13/08/2026
ပညာသင်ဆု ရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း 🎉🎊🎉
James Cook University Singapore မှ ပေးအပ်သည့် Merit Scholarship SGD 5,000 ကို ရရှိခဲ့သည့် မောင်မျိုးမင်းသွင် အား RVi College မှ ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။
မောင်မျိုးမင်းသွင်သည် လာမည့် September 2026 Intake တွင် Diploma in Higher Education (Information Technology) ကို စတင်တက်ရောက်မည်ဖြစ်ပြီး၊ Diploma Programme အောင်မြင်စွာပြီးဆုံးပြီးနောက် ဆက်လက်တက်ရောက်မည့် Bachelor’s Degree အတွက် ယခု Merit Scholarship ကို ရရှိခဲ့ခြင်းဖြစ်ပါသည်။
မောင်မျိုးမင်းသွင်၏ ပညာရေးခရီးလမ်းတွင် ယခုရရှိခဲ့သည့် Scholarship အောင်မြင်မှု မှသည်ရှေ့ဆက်လျှောက်လှမ်းရမည့် ပညာရေးနှင့် အနာဂတ်ခရီးလမ်းတစ်လျှောက် အောင်မြင်မှုများစွာ ဆက်လက်ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ပညာသင်ဆုအခွင့်အလမ်းများကို ရှာဖွေနေသူများနှင့် ပညာရေးမှတစ်ဆင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်လိုသူများအတွက် RVi College မှ အမြဲတမ်း ကူညီပံ့ပိုးပေးရန် အသင့်ရှိနေပါသည်။
ပညာသင်ဆုအခွင့်အလမ်းများနှင့် သင့်တော်မည့် ပညာရေးပရိုဂရမ်များအကြောင်း အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
📲 09 250006421, 09 254711898, 09 798191462, 09 795166871, 09 887776826