12/09/2026
ဝိတ်မြန်မြန်ကျချင်လို့ မနက်စာကို လုံးဝ မစားဘဲ နေနေတာလား❓
🤔အများစုက မနက်စာ မစားရင် ကယ်လိုရီ ဝင်တာနည်းပြီး ဝိတ်ကျမယ်လို့ ထင်တတ်ကြပါတယ်။
✅ဒါပေမယ့် တကယ်တမ်းကတော့ မနက်စာ မစားတဲ့အခါ နေ့လယ်ရောက်ရင် ဗိုက်အရမ်းဆာပြီး ရှိသမျှ အကုန်ဆွဲစားမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုလည်း နှေးသွားစေလို့ အဆီလောင်ကျွမ်းမှုကို ထိခိုက်စေပါတယ်။
✅ဒီနေ့မှာတော့ ဝိတ်ကျစေဖို့ တကယ်စားပေးသင့်တဲ့ မနက်စာ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဝိတ်ကျချင်တယ်ဆိုရင် မနက်စာကို လုံးဝ မဖြတ်ဘဲ အသားဓာတ် (Protein) ပြည့်ဝအောင် စားပေးဖို့က အရေးကြီးပါတယ်။ ဥပမာအနေနဲ့ ကြက်ဥပြုတ် ၂ လုံး နဲ့ ကော်ဖီခါးခါးလေး တစ်ခွက်၊ ဒါမှမဟုတ် ပဲပြုတ် နဲ့ ထမင်းကြမ်း နည်းနည်း စတာတွေ စားပေးလို့ ရပါတယ်။ မြန်မာမုန့်ဟင်းခါး စားမယ်ဆိုရင်တောင် အီကြာကွေးတွေ အများကြီး မထည့်ဘဲ ဘဲဥ၊ ငါးဖယ် များများလေး ထည့်စားတာမျိုးပါ။ ဒီလို ပရိုတင်း ပြည့်ဝတဲ့ မနက်စာက တစ်နေ့တာအတွက် ခွန်အားဖြစ်စေသလို၊ ဗိုက်ပြည့်နေတဲ့အတွက် နေ့လယ်စာနဲ့ ညစာကို အလွန်အကျွံ စားမိတာမျိုးကိုပါ ကာကွယ်ပေးပါတယ်။
✅မနက်ဖြန်ကစပြီး မနက်စာလေးကို အစာမခံဘဲ ပရိုတင်းပါအောင် ရွေးစားကြည့်လိုက်ပါ။
✅ကိုယ်က မနက်စာလည်း ကောင်းကောင်းစားချင်တယ်၊ ဝိတ်လည်းကျချင်တယ်။ ဒါပေမယ့် ဘာတွေစားရမလဲ သေချာမသိဘူးဆိုရင် ကျမတို့ Power Play App ရဲ့ ဝိတ်ချပလန်ရှိပါတယ်။ ဝိတ်ချပလန်ထဲမှာ ထမင်းလုံးဝဖြတ်ဖို့မလိုတဲ့ အစားအသောက်ပလန်အပြင် တစ်နေ့မှာ နာရီဝက်လောက်ပဲ လုပ်စရာလိုတဲ့ လေ့ကျင့်ခန်းပလန်ပါတာမလို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Comment မှာ PPSP လို့ ရေးခဲ့ပေးပါ။ ကျမတို့ Power Play Team မှ လာရောက်ဆက်သွယ်ပေးပါ့မယ်။
Power Play Application အား ဒေါင်းလုပ်ရယူရန် -
Android Link - https://play.google.com/store/apps/details?id=com.axratech.powerplay&fbclid=IwZXh0bgNhZW0CMTAAc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHsQ32zbpu27Vr7wyiRJ0UKcr8VWuUq2V91kR8iG2BsNYhExWBQQs_sRdMdwV_aem_xpW743kzKlwBLIUZrdeB2w
ios Link - https://apps.apple.com/us/app/power-play-fitness/id6444821979
#ဝိတ်ကျမနက်စာ #မနက်စာ #အဆီချ #မြန်မာfitness #ကျန်းမာရေး