05/05/2026
✅ Gym သွားပါရက် Diet တွေလုပ်ပါရက်နဲ့ ဘာလို့ result တွေ မရလာတာလဲ🤷🏻
✅ကျွန်တော်တို့ Body Transformation လုပ်တဲ့နေရာမှာ သတိမထားမိတဲ့အရာလေးတစ်ခုအကြောင်း ဒီနေ့ပြောပြပေးမယ်
▪️Pro tip🤓 လေးတစ်ခုလို့ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လဲ Bodybuilding နဲ့ Fitness လောကထဲကို နက်နက်ရှိုင်းရှိုင်းလေ့လာပြီးမှသိလားသလို ကျွန်တော်ကိုယ်တိုင်လဲ ဘယ်လိုမျိုးလဲဆိုတာ သိအောင်လုပ်ခဲ့ရတဲ့အချက်လေးတစ်ခုမို့ပါ။
အဲ့ဒါဘာလဲဆိုတော့ 👉🏻Insulin Sensitivity
✅ Insulin sensitivity ဆိုတာက ခန္ဓာကိုယ်ဆဲလ်တွေက Insulin ကို ဘယ်လောက်ကောင်းကောင်း တုံ့ပြန်နိုင်သလဲဆိုတာကို ပြောတာပါ။
Insulin sensitivity ဆိုတာဘာလဲဆိုတာထက် body transformation လုပ်တဲ့နေရာမှာ ဘယ်လိုအကျိုးသက်ရောက်လဲဆိုတာကို ပြောပြချင်တာ။ Bodybuilder တွေမှာတောင် insulin sensitivity နည်းနေရင် စားသမျှ nutrient တွေက ကြွက်သားထဲမရောက်ပဲ အဆီအဖြစ်သိလှောင်သွားကြတယ်။ ပြောချင်တာက professional ကစားသမားတွေမှာတောင် ဖြစ်ရင် ရိုးရိုးသာမန် transformation လုပ်တဲ့သူတွေမှာဆို ပိုဆိုးပြီပေါ့🤷🏻။ Gym တော့သွားတယ် ကစားတယ် Diet တွေလုပ်ပါရက်နဲ့ အဆီကျတာတွေနှေးနေတယ် ထင်သလောက်မဖြစ်လာဘူးဆိုတဲ့အထဲမှာ ဒီအချက်ကထိပ်ဆုံးကပဲ။ လူတွေ မသိတဲ့အချက်ကလဲ ဒီအချက်ပါပဲ🛑
▪️High insulin sensitivity = more nutrients into the muscles, allow more fat breakdown
(lipolysis)
▪️Low insulin sensitivity = food is stored as fat, harder fat burning, more hunger
အဲ့တော့ ဘာလို့အစားတွေ တစ်ခုပြီးတစ်ခုစားချင်နေတာလဲဆိုတဲ့ စိတ်တွေ ၊ ခါးတွေ ဘယ်လီတွေမှာ အဆီတွေစုလာတာတွေ၊ ကစားနေပါရဲ့ ဘာမှမဖြစ်လာတာတွေ၊ ထမင်းတွေမစားပင်မဲ့လဲ😄 မပိန်လာတာတွေ ညစာမစားပဲ ၀နေသေးတာတွေ အဲ့ဒီအချက်တွေက သင့်ခန္ဓာကိုယ်ရဲ့ insulin sensitivity မကောင်းလို့ပါ။ Bodybuilder တွေမှာတောင် ကျန်းမာတဲ့ လူ၀လေး😄ဖြစ်သွားတယ်ဆိုတာ အဲ့ဒါကြောင့်ပါ။
✅ သာမန်သူတစ်ယောက်အနေနဲ့ insulin sensitivity ကောင်းလာအောင် ဘယ်လိုလုပ်မလဲ
ကိုယ်ဖြစ်ချင်တာထက် ဘယ်အရာတွေကို အရင်အာရုံစိုက်ရမယ်ဆိုတာ အရမ်းအရေးကြီးပါတယ်။ It’s not gonna happen overnight and also it won’t be easy!
▪️ Body fat ချရပါမယ် That’s the number 1 🔑
▪️Do weight lifting
▪️Do cardio
▪️Dieting ( Protein, fat, Carb ကို ဘယ်လိုတွေစားရမလဲဆိုတာကို professional နဲ့တိုင်ပင်သင့်ပါတယ် ) Body fat ချဖို့သည် Diet နဲ့ အရမ်းသက်ဆိုင်ပါတယ်
▪️Control your mind ကျွန်တော်တို့ ခန္ဓာကိုယ်က ဘက်မလိုက်တတ်ဘူးဗျ သူတော့ လေ့ကျင့်ခန်းတွေအများကြီးလုပ်ထားတာပဲ ဒီ burger လေး whiskey လေး pizza လေးတစ်ရက်နှစ်ရက်လောက်စားပါစေ ဆိုပြီးခွင့်မလွှတ်ဘူးဗျ သူထဲကို၀င်လာတဲ့အရာတိုင်း သူကအမှန်တိုင်း တုံပြန်တတ်တာ 🤷🏻
▪️ Consistency လေ့ကျင့်ခန်းတွေ calorie deficit တွေ တစ်ပတ်နှစ်ပတ် တစ်လလောက်လုပ်ရုံနဲ့ insulin sensitivityတတ်မလာနိုင်ပါ သုံးလ transformation တွေဘာတွေ ဖြစ်ချင်တယ်ဆိုတာ အလကားအဲ့ဒါ completely လုံး၀မဖြစ်ပါ This is a long term journey ပါ
✅ Instead of expecting results, just fall in love with process!
✅ Don’t compare yourself with others!
02/05/2024
Body Transformation တစ်ခုလုပ်နေပြီး အထူးသဖြင့်ဝိတ်ချနေသောသူများ Result ကိုထင် သလောက်မရလာရင် မှားယွင်းနေတဲ့အချက်တွေရှိနေလို့ပါ🤷
▶️ ညဘက်အိပ်တာနောက်ကျလို့ မနက်စာနဲ့နေ့လည်စာပေါင်းစားလိုက်တာတို့❌
▶️ Healthy Meal ကိုမစားပဲ အပြင်မှာပဲတစ်ခုခုဝယ်စားလိုက်တာမျိုး နည်းနည်းပဲစားတာပါဆိုပင်မဲ့ စားလိုက်တဲ့အစာရဲ့ Calorie က Heathly meal calorie ထက်များနေတတ်ပါတယ် ❌
( ✅ဘာမှလဲမစားအများကြီးမစားပဲ Weight ကကျမလာဘူးဆိုတာအဲ့ဒီအချက်နဲ့အများကြီးဆိုင်ပါတယ် )
▶️ ကိုယ်စားတဲ့ Calorie နဲ့ ကစားတဲ့ Calorie burn နှုန်းမမျှခြင်း
အကောင်းဆုံးပြင်ဆင်သင့်တဲ့နည်းလမ်းလေးတွေကတော့
✅ Meal တွေစားတဲ့အခါ Carbs, Protein, Good fat မျှတအောင်စားပေးပါ Meal တွေ Skip မလုပ်ပါနဲ့
✅ တစ်နေ့ကိုအနည်းဆုံး ၇ နာရီကနေ ၈ နာရီ ရအောင်အိပ်ပါ ( Weight ချတာဖြစ်စေ Weight တင်တာဖြစ်စေ ဘယ်အကောင်းဆုံး Program နဲ့ဆော့ဆော့ ဘယ်လောက်တော်နဲ့ Coach နဲ့ဆော့ဆော့ ကောင်းကေရင်းအိပ်စက်အနားယူမှုမရှိရင် ဘာရလဒ်မှမရပါဘူး❌ )
✅ အနည်းဆုံး ရေကို 2 liters ရအောင်သောက်ပါ ရေသောက်ဖို့မေ့တတ်တယ်ဆို ကိုယ်အတွက်သီးသန့်ရေဘူးတစ်ဘူးဝယ်ပြီးအနားမှာထားသောက်ပါ✅
✅ Gym သွားဖို့အချိန်မရဘူးဆိုရင်တောင် အနည်းဆုံးလမ်းမြန်မြနိလျောက်တာတို့ Homeworkout လေးလုပ်တာတို့ လောက် လုပ်ပေးသင့်ပါတယ်
✅ Consistent ဖြစ်ဖို့အရေးကြီးပါတယ် ကိုယ်ဘာတွေမှားနေလဲ ဘာတွေပြင်ဆင်သင့်လဲဆိုတာကို လေ့လာပြီး ပြန်လုပ်ပါ Give up မလုပ်လိုက်ပါနဲ့
အရွယ်တစ်ခုရောက်လာတဲ့အချိန်ကျ ကျန်းမာရေးလိုက်စားပြီး အားကစားလုပ်တဲ့သူက မလုပ်တဲ့သူယှဉ်ရင် Physical ပိုင်းရော Mental ပိုင်းရောမှာ ပိုကောင်းပါတယ်✅
👉Training plan , Online Coaching , Dite plan , Personal Training များအတွက် လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျ
29/04/2024
2024 ဒီနှစ်ထဲမှာ ခန္ဓာကိုယ်ပြောင်းလဲဖို့ ရည်ရွယ်ထားတယ်ဆိုရင်
☑️ တစ်ပတ်ကို workout (3 ရက်ကနေ 4 ရက် ) ထိလုပ်ပေးဖို့လိုပါတယ်
☑️ Diet ဆိုတာကိုအရင်တန်းမသွားပဲ အာဟာရမျှတအောင်စားဖို့ အရင်ကျင့်ပါ ( အစာအငတ်ခံတာတို့ အပြင်စာတွေအမြဲလျောက်စားနေတာထက် Carbs,Protein,Good Fats ) အဲ့ဒါတွေကိုနေ့စဉ်မျှတအောင်စားဖို့အရင်ကျင့်ပါ
☑️ Proper Hydration ဖြစ်ဖို့အတွက် နေ့စဉ်အနည်းဆုံး ရေ 2 liters သောက်ပေးပါ ( ရေဘူးလေးတစ်ဘူးသီးသန့်ထည့်ထားပြီးသောက်ဖို့အကြံပြုပါတယ်)
☑️ ညဘက်တွေ ပုံမှန် 8 Hours ရအောင်အိပ်ပါ အနည်းဆုံးတော့ 6 Hours လောက်အိပ်ဖို့အကြံပြုပါတယ်
28/04/2024
Another transformation 🔥Body fat% ကျလာရုံတင်မကပါဘူး Muscle mass တွေပါသိသိသာသာတက်လာတယ်တစ်လအတွင်းကို (❇️ No PED ) ပါ
☑️Weight ချတဲ့အခါမှာ အစာအငတ်ခံစရာမလိုပါဘူး စားသင့်စားထိုက်တာတွေစားပြီး ရှောင်သင့်တာတွေရှောင်ရင်ရပါပြီ တိကျတဲ့ Plan တစ်ခုနဲ့ Consistent ဖြစ်စွာလိုက်လုပ်ဖို့ပဲလိုပါတယ်✅
✅ Training Plan , Diet Plan, Online Coaching, Personal Training များအတွက် Page Messenger တွင်လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်ခင်ဗျာ❤️
26/03/2024
🤷မနက်စာစားချက်က Weight ကျဖို့အတွက်တကယ်အထောက်အကူဖြစ်နိုင်သလား?
သင်၏ Weight ကျဖို့လုပ်တဲ့ လမ်းကြောင်းမှာ သင်မနက်တိုင်းကြုံတွေ့ရမဲ့အခက်အခဲတစ်ခုက မနက်စာစားသင့်သလား🤷 မနက်စာမစားသင့်သလားဆိုတာ🤷 Weight ကျဖို့လုပ်နေတဲ့သူတွေမှာမနက်တိုင်းကြုံတွေ့နေရမဲ့ပြသာနာလေးတစ်ခုပါ ✅ မနက်စာစားတာက weight loss ဖြစ်ဖို့အတွက်အကျိုးပြုစေသလား (OR) မနက်စာကို skip ပြီး နေလည်စာမှပေါင်းစားရင်မကောင်းဘူးလား❌
Breakfast ဆိုတာ လူတိုင်းအတွက်အရေးကြီးဆုံး Meal လို့ယူဆကြပါတယ် သင်၏ခန္ဓာကိုယ်ထဲက nutrient တွေကသင်အိပ်နေတုံးနဲ့ fasting ဖြစ်နေတုံးမှာ ကုန်ဆုံးသွားပါတယ် Breakfast ကအဲ့ဒီ nutrient တွေကိုပြန်လည်ဖြည့်တင်းပေးပါတယ်✅ နောက်ပြီး သင်၏် ခန္ဓာကိုယ် ဇီဝဖြစ်စဉ်ကိုမြင့်တင်ပေးပြီး တစ်နေ့လုံးအတွက် စွမ်းအင်တွေကိုပေးနိုင်ပါတယ်✅
▶️ မနက်စာမစားခြင်းက သင်၏တစ်နေ့တာ Appetite ကိုလျော့မသွားစေပါဘူး
▶️ နောက်မေးခွန်းလေးတစ်ခုက မနက်စာကိုသင်မစားပဲနေလိုက်ရင် ကျန်တဲ့အချိန်တွေမှာရော Calorie တွေပိုမစားနိုင်ဘူးလား??🤷
✅ မနက်စာကိုမစားပဲ skip လိုက်ရင် ကျန်တဲ့ meal တွေမှာ Calorie ပိုစားနိုင်ခြေများပါတယ် ✔️ လူတိုင်းဟာဗိုက်ဆာနေရင်ပိုစားတတ်ကြတာသဘာဝပါ အဲ့ဒါကြောင့်မနက်စာအတွက်စားမဲ့ Calorie နဲ့ နေ့လည်တွေ ညနေတွေမှာစားမဲ့ calorie မျှမျှတတဖြစ်ဖို့လိုပါတယ်
✅ အဓိကကတော့ Weight Loss လုပ်တဲ့အချိန်မှာစားတဲ့အစားအသောက်လေးတွေရွေးချယ်တတ်ဖို့ရယ် ကိုယ်ခန္ဓာကိုယ်ရဲ့ Daily Calorie ကိုမကျော်ဖို့ပဲဖြစ်ပါတယ်
❌အစာအငတ်ခံစရာလုံးဝမလိုပါဘူး Weight ချရာမှာ
❌ Calorie တွေအရမ်းလျော့စားစရာမလိုပါဘူး
✅ Consistent ဖြစ်ဖို့နဲ့ ပုံမှန်လေးသွားဖို့ပဲလိုတာပါ