BH Fitness Myanmar

Call Directions Website Contact the business

BH Fitness Myanmar Established since 1909 in Spain, BH Fitness offers full range of fitness equipment for home & gym.

03/11/2026

Tempo Zercher Squat 6 Reps x 3 Rounds


🪔 ပျော်ရွှင်ချမ်းမြေ့ဖွယ် သီတင်းကျွတ်ပါ 🪔Happy Fitness Store ကို အစဉ်တစိုက် ယုံကြည်အားပေးကြတဲ့ Customer များ၊ လက်တွဲလုပ်...
25/10/2026

🪔 ပျော်ရွှင်ချမ်းမြေ့ဖွယ် သီတင်းကျွတ်ပါ 🪔

Happy Fitness Store ကို အစဉ်တစိုက် ယုံကြည်အားပေးကြတဲ့ Customer များ၊ လက်တွဲလုပ်ကိုင်ကြတဲ့ မိတ်ဖက်များ၊ Gym ပိုင်ရှင်များနဲ့ Trainer များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ 🙏

ဒီသီတင်းကျွတ်အခါသမယမှာ ချစ်ရသူတွေနဲ့အတူ နွေးထွေးပျော်ရွှင်တဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး လုပ်ငန်းဆောင်တာတွေလည်း အဆင်ပြေတိုးတက်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

လူကြီးမိဘ၊ ဆရာသမားများကိုလည်း ရိုသေလေးစားစွာ ဂါရဝပြုအပ်ပါတယ်။ 🙏

မေတ္တာဖြင့်
Happy Fitness Store မိသားစု 🧡

သီတင်းကျွတ်ဆိုင်ပိတ်ရက်အဖြစ်အောက်တိုဘာ ၂၄ မှ ၂၇ ရက်နေ့အထိ ခေတ္တပိတ်ထားမှာဖြစ်ပြီး အောက်တိုဘာ ၂၈ရက် ဗုဒ္ဓဟူးနေ့တွင် ပုံမှ...
23/10/2026

သီတင်းကျွတ်ဆိုင်ပိတ်ရက်အဖြစ်
အောက်တိုဘာ ၂၄ မှ ၂၇ ရက်နေ့အထိ ခေတ္တပိတ်ထားမှာဖြစ်ပြီး အောက်တိုဘာ ၂၈ရက် ဗုဒ္ဓဟူးနေ့တွင် ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်။

အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

💪 အသက်ကြီးလာတာကို တားလို့မရဘူး။ ဒါပေမယ့် ကြွက်သားတွေ ဆုံးရှုံးသွားတာကိုတော့ လျှော့ချလို့ရပါတယ်။အသက် ၃၀ အရွယ် လူတစ်ယောက်န...
08/10/2026

💪 အသက်ကြီးလာတာကို တားလို့မရဘူး။ ဒါပေမယ့် ကြွက်သားတွေ ဆုံးရှုံးသွားတာကိုတော့ လျှော့ချလို့ရပါတယ်။

အသက် ၃၀ အရွယ် လူတစ်ယောက်နဲ့ အသက် ၇၀ အရွယ် လူတစ်ယောက်ရဲ့ ကြွက်သားတွေ ဘယ်လောက်ကွာခြားနိုင်လဲဆိုတာ စဉ်းစားကြည့်ဖူးလား?

ပုံမှာ အနီရောင်တွေက ကြွက်သား (Muscle) ဖြစ်ပြီး အဝါရောင်တွေက အဆီ (Fat) ဖြစ်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ ကျွန်တော်တို့ခန္ဓာကိုယ်မှာ ကြွက်သားထု (Muscle Mass) လျော့နည်းလာနိုင်ပါတယ်။

အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုနည်းပြီး Strength Training မလုပ်တဲ့သူတွေမှာ ပိုသိသာနိုင်ပါတယ်။

ဒီလို အသက်အရွယ်နဲ့ဆက်စပ်ပြီး ကြွက်သားထုနဲ့ ကြွက်သားစွမ်းအား လျော့နည်းလာတာကို Sarcopenia လို့ခေါ်ပါတယ်။

ဒါပေမယ့် သတင်းကောင်းတစ်ခုရှိပါတယ်။

အသက် ၆၀၊ ၇၀ ရောက်နေပြီဆိုရင်တောင် Weight Training စလုပ်ဖို့ နောက်မကျသေးပါဘူး။

Strength Training ကို ပုံမှန်လုပ်ပေးခြင်းအားဖြင့်

✅ ကြွက်သားထုနဲ့ ခွန်အားကို ထိန်းသိမ်းနိုင်တယ်။

✅ အရိုးကျန်းမာရေးကို အထောက်အကူပြုတယ်။

✅ ခန္ဓာကိုယ်ဟန်ချက်နဲ့ လှုပ်ရှားနိုင်စွမ်း ပိုကောင်းလာစေတယ်။

✅ အသက်ကြီးလာတဲ့အခါ ကိုယ့်ဘာသာ လွတ်လပ်စွာ နေထိုင်နိုင်ဖို့ အထောက်အကူပြုတယ်။

တစ်ခုတော့ သတိပြုစေချင်ပါတယ်။

Gym ဆော့တယ်ဆိုတာ Six Pack ရဖို့၊ ကြွက်သားကြီးဖို့ သက်သက်မဟုတ်ပါဘူး။

အသက် ၇၀ ရောက်တဲ့အခါမှာတောင် လှေကားတက်နိုင်ဖို့၊ ကိုယ့်ပစ္စည်းကိုယ်သယ်နိုင်ဖို့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့လည်း ဖြစ်ပါတယ်။

ဒီနေ့ လေ့ကျင့်ခန်းလုပ်တာဟာ နောင်နှစ်ပေါင်း ၂၀၊ ၃၀ အတွက် ကိုယ့်ကျန်းမာရေးကို ရင်းနှီးမြှုပ်နှံနေတာပါပဲ။

05/10/2026

BH Fitness

Gym ဆော့တာကြာလာတော့ ပြောင်းသွားတာ Body တစ်ခုတည်းလား? 💪ကျွန်တော် lifting လုပ်လာတာ  ၁နှစ်ကျော်လာပြီ။စစချင်းတုန်းကတော့ လူအမ...
05/10/2026

Gym ဆော့တာကြာလာတော့ ပြောင်းသွားတာ Body တစ်ခုတည်းလား? 💪

ကျွန်တော် lifting လုပ်လာတာ ၁နှစ်ကျော်လာပြီ။

စစချင်းတုန်းကတော့ လူအများစုလိုပဲ Body လှချင်တယ်၊ ကြွက်သားထွက်ချင်တယ်ပေါ့။

ဒါပေမယ့် ဆော့ရင်းနဲ့ နားလည်လာတာက… တချို့ပြောင်းလဲမှုတွေက မှန်ထဲကြည့်လို့ မမြင်ရဘူးဗျ။

တစ်နှစ်လောက် ပုံမှန်ဆော့လာတဲ့အခါ ပိုနားလည်လာရတဲ့ အချက် ၅ ချက်ရှိတယ်။

၁။ ထင်ထားသလောက် မြန်မြန်မတိုးတက်ဘူး

စဆော့ခါစလို Weight တွေ အမြဲပြောင်းလဲတိုးတက်နေမှာ မဟုတ်ဘူး။ Body ကလည်း ကိုယ်မျှော်လင့်သလောက် မြန်မြန်မပြောင်းဘူး။

ရလဒ်သိပ်မမြင်ရသေးတဲ့အချိန်မှာလည်း ဆက်လုပ်နိုင်ဖို့ လိုတယ်။ စိတ်ရှည်တတ်လာတာပေါ့။

၂။ ဆော့တာကိုပဲ အာရုံစိုက်လို့ မရဘူး

Workout ကို ကြိုးစားသလောက် အိပ်ရေး၊ စားသောက်ပုံ၊ ရေသောက်တာနဲ့ အနားယူတာတွေကိုလည်း ဂရုစိုက်ရတယ်။

Gym ထဲမှာ အားစိုက်ပြီး အပြင်မှာ ကိုယ့်ကိုယ်ကို ဂရုမစိုက်ရင် ရလဒ်က ထင်သလောက်မရဘူး။

၃။ Workout တိုင်း ကောင်းနေမှာမဟုတ်ဘူး

တချို့နေ့တွေမှာ အားရှိတယ်။ ဆော့လို့လည်း ကောင်းတယ်။
တချို့နေ့တွေကျ ပုံမှန်မတဲ့ Weight တောင် လေးနေတတ်တယ်။

အဲ့လိုနေ့တစ်နေ့ကြောင့် ကိုယ့်တိုးတက်မှုအားလုံးကို ဆုံးဖြတ်လို့မရဘူး။ ကိုယ့်အခြေအနေအလိုက် ပြင်ဆော့ပြီး ရေရှည်ဆက်လုပ်နိုင်ဖို့က ပိုအရေးကြီးတယ်။

၄။ အားကောင်းလာတာနဲ့အမျှ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း တိုးလာတယ်

ကြွက်သားကြီးလာလို့တင် မဟုတ်ဘူးဗျ။

အရင်က မလုပ်နိုင်တာကို အခုလုပ်နိုင်လာတယ်။ အရင်က မနိုင်တဲ့ Weight ကို အခုမနိုင်လာတယ်။

“ငါ ကြိုးစားရင် တဖြည်းဖြည်း လုပ်နိုင်လာပါလား” ဆိုတဲ့ ယုံကြည်မှုမျိုး ရလာတာ။

၅။ Motivation ကိုပဲ စောင့်မနေတော့ဘူး

စိတ်ပါမှ ဆော့မယ်ဆိုရင် ပျက်တဲ့ရက်တွေ များလာတတ်တယ်။

အချိန်သတ်မှတ်ပြီး အလေ့အကျင့်တစ်ခုလို လုပ်တတ်လာတဲ့အခါ Discipline က တဖြည်းဖြည်း တည်လာတယ်။

အဲ့ဒီအလေ့အကျင့်က အလုပ်နဲ့ နေ့စဉ်ဘဝထဲအထိ ပါလာတတ်တယ်။

တစ်နှစ်ကြာလို့ ဘယ်လောက်မနိုင်လာပြီလဲဆိုတာ အရေးကြီးပါတယ်။

ဒါပေမယ့် ကိုယ်က အရင်ထက် စိတ်ရှည်လာသလား၊ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လာသလား၊ ခက်တဲ့အရာတွေကို လက်မလျှော့ဘဲ လုပ်တတ်လာသလားဆိုတာလည်း တန်ဖိုးရှိတယ်။

မှန်ထဲမှာ မမြင်ရတဲ့ တိုးတက်မှုတွေလည်း ရှိတယ်ဗျ။

ဆက်ဆော့ပါ။ ကိုယ့်အရှိန်နဲ့ကိုယ် ဆက်သွားပါ။ 💪

ခင်ဗျားတို့ကော… Gym ဆော့လာပြီးနောက် Body အပြင် ဘာတွေပြောင်းလဲလာလဲ?

အရင်တုန်းက “ပုံပျက်ပန်းပျက် ဝ နေလည်း ဘာဖြစ်လဲကွာ။ ဝိတ်ချဖို့ ကိစ္စ မကြားချင်ဘူး.. လာမပြောနဲ့။ ငါနေချင်သလိုနေမယ် .. စားချ...
28/09/2026

အရင်တုန်းက “ပုံပျက်ပန်းပျက် ဝ နေလည်း ဘာဖြစ်လဲကွာ။ ဝိတ်ချဖို့ ကိစ္စ မကြားချင်ဘူး.. လာမပြောနဲ့။ ငါနေချင်သလိုနေမယ် .. စားချင်သလိုစားမယ်” လို့ တွေးတယ်။
နောက်တော့ “ဝိတ်ကျသွားရင် တော်ပြီပေါ့ကွာ… ဗလတွေဘာတွေ ရှိစရာမလိုပါဘူး” လို့ တွေးတယ်။
ဗလလေးအနည်းငယ် စရှိလာတော့ “six packs ထွက်ဖို့ နဲ့ ဗလတွေပိုကြီးလာရင် ပိုလှလာမှာပေါ့” လို့ တွေးပြန်တယ်။
workout လုပ်ရတာ ပင်ပန်းပေမယ့် ဝဋ်ကြွေးတခု လို့ မတွေးပဲ ကိုယ့်ကိုယ်ကို ခန္ဓာကိုယ်ကို အကောင်းဆုံး ထုဆစ်နေတဲ့ ပန်းပုဆရာ လို့ သာ မြင်လိုက်ပါ။ များများထုဆစ်လေ ပိုလှလာလေ ပိုသန်စွမ်းလာလေပါပဲ။
အတွေးအမြင်တွေ ပြောင်းမှ လုပ်ရပ်ပြောင်းမယ်။ လုပ်ရပ်ပြောင်းရင် ရလာဒ်လည်း ပြောင်းလာပါလိမ့်မယ်။
ဒါ့ကြောင့် အတွေးအမြင်တွေကို ဂရုစိုက်ကြပါ လို့ စေတနာ မေတ္တာရှေ့ထား၍ အကြံပြုလိုက်ပါတယ် နော်။

18/09/2026

H9110 OSAKA Bike

မနက်ဖြန် ၁၉.၉.၂၀၂၆ စနေနေ့ မနက်တပိုင်း Stock စစ်ဖို့ရှိလို့ နေ့လည် ၁ နာရီမှ ဆိုင်ဖွင့်ပါမယ်ရှင်။ Please note that our sto...
18/09/2026

မနက်ဖြန် ၁၉.၉.၂၀၂၆ စနေနေ့ မနက်တပိုင်း Stock စစ်ဖို့ရှိလို့ နေ့လည် ၁ နာရီမှ ဆိုင်ဖွင့်ပါမယ်ရှင်။

Please note that our store will be temporarily closed tomorrow morning for routine stock checks. The store will be open from 1pm to 5pm.
Thank you.

သွေးတွင်း Sugar မြင့်နေရင်…စားတာလျှော့ဖို့ပဲ စဉ်းစားနေကြတာများပါတယ်။Carbs လျှော့ပါ။Weight ချပါ။စားတာထိန်းပါ။ဒါတွေအားလုံး...
16/09/2026

သွေးတွင်း Sugar မြင့်နေရင်…
စားတာလျှော့ဖို့ပဲ စဉ်းစားနေကြတာများပါတယ်။

Carbs လျှော့ပါ။
Weight ချပါ။
စားတာထိန်းပါ။

ဒါတွေအားလုံးက အရေးကြီးပါတယ်။

ဒါပေမယ့် Strength Training ကလည်း Blood Sugar ကိုထိန်းရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာ သိပါသလား?

Prediabetes ရှိတဲ့ Overweight adults တွေကို လေ့လာခဲ့တဲ့ Resist Diabetes Trial တစ်ခုမှာ—

တစ်ပတ်ကို ၂ ကြိမ်ပဲ
Resistance Training လုပ်ပြီး
၃ လအကြာမှာ Participants တွေရဲ့ 34% က Normal Blood Sugar range ထဲကို ပြန်ရောက်ခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက
ဒီပြောင်းလဲမှုဟာ Weight ကျသွားတာနဲ့ပဲ ဆက်စပ်။ နေတာမဟုတ်ပါဘူး။

Muscle Mass တိုးလာတာနဲ့ Blood Sugar ကို Normal range ပြန်ရောက်နိုင်ခြေ ပိုမြင့်လာတာကို တွေ့ခဲ့ရပါတယ်။ Study ထဲမှာ Fat-free mass 1% တိုးလာတိုင်း Normal Blood Sugar ဖြစ်နိုင်ခြေ 18% တိုးလာခဲ့ပါတယ်။

ဘာကြောင့်လဲ?

ကျွန်တော်တို့ရဲ့ Muscle တွေက Glucose ကို သိုလှောင် ပြီး အသုံးပြုတဲ့ အဓိကနေရာတစ်ခု ဖြစ်လို့ပါ။

Muscle တွေကို အလုပ်လုပ်စေတဲ့အခါ
Blood ထဲက Glucose ကို Muscle တွေက အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် အသက်ကြီးလာတာနဲ့အမျှ—

“Weight ဘယ်လောက်ရှိလဲ?” ဆိုတာတစ်ခုတည်းထက်
“Muscle ဘယ်လောက်ရှိလဲ?” ဆိုတာကိုလည်း
အာရုံစိုက်ဖို့လိုပါတယ်။

တစ်ပတ် ၂ ကြိမ်လောက်နဲ့ စလို့ရပါတယ်။

Squat
Leg Press
Chest Press
Row
Pull Down
အစရှိတဲ့ Basic Strength Exercises တွေကို Consistently လုပ်ပေးရုံနဲ့ Muscle Building ကို စတင်နိုင်ပါတယ်။

Gym သွားဖို့ အချိန်မရှိဘူးဆိုရင်လည်း
အိမ်မှာ Strength Training လုပ်နိုင်ပါတယ်။

အရေးကြီးတာက
စတင်ပြီးနောက် Consistent ဖြစ်ဖို့ပါ။

Muscle က Body Shape အတွက်ပဲ မဟုတ်ပါဘူး။

Muscle က ကျွန်တော်တို့ရဲ့ Metabolic Health အတွက်လည်း အရေးကြီးပါတယ်။

သင့်အတွက် လိုအပ်တဲ့ Home Gym / Strength Training Equipment တွေကို သိချင်ရင် Happy Fitness Store Messenger မှာ မေးမြန်းနိုင်ပါတယ်။

Address

571, Thumana Street, Thingangyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959441522264

Alerts

Be the first to know and let us send you an email when BH Fitness Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BH Fitness Myanmar:

Shortcuts

Share

Nearby gyms & sports facilities