Yoga with Dr K

Yoga with Dr K

Share

🧘🏻‍♀️Yoga changes lives🧘🏻‍♀️ Namaste Yogis🙏
I am Dr K, a yoga instructor and also a medical doctor. As far as I know, yoga is not only about Asana (i.e.

My yoga journey started in 2019 and since then I have been practising yoga as it is good for health both physically and mentally. Being a medical doctor, I give great attention to correct alignment and muscle contraction while doing yoga. poses) but also other limbs of yoga, but Asana practice really makes a drastic change to body and mind in a good way. So Let's Do Yoga Now!🕉

မင်္ဂလာပါရှင်🙏
ကျွန

Photos from Sukha Kula - သုခအသိုင်းအဝန်း's post 02/08/2026
26/07/2026

"Sthira sukham asanam"

25/07/2026

A deep side bend is not just about leaning the torso; it starts from a stable and open hip foundation🪴

21/07/2026

Backbend (ခါးကော့တဲ့ posture) တွေ လေ့ကျင့်တဲ့အခါ တင်ပါးကြွက်သား (Glutes) ကို အလွန်အမင်း အတင်းစုညှစ်လိုက်ရင် ခါးဆစ်တွေ (L4-L5) ပေါ် ဖိအားအများကြီး သွားရောက်ပြီး ခါးညှပ်တာ၊ ခါးအောင့်တာတွေ ဖြစ်တတ်ပါတယ်။

ဒီလိုမဖြစ်ရအောင် အောက်ကအချက်တွေကို သတိထားပြီး လေ့ကျင့်ရပါမယ်။ K သင်တဲ့အတန်းတွေမှာတော့ ဒါတွေကို အမြဲပြောနေကျပါ 👇🏻

✅တင်ပါးကို ကျောက်ခဲလို မာခဲနေအောင် အတင်းမညှစ်ဘဲ "ညှစ်ရုံ ထိန်းထားရုံ" အနေအထား (Firm but soft) လောက်ပဲ ညှစ်ရပါမယ်။ Squeeze လုပ်တာမျိုးကို ရှောင်ရမှာပါ။

✅ပေါင်အတွင်းကြွက်သား (Inner Thighs) ကို သုံး (engage) လုပ်ရပါမယ်။ ပေါင်နှစ်ဖက်ကြားမှာ Yoga Block တစ်ခု ညှပ်ထားသလို ပေါင်အတွင်းကြွက်သားတွေကို အားပြုပေးတာက တင်ပါး အလွန်အမင်း ညှစ်တာကို ထိန်းပေးပြီး ခါးအောက်ပိုင်းကို နေရာလွတ် ပိုရစေပါတယ်။

✅တင်ပါးကို စုညှစ်တာထက် ကျောရိုး/မြှီးညောင်ရိုးကို အောက်သို့ ဆွဲဆန့် (Lengthen) ပေးရပါမယ်။ ဒါဆိုရင် ခါးဆစ်တွေကြား နေရာလွတ်ရပြီး ခါးနာတာ သက်သာသွားပါလိမ့်မယ်။ ဒီလိုမျိုး ဆွဲဆန့်တယ်ဆိုတာ ကိုယ်တိုင်ပဲ ခံစားနိုင်မယ့်အရာဖြစ်ပြီး အပြင်ကကြည့်တဲ့သူတွေကတော့ လှုပ်ရှားမှုကို မြင်မှာမဟုတ်ပါဘူး။

Backbend ဆိုတာ တင်ပါးကို အတင်းညှစ်တာမဟုတ်ဘဲ ခါးဆစ်ကြားက နေရာကို အနည်းငယ်ကျယ်ပြန့်အောင် ဖန်တီးပြီး ရင်ဘတ်နဲ့ ခန္ဓာအရှေ့တကြောလုံးကို ဖွင့်ပေးတာ ဖြစ်ပါတယ်။

ဒီအချက်လေးတွေကို မှတ်ထားပြီး နောက်တစ်ခါ Practice လုပ်ရင် စမ်းကြည့်ကြပါဦးနော်! 🤍✨

ေ့လာပါ

13/07/2026

Handstand practice

07/07/2026

ယောဂကျင့်စဉ်မှာ "သူများလုပ်သလို ပုံစံကွက်တိမကျလို့၊ သူများလောက် ဒူးမဆန့်နိုင်လို့" ဆိုပြီး စိတ်ပျက်ဖူးပါသလား? တကယ်တော့ ယောဂဖျာပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အားထုတ်ရတဲ့ ကြွက်သားချင်း မတူညီတာဟာ သဘာဝပဲဖြစ်ပါတယ်။

🔸လူတစ်ယောက်ချင်းစီရဲ့ တင်ပဆုံရိုးအိမ် (Pelvis) တည်ဆောက်ပုံနဲ့ ပေါင်ရိုး (Femur) ရဲ့ အံဝင်ခွင်ကျဖြစ်မှု Angle ချင်း မတူကြပါဘူး။ Tiger Pose Variation လိုမျိုး ခြေထောက်ကို ဘေးကိုကားပြီး အပေါ်မြှောက်တဲ့အခါ တင်ပဆုံရိုး ဖွဲ့စည်းပုံအရ လွယ်လွယ်ကူကူ ကားနိုင်သူရှိသလို၊ အရိုးချင်း ပွတ်တိုက်မှု (Compression) ကြောင့် ရှေ့ဆက်တိုးမရတော့သူလည်း ရှိပါတယ်။ ဒီအခါ အရိုးဖွဲ့စည်းပုံ ကျပ်တဲ့သူက ပုံစံရဖို့အတွက် တင်ပါးနဲ့ ခါးကြွက်သားတွေကို ပိုပြီး အပြင်းအထန် အားစိုက်ထုတ်ရတတ်ပါတယ်။

🔸Flexibility အရမ်းကောင်းတဲ့သူတွေအတွက် ဒူးဆန့်ဖို့ ဒါမှမဟုတ် ခြေထောက်မြှောက်ဖို့က အလွန်လွယ်ကူပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပြုတ်မကျအောင် ထိန်းထားဖို့အတွက် Core ကြွက်သား နဲ့ Stabilizing Muscles (ဟန်ချက်ထိန်း ကြွက်သားငယ်လေးများ) ကို ပိုပြီး အားစိုက်ပြီး သုံးရပါတယ်။

🔸ပေါင်နောက်ကြော (Hamstrings) ဒါမှမဟုတ် ပေါင်တွင်းကြော တင်းနေသူတွေကတော့ ဒူးဆန့်နိုင်ဖို့အတွက်ကိုပဲ Quads (ပေါင်ရှေ့ကြွက်သား) ကို အဓိက အားစိုက်ပြီး ညှစ်ပေးရသလို၊ ဆွဲဆန့်ရတဲ့ ကြွက်သားတွေမှာ တင်းအား (Tension) ကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရပါတယ်။

🔸လက်တိုပြီး ခြေထောက်ရှည်တဲ့သူတွေ၊ ဒါမှမဟုတ် ခါးတိုတဲ့သူတွေဟာ ခြေထောက်ကို လက်နဲ့လှမ်းကိုင်တဲ့ Pose တွေမှာ ပုံစံဝင်ဖို့အတွက် ရင်ဘတ်နဲ့ ပခုံးကြွက်သားတွေကို ပိုပြီး ဖွင့်ပေးရ၊ ဆန့်ထုတ်ပေးရပါတယ်။

ယောဂဆိုတာ အပြင်ပန်း ပုံစံတူညီဖို့ထက် မိမိခန္ဓာကိုယ်ရဲ့ တည်ဆောက်ပုံအရ ဘယ်နေရာမှာ ဘယ်လိုအလုပ်လုပ်နေလဲဆိုတဲ့ "အတွင်းစိတ်အာရုံခံစားမှု (Internal Awareness)" ကသာ အဓိက ဖြစ်ပါတယ်။ ဒါကြောင့် သူတစ်ပါးနဲ့ နှိုင်းယှဉ်ဖို့မလိုဘဲ ကိုယ့်ရဲ့ Unique ဖြစ်တဲ့ ခန္ဓာကိုယ်က ပေးတဲ့အချက်ပြချက်တွေကို နားထောင်ရင်း အားထုတ်ရမယ့် ကြွက်သားတွေကို မှန်ကန်စွာ အသုံးချရမှာပါ။

ေ့လာပါ

#

03/07/2026

လှုပ်ရှားမှုတွေကနေ တည်ငြိမ်မှုကို ရှာဖွေချိန် 🌺

30/06/2026

Chin stand to Chest stand

Chest opening ဖြစ်နေဖို့ လိုကိုလိုပါတယ်

29/06/2026

N'Modes - Yangon Branch ရဲ့ High Impact Set လေး
💜
Bra ရော Leggings ပါ ဝတ်လိုက်ရင် အသားလေးက အိတော့ ဝတ်ရတာ သက်တောင့်သက်သာရှိနေရော။High Impact ဖြစ်လို့ ခန္ဓာကိုယ်ကို သေချာထိန်းပေးနိုင်ပြီး လှုပ်ရှားရတာ အရမ်းပေါ့ပါးပါတယ်။

ခန္ဓာကိုယ်နဲ့ တစ်သားတည်းရှိနေပြီး ဝတ်လို့ အရမ်းကောင်းတဲ့ Set လေးပါ။ ✨🧘‍♀️

23/06/2026

The Ashtanga Opening Mantra 🪷

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon
11171