Aung Htet Khant

Aung Htet Khant

Share

I am a Coach for Life, Relationship, Marriage, and Parenting.

10/08/2026

💙 ကလေးတွေ ဘာတွေ သင်ယူခဲ့ကြလဲ?
ဘာတွေ ပြောင်းလဲလာကြလဲ?

Life Skills for Teens မှာ ပါဝင်ခဲ့တဲ့ သူတို့ရဲ့ အတွေ့အကြုံလေးတွေကို အတူကြည့်လိုက်ရအောင် 🌱

#အောင်ထက်ခန့်

10/08/2026

မချစ်တော့ရင် ဆက်တွဲနေတာက ပိုနာကျင်စေလား... လမ်းခွဲလိုက်တာက ပိုနာကျင်စေလား.....

09/08/2026

တစ်ခါတလေ… အချစ်ကို ထိန်းထားဖို့ ကြိုးစားရင်း....

ကိုယ့်ရဲ့ တန်ဖိုးတွေ၊ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို
တဖြည်းဖြည်း ဆုံးရှုံးနေမိတတ်ပါတယ်။

တန်ဖိုးရှိတဲ့အချစ်ဆိုတာ ကိုယ့်ကိုယ်ကို မပျောက်ဆုံးစေတဲ့ အချစ်ပါ။ 🌱

with love,
Aung Htet Khant (International Certified Coach)

#အောင်ထက်ခန့်

08/08/2026

🌎 21ရာစုမှာ… Knowledge တွေဘယ်လောက်သိလဲဆိုတာထက် Network တွေဘယ်လိုချိတ်ဆက်နိုင်လဲဆိုတာကို ပိုတန်ဖိုးထားလာတဲ့ခေတ် ဖြစ်လာပါတယ်။

ကလေးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ…
စာတော်ခြင်း၊ Knowledge များခြင်းနဲ့ပဲ ပြီးဆုံးသွားတာ မဟုတ်တော့ပါဘူး။

အနာဂတ်မှာ သူတို့ရဲ့ အရည်အချင်းတွေကို အသုံးချနိုင်ဖို့၊
လူတွေနဲ့ ကောင်းမွန်စွာ လက်တွဲနိုင်ဖို့၊
ကိုယ့်အတွေးအမြင်တွေကို ယုံကြည်မှုရှိရှိ ဖော်ပြနိုင်ဖို့…
Social Skills ဆိုတဲ့ Life Skill ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ 🤝
--------------------------------------------------------------------------
Social Skills ဆိုတာ
လူတွေနဲ့ စကားပြောတတ်ရုံ၊ ပေါင်းသင်းတတ်ရုံသာ မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို နားလည်ယုံကြည်လာဖို့၊
အခြားသူတွေနဲ့ နားလည်မှုတည်ဆောက်နိုင်ဖို့၊
အခြေအနေအမျိုးမျိုးမှာ အဆင်ပြေစွာ ရင်ဆိုင်နိုင်ဖို့ ကူညီပေးတဲ့ အရေးကြီးတဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ 🌱

ဒီနေ့ခေတ်မှာ အခွင့်အရေးတွေဟာ
ဘာတွေ သိထားလဲဆိုတာတင် မဟုတ်ဘဲ…
ဘယ်လိုချိတ်ဆက်နိုင်လဲ၊ ဘယ်လိုလက်တွဲနိုင်လဲဆိုတာကနေ ပိုပြီး ပေါ်လာတတ်ပါတယ်။

ဒါကြောင့် ကလေးတွေကို စာသင်ပေးရုံသာမက
ဘဝမှာ ယုံကြည်မှုရှိရှိ ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ Social Skills တွေကိုပါ အခုကတည်းက တည်ဆောက်ပေးဖို့ လိုအပ်ပါတယ်။ 🤍
--------------------------------------------------------------------------
✨ Life Skill For Teens မှာ
ဆယ်ကျော်သက်တွေအတွက် အနာဂတ်မှာ လိုအပ်မယ့် Social Skills, Communication Skills နဲ့ Essential Life Skills တွေကို လက်တွေ့အသုံးချနိုင်အောင် လေ့ကျင့်ပေးသွားမှာ ဖြစ်ပြီး.....

သင်တန်းအသေးစိတ်ကိုတော့ ဒီ Link လေးမှာ ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်

https://www.facebook.com/share/p/1Gd5r1AYDi/

#အောင်ထက်ခန့်

07/08/2026

🍀ကံကောင်းခြင်း၊ ကံဆိုးခြင်းဆိုတာ…ဖြစ်လာတဲ့အရာပေါ်မှာပဲ မူတည်တာမဟုတ်ပါဘူး။

အဲ့ဒီအဖြစ်အပျက်ကို ကိုယ်ဘယ်လိုမြင်မလဲ…ဘယ်လိုခံယူမလဲ…

ဘယ်လိုအခွင့်အရေးအဖြစ် ပြောင်းလဲယူမလဲဆိုတာပေါ်မှာလည်း မူတည်ပါတယ်။

တစ်ချို့အရာတွေက ကိုယ်လိုချင်တဲ့အတိုင်း မဖြစ်လာပေမယ့်…

နောက်ပိုင်းမှာ ကိုယ့်ဘဝအတွက် အကောင်းဆုံးအရာတစ်ခု ဖြစ်လာနိုင်ပါတယ်။.....💙

with Love,
Aung Htet Khant (International Certified Coach)

#အောင်ထက်ခန့်

06/08/2026

မိဘတွေကို… မေးချင်ပါတယ်။

ကိုယ့်ကလေးရဲ့ ဘဝလမ်းခရီးမှာ… 🌱
ကြုံလာမယ့် အခက်အခဲတိုင်း၊ စိန်ခေါ်မှုတိုင်းကို
မိဘတွေက အမြဲတမ်း ဖြေရှင်းပေးနိုင်မယ်လို့ ထင်ပါသလား…? 🤔

တကယ်တော့…
ကလေးတွေ ကြီးပြင်းလာတဲ့အခါ 🌿
သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်တွေ ချရမယ့်အချိန်တွေ ရှိလာပါမယ်။
မတူညီတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရမယ့်အချိန်တွေ ရှိလာပါမယ်။

အဲ့ဒီအချိန်မှာ သူတို့အတွက် အရေးကြီးဆုံးအရာက…
❌ အခက်အခဲမရှိတဲ့ ဘဝတစ်ခု မဟုတ်ပါဘူး။
🤍 အခက်အခဲတွေကြားမှာ
ကိုယ်တိုင် စဉ်းစားနိုင်၊ ဖြေရှင်းနိုင်ပြီး
ယုံကြည်မှုရှိရှိ ရပ်တည်နိုင်တဲ့ စွမ်းရည်တွေပါ။

💬 Communication Skill,
🧩 Problem Solving Skill,
💛 Emotional Control,
✨ Self-Confidence စတဲ့ Life Skills တွေက…
ကလေးတွေရဲ့ ဘဝလမ်းခရီးမှာ...သူတို့ကိုယ်တိုင် ကိုင်ဆောင်သွားမယ့်
Life Skills ဆိုတဲ့ လက်နက်ကောင်းတစ်ခု ဖြစ်လာမှာပါ။🛡️
--------------------------------------------------------------------------
🌈 ဘာကြောင့်လဲဆိုတော့…
မိဘတွေက ကလေးတွေရဲ့ လမ်းကို အမြဲရှင်းပေးနေနိုင်မှာ မဟုတ်ပေမယ့်…
သူတို့ကိုယ်တိုင် လမ်းကြမ်းတွေကို ဖြတ်ကျော်နိုင်ဖို့
လိုအပ်တဲ့ စွမ်းရည်တွေတော့ တပ်ဆင်ပေးနိုင်ပါတယ်။

ကလေးတစ်ယောက်ရဲ့ အနာဂတ်အတွက် 💫
အကောင်းဆုံးလက်ဆောင်က…
အရာအားလုံးကို ဖြေရှင်းပေးထားတဲ့ ဘဝတစ်ခု မဟုတ်ပါဘူး။
၏ ဘယ်လိုအခြေအနေမျိုးမှာမဆို
ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ရင်ဆိုင်နိုင်တဲ့
စွမ်းရည်တွေပါ...🤍

🌱 ကိုယ့်ကလေးရဲ့ အနာဂတ်အတွက်…
ဘယ်လို Skills တွေ တပ်ဆင်ပေးသင့်လဲဆိုတာ စဉ်းစားနေတဲ့ မိဘတွေအတွက်…Life Skill For Teens က ကူညီပေးဖို့ ရှိနေပါတယ်။
--------------------------------------------------------------------------
📌 စိတ်ဝင်စားပြီး အသေးစိတ်လေ့လာချင်တဲ့ မိဘများအနေနဲ့
💬 Comment မှာ “Life Skill” လို့ ရေးခဲ့နိုင်ပါတယ်။ 🤍

✨ သူတို့ရဲ့ အနာဂတ်အတွက်…
ဒီနေ့ကတည်းက လိုအပ်တဲ့ Skills တွေ တည်ဆောက်ပေးလိုက်ပါ။

With Love,
Aung Htet Khant (International Certified Coach)

#အောင်ထက်ခန့်

05/08/2026

🌱 ကလေးတွေရဲ့ ယုံကြည်မှု၊ အတွေးအမြင်နဲ့ အပြုအမူတွေ ပြောင်းလဲလာတဲ့အခါ… အဲ့ဒါက သင်ယူမှုရဲ့ အကောင်းဆုံးရလဒ်ပါပဲ။

Life Skill For Teens Batch 2 ရဲ့ Feedback လေးကို အတူကြည့်လိုက်ရအောင်။ 💙

#အောင်ထက်ခန့်

Photos from Aung Htet Khant's post 04/08/2026

MPLC Advanced Coaching Batch 4 (Week 1) ကို Energy အပြည့်နဲ့ စတင်လိုက်ပါပြီ

#အောင်ထက်ခန့်

04/08/2026

🎥 Life Skill For Teens Batch 2 ရဲ့ School Bullying Project မှာ ပါဝင်ခဲ့တဲ့ သားသား Bhone Thit Shan () ရဲ့ Video လေးပဲ ဖြစ်ပါတယ်။

သားသားရဲ့ ကြိုးစားမှုလေးကို အတူတူကြည့်ရှုပြီး အားပေးလိုက်ကြရအောင်။ 💙✨

#အောင်ထက်ခန့်

03/08/2026

"ဒီနှစ်ကစပြီး ငါပြောင်းလဲမယ်..."
၂၀၂၆ နှစ်စမှာ ကိုယ့်ကိုယ်ကို ဒီလိုကတိပေးခဲ့ဖူးလား?

ဒါပေမယ့်…
အခုဆို August လကိုတောင် ရောက်လာပါပြီ။

နှစ်တစ်နှစ်ရဲ့ တစ်ဝက်ကျော် ကုန်ဆုံးသွားပေမယ့်…
ကိုယ့်ဘဝကတော့ အရင်လိုပဲ လည်နေတုန်းလား?

လုပ်ချင်တဲ့အရာတွေ ရှိတယ်…
ရည်မှန်းချက်တွေလည်း ရှိတယ်…
ဒါပေမယ့် ဘယ်ကနေ စရမလဲ မသိဘူး။
စလိုက်ပြန်ရင်လည်း မကြာခင် အရှိန်လျော့သွားတယ်။

တကယ်တော့ ပြောင်းလဲချင်တဲ့ စိတ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
ပြောင်းလဲမှုကို ဆက်တိုက်ဖြစ်လာစေမယ့် Mindset၊ Habits နဲ့ System တစ်ခုလည်း လိုပါတယ်။

အဲဒီအတွက် Life Booster – 21 Days Group Coaching Video Class ကို ဖန်တီးထားတာပါ။

ဒီ (၂၁) ရက်အတွင်း…
✨ ကိုယ့်ကိုယ်ကို ယုံကြည်မှုပြန်တည်ဆောက်မယ်။
✨ အချိန်ဖြုန်းနေတဲ့ အကျင့်တွေကို ရလဒ်ထွက်တဲ့ Habits တွေအဖြစ် ပြောင်းလဲမယ်။
✨ ဘဝရဲ့ ဦးတည်ချက်ကို ပိုပြီး ရှင်းလင်းလာစေမယ်။
✨ နေ့တိုင်း နည်းနည်းစီ တိုးတက်လာတဲ့ လူတစ်ယောက်ဖြစ်အောင် Coaching နဲ့ လမ်းပြပေးမယ်။

ဒီနှစ်မကုန်ခင် ကိုယ့်ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲတစ်ခုကို စတင်ချင်တယ်ဆိုရင်... 💙
👇 Comment မှာ "Life Booster" လို့ ရေးခဲ့လိုက်ပါ။

With Love,
Aung Htet Khant (International Certified Coach)

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


Yangon
11081