09/10/2026
📢 ဘုရားဖြူက သူဌေးကြီးများခင်ဗျာ… ကိုယ့်ရပ်ရွာကို လျစ်လျူမရှုကြပါနဲ့။
ဘုရားဖြူမှာ အိမ်ကြီးအိမ်ကောင်းတွေနဲ့ နေထိုင်ပြီး ဒီလမ်းကို နေ့စဉ်အသုံးပြုနေကြတဲ့ သူဌေးကြီးများခင်ဗျာ…
အခုဆိုရင် စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ လက်လုပ်လက်စားပြည်သူတွေတောင် တစ်ပိုင်တစ်နိုင် ပါဝင်လှူဒါန်းနေကြသလို USA၊ မလေးရှား၊ ထိုင်းနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အဝေးရောက် ဘုရားဖြူသားသမီးတွေကလည်း Facebook ကနေတစ်ဆင့် လှူဒါန်းကူညီနေကြပါတယ်။
အဝေးရောက်နေသူတွေတောင် ကိုယ့်ရပ်ရွာကို မမေ့ကြပါဘူး။
ဒါဆို ကိုယ်တိုင်ဘုရားဖြူမှာ နေထိုင်ပြီး ဒီလမ်းကို အသုံးပြုနေကြတဲ့ တတ်နိုင်သူများအနေနဲ့လည်း ကိုယ့်ရပ်ရွာအတွက် တတ်နိုင်သလောက် ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
သူဌေးဖြစ်လို့ အများကြီးလှူရမယ်လို့ မဆိုလိုပါဘူး။ မရှိသူတွေတောင် ပါဝင်နေကြချိန်မှာ တတ်နိုင်သူတွေကလည်း လျစ်လျူမရှုဘဲ ကိုယ့်ရပ်ရွာအတွက် တာဝန်သိစိတ်နဲ့ ပါဝင်ပေးကြပါ။
🙏 ကိုယ့်လမ်း၊ ကိုယ့်ရပ်ရွာမို့ အားလုံးဝိုင်းဝန်းကြပါစို့။
#ဘုရားဖြူလမ်းပြုပြင်ရေး
#ကိုယ့်ရပ်ရွာကိုယ်ဝိုင်းဝန်းကြစို့
ပန်းတင်လမ်းဖြစ်မြောက်ရေးကော်မတီဘုရားဖြူ