16/10/2026
ဒဏ်ရာဟောင်းတွေကို ပြန်ကြည့်ဖို့ သတ္တိတွေအများကြီး လိုတယ်ဆိုတာ နားလည်ပါတယ်
🥺လူတွေက လွယ်လွယ်လေး ပြောတတ်ကြတယ်။
“အတိတ်ကို မေ့ပစ်လိုက်ပါတော့”
“ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ပါ”
“ရှေ့ဆက်လျှောက်ရမယ်” ဆိုပြီးပေါ့။
💔ဒါပေမဲ့ တကယ်တမ်း နာကျင်စရာ အတိတ်တွေကို ရင်ဆိုင်ဖူးတဲ့သူတွေသာ သိပါတယ်။
🥺အဲဒီအတိတ်ဆိုတာ မေ့ချင်တိုင်း မေ့ပစ်လို့ရတဲ့ အရာမဟုတ်သလို၊ ကိုယ့်ဒဏ်ရာတွေကို ပြန်လှန်ကြည့်ဖို့ဆိုတာ မယုံနိုင်လောက်အောင် ကြောက်ဖို့ကောင်းပြီး သတ္တိတွေ အများကြီး အရင်းအနှီးပြုရတယ်ဆိုတာကိုပါ။
🙌အဲဒါကြောင့် သင့်ကိုယ်သင် “ငါ ဘာလို့ အခုထိ မမေ့နိုင်သေးတာလဲ၊ ဘာလို့ ချစ်ရတာ ဒီလောက်ခက်နေရတာလဲ” ဆိုပြီး ဘယ်တော့မှ အပြစ်မတင်ပါနဲ့နော်…….
💖ဒီခရီးကို လျှောက်လှမ်းဖို့ သင့်ဘက်က ဘယ်လောက်တောင် အားတင်းထားရသလဲဆိုတာကို အပြည့်အဝ နားလည်ပါတယ်။
ဒဏ်ရာတိုင်းမှာ သူ့အလေးချိန်နဲ့သူ ရှိပါတယ်
❣️ဒဏ်ရာလို့ ပြောတဲ့အခါ တစ်ခါတည်းနဲ့ ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားတဲ့ အဖြစ်ဆိုးတွေမှ မဟုတ်ပါဘူး။
❣️နေ့စဉ်ဘဝထဲမှာ မသိမသာနဲ့ စွဲကျန်ရစ်ခဲ့တဲ့ နာကျင်မှုသေးသေးလေးတွေလည်း ရှိပါတယ်။👉ငယ်ငယ်က ကိုယ်ပြောချင်တဲ့စကားတွေကို အမြဲ ဥပေက္ခာပြုခံခဲ့ရတာ
👉စိတ်ခံစားချက်တွေကို ရင်ဖွင့်တဲ့အခါ “အပိုတွေ လုပ်မနေနဲ့” လို့ အထင်သေး ဟန့်တားခံခဲ့ရတာ
👉ချစ်ခြင်းမေတ္တာကို အလကားမရဘဲ တစ်ခုခု ကောင်းအောင်လုပ်ပြမှသာ အသိအမှတ်ပြုခံခဲ့ရတာ
👉ကိုယ့်ရဲ့ သဘောထားနဲ့ ဆန္ဒတွေကို မလေးမစား ကျော်လွန်လုပ်ဆောင်ခံခဲ့ရတာ
❣️ဒီလို အသေးအဖွဲလို ထင်ရတဲ့ အရာလေးတွေကလည်း နှစ်တွေကြာလာတဲ့အခါ အတွင်းထဲမှာ တစ်စစီ စုပြုံပြီး ကြီးမားတဲ့ အကြောက်တရားတွေ ဖြစ်လာတတ်ပါတယ်။ ❣️ဘယ်ဒဏ်ရာမှ “ဒါလောက်လေးကတော့ ဘာမှမဟုတ်ပါဘူး” လို့ ပေါ့ပေါ့တန်တန် သတ်မှတ်ပစ်လို့ မရပါဘူး။
❣️အဲဒီအချိန်တုန်းက သင့်ကို အမှန်တကယ် နာကျင်စေခဲ့တယ်ဆိုရင် အဲဒါဟာ အရေးတယူ နားလည်ပေးရမယ့် ဒဏ်ရာတစ်ခု အမှန်ပါပဲ။
မျဉ်းဖြောင့်အတိုင်း မဟုတ်တဲ့ ကုစားခြင်း ခရီးလမ်း
❣️ကိုယ့်ရဲ့ အကြောက်တရားတွေ၊ ဆက်ဆံရေးတွေထဲက မလုံခြုံတဲ့ တွယ်တာမှုတွေကို ဖြေလျှော့တဲ့ ခရီးဟာ မှော်အတတ်လို ချက်ချင်း ပြီးသွားတာမျိုး မဟုတ်ပါဘူး။
❣️တချို့ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းချုပ်နိုင်ပြီ၊ အရာရာ အဆင်ပြေသွားပြီလို့ ခံစားရတတ်တယ်။
❣️ဒါပေမဲ့ တချို့ရက်တွေကျတော့လည်း အသေးအဖွဲ စကားတစ်ခွန်း၊ အပြုအမူတစ်ခုတည်းနဲ့ အရင်မလုံခြုံမှုတွေထဲ ပြန်ပြုတ်ကျသွားသလို ခံစားရပြီး တွယ်ကပ်ချင်စိတ် ဒါမှမဟုတ် လူတွေနဲ့ ဝေးရာကို အဝေးဆုံး ပြေးထွက်ချင်စိတ်တွေ ပြန်ပေါ်လာတတ်တယ်။
အဲဒီလို ပြန်ပြုတ်ကျသွားတဲ့အခါ ကိုယ့်ကိုယ်
ကိုယ် စိတ်မပျက်ပါနဲ့။
ဒါဟာ သင် နောက်ကိုပြန်ရောက်သွားတာ မဟုတ်ပါဘူး။ neuroscience သဘောတရားအရ နောက်ကိုလုံးဝပြန်မရောက်ပါဘူး……
အချိန်အကြာကြီး အမြစ်တွယ်နေတဲ့ အကျင့်ဟောင်းနဲ့ အကြောက်တရားတွေကို ဖြည်းဖြည်းချင်း ဖြေလျော့နေရတဲ့ သဘာဝမို့လို့ပါ။
💖ဒီခရီးလမ်းမှာ ခြေလှမ်းတွေ တုံ့ဆိုင်းသွားတာ၊ မောလို့ ထိုင်ငိုမိတာတွေ အားလုံးဟာ ဖြစ်ရိုးဖြစ်စဉ် ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။
သင် လျှောက်လှမ်းနေတဲ့ တိတ်ဆိတ်သော ခြေလှမ်းများ
ဘယ်သူမှ မမြင်နိုင်တဲ့ အတွင်းစိတ်ထဲက ဒီခရီးလမ်းမှာ —
❣️နာကျင်မှုကို အသိအမှတ်ပြုလိုက်ရုံနဲ့တင် သင် ရဲရင့်နေတာဖြစ်နေပါပြီ
❣️“ငါ အဆင်ပြေတယ်” လို့ ဟန်ဆောင်မနေတော့ဘဲ “ငါ အတိတ်က တကယ် နာကျင်ခဲ့ရတယ်၊ ငါ့မှာ ဒဏ်ရာတွေ ရှိနေတုန်းပဲ” လို့ ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာ ဝန်ခံရဲတာဟာ ကြီးမားတဲ့ သတ္တိတစ်ခုပါ။
❣️တစ်ဖက်သားကို မတွန်းထုတ်ခင် ခဏရပ်တန့်ကြည့်နိုင်ခြင်း
စွန့်ပစ်ခံရမှာ ကြောက်လို့ တစ်ဖက်သားကို အသည်းအသန် မေးခွန်းထုတ်ချင်လာချိန်၊ ဒါမှမဟုတ် ကြောက်လန့်ပြီး တံတိုင်းခတ် ပုန်းရှောင်ချင်လာချိန်မှာ “အော်… ဒါ ငါ့ရဲ့ အတိတ်က နာကျင်မှုလေးက လာလှုံ့ဆော်နေတာပဲ” လို့ သတိထားမိလိုက်တဲ့ အခိုက်အတန့်လေးတိုင်းဟာ ခွန်အားကြီးမားတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။
❣️ကိုယ့်ကိုယ်ကိုယ် ပြန်လည် ကာကွယ်စောင့်ရှောက်တတ်လာခြင်း
တစ်ချိန်က အားကိုးရာမဲ့ပြီး လက်ခံခဲ့ရတဲ့ အခြေအနေတွေကို အခုချိန်မှာ “ငါ လက်မခံနိုင်ဘူး” လို့ ကိုယ့် boundary ကို သတ်မှတ်ပြီး ငြင်းဆိုတတ်လာတာဟာ သင့်ဘဝကို သင် ပြန်လည်ပိုင်စိုးလာခြင်း ဖြစ်ပါတယ်။
သင့်ရဲ့ အရှိန်နဲ့သင် လျှောက်လှမ်းခွင့် ရှိပါတယ်
❣️လောကကြီးက သင့်ကို မြန်မြန်ပျောက်ကင်းဖို့ အတင်းတွန်းအားပေးနေပါစေ၊ သင့်စိတ်ဒဏ်ရာကတော့ သူ့အချိန်နဲ့သူ သက်သာခွင့် လိုအပ်ပါတယ်။
သင့်ခြေလှမ်းတွေ ဖြည်းနေတာ ဘာအမှားမှ မဟုတ်ပါဘူး။…….
💖🙌Happy & Co. မှာ ကျွန်မတို့ ယုံကြည်တာတစ်ခုရှိပါတယ်။
💖ဒဏ်ရာတွေက ဘယ်လောက်ပဲ နက်နက်၊ ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ ဒီနာကျင်မှုတွေကို တစ်ဆင့်ချင်း ရင်ဆိုင်ကျော်ဖြတ်နေတဲ့ သင့်ရဲ့ သတ္တိဟာ အဆုံးစွန်မှာ သင့်ကိုယ်သင် ပြန်လည်နွေးထွေးစေမယ့် အလင်းရောင် ဖြစ်လာပါလိမ့်မယ်။
💖ဘယ်သူမှ မမြင်နိုင်တဲ့ ဒီခရီးကြမ်းကို နေ့စဉ်ရက်ဆက် သတ္တိရှိရှိ ဖြတ်သန်းနေတဲ့ သင့်ရဲ့ ရှင်သန်မှုကို Happy & Co. က အမြဲ အသိအမှတ်ပြုပြီး နွေးထွေးစွာ အတူရှိနေပေးပါမယ်။