LYNN Fitness Center

Directions

LYNN Fitness Center We aim to provide the best quality and yet help them pursure their fitness dream~

🎇 သီတင်းကျွတ် ပိတ်ရက် အသိပေးကြေညာခြင်း 🪔 🙏 မင်္ဂလာပါခင်ဗျာ 🙏Lynn Fitness Center မှ Member များအားလုံးကို သီတင်းကျွတ်ပိတ်...
20/10/2026

🎇 သီတင်းကျွတ် ပိတ်ရက် အသိပေးကြေညာခြင်း 🪔

🙏 မင်္ဂလာပါခင်ဗျာ 🙏
Lynn Fitness Center မှ Member များအားလုံးကို သီတင်းကျွတ်ပိတ်ရက်နှင့် ပတ်သက်၍ အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

🗓 ပိတ်ရက် သီတင်းကျွတ် အဖိတ်နေ့ ( 25 . 10 . 2026 ) မှ သီတင်းကျွတ် လဆုတ် ( 27 . 10 . 2026 ) နေ့အထိ Gym ပိတ်ရက်အဖြစ် သတ်မှတ်မှာဖြစ်ပါတယ် ခင်ဗျာ။
💪 အောက်တိုဘာလ 28 ရက် ( ဗုဒ္ဓဟူး ) နေ့မှ စတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။ 💛

🪔 သီတင်းကျွတ်အခါသမယမှာ Member များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းသော အချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ Lynn Fitness Center မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ 🙏
အားလုံးပဲ ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေ ခင်ဗျာ။🎇

☎ Contact : 09762629794
Address: No.31, U Ba Oh st, Kha Wel Chan, Mayangone Tsp, Yangon.


19/10/2026

💥 ခန္ဓာကိုယ်တစ်ခုပြောင်းလဲဖို့ဆိုတာက လေ့ကျင့်ခန်းတစ်ခု
တည်းနဲ့မလုံလောက်ပါဘူး။

⚡အရေးကြီးဆုံးလိုအပ်တဲ့နောက်တခုကတော့ နေထိုင်မှုပုံစံ "life style" ကို‌ရေရှည်စနစ်တကျပြောင်းလဲဖို့ပဲဖြစ်ပါတယ် ခင်ဗျာ။ 💪💪

☎ Contact : 09762629794
Address: No.31, U Ba Oh st, Kha Wel Chan, Mayangone Tsp, Yangon.


🪔 သီတင်းကျွတ်အထူး Promotion 🎉သီတင်းကျွတ်အခါသမယမှာမိတ်ဆွေ တို့ရဲ့ကျန်းမာရေးအတွက် Lynn Fitness Center မှ လက်ဆောင်ပေးလိုက်ပ...
30/09/2026

🪔 သီတင်းကျွတ်အထူး Promotion 🎉

သီတင်းကျွတ်အခါသမယမှာ
မိတ်ဆွေ တို့ရဲ့ကျန်းမာရေးအတွက် Lynn Fitness Center မှ လက်ဆောင်ပေးလိုက်ပါတယ် ခင်ဗျာ 💪💥

Lynn Fitness Center မှာ
🏋 1 Month - 55,000 MMK
🏋 3 Months - 165,000 MMK
🏋 6 Months - 300,000 MMK
🏋 1 Year - 600,000 MMK
💝 1 Year Membership မှာ 1 Month FREE!

🎁 Promotion ကာလ ( 1.10.2026 ) မှ ( 31.10.2026 ) အထိ
ဒီသီတင်းကျွတ်မှာ မီးထွန်းပြီး အလှဆင်ရုံတင်မဟုတ်ဘဲ
ကိုယ့်ဘဝကိုလည်း ကျန်းမာရေးနဲ့ ပိုမိုတောက်ပအောင် စတင်လိုက်ပါ ခင်ဗျာ။ ❤

☎ Contact : 09762629794
Address: No.31, U Ba Oh st, Kha Wel Chan, Mayangone Tsp, Yangon.


⚡ Warm-up ဘာကြောင့်လုပ်သင့်လဲ?🤔🤔"မင်္ဂလာပါဗျာ။ ဒီနေ့တော့ Gym ဆော့တဲ့အခါ တော်တော်များများ မေ့နေတတ်တဲ့ Warm-up အကြောင်းလေး...
24/09/2026

⚡ Warm-up ဘာကြောင့်လုပ်သင့်လဲ?🤔🤔

"မင်္ဂလာပါဗျာ။ ဒီနေ့တော့ Gym ဆော့တဲ့အခါ တော်တော်များများ မေ့နေတတ်တဲ့ Warm-up အကြောင်းလေး ပြောပြချင်ပါတယ်။
တချို့က Gym ရောက်တာနဲ့ စက်ပေါ်တက်ပြီး တန်းဆော့တာ၊ Weight ကို တန်းတင်တာ တွေ လုပ်တတ်ကြပါတယ်။
ဒါပေမယ့် Workout မစခင် Warm-up လုပ်ပေးတာက အရေးကြီးပါတယ်ဗျာ။ 💥
Warm-up ဆိုတာ ခန္ဓာကိုယ်ကို Workout လုပ်ဖို့အတွက် တဖြည်းဖြည်း ပြင်ဆင်ပေးတာ ပါ။

ဥပမာ
🏃‍➡️ ပေါ့ပေါ့ပါးပါး လမ်းလျှောက်တာ၊ Jogging လုပ်တာ

🔄 လက်၊ ခြေထောက်၊ ပခုံး၊ တင်ပါး စတဲ့ အဆစ်အမြစ်တွေကို လှုပ်ရှားပေးတာ

🏋 ဒီနေ့ဆော့မယ့် Exercise နဲ့ဆိုင်တဲ့ ပေါ့တဲ့ Weight နဲ့ Warm-up Set လုပ်တာမျိုးတွေပါ။
Warm-up လုပ်ပေးတဲ့အခါ ခန္ဓာကိုယ်ကို တဖြည်းဖြည်း လှုပ်ရှားမှုအတွက် ပြင်ဆင်ပေးနိုင်ပြီး Workout ရဲ့ အဓိက Set တွေကို ပိုအဆင်ပြေပြေ လုပ်နိုင်ဖို့ ကူညီပေးပါတယ်။
ဒါပေမယ့် Warm-up ဆိုပြီး အစကတည်းက အားကုန်အောင် မလုပ်ပါနဲ့။ 😅
Warm-up ရဲ့ ရည်ရွယ်ချက်က ကိုယ့်ကို ပင်ပန်းအောင်လုပ်တာမဟုတ်ဘဲ Workout အတွက် ခန္ဓာကိုယ်ကို အသင့်ဖြစ်အောင်လုပ်တာ ပါ။
အများအားဖြင့် Workout မစခင် 5 -10 မိနစ်လောက် ကိုယ့်ရဲ့ Workout အမျိုးအစားနဲ့ ကိုက်ညီအောင် Warm-up လုပ်ပေးနိုင်ပါတယ်။ 💪💪
Gym ရောက်တာနဲ့ Weight တင်မဆော့ခင် ခန္ဓာကိုယ်ကို အရင်ပြင်ဆင်ပေးပါ။ Warm-up က Workout ရဲ့ အပိုအလုပ်တစ်ခုမဟုတ်ဘဲ Workout ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ ခင်ဗျာ။ ❤

ဒီလို Gym နဲ့ Fitness ဗဟုသုတလေးတွေကို Lynn Fitness Center Page မှာ ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့နော်ဗျာ။ ❤💪

☎ Contact : 09762629794
Address: No.31, U Ba Oh st, Kha Wel Chan, Mayangone Tsp, Yangon.

Weight Gain လုပ်ချင်ရင် ဘာတွေဂရုစိုက်သင့်လဲ?🤔"မင်္ဂလာပါဗျာ။ ဒီနေ့တော့ Weight🏋  တက်ချင်တယ်၊ ကိုယ်အလေးချိန်တက်ချင်တယ် ဆိုတ...
23/09/2026

Weight Gain လုပ်ချင်ရင် ဘာတွေဂရုစိုက်သင့်လဲ?🤔

"မင်္ဂလာပါဗျာ။ ဒီနေ့တော့ Weight🏋 တက်ချင်တယ်၊ ကိုယ်အလေးချိန်တက်ချင်တယ် ဆိုတဲ့သူတွေအတွက် အရေးကြီးတဲ့အချက်လေးတွေ ပြောပြပေးမယ်ဗျ။
အရင်ဆုံး သိထားရမှာက Weight တက်တာနဲ့ Muscle တက်တာ မတူပါဘူး။ ကိုယ်အလေးချိန်ပဲ တက်ချင်တာလား၊ ကြွက်သားတက်ပြီး ခန္ဓာကိုယ်ပုံစံကောင်းချင်တာလားဆိုတာ အရင်ဆုံး သတ်မှတ်ထားဖို့လိုပါတယ်။ 💪

✔ပထမဆုံးက အစားအသောက်ပါ။
ကိုယ်စားတဲ့အစားအစာကို လုံလောက်အောင် စားပေးရပါမယ်။ ထမင်း၊ အာလူး၊ Oats လို Carbohydrate တွေနဲ့ ကြက်သား၊ ငါး၊ ဥ၊ ပဲ စတဲ့ Protein ပါတဲ့အစားအစာတွေကို တွဲစားပေးပါ။ အစားကို တစ်ခါတည်းအများကြီးစားပြီး မနေနိုင်ရင် တစ်နေ့ကို Meal အကြိမ်ရေခွဲပြီး 💪

✔ဒုတိယအချက်က Protein ပါ။
Muscle တည်ဆောက်ချင်တယ်ဆိုရင် Protein လိုပါတယ်။ ဒါကြောင့် Meal တိုင်းမှာ Protein ပါတဲ့အစားအစာတစ်ခုခု ထည့်ဖို့ကြိုးစားပါ။ ⚡

✔တတိယအချက်က Weight Training ပါ။
Weight တက်ချင်လို့ Gym မဆော့ဘူးဆိုတာ မဟုတ်ပါဘူး။ ကြွက်သားတည်ဆောက်ချင်ရင် Weight Training က အရေးကြီးပါတယ်။ ကိုယ်လုပ်နိုင်တဲ့ Weight ကနေစပြီး Form မှန်မှန်နဲ့ တဖြည်းဖြည်းတိုးသွားပါ။🏋

✔နောက်ဆုံးက အနားယူတာပါ။ 😴
Workout လုပ်တာတင်မကဘဲ ကိုယ်ခန္ဓာကို Recovery အတွက် အချိန်ပေးရပါတယ်။ အိပ်ရေးဝဝအိပ်ပြီး အနားယူတာကိုလည်း Workout ရဲ့ အစိတ်အပိုင်းတစ်ခုလို့ သဘောထားပေးပါ။
ဒါကြောင့် Weight Gain လုပ်ချင်တယ်ဆိုရင် အစားကောင်းကောင်းစား၊ Protein လုံလောက်အောင်စား၊ Weight Training ပုံမှန်လုပ်ပြီး အိပ်ရေးဝဝအိပ်ပါ။ ❤
အမြန်တက်ဖို့ မကြိုးစားဘဲ တဖြည်းဖြည်းနဲ့ စနစ်တကျလုပ်သွားပါ။ ကိုယ်အလေးချိန်တက်တာထက် ကျန်းမာတဲ့ပုံစံနဲ့ ကြွက်သားတည်ဆောက်နိုင်ဖို့က ပိုအရေးကြီးပါတယ်ဗျ။💚💪💪

ဒီလို Fitness နဲ့ Gym ပတ်သက်တဲ့ အသုံးဝင်တဲ့ Knowledge တွေကို Lynn Fitness Center Page မှာ ဆက်ပြီးမျှဝေပေးသွားမှာမို့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့နော်။ 🥰

☎ Contact : 09762629794
Address: No.31, U Ba Oh st, Kha Wel Chan, Mayangone Tsp, Yangon.


💥 Gym မလာခင်၊ Workout လုပ်နေချိန်နဲ့ Workout ပြီးတဲ့အချိန် ရေဘယ်လိုသောက်သင့်လဲ? 🤔"Gym ဆော့တဲ့အခါ ရေကို💧 တစ်ခါတည်း အများက...
22/09/2026

💥 Gym မလာခင်၊ Workout လုပ်နေချိန်နဲ့ Workout ပြီးတဲ့အချိန် ရေဘယ်လိုသောက်သင့်လဲ? 🤔

"Gym ဆော့တဲ့အခါ ရေကို💧 တစ်ခါတည်း အများကြီးသောက်တာထက် အချိန်အလိုက် ပုံမှန်သောက်ပေးတာ ပိုကောင်းပါတယ်ဗျ။

ပထမဆုံး Gym မလာခင်မှာ ရေဓာတ်ပြည့်နေအောင် ကြိုသောက်ထားဖို့လိုပါတယ်။ Gym မလာခင် 12 နာရီအတွင်း ရေကို ပုံမှန်သောက်ထားပြီး Gym ရောက်မှ ရေငတ်နေတဲ့အခြေအနေ မဖြစ်အောင် ဂရုစိုက်ပါ။ ❤

⚡ Workout လုပ်နေချိန်မှာတော့ ရေကို တစ်ခါတည်း အများကြီးမသောက်ဘဲ နည်းနည်းချင်းစီ သောက်ပေးပါ။ ချွေးထွက်များတဲ့သူဆိုရင် ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။ ဥပမာ Workout လုပ်နေတုန်း 15 မိနစ် 20 မိနစ်လောက်ခြားပြီး ရေနည်းနည်းစီ သောက်လို့ရပါတယ်။

Workout ပြီးတဲ့အချိန်မှာလည်း ချွေးထွက်သွားတဲ့အတွက် ရေဓာတ်ပြန်ဖြည့်ပေးဖို့လိုပါတယ်။ ပြီးပြီးချင်း တစ်ခါတည်း အများကြီးသောက်မယ့်အစား ရေကို နည်းနည်းချင်းစီ ဆက်သောက်ပေးပါ။ 💪

ဒါပေမယ့် လူတိုင်းသောက်ရမယ့် ရေပမာဏကတော့ တူတူမဟုတ်ပါဘူး။ ကိုယ်အလေးချိန်၊ ရာသီဥတု၊ Workout ပြင်းအားနဲ့ ချွေးထွက်တဲ့ပမာဏ ပေါ်မူတည်ပြီး လိုအပ်ချက်က ကွာနိုင်ပါတယ် ခင်ဗျာ။💦

💚 အရေးကြီးဆုံးကတော့ ရေငတ်မှ သောက်တာမျိုးမလုပ်ဘဲ တစ်နေ့တာလုံး ပုံမှန်ရေသောက်တဲ့အကျင့်လေး လုပ်ထားပါ။
ရေသောက်တာက ရိုးရှင်းပေမယ့် Workout လုပ်တဲ့အခါ မမေ့သင့်တဲ့ အရေးကြီးတဲ့အချက်တစ်ခုပါ။

ကိုယ့်ခန္ဓာကိုယ်ကို ရေပုံမှန်သောက်တဲ့အကျင့်လေး စလုပ်ကြည့်ပါဗျ။ ❤💪

Gym နဲ့ Fitness ပတ်သက်တဲ့ အသုံးဝင်တဲ့ ဗဟုသုတလေးတွေကို Lynn Fitness Center Page မှာ နေ့စဉ်မျှဝေပေးသွားမှာမို့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့နော် 🥰
ကျန်းမာသန်စွမ်းတဲ့ Lifestyle ကို အတူတူတည်ဆောက်ကြရအောင်ပါခင်ဗျာ။! 💥

☎ Contact : 09762629794
Address: No.31, U Ba Oh st, Kha Wel Chan, Mayangone Tsp, Yangon.

Weight ကျဖို့အတွက် ဘာလုပ်သင့်လဲ ? 🤔🤔Weight Loss လုပ်ချင်တယ်ဆိုရင် အရင်ဆုံး အစားအသောက်ကို နည်းနည်းဂရုစိုက်ဖို့ လိုပါတယ်ဗျ...
21/09/2026

Weight ကျဖို့အတွက် ဘာလုပ်သင့်လဲ ? 🤔🤔

Weight Loss လုပ်ချင်တယ်ဆိုရင် အရင်ဆုံး အစားအသောက်ကို နည်းနည်းဂရုစိုက်ဖို့ လိုပါတယ်ဗျ။

1. ထမင်း၊ အချိုနဲ့ အဆီများတာတွေကို ပမာဏလျှော့ပါ 🍚
ထမင်းကို လုံးဝမစားရဘူးဆိုတာ မဟုတ်ပါဘူး။ ကိုယ်စားနေကျ ပမာဏထက် နည်းနည်းလျှော့ပြီး စားလို့ရပါတယ်။ အချိုတွေ၊ မုန့်တွေ၊ အဆီများတဲ့အကြော်အလှော်တွေကိုလည်း နေ့တိုင်းအများကြီးစားနေမယ့်အစား ပမာဏနဲ့ အကြိမ်ရေကို လျှော့ပေးပါ။
အရေးကြီးတာက "မစားရဘူး" ဆိုပြီး အားလုံးဖြတ်လိုက်တာထက် ကိုယ်ရေရှည်လိုက်နာနိုင်တဲ့ပုံစံနဲ့ စားတာပါ။

2. Protein ပါတဲ့အစားအစာတွေ ထည့်စားပါ 🥚🍗
Weight Loss လုပ်တဲ့အချိန်မှာ ကြက်သား၊ ငါး၊ ဥ၊ ပဲ စတဲ့ Protein ပါတဲ့အစားအစာတွေကို အစားအစာထဲ ထည့်ပေးပါ။
ဥပမာ ထမင်းတစ်ပန်းကန်ပဲ စားမယ့်အစား ထမင်းကို သင့်တော်တဲ့ပမာဏစားပြီး ကြက်သား၊ ငါး ဒါမှမဟုတ် ဥတစ်ခုခုနဲ့ ဟင်းသီးဟင်းရွက်တွေ တွဲစားတာမျိုးပါ။

3. ဟင်းသီးဟင်းရွက် ပိုစားပါ 🥦🥬
ဟင်းသီးဟင်းရွက်တွေက အစားအစာပမာဏကို ပြည့်စုံစေပြီး အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေ ရရှိစေပါတယ်။
ဒါကြောင့် Weight Loss လုပ်နေတယ်ဆိုရင် ထမင်းနဲ့ အသားပဲ စားမယ့်အစား ဟင်းသီးဟင်းရွက်တွေပါ ထည့်စားပေးပါ။

4. Soft Drink၊ Bubble Tea နဲ့ အချိုရည်တွေ လျှော့ပါ 🥤
ဒါက တော်တော်အရေးကြီးပါတယ်။
တစ်ခါတလေ အစားအစာကိုတော့ ထိန်းထားပြီး သောက်စရာကနေ သကြားနဲ့ Calories တွေ အများကြီးဝင်နေတတ်ပါတယ်။
ဒါကြောင့် Soft Drink၊ Bubble Tea၊ အချိုရည်တွေကို နေ့တိုင်းသောက်နေမယ့်အစား အကြိမ်ရေကို လျှော့ပြီး ရေ၊ သကြားမထည့်ထားတဲ့ သောက်စရာတွေကို ရွေးချယ်ပေးပါ။

5. ရေကို ပုံမှန်သောက်ပါ 💦
ရေကို တစ်ခါတည်း အများကြီးသောက်ဖို့ မလိုပါဘူး။ တစ်နေ့တာအတွင်း ပုံမှန်သောက်ပေးပါ။
အထူးသဖြင့် ချွေးထွက်များတဲ့ Workout လုပ်တဲ့နေ့တွေမှာ ရေဓာတ်မလျော့အောင် ဂရုစိုက်ပါ။

Weight Loss Cardio + Weight Training 🏋🏋
အစားအသောက်ကို ထိန်းတာနဲ့တင် မပြီးသေးပါဘူး။ လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။

1. Cardio လုပ်ပါ 🏃‍♂️‍➡️
လမ်းလျှောက်တာ၊ ပြေးတာ၊ Cycling၊ Treadmill စတာတွေက Cardio Exercise တွေပါ။
စစချင်းဆိုရင် အပြင်းအထန်လုပ်ဖို့ မလိုပါဘူး။ ကိုယ်လုပ်နိုင်တဲ့အဆင့်ကနေ စပြီး တဖြည်းဖြည်း တိုးသွားပါ။
ဥပမာ Gym ကို အခုမှစတဲ့သူဆိုရင် Treadmill ပေါ်မှာ လမ်းလျှောက်တာကနေ စလို့ရပါတယ်။

2. Weight Training 🏋 ကိုလည်း မမေ့ပါနဲ့
Weight Loss လုပ်နေတယ်ဆိုပြီး Cardio ပဲ အာရုံစိုက်နေစရာ မလိုပါဘူး။
Weight Training က ကြွက်သားကို ထိန်းသိမ်းတည်ဆောက်ဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် Cardio နဲ့ Weight Training ကို တွဲလုပ်ပေးတာကောင်းပါတယ်။

3. တစ်ပတ် 3 ရက်လောက် ပုံမှန်လုပ်ပါ
တစ်ရက်တည်း အရမ်းလုပ်ပြီး နောက်တစ်ပတ်လုံး မလုပ်တာထက် တစ်ပတ်မှာ 3 ရက်လောက် ကိုယ်ဆက်လုပ်နိုင်တဲ့ပုံစံနဲ့ ပုံမှန်လုပ်တာက ပိုအရေးကြီးပါတယ်။

💥ဥပမာ
Monday Weight Training + Cardio
Wednesday Weight Training + Cardio
Friday Weight Training + Cardio
လိုမျိုး ကိုယ့်အချိန်နဲ့ကိုက်အောင် စီစဉ်လို့ရပါတယ်။
နောက်ဆုံးတစ်ခုက Weight Loss ဆိုတာ တစ်ပတ်၊ နှစ်ပတ်နဲ့ အမြန်ပြောင်းလဲဖို့ မဟုတ်ပါဘူး။ အစားအသောက်ကို သင့်တော်အောင်ထိန်း၊ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပြီး ကိုယ့်ရဲ့ Lifestyle အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားဖို့ အရေးကြီးပါတယ် ခင်ဗျာ။ 💪💪

ဒီလို Gym နဲ့ Fitness နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို Lynn Fitness Center Page မှာ နေ့စဉ်မျှဝေပေးသွားမှာဖြစ်လို့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့နော် 💪❤
ကိုယ့်ရဲ့ Fitness Journey မှာ အသုံးဝင်မယ့် အချက်အလက်လေးတွေ၊ လေ့ကျင့်ခန်းနည်းလမ်းတွေ၊ အစားအသောက်ဆိုင်ရာ Knowledge တွေကို အမြဲတမ်း မျှဝေပေးသွားပါမယ်။
ကျန်းမာသန်စွမ်းတဲ့ Lifestyle တစ်ခုကို အတူတူတည်ဆောက်ကြရအောင် ခင်ဗျာ။ ⚡

☎ Contact : 09762629794
Address: No.31, U Ba Oh st, Kha Wel Chan, Mayangone Tsp, Yangon.

16/09/2026

🧘‍♀️ 🌿ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုယ့်စိတ်အတွက် အချိန်ပေးလိုက်ပါ....
နေ့စဉ်ဘဝမှာ အလုပ်တွေ၊ စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းမှုတွေကြားမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။
Yoga လေ့ကျင့်ခြင်းက ခန္ဓာကိုယ်ကို ပိုမိုပျော့ပျောင်းသန်မာလာစေရုံသာမက စိတ်ကိုလည်း ငြိမ်သက်အေးချမ်းစေဖို့ ကူညီပေးနိုင်ပါတယ် ခင်ဗျာ။ 🌸

အစမှာ Pose တချို့ကို မလုပ်နိုင်သေးတာ၊ ခန္ဓာကိုယ်မပျော့သေးတာ၊ Balance မထိန်းနိုင်သေးတာတွေ ရှိနိုင်ပါတယ်။ ဒါဟာ လုံးဝမမှားပါဘူး။❤
Yoga မှာ အရေးကြီးတာက Perfect ဖြစ်ဖို့မဟုတ်ပါဘူး။
ကိုယ့်ရဲ့ခန္ဓာကိုယ်ကို နားထောင်ပြီး ကိုယ့်ရဲ့အရှိန်အဟုန်နဲ့ ဆက်လက်လေ့ကျင့်သွားဖို့ပါ။

🎋 တစ်နေ့ ၁% ပိုကောင်းလာရင်တောင် တိုးတက်မှုတစ်ခုပါပဲ။
ဒီအတွက် Lynn Fitness Center မှာ Yoga Class ကို တစ်ပတ် ၃ ရက် လေ့ကျင့်နိုင်အောင် စီစဉ်ပေးထားပါတယ် ခင်ဗျာ။ 💚
✔ ဗုဒ္ဓဟူးနေ့
✔ ကြာသပတေးနေ့
✔ စနေနေ့

🌸 တစ်ပတ်မှာ ၃ ရက်
ကိုယ့်ခန္ဓာကိုယ်အတွက် Strength တည်ဆောက်ရင်း
ကိုယ့်စိတ်အတွက်လည်း Peace ရှာဖွေကြရအောင် နော်။ 🌿
ဖြည်းဖြည်းချင်း လေ့ကျင့်ပါ။
အသက်ကို နက်နက်ရှူပါ။
စိတ်ကို ဖြေလျှော့ပါ။
ပြီးတော့ ကိုယ့်ရဲ့တိုးတက်မှုကို ယုံကြည်ပါ။ 💐
ဒီနေ့ကစပြီး ကိုယ့်အတွက် အချိန်လေးတစ်ချိန်ပေးလိုက်ပါ။
ပိုကျန်းမာတဲ့ခန္ဓာကိုယ်၊ ပိုငြိမ်းချမ်းတဲ့စိတ်နဲ့
ပိုကောင်းတဲ့နေ့ရက်တွေဆီကို အတူတူလျှောက်ကြရအောင် နော်။ ❤

☎ Contact : 09762629794
Address: No.31, U Ba Oh st, Kha Wel Chan, Mayangone Tsp, Yangon.

11/09/2026

💥စတင်ဖို့ပဲ လိုတာပါ။
⚡အရှိန်က သူ့ဟာသူ ပါလာလိမ့်မယ်။

အချိန်ရမှ စမယ်
Motivation ရမှ Gym သွားမယ်
နောက်လမှ စမယ်

ဒီလိုနဲ့ စောင့်နေတာ ဘယ်လောက်ကြာပြီလဲ? 🤔

တကယ်တော့
စဖို့အတွက် Motivation လိုတာမဟုတ်ပါဘူး။
စလိုက်ဖို့ပဲ လိုတာပါ နော်။ 🥰

ပထမဆုံးနေ့မှာ
Workout ကောင်းကောင်းမလုပ်နိုင်လည်း ရပါတယ်။

ပထမဆုံးအပတ်မှာ
ဝိတ်ကမပြာင်းလည်းဘူးဆိူလည်း ရပါတယ် ခင်ဗျာ။ ❤

အရေးကြီးတာက

START.
SHOW UP.
KEEP GOING.

တစ်ရက်ပြီးတစ်ရက် လာခဲ့ရင်
Workout ကလုပ်ရတာ ပိုလွယ်လာမယ်။
ကိုယ်ခန္ဓာက ပိုသန်မာလာမယ်။
Confidence က ပိုတက်လာမယ်။ 🎉

ပြီးတော့ တစ်ချိန်မှာ
အရင်က လုပ်ရမယ် လို့ ကိုယ့်ကိုယ်ကို တွန်းအားပေးနေရတာကနေ
မလုပ်ရင် မနေတတ်တော့ဘူး ဆိုတဲ့ Lifestyle ဖြစ်လာပါလိမ့်မယ်။

ဒါက PROJECT 42 FOUNDATION ပါ။
Beginner တွေအတွက်
အခြေခံကနေ စပြီး
🏃‍♂️‍➡️ Fitness Foundation
💪 Strength & Movement
💥 Fat Loss Support
🧠 Exercise Habit
🤝 Accountability & Community
တွေကို Coach ရဲ့ လမ်းညွှန်မှုနဲ့အတူ တည်ဆောက်ပေးမယ့် 42 Days Program ဖြစ်ပါတယ်။
မိတ်ဆွေတို့ အနေနဲ့ အခုထိ စမဖြစ်သေးရင်
ဒီတစ်ခါတော့ Perfect ဖြစ်ဖို့ မစောင့်ပါနဲ့။
စတင်လိုက်ပါ။
အရှိန်က သူ့ဟာသူ ပါလာလိမ့်မယ်။ 🥰

☎ Contact : 09762629794
Address: No.31, U Ba Oh st, Kha Wel Chan, Mayangone Tsp, Yangon.


Address

U Ba Oh Street, Kha Wel Chan, Mayangone Tsp
Yangon
V498+V2YANGON

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00

Website

Alerts

Be the first to know and let us send you an email when LYNN Fitness Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby gyms & sports facilities