03/10/2026
"ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအတွက် သုံးစွဲလိုက်တဲ့ စရိတ်ဟာ 'ကုန်ကျစရိတ်' မဟုတ်ဘဲ ကုမ္ပဏီအတွက် အကောင်းဆုံး ROI (Return on Investment) ပါပဲ💪🏻
Level Up Team နဲ့ အတူ Corporate Fitness Program များ ရဲ့ အကျိုးကျေးဇူး များ 🚀
✅လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာခြင်း (Increased Productivity): ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းက ဦးနှောက်ဆီကို သွေးလည်ပတ်မှု ကောင်းစေပြီး အာရုံစူးစိုက်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေကို သိသိသာသာ တိုးတက်စေပါတယ်။�
✅စိတ်ဖိစီးမှုများ လျော့ကျစေခြင်း (Reduced Stress & Burnout): ကွန်ပျူတာရှေ့မှာ တစ်နေကုန် ထိုင်ရတာနဲ့ Deadline ဖိစီးမှုတွေကြောင့် ဖြစ်လာတဲ့ ကြွက်သားနာကျင်ကိုက်ခဲမှုနဲ့ စိတ်ဖိစီးမှုတွေကို လေ့ကျင့်ခန်းကနေတဆင့် ပြေလျော့စေပါတယ်။�
✅ကျန်းမာရေးစရိတ် သက်သာစေခြင်း (Lower Healthcare Costs): ကိုယ်လက်လှုပ်ရှားမှု ရှိတဲ့ ဝန်ထမ်းတွေဟာ နာတာရှည်ရောဂါတွေ (သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ) ဖြစ်ပွားနိုင်ခြေ နည်းပါးပြီး ကုမ္ပဏီအတွက် ကျန်းမာရေး အာမခံစရိတ်နဲ့ နာ:ရက်ပျက်ကွက်မှု (Absenteeism) တွေကို လျှော့ချပေးနိုင်ပါတယ်။�
✅လုပ်ဖော်ကိုင်ဖက်များအကြား သင့်မြတ်ပျော်ရွှင်မှု ရရှိခြင်း (Team Bonding): လုပ်ငန်းခွင်ပြင်ပက အားကစားလှုပ်ရှားမှုတွေ ဒါမှမဟုတ် ကုမ္ပဏီတွဲဖက် Fitness အစီအစဉ်တွေက ဝန်ထမ်းတွေအချင်းချင်း ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေပြီး Teamwork ကို အားကောင်းစေပါတယ်။�
✅ဝန်ထမ်းဟောင်းများ ရပ်တည်မှုနှင့် ဝန်ထမ်းသစ်များ ဆွဲဆောင်နိုင်မှု (Employee Retention & Employer Branding): ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို ဂရုစိုက်ပေးတဲ့ ကုမ္ပဏီဆိုတဲ့ ဂုဏ်သတင်းကြောင့် ဝန်ထမ်းကောင်းတွေ ရေရှည်လက်တွဲချင်လာကြပြီး Employer Brand ပိုမိုခိုင်မာလာစေပါတယ်။
Company ကြီးများအတွက် Corporate Fitness Program များ အတွက် Page မှာ အသေးစိတ် စုံစမ်းနိုင်ပါတယ်။💪🏻