United Matter

United Matter

Share

Screaming at the TV since Ferguson left 😅❤️

Photos from United Matter's post 11/08/2026

🔴👊 | Manchester United အသင်း Dublin မှာ လေ့ကျင့်ရေး ပြန်လည်စတင်နေပါပြီ။

လာမယ့် ရာသီကြိုခြေစမ်းပွဲအတွက် အသင်းသားတွေ အားပြည့်အင်ပြည့်နဲ့ ဆက်လက်ပြင်ဆင်နေကြပါတယ်။

Photos from United Matter's post 11/08/2026

🚨🔴 | 𝐍𝐄𝐖𝐒 — Lisandro Martínez လည်း Manchester United အသင်းဖော်တွေနဲ့အတူ အိုင်ယာလန်ကို ရောက်ရှိလာပါပြီ။

Manchester United ဟာ အခုဆိုရင် အသင်းသားစုံလင်စွာနဲ့ အတူတကွ လေ့ကျင့်နိုင်ပြီ ဖြစ်ပါတယ်။

ရာသီကြိုခြေစမ်းပွဲအဖြစ် ကျန်ရှိနေသေးတဲ့ Leeds United နဲ့ AC Milan တို့နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ် ၂ ပွဲအတွက် အသင်းတစ်ခုလုံး အပြည့်အဝ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ 🔴🔥

11/08/2026

🚨🔴 | 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 — Leeds United နဲ့ ခြေစမ်းပွဲအတွက် Manchester United အသင်း အိုင်ယာလန်ကို ရောက်ရှိနေပါပြီ။ ✈️

🔺 ဂိုးသမားများ
Senne Lammens, Tom Heaton, Dermot Mee, Fred Heath

🔺 နောက်ခံကစားသမားများ
Harry Amass, Dan Armer, Patrick Chinazaekpere Dorgu, Diogo Dalot, Ayden Heaven, Harry Maguire, Noussair Mazraoui, Luke Shaw, Leny Yoro

🔺 ကွင်းလယ်ကစားသမားများ
Bruno Fernandes, Jack Fletcher, Tyler Fletcher, Mason Mount, Andrey Santos, Youri Tielemans, Kobbie Mainoo

🔺 ရှေ့တန်းကစားသမားများ
Amad, Shea Lacey, Bryan Mbeumo, Joshua Zirkzee, Marcus Rashford, Benjamin Ĺ eĹĄko, Matheus Cunha

🔴 Leeds United နဲ့ ခြေစမ်းပွဲအတွက် အသင်းရဲ့ လူစာရင်းအပြည့်အစုံပါ။

Photos from United Matter's post 11/08/2026

🚨🎙️

“1998 World Cup ကနေ ပြန်လာတဲ့အချိန်မှာ ကျွန်တော်ဟာ အင်္ဂလန်တစ်နိုင်ငံလုံးမှာ အမုန်းခံရဆုံးလူ ဖြစ်နေမယ်ဆိုတာ သိနေခဲ့ပါတယ်။

Argentina နဲ့ပွဲမှာ အနီကတ်ထိခဲ့တယ်။ နောက်ဆုံး ပင်နယ်တီနဲ့ ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတယ်။ ဒါကြောင့် ရာသီသစ်စရင် ကျွန်တော့်အတွက် အရမ်းခက်ခဲမယ်ဆိုတာလည်း ကြိုသိနေခဲ့ပါတယ်။

အဲဒီနောက် ပထမဆုံး အဝေးကွင်းပွဲအဖြစ် West Ham နဲ့ သွားကစားခဲ့တယ်။

ထောင့်ကန်ဘောကန်ဖို့ လျှောက်သွားတဲ့အချိန်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုတွေက မယုံနိုင်လောက်အောင် ပြင်းထန်ခဲ့ပါတယ်။

ဒါပေမယ့် ဂိုးနောက်ကနေတော့ Manchester United ပရိသတ်တွေက ကျွန်တော့်နာမည်ကို သီချင်းဆိုပြီး အားပေးနေကြတာ ကြားနေရတယ်။

အားလုံးက ကျွန်တော့်ကို ဆန့်ကျင်သွားသလို ဖြစ်နေချိန်မှာ သူတို့ကတော့ ကျွန်တော့်ဘက်မှာ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြပါတယ်။

အဲဒီအခိုက်အတန့်က ကျွန်တော့်စိတ်ကို ပြန်တည်ငြိမ်သွားစေခဲ့ပါတယ်။

အင်္ဂလန်နဲ့ ဖြစ်ခဲ့တာတွေ ဘယ်လိုပဲဖြစ်ဖြစ် Manchester United မှာတော့ ကိုယ့်အတွက် မိသားစုတစ်ခု ရှိနေတယ် ဆိုတာ ပြန်သတိရစေခဲ့တာပါ။

အဲဒီရာသီမှာပဲ ကျွန်တော်တို့ဟာ Treble ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။”

Photos from United Matter's post 11/08/2026

🚨 ရာသီသစ်မစတင်ခင် Michael Carrick အတွက် Sir Alex Ferguson ရဲ့ အားပေးစကား

🗣️ Sir Alex Ferguson:

“Michael၊ ဒီအသင်းက ဘာကို ကိုယ်စားပြုတယ်ဆိုတာ မင်းထက်ပိုသိတဲ့သူ မရှိသလောက်ပါပဲ။

ပထမဆုံးပွဲက အမှတ် ၃ မှတ်ရဖို့လောက်နဲ့ မပြီးပါဘူး။ Old Trafford မှာ ပျောက်ဆုံးနေတဲ့ ယုံကြည်မှုတွေကို ပြန်တည်ဆောက်ဖို့ မင်းစတင်လျှောက်ရမယ့် ခရီးရဲ့ အစလည်း ဖြစ်ပါတယ်။

မင်းရဲ့ ကစားသမားတွေကို ယုံကြည်ဖို့ မကြောက်ပါနဲ့။ သူတို့ဆီက အမြင့်ဆုံးစံနှုန်းကို တောင်းဆိုပါ။ အလယ်အလတ်အဆင့်နဲ့ ဘယ်တော့မှ မကျေနပ်ပါနဲ့။

Manchester United ဆိုတာ အမြဲတမ်း သတ္တိရှိရှိနဲ့ ရည်မှန်းချက်ကြီးကြီး ကစားရမယ့်အသင်းပါ။

ပရိသတ်တွေက ဒီအချိန်အထိ စောင့်လာခဲ့တာ ကြာပါပြီ။

အခုတော့ ကွင်းထဲထွက်ပြီး သူတို့ ဂုဏ်ယူနိုင်မယ့် အသင်းတစ်သင်းကို ပေးလိုက်ပါ။

တစ်ခုတော့ မှတ်ထားပါ။ Manchester United ကို ကိုင်တွယ်ရတဲ့အခါ ဖိအားဆိုတာ ရှောင်လွှဲလို့မရတဲ့ အစိတ်အပိုင်းတစ်ခုပါ။

အဲဒီဖိအားကို ရင်ဆိုင်ပါ။ ထွက်ပြေးမနေပါနဲ့။

ကစားသမားတွေက ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်ချက် ရှိလာအောင် လုပ်ပေးပါ။

ဘာလို့လဲဆိုတော့ အရာအားလုံးရဲ့အစက အဲဒီယုံကြည်ချက်ကနေ စတင်တာပါ။

ပြီးတော့ ခက်ခဲတဲ့အချိန်တွေ ရောက်လာတဲ့အခါ ခိုင်ခိုင်မာမာ ရပ်တည်ပြီး အသင်းရဲ့ စံနှုန်းတွေကို မြင့်မြင့်မားမား ဆက်ထိန်းထားပါ။

ဒါဟာ Manchester United ဆိုတဲ့အသင်းရဲ့ အစဉ်အလာအတိုင်း အမြဲတမ်း ရပ်တည်ခဲ့တဲ့အရာပါ။”

Photos from United Matter's post 11/08/2026

🚨🎙️ | Eric Cantona က Jack နဲ့ Tyler Fletcher တို့အပေါ် သူ့ရဲ့အမြင်ကို ပြောကြား

🗣️ Eric Cantona:

“ဒါက ကျွန်တော့်အမြင်တစ်ခုတည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Jack နဲ့ Tyler Fletcher တို့ဟာ Manchester United ပထမအသင်းအတွက် အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်စေလောက်တဲ့ စွမ်းဆောင်ရည်ကိုတော့ အခုထိ မမြင်ရသေးပါဘူး။

သူတို့မှာ အလားအလာရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် Old Trafford ရဲ့ ဖိအားတွေနဲ့ မျှော်လင့်ချက်တွေကနေ ခဏဝေးပြီး ပုံမှန်ပွဲထွက်ခွင့်ရအောင် ကစားတာက သူတို့နှစ်ယောက်စလုံးအတွက် ပိုကောင်းမယ်လို့ ထင်ပါတယ်။

သူတို့ရဲ့ဖခင်ကို လေးစားမှုအပြည့်နဲ့ ပြောရမယ်ဆိုရင်တောင် အခုလက်ရှိ သူတို့ရဲ့ကစားပုံမှာ JJ Gabriel ဒါမှမဟုတ် Jim Thwaites လို လူငယ်ကစားသမားတွေထက် အရင်ရွေးချယ်သင့်တယ်လို့ ပြောနိုင်လောက်တဲ့အရာကို မမြင်ရသေးပါဘူး။

တစ်ခါတလေ အလားအလာရှိတဲ့ လူငယ်ကစားသမားတွေအတွက် အကောင်းဆုံးအရာက အသင်းကြီးရဲ့ ဖိအားတွေကနေ ခဏခွာထွက်ပြီး အပတ်တိုင်း ပုံမှန်ကစားဖို့ပါ။

အမှားလုပ်ပါ။
အဲဒီအမှားတွေကနေ သင်ယူပါ။
ပြီးတော့ Manchester United ရဲ့ အမြဲတမ်းရှိနေတဲ့ ဖိအားတွေမပါဘဲ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ပါ။

Championship ကို အငှားသွားကစားတာက Fletcher အမြွှာနှစ်ယောက်အတွက် လိုအပ်နေတဲ့ အတွေ့အကြုံကို အတိအကျ ပေးနိုင်ပါလိမ့်မယ်။

သူတို့က ထိပ်တန်းကစားသမားတွေ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ပြောနေတာ မဟုတ်ပါဘူး။ သူတို့မှာ အချိန်အများကြီး ရှိပါသေးတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Manchester United အတွက် အဆင်သင့်ဖြစ်နေပြီလို့ သတ်မှတ်နိုင်ဖို့ သက်သေပြစရာတွေ အများကြီး ကျန်နေပါသေးတယ်။”

11/08/2026

Bruno ကို ဂိုးအရမ်းသွင်းစေချင်နေတဲ့ Tielemans 😆

10/08/2026

🚨🔴 | United ရဲ့ နောက်ဆုံး ၄၈ နာရီ

🔴 Lewis Hall က Newcastle မှာပဲ ဆက်နေတော့မယ်ဆိုတဲ့အခြေအနေကြောင့် United ဘက်က Racing Santander ရဲ့ Jorge Salinas ကို ပိုပြီးအာရုံစိုက်လာတယ်လို့ သတင်းထွက်လာပါတယ်။

အသက် 19 နှစ်ပဲရှိသေးပြီး Left-back နဲ့ Centre-back နှစ်နေရာလုံး ကစားနိုင်တဲ့ ကစားသမားပါ။ ပေါင် 13.7 သန်း Release Clause ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စကိုတော့ Panic Buy လို့ မမြင်မိဘူး။ United အနေနဲ့ လိုအပ်နေတဲ့နေရာကို အကြောင်းပြချက်တွေ ပေးနေမယ့်အစား တကယ်လှုပ်ရှားလာတာက ပိုကောင်းပါတယ်။

🔴 တစ်ဖက်မှာ Rashford ကလည်း ဒီနေ့ Carrington ကို ပြန်ရောက်လာပါတယ်။

United ဘက်ကတော့ Rashford ဆက်နေဖို့ အခွင့်အရေးရှိတယ်လို့ ယုံကြည်နေပြီး Turkey နဲ့ Saudi Arabia ကမ်းလှမ်းမှုတွေကို သူကိုယ်တိုင် ပယ်ချထားတယ်လို့ သိရပါတယ်။

Carrick လည်း ဒီကိစ္စမှာ ပါဝင်နေတယ်ဆိုတော့ Rashford ဆက်နေမယ့်တံခါးက အတော်လေးဖွင့်ထားတယ်လို့ မြင်ရတယ်။

Rashford ထွက်သွားဖို့ ဆုတောင်းနေတဲ့သူတွေအတွက်တော့ သတင်းက သိပ်ပျော်စရာမကောင်းဘူးထင်ပါတယ်။ 😁

🔴 ပြီးတော့ Endrick ကိစ္စလည်း ရှိလာပါတယ်။

United ဘက်က Endrick ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ထားပြီး Real Madrid က အငှါးချချင်နေတယ်။ United ဘက်ကတော့ Loan + Option to Buy ပုံစံကို လိုချင်နေတယ်လို့ ဆိုပါတယ်။

Endrick ကိုယ်တိုင်ကလည်း ကစားချိန်နည်းတာကြောင့် စိတ်ပျက်နေတယ်လို့ သိရပါတယ်။

တစ်ခုချင်းစီကြည့်ရင် အားလုံးက မတူညီတဲ့ကိစ္စတွေပါပဲ။

နွေရာသီတစ်လျှောက် United ရဲ့ အရှုပ်ထွေးဆုံး 48 နာရီတွေထဲက တစ်ခုဖြစ်လာပြီလို့ ပြောလို့ရပါတယ်။

သုံးယောက်လုံးရဲ့ အခြေအနေကိုတော့ကို စောင့်ကြည့်နေရမှာပါပဲ။

❓ဒီသုံးယောက်ထဲက ဘယ်သူကို နောက်ရာသီ United မှာ မြင်လာရမလဲ?

Photos from United Matter's post 10/08/2026

🚨🎙️| Thierry Henry ရဲ့ Manchester United အပေါ် အမြင်

“Manchester United ဟာ Premier League ချန်ပီယံဆုအတွက် တကယ်တမ်း စိန်ခေါ်နိုင်မယ့်အသင်းတစ်သင်း ဖြစ်လာနိုင်တယ်ဆိုတာကို အခု စတင်မြင်လာရပါပြီ။

Youri Tielemans ကို ခေါ်ယူလိုက်တာက အသင်းရဲ့ ရည်မှန်းချက်ကို ပြသလိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ခံစားရပါတယ်။

သူဟာ Carrick အတွက် ပွဲကို ထိန်းချုပ်နိုင်မယ့်၊ ဘောလုံးကို ရှေ့ရောက်အောင် ပို့ဆောင်ပေးနိုင်မယ့်အပြင် ကိုယ့်ကွင်းဘက်ခြမ်းကနေ တိုက်စစ်အခွင့်အရေးတွေ ဖန်တီးပေးနိုင်မယ့် ကွင်းလယ်ကစားသမားတစ်ယောက် ထပ်ရရှိလာစေမှာပါ။

ပြီးတော့ Tielemans နဲ့ Bruno Fernandes တို့ကို အခြေခံတည်ဆောက်ထားတဲ့ ကွင်းလယ်ကို စဉ်းစားကြည့်လိုက်ပါ။

Bruno အနေနဲ့ အရာအားလုံးကို တစ်ယောက်တည်း လိုက်လုပ်စရာ မလိုတော့ဘူး။ Tielemans ကလည်း သူ့ရဲ့ ဖန်တီးမှုနဲ့ ဘောလုံးကို ရှေ့တက်အောင် ပို့ဆောင်ပေးရတဲ့ တာဝန်အချို့ကို ဝေမျှပေးနိုင်ပါလိမ့်မယ်။

ဒီလို Manchester United အသင်းမျိုးနဲ့ ရင်ဆိုင်ရတာကို အသင်းတော်တော်များများက သဘောကျကြမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။”

10/08/2026

🔥🔴 | ဒီ Midfield 3 ယောက်ကတော့ ဒီနှစ်မှာ တကယ် Special ဖြစ်လာနိုင်တယ်လို့ မြင်တယ်။

Santos နဲ့ Tielemans ရှိနေတာကြောင့် Bruno က နောက်မှာ ဘာတွေဖြစ်နေလဲဆိုတာ အမြဲတမ်းပြန်ကြည့်နေစရာမလိုတော့ဘဲ Final Third မှာပိုပြီနေရာယူကစားလို့ရလာမယ်။

Tielemans က Tempo ကို ထိန်းပေးနိုင်တယ်။ ဘောလုံးကို မြန်မြန်နဲ့ တိတိကျကျ ရွှေ့ပေးနိုင်တယ်။

Santos ကတော့ ပြိုင်ဘက်ရဲ့ ပထမဆုံး Pressure Line ကို Progressive Run တွေနဲ့ဖြတ်ပြီး ရှေ့တက်လာနိုင်တဲ့ပုံစံရှိတယ်။

ဒါဆို Bruno အနေနဲ့ သူအန္တရာယ်အပေးနိုင်ဆုံးဖြစ်တဲ့ Final Third မှာ လွတ်လွတ်လပ်လပ် ဖန်တီးမှုတွေ ပိုလုပ်နိုင်ပါမယ်။

အဓိကကတော့ ဒီသုံးယောက်ရဲ့ တာဝန်တွေမတူကြတာပါပဲ။

တစ်ယောက်က ဖျက်မယ်။
တစ်ယောက်က Control လုပ်မယ်။
တစ်ယောက်က ဖန်တီးမယ်။

အကုန်လုံးက ကိုယ့်ဘာသာကိုယ် အရာအားလုံးကိုလုပ်ဖို့ ကြိုးစားနေမယ့်အစား တစ်ယောက်နဲ့တစ်ယောက် ပိုပြီးပြည့်စုံစေနိုင်တဲ့ ကွင်းလယ်အတွဲ ဖြစ်လာနိုင်ပါတယ်။

Carrick က ဒီသုံးယောက်ကို 4-3-3 နဲ့ အလုပ်ဖြစ်အောင် တည်ဆောက်နိုင်မယ်ဆိုရင်တော့ United အနေနဲ့ လိုအပ်နေခဲ့တဲ့ Control + Ball Progression + Creativity ဆိုတဲ့ Balance ကို နောက်ဆုံးရလာနိုင်တယ်လို့ မြင်ပါတယ်။

ဒါပေမယ့် Pre-season မှာကောင်းနေရုံနဲ့တော့ မလုံလောက်သေးပါဘူး။

တကယ်ပြိုင်ဆိုင်မှုပြင်းထန်မယ့် ပြိုင်ပွဲတွေမှာ ဒီပုံစံကို တကယ်တမ်း တစ်ပွဲပြီးတစ်ပွဲ Consistent ဖြစ်အောင် လုပ်ပြနိုင်မလား — အဲဒါပဲ စောင့်ကြည့်ရပါမယ်။

Want your business to be the top-listed Gym/sports Facility in Singapore?

Click here to claim your Sponsored Listing.

Location

Category

Address


Singapore