PUMA Fitness Center

PUMA Fitness Center

Share

Functional Fitness Studio 🏋‍♀️

17/06/2026

Gym နားလိုက်ရင် ၂ ဆ ပြန်ဝလာတတ်တာ Gym ရဲ့ အပြစ်လား? 🤷‍♂️🏋️‍♂️
​
​"Gym ဆော့တာ ခဏနားလိုက်တာ၊ ဒါမှမဟုတ် ဖြတ်လိုက်တာနဲ့ အရင်ကထက် ပိုပြီး ဗိုက်ခေါက်ထွက်လာတယ်၊ ကိုယ်အလေးချိန် ၂ ဆလောက် ပြန်တက်လာတယ်" ဆိုပြီး ညည်းတွားသံတွေကို ခဏခဏ ကြားဖူးကြမှာပါ။ တချို့ဆို "Gym ဆော့ရင် စွဲတတ်တယ်၊ နားရင် ပိုဝတတ်လို့ မဆော့ရဲဘူး" လို့တောင် ထင်နေကြပါတယ်။
​တကယ်တော့ ဒါဟာ Gym ကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နေထိုင်စားသောက်မှုပုံစံ အပြောင်းအလဲကြောင့် ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ သိပ္ပံနည်းကျ အဓိကအချက် (၃) ချက်နဲ့ ရှင်းပြပေးချင်ပါတယ်။

✅ ဝင်ငွေမရှိတော့ဘဲ အသုံးစရိတ် ပုံမှန်အတိုင်း သုံးနေလို့
​Gym ဆော့နေတုန်းက တစ်နေ့ကို ကယ်လိုရီ (၅၀၀) လောက် ပုံမှန်လောင်ကျွမ်းနေပြီး စားချင်တာ စားခဲ့ရင်တောင် ဝမလာပါဘူး။ ဒါပေမဲ့ Gym နားလိုက်တဲ့အခါ အဲဒီ ကယ်လိုရီ (၅၀၀) အပိုလောင်ကျွမ်းမှုက မရှိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပါးစပ်ကတော့ အရင်အတိုင်း ပမာဏအများကြီး စားနေတုန်းပဲဆိုရင်... မလောင်ကျွမ်းဘဲ ပိုလျှံနေတဲ့ ကယ်လိုရီတွေက အဆီအဖြစ် ခန္ဓာကိုယ်မှာ ချက်ချင်း လာစုတော့တာပါပဲ။

✅ ကြွက်သားဆုံးရှုံးပြီး ဇီဝကမ္မဖြစ်စဉ် (Metabolism) နှေးကွေးသွားလို့
​ကြွက်သား ဆိုတာ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီတွေကို အလိုအလျောက် မီးရှို့ပေးတဲ့ အင်ဂျင်စက်တွေပါ။ Gym ဆော့တာ ကြာကြာနားလိုက်ရင် ကြွက်သားထုတွေ လျော့နည်းသွားပြီး အဆီတွေက နေရာဝင်ယူပါတယ်။ ကြွက်သားနည်းသွားတဲ့အတွက် ခန္ဓာကိုယ်ရဲ့ အခြေခံကယ်လိုရီလောင်ကျွမ်းမှုနှုန်း (Metabolic Rate) ကျဆင်းသွားပြီး အရင်ကထက် ပိုပြီး ဝလွယ်၊ အဆီတက်လွယ်လာတာ ဖြစ်ပါတယ်။

✅ အစားစားချင်စိတ် က ချက်ချင်းမကျသွားလို့
​Gym ဆော့တုန်းက ပင်ပန်းတဲ့အတွက် ခန္ဓာကိုယ်က အစားပိုတောင်းပါတယ်။ Gym နားလိုက်တဲ့အခါ ကိုယ်လက်လှုပ်ရှားမှု လျော့သွားပေမယ့် အရင်အတိုင်း အစားအများကြီး စားချင်တဲ့အရှိန် က ချက်ချင်းကျမသွားပါဘူး။ ဒီလိုနဲ့ သတိမထားမိဘဲ ပိုစားမိရင်း ဝိတ်တွေ တရိပ်ရိပ် တက်လာရတာပါ။

​ဒါဆို အဆီပြန်မတက်အောင် ဘယ်လိုလုပ်မလဲ?
​Gym နားရမယ့် အခြေအနေမျိုး (ခရီးသွားတာ၊ အလုပ်ရှုပ်တာ) ရှိလာရင် စားတဲ့ ပမာဏ (Portion Size) ကို လျှော့ချပါ။
​အလေးမတာ မလုပ်နိုင်ရင်တောင် တစ်နေ့ကို လမ်းများများလျှောက်တာ၊ အိမ်တွင်း Bodyweight လေ့ကျင့်ခန်း လုပ်တာမျိုးနဲ့ Activity ကို ထိန်းထားပါ။
​အကောင်းဆုံးကတော့... Gym နဲ့ လုံးဝ ဝေးမသွားဘဲ တစ်ပတ်ကို အနည်းဆုံး ၂ ရက်လောက်ဖြစ်ဖြစ် ပုံမှန်လေး ဆက်ကစားပေးဖို့ပါပဲ။
​ခန္ဓာကိုယ်ဆိုတာ ကိုယ်ပြုသမျှ နုရတဲ့အရာမို့လို့... ပြန်ဝလာတာကို အပြစ်မတင်ဘဲ အားကစားလုပ်တဲ့ Lifestyle လေးကို ပုံမှန်လေး ထိန်းသွားကြရအောင်ခင်ဗျာ။ 💪✨



16/06/2026

အလေးမခြင်းက သင့်ခန္ဓာကိုယ်နဲ့ ဘဝကို ဘယ်လိုပြောင်းလဲပေးနိုင်သလဲ? 💪✨

​"အလေးမတယ်ဆိုတာ ကြွက်သားကြီးတွေ ဖောင်းကားလာဖို့သက်သက်ပဲ မဟုတ်ပါဘူး။"
​လူတော်တော်များများက အလေးမရမှာကို ကြောက်ကြတယ်၊ အထူးသဖြင့် ကြွက်သားကြီးတွေ အရမ်းထွက်လာပြီး ကြည့်မလှမှာ စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ Weight Training ဟာ ကျန်းမာကြံ့ခိုင်ပြီး သွယ်လျလှပတဲ့ Body Shape ရဖို့အတွက် အထိရောက်ဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။

​အလေးမခြင်းရဲ့ အကျိုးကျေးဇူး (၅) ခု
​၁။ Fat-Burning ကို အရှိန်မြှင့်ပေးခြင်း
​အလေးမလို့ ကြွက်သားထု တက်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) က ပိုကောင်းလာပါတယ်။ ဆိုလိုတာက ငြိမ်ငြိမ်ထိုင်နေရင်တောင် ခန္ဓာကိုယ်က ကယ်လိုရီတွေကို ပိုပြီး လောင်ကျွမ်းပေးနေမှာပါ။ တင်းရင်းလှပတဲ့ ခန္ဓာကိုယ် ရဖို့အတွက် အလေးမခြင်းက မရှိမဖြစ်ပါပဲ။
​၂။ အရိုးနဲ့ အဆစ်အမြစ်များကို သန်မာစေခြင်း
​အသက်အရွယ်ရလာတာနဲ့အမျှ အရိုးပွတာ၊ အဆစ်အမြစ် ကိုက်ခဲတာတွေကို အလေးမခြင်းက ကြိုတင်ကာကွယ်ပေးပါတယ်။ အရိုးသိပ်သည်းဆကို တိုးတက်စေပြီး နေ့စဉ်လှုပ်ရှားမှုတွေကို ပေါ့ပါးသွက်လက်စေပါတယ်။
​၃။ Functional Strength (နေ့စဉ်ဘဝ ခွန်အား) တိုးတက်လာခြင်း
​အလေးမခြင်းက ကုန်းရုန်းထတာ၊ ပစ္စည်းမတာ၊ လှေကားတက်တာကအစ နေ့စဉ်ဘဝ လှုပ်ရှားမှုတိုင်းကို သက်လုံကောင်းကောင်းနဲ့ မမောမပန်း လုပ်ဆောင်နိုင်စွမ်း (Functional Fitness) ကို တိုးတက်စေပါတယ်။
​၄။ Posture ကို ပြုပြင်ပေးခြင်း
​Core ကြွက်သားတွေနဲ့ ကျောပြင်ကြွက်သားတွေကို သန်မာစေလို့ ခါးကုန်းတာ၊ ပုခုံးကျတာတွေကို သက်သာစေပြီး ယုံကြည်မှုရှိတဲ့ ပုံစံကို ရရှိစေပါတယ်။
​၅။ စိတ်ဖိစီးမှု လျော့ကျပြီး စိတ်ဓာတ် ပိုမိုကြံ့ခိုင်လာခြင်း
​Heavy lifting လုပ်ရတဲ့အခါ ခန္ဓာကိုယ်ကနေ ပျော်ရွှင်မှုဟော်မုန်း (Endorphins) တွေကို ထွက်ရှိစေလို့ စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့အပြင် "ငါဒါကို မနိုင်ဘူး" ဆိုတဲ့ စိတ်ဓာတ်ကနေ "ငါလုပ်နိုင်တယ်" ဆိုတဲ့ ယုံကြည်မှုကိုပါ တည်ဆောက်ပေးပါတယ်။
​💡 "လှပတဲ့ ပုံစံ၊ ကျန်းမာတဲ့ အနာဂတ်ကို ကိုယ်တိုင်ပဲ ပုံဖော်ယူရမှာပါ။"
ဒီနေ့ပဲ သင့်ရဲ့ Weight Training ခရီးစဉ်ကို စတင်လိုက်ပါ။



14/06/2026

Sunday မှာ Gym ပိတ်လို့စောစောထပြေးချင်သော်လည်း မိမိမှာသရဲကြောက်နေသောအခါ😅



13/06/2026

Gym ကအဖွဲ့များ အောက်ပိုင်းကစားပြီးအခြေအနေ😅😅😅



12/06/2026

အခုမှ အသံနဲ့ကိုက်တာ 😅😅😅



11/06/2026

Gym မှာလည်းရှိ့တဲ့အဲ့လိုကောင်တွေ😅😅😅



11/06/2026

ယနေ့ PT တစ်ယောက်ကို Lower Body ပေးဖြစ်ရင်း Client က " ဆရာ Squat လုပ်ရတာ ပေါင်အနောက်အကျောတင်းပြီး ထောက်နေသလိုဖြစ်နေတယ်ပေါ့ " အဲ့ဒါနဲ့လိုအပ်တဲ့ Exercise လေးပေးပြီး ပြန်ထိုင်ခိုင်းတော့ " ထိုင်ရတာအဆင်ပြေသွားပြီ " တဲ့။
ဆိုတော့ ကျွန်တော်တို့ Certified Personal Trainer ဆိုတာက ကိုယ်လက်ခံလိုက်တဲ့ Client တစ်ယောက်ကို Train ပေးတဲ့အခါ Exercise တစ်ခုကို ကောင်းကောင်းမွန်မွန်လုပ်နိုင်ဖို့အတွက်
ဒဏ်ရာရနိုင်ခြေမရှိ့အောင် တာဝန်ယူပေးရတာဖြစ်တယ်။ လက်လှမ်းမှီတဲ့ ပြသနာဆိုရှင်းပေးပြီးတော့ ကိုယ်မနိုင်တဲ့မသိတဲ့ ပြသနာဆိုရင် တခြားသက်ဆိုင်ရာနယ်ပယ်ကိုလမ်းညွန်ပေးရတာဖြစ်တယ်။ ဒါတွေကိုတောင် ကောင်းကောင်းတာဝန်ယူမပေးနိုင်ဘူးဆိုရင်တော့ လွဲနေပြီ။
ဒါကြောင့် PT စပြီးလက်ခံတဲ့အခါ Body မှာရှိ့တဲ့ တခြား ပြသနာတွေကိုမေးတယ် ကိုယ်မနိုင်တဲ့အရာတွေဆိုရင် တခြားနယ်ပယ်ကိုလမ်းညွန်ပေးတယ် ပြီးမှပြန် Join ဖို့မှာကြားတယ်။ ကိုယ်ငွေရဖို့တစ်ခုအတွက်နဲ့ တစ်ပါးသူကို ဒုက္ခမပေးဘူး ။
ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ PT စJoin တော့မယ်ဆိုရင် သေချာစမ်းစစ်လေ့လာဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ။



10/06/2026

ငါ့ Gym က Client တွေတော့ ပြေးတတ်တယ်😅


10/06/2026

" မိတ်ဆွေက ​လေ့ကျင့်ခန်းလုပ်တဲ့အခါ ဘယ်ကစလို့ ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေသလား?
​ဒီနေ့ Gym ရောက်ရင် 'ဘာဆော့ရမလဲ' ဆိုတာမျိုး ဝေခွဲမရဖြစ်ပြီး အချိန်ကုန်နေသလား ???

👇👇👇
​ဒါဆိုရင်တော့ Puma Fitness Center က သင့်အတွက် အဆင်သင့်ရှိနေပါပြီ။ 🎯

​ကျွန်တော်တို့ Puma Fitness Center ကို...
✅ တကယ်တိကျသေချာတဲ့ နည်းစနစ်ကျ လမ်းညွှန်မှု တွေကို လိုချင်တဲ့ Clients တွေ။

✅ တစ်ရက်ချင်းစီအလိုက် ဘာဆော့ရမလဲဆိုတဲ့ Program တိတိကျကျနဲ့ ထိရောက်စွာ လေ့ကျင့်ချင်တဲ့သူတွေ။

✅ မိမိရဲ့ ခန္ဓာကိုယ်အပြောင်းအလဲ (Body Transformation) နဲ့အတူ ရေရှည်ကျန်းမာ သွက်လက်တဲ့ Lifestyle တစ်ခုကို ပိုင်ဆိုင်ချင်တဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး အထူးသေချာ ပြင်ဆင်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

✅​ယုံကြည်စိတ်ချရတဲ့ Coach တွေရဲ့ စနစ်တကျ Guide လုပ်ပေးမှု၊ ပန်းတိုင်အလိုက် သတ်မှတ်ပေးမယ့် Daily Programs တွေနဲ့အတူ သင့်ရဲ့ အကောင်းဆုံး Version ကို အတူတူ အကောင်အထည်ဖော်လိုက်ရအောင်။ 💪✨

📍 Address: လိပ်စာ-
ဆွတ်ရိန်လမ်း / တပ်ကုန်း ဧဒင်ရပ်ကွက် / အေးမြသာယာ သံလမ်းအကူး

⏰ Open --
6:00 am - 11:00 am
3:00 pm - 7:00 pm
Sunday off

Member Fees
1 month 50000
3 month 130000
6 month 300000
(1 Month Free)

Personal Trainer Fees---

( 1 By 2 )
1 Month - 250000
3 Month - 700000

ကျန်းမာကြံ့ခိုင်ပြီး လှပတဲ့ ခန္ဓာကိုယ်တစ်ခုဆီကိုသွားဖို့ အခုပဲစတင်လိုက်ရအောင် 💪💪💪

​ "

09/06/2026

GBT လေးတစ်ဖြတ် 🦍🦏




Want your business to be the top-listed Gym/sports Facility in Myitkyina?

Click here to claim your Sponsored Listing.

Location

Website

Address

အမှတ် ၁၄၁၊ဆွန်ရိန်လမ်း၊တပ်ကုန်းဧဒင်ရပ်ကွက်၊အေးမြသာယာသံလမ်းကူးအနီး
Myitkyina
01013

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00