန်ပီယံဖြစ်ပြီး နောက်ရာသီမှာ ရမှတ် (၄၄) မှတ်၊ ချဲလ်ဆီးက ချန်ပီယံဖြစ်ပြီး နောက်ရာသီမှာ ရမှတ် (၅၀) ရခဲ့ဖူးပြီး လီဗာပူးက သူတို့ရဲ့ နောက် ရမှတ် (၆၀) နဲ့ စာရင်းဝင်သွားခဲ့တာပါ။

27/05/2026

မက်ဆီတစ်ယောက် လက်ရှိမှာ ဒဏ်ရာ ပြဿနာ အနည်းငယ်ရှိနေပါတယ်။ သူက တနင်္ဂနွေနေ့က ဖီလာဒဲဖီးယားနဲ့ပွဲမှာ ပွဲပြီးတဲ့အထိ ဆက်မကစားနိုင်ဘဲ လူစားလဲဖို့ တောင်းဆိုလိုက်ရပါတယ်။

သူ့ရဲ့ ခြေထောက်ကြွက်သားမှာ နာကျင်မှု ခံစားခဲ့ရတာကြောင့်ပါ။ ဆေးစစ်မှုတွေ ခံယူပြီးတဲ့နောက်မှာ မက်ဆီတစ်ယောက် ဘယ်ဘက်တံကောက်ကြောက ကြွက်သားနာကျင်မှုလို့ အဖြေထွက်လာခဲ့ပါတယ်။

ဒဏ်ရာကတော့ အရမ်းပြင်းထန်တဲ့ပုံမပေါ်ဘဲ ရက်အနည်းငယ် နားလိုက်ရင် အဆင်ပြေမှာပါ။ ကမ္ဘာ့ဖလားနီးလာချိန်မှာ မက်ဆီရဲ့ ပရိသတ်တွေအတွက် စိတ်ပူစရာဖြစ်သွားခဲ့ပါတယ်။

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Aungmyaythazan
Mandalay
05015