AV Yoga

AV Yoga

Share

Foster harmony among mind, body, and spirit for a better quality of life.

✓ April Virtue Yoga

"April" is a special month for Myanmar people as it signifies the fresh start of Myanmar new year. Meanwhile, "Virtue" represents the principle of doing what is right and avoiding what is wrong. Through the practice of Yoga, the intention of AV yoga is to foster harmony among mind, body, and spirit for a better quality of life.

✓ Founder Profile

April's yoga journey started

07/08/2026

🌿 ဘဝမှာလေ April တို့က သူတစ်ပါးအပေါ် ကရုဏာသက်ဖို့၊ သူတစ်ပါးရဲ့ အမှားတွေကို ခွင့်လွှတ်ပေးဖို့ အမြဲတမ်း ကြိုးစားတတ်ကြပါတယ်။

အခြားသူတွေ အဆင်ပြေဖို့ဆိုရင် စိတ်သဘောထား ကြီးပေးနိုင်ရုံတင်မကဘဲ ကိုယ့်ဘက်က နာကျင်မှုကိုတောင် အပြုံးနဲ့ လဲလှယ်ပေးတတ်ကြသေးတာပဲ မဟုတ်လား။

‼️ ဒါပေမဲ့ အခြားသူတွေကိုကျ ကရုဏာထားနိုင်ပါရဲ့၊ မိမိကိုယ်မိမိကျတော့ ခွင့်မလွှတ်တတ်ဘူးဆိုရင် အဲဒါဟာ အမှန်တကယ် ခွင့်လွှတ်တတ်ခြင်း မဟုတ်သေးပါဘူး။
🤍 အောက်စဖို့ဒ်ဆရာတော် ဟောကြားထားသလိုပဲ ။ "သနားကရုဏာဆိုတာ မိမိမှာ အရင်ဆုံး ဖြစ်အောင် လေ့ကျင့်ရတာ" ဖြစ်ပါတယ်။ ဒါကြောင့် သူတစ်ပါးကို မေတ္တာမထားခင်မှာ မိမိကိုယ်မိမိ အရင်ဆုံး မေတ္တာထားဖို့ လိုအပ်သလို၊ သူတစ်ပါးကို ခွင့်မလွှတ်ခင်မှာလည်း မိမိကိုယ်မိမိ အရင်ဆုံး ခွင့်လွှတ်တတ်ဖို့ လိုအပ်ပါတယ်။

🌿လူတိုင်းဟာ အမှားနဲ့မကင်းတဲ့ ပုထုဇဉ်တွေမို့လို့ ဘဝရဲ့ တစ်ကွေ့မှာ အသေးအကြီးပဲကွာတဲ့ မကောင်းမှုတွေ၊ အမှားတွေကို လုပ်ဖူးကြမှာပါ။ အဲဒီအတိတ်က အမှားတွေအတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးနေမဲ့အစား ကိုယ့်ကိုယ်ကိုယ် ပြန်တောင်းပန်ပြီး ခွင့်လွှတ်လိုက်ပါ။

🌿 အမှားအတွက် တကယ့်တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ အတိတ်မှာ နစ်မြုပ်နေခြင်း မဟုတ်ဘဲ "အရင်က မကောင်းခဲ့ရင် အခု ကောင်းအောင် နေထိုင်ခြင်း" ကသာ ကိုယ့်အမှားကို အကောင်းဆုံး တာဝန်ယူရာ ရောက်ပါတယ်။

🤍 ကိုယ့်အတွက်ကိုယ် မရပ်တည်နိုင်ခဲ့တဲ့ အချိန်တွေအတွက်လည်း ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ။ အခြားသူတွေ ကိုယ့်ကို လက်ခံစေဖို့၊ သူတို့စိတ်ကျေနပ်စေဖို့အတွက် သူတို့အကြိုက် လိုက်လျောပြီး နေခဲ့ဖူးတဲ့ အချိန်တွေ၊ ကိုယ့်ရဲ့ ခံစားချက်တွေကို ထုတ်မပြောဘဲ မြိုသိပ်ထားခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ပါလိမ့်မယ်။

🌿 တစ်ခါတလေ အမှန်တရားအတွက်တောင် ကိုယ့်ဘက်က ခေါင်းငုံ့ပေးခဲ့ရတဲ့ အဲဒီအချိန်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ပြန်တောင်းပန်လိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့ နာကျင်ခဲ့ရတဲ့ အတိတ်က ပုံရိပ်လေးကို ကြင်ကြင်နာနာလေး ပြန်ပြီး ထွေးပွေ့ပေးလိုက်ပါ။

🤍နောက်ပြီး April တို့ "ဘဝမှာ မဆုံခဲ့ရရင် သိပ်ကောင်းမှာပဲ" လို့ ယူကြုံးမရ နောင်တရမိတဲ့ လူတွေ ရှိတတ်ပါတယ်။ ကိုယ့်ကို အကြိမ်ကြိမ် နာကျင်အောင်လုပ်ပြီး စိတ်ရောကိုယ်ပါ ထိခိုက်နစ်နာအောင် နှိပ်စက်ခဲ့တဲ့ အဲဒီလူတွေနဲ့ ဆုံတွေ့ခဲ့မိလို့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့တော့။

🌿 အဲဒီလို ဆုံတွေ့ခဲ့ရခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပေးလိုက်ပါ။ ဖြစ်နိုင်မယ်ဆိုရင် အဲဒီလူတွေကိုပါ ဝဋ်ကြွေးတွေ သင်ပုန်းချေတဲ့အနေနဲ့ ခွင့်လွှတ်လိုက်ပါ။ ဒါဟာ သူတို့အတွက် မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်အေးချမ်းမှုနဲ့ လွတ်မြောက်မှု အတွက်ပဲ ဖြစ်ပါတယ်။

🤍 နောက်ဆုံးအနေနဲ့ April တို့ဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးလို့ ပါးစပ်က ပြောတတ်ကြပေမဲ့ တကယ်တမ်းကျတော့ မှန်ကန်တဲ့ ချစ်ခြင်းမျိုး မဟုတ်ခဲ့ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ပြောပြီး ကိုယ့်ကို နာကျင်စေမဲ့ လူတွေကို ဖက်တွယ်ထားမိတာ၊ ကိုယ့်ကျန်းမာရေးနဲ့ မတည့်တဲ့ အစားအသောက်တွေ စားတာ၊ ကိုယ့်ကိုယ်ကိုယ် ပေးရမဲ့ မေတ္တာကို သူတစ်ပါးဆီကပဲ တောင်းခံ မျှော်လင့်နေခဲ့တာတွေဟာ ကိုယ့်ကိုယ်ကိုယ် မညှာတာခဲ့တဲ့ အချိန်တွေပါပဲ။

🌿 အဲဒီအချိန်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ပြန်တောင်းပန်ပြီး အခုအချိန်ကစလို့ စစ်မှန်တဲ့ ချစ်ခြင်းတွေနဲ့ သေသေချာချာလေး ပြန်ချစ်ပေးဖို့ လိုပါတယ်။
ခွင့်လွှတ်ခြင်းရဲ့ အစဟာ ဝေးဝေးလံလံမှာ မဟုတ်ဘဲ မိမိကိုယ်မိမိ ပြန်လည်ခွင့်လွှတ်ခြင်း ကနေသာ စတင်တာ ဖြစ်ပါတယ်။



Photos from AV Yoga's post 06/08/2026

Teaching begins with practice.
အကောင်းဆုံးသင်ကြားမှုတိုင်းရဲ့ အစက ကိုယ်တိုင် အမြဲလေ့ကျင့်နေခြင်းပါ။
Instructor Su ရဲ့ quiet practice moment. 🤍


Photos from AV Yoga's post 04/08/2026

✨ Move with Intention. Flow with Grace.

တစ်ရက်တာရဲ့ အလုပ်များမှုတွေကို ခဏလေးထားခဲ့ပြီး ကိုယ်နဲ့စိတ်ကို ပြန်လည်ချိတ်ဆက်ဖို့ Instructor Wendy ရဲ့ Classလေးတွေ မှာ အတူလေ့ကျင့်လိုက်ရအောင်။ 🤍


03/08/2026

🌿 Yoga Beyond the Mat | August Edition

🧘‍♀️ ဒီလရဲ့ Class Title ကတော့ Face Yoga ပဲဖြစ်ပါတယ်။

အလှအပကို ဂရုစိုက်ရင်း စိတ်နဲ့ကိုယ်ကိုပါ အနားယူစေမယ့် Face Yoga Class ကို 100% Donation Program ဖြစ်တဲ့ Yoga Beyond the Mat အစီအစဉ်အဖြစ် ဒီလမှာလည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

🤍 Guest Teacher – Tr. Aye Mon Khaing (Yoga with Moon)

Face Yoga ဆိုတာ Skin Glow ဖြစ်ဖို့၊ အသားအရေလှပဖို့၊ အရေးအကြောင်းတွေ လျော့နည်းဖို့အတွက်ပဲ မဟုတ်ပါဘူး။

မျက်နှာကြွက်သားတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ လေ့ကျင့်ပေးခြင်းက Blood Circulation နဲ့ Lymphatic Drainage ကို ကောင်းမွန်စေပြီး မျက်နှာဖောင်းခြင်းကို လျော့နည်းစေကာ အသားအရေကို ကျန်းမာတောက်ပလာစေပါတယ်။

Breathwork နဲ့ Relaxation Practice တွေကို Face Yoga နဲ့ ပေါင်းစပ်လေ့ကျင့်တဲ့အခါ Nervous System ကို ဟန်ချက်ညီစေပြီး စိတ်ဖိစီးမှုကို လျော့ပါးစေကာ Deep Sleep ရရှိဖို့လည်း အထောက်အကူပြုနိုင်ပါတယ်။

ဒါ့အပြင် မျက်နှာပေါ်ရှိ Acupressure Points များကို နူးညံ့စွာ လေ့ကျင့်ခြင်း၊ နှိပ်နယ်ပေးခြင်းက မျက်နှာကြွက်သားများ၊ အာရုံကြောများနှင့် Lymphatic System ကို လှုံ့ဆော်ပေးပြီး ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ Holistic Well-being ကို မြှင့်တင်ပေးနိုင်ပါတယ်။

🤍 Face Yoga ဟာ အလှအပအတွက်သာမက ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့၊ စိတ်နဲ့ကိုယ်ကို ဟန်ချက်ညီစေဖို့၊ သဘာဝအတိုင်း ကျန်းမာလှပလာဖို့ ကူညီပေးနိုင်တဲ့ Self-care Practice တစ်ခုပါ။

💆🏻💆🏻💆🏻💆🏻💆🏻💆🏻💆🏻

Yoga Beyond the Mat ဟာ အတန်းကြေး သတ်မှတ်ထားခြင်းမရှိတဲ့ 100% Donation Program ဖြစ်ပါတယ်။

တက်ရောက်သူများအနေနဲ့ မိမိတို့ရဲ့ စေတနာအလျောက် Donation Box ထဲကို ဆန္ဒရှိသလောက်သာ ထည့်ဝင်လှူဒါန်းနိုင်ပါတယ်။

ရရှိလာတဲ့ Donation အားလုံးကို စုပေါင်းပြီး မိဘမဲ့ဂေဟာများနဲ့ အမှန်တကယ် လိုအပ်နေတဲ့ နေရာများသို့ သွားရောက်လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။

🤍 Yoga လေ့ကျင့်ရင်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်မယ်၊ တစ်ဖက်မှာလည်း လိုအပ်နေသူတွေအတွက် မေတ္တာနဲ့ မျှဝေကုသိုလ်ယူကြရအောင်ပါ။

💆🏻‍♀️💆🏻‍♀️💆🏻‍♀️💆🏻‍♀️💆🏻‍♀️💆🏻‍♀️💆🏻‍♀️

✨ Class အတွက် ယူဆောင်လာရန်

• လက်သည်းကို အတိုညှပ်လာပေးပါ။
• Moisturizer (သို့) Face Oil တစ်မျိုးမျိုး ယူဆောင်လာပေးပါ။
• Hair Band (ခေါင်းစည်းကြိုး) ယူဆောင်လာပေးပါ။

🧘🏻‍♀️🧘🏻‍♀️🧘🏻‍♀️🧘🏻‍♀️🧘🏻‍♀️🧘🏻‍♀️🧘🏻‍♀️

🗓 Yoga Beyond the Mat – Face Yoga

📅 9 August 2026 (Sunday)
🕙 10:00 AM – 11:15 AM
📍 AV Yoga Studio

ဒီ Classလေး ကို လူဦးရေ (၂၅) ယောက်သာ တက်ရောက်နိုင်မှာဖြစ်လို့ ကြိုတင် စာရင်းပေးသွင်းထားရန် လိုအပ်ပါတယ်။

ပါဝင်ချင်သူများအနေနဲ့ Page Messenger မှတစ်ဆင့် အမည်စာရင်း ကြိုတင်ပေးသွင်းနိုင်ပါတယ်ရှင်။

Self-care ကို စတင်ရင်း၊ ကျန်းမာမှုကို တည်ဆောက်ပြီး မေတ္တာတွေကို အတူမျှဝေကြရအောင်။ 🤍

03/08/2026

မှန်ထဲက ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်တဲ့အခါ... လွန်ခဲ့တဲ့နှစ်တွေကလို တက်ကြွလန်းဆန်းတဲ့ အလှတရားနဲ့ စွမ်းအင်တွေကို ပြန်တွေ့ချင်တာလား ❓

“ငယ်ရွယ်မှုကို ဆွဲဆန့်ချင်တယ်ဆိုရင် Yoga ကိုကျင့်ပါ” ဆိုတဲ့ စကားလေးလို…
ကိုယ့်ရဲ့ ငယ်စဥ်ကအတိုင်း သွက်လက်ဖြတ်လတ်မှုနဲ့ နုပျိုမှုတွေကို တဖန်ပြန်လည်ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Yoga က အကောင်းဆုံး ရွေးချယ်ရာ တစ်ခုပါပဲ 🧘‍♀️

ဒီလို Yoga ကိုကျင့်ဖို့အတွက် ဘယ်ကစရမလဲ၊ အချိန်ဘယ်လောက်ပေးရမှာလဲ၊ ‌‌‌နေရာအဆင်ပြေပါ့မလားဆိုတဲ့ သူတွေအတွက်လည်း အချိန်ရော၊ နေရာပါ အားလုံးအတွက် အဆင်ပြေစေမယ့် Flexible Class Schedule တွေကို စီစဥ်ပေးထားပြီး ကျွမ်းကျင်တဲ့ Instructor တွေက တစ်ဆင့်ချင်း လေ့ကျင့်ပေးနေတဲ့ AV Yoga ရှိနေပါတယ် ✨

ဒါကြောင့်မို့ ဖိစီးမှုတွေများတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်ရဲ့ Inner Peace နဲ့ Youthful Energy ကို AV Yoga နဲ့အတူ ပြန်လည်ရှာဖွေဖို့ အခုပဲ Register လုပ်လိုက်တော့‌နော် 🙌

အသေးစိတ်သိရှိချင်လို့ ဆက်သွယ်မေးမြန်းချင်တယ်ဆိုရင်တော့ AV Yoga ရဲ့ Page Messenger မှတစ်ဆင့် စုံစမ်းနိုင်ပါတယ်ရှင်။

Photos from AV Yoga's post 01/08/2026

လူတိုင်းရဲ့ Yoga Journey က မတူပါဘူး။

တချို့က Flexibility ရဖို့လာတယ်။
တချို့က Stress လျော့ဖို့လာတယ်။
တချို့က ကိုယ့်ကိုယ်ကို ပြန်ရှာဖို့လာတယ်။

သင်ကရော ဘာကြောင့် Yoga စလုပ်ခဲ့တာလဲ? 💛


Photos from AV Yoga's post 31/07/2026

✨ Ebb & Flow with Candle Light 🕯️

Slow down. Breathe deeply. Move mindfully.

တစ်ပတ်တာ ပင်ပန်းနွမ်းနယ်မှုတွေကို ခဏထားခဲ့ပြီး နူးညံ့တဲ့ Yoga Flow နဲ့ ကိုယ်နဲ့စိတ်ကို ပြန်လည်ချိတ်ဆက်လိုက်ပါ။

Candle Light ရဲ့ နွေးထွေးတဲ့အလင်းရောင်အောက်မှာ…
🕯️ Gentle Breath-led Flow
🧘 Relaxing Stretching
👁️ Trataka (Candle Gazing Meditation)
🌙 Deep Relaxation & Inner Calm

ဒီ Class က ခန္ဓာကိုယ်ကိုသာမက စိတ်အေးချမ်းမှုနဲ့ အတွင်းပိုင်း balance ကိုပါ ပြန်လည်ရရှိစေဖို့ ဖန်တီးထားတဲ့ mindful evening practice တစ်ခုပါ။

Join us and let every breath guide you from stress to serenity.

Photos from AV Yoga's post 29/07/2026

“Arm Balance က လက်အားသန်မာ တဲ့သူတွေပဲ လုပ်နိုင်တယ်လို့ ထင်နေသေးလား?”

တကယ်တော့ Arm Balance ကို အောင်မြင်စေတဲ့ အဓိကအရာက Balance၊ Core Control နဲ့ Mindset ဖြစ်ပါတယ်။

ဘယ်သူမဆို အစမှာ တုန်ယင်တတ်တယ်။
ဘယ်သူမဆို ပြုတ်ကျဖူးတယ်။

ဒါပေမယ့် မရပ်ဘဲ ဆက်လေ့ကျင့်တဲ့သူကပဲ
တစ်နေ့မှာ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ Pose ကို အလွယ်တကူ ထိန်းနိုင်လာပါတယ်။

သင့်ရဲ့ သန်မာမှုကို ရှာဖွေဖို့… Mat ပေါ်မှာ ဆုံကြမယ်။ 💪✨


Photos from AV Yoga's post 28/07/2026

🌿 Hip Opening Class

Tight hips ကို ဖြေလျှော့ပြီး ပိုမိုပေါ့ပါးတဲ့ လှုပ်ရှားမှုကို ရယူလိုက်ပါ။

✨ Improve Flexibility
✨ Release Hip & Lower Back Tension
✨ Prepare Your Body for Splits
✨ Feel More Open & Relaxed

Take a deep breath, open your hips, and enjoy the journey.

27/07/2026

🧘‍♀️ ယောဂကျင့်တဲ့သူ တော်တော်များများ ဒီအတွေ့အကြုံကို ကြုံဖူးကြပါလိမ့်မယ်။ အထူးသဖြင့် တင်ပါးဆုံဖွင့်တဲ့ Pose တွေ (ဥပမာ- Pigeon Pose, Child’s Pose) ထဲမှာ ကြာကြာလေး နေမိတဲ့အခါမျိုး၊ ဒါမှမဟုတ် ယောဂကျင့်စဉ်အပြီး Savasana (Co**se Pose) နဲ့ ခန္ဓာကိုယ်ကို လျှော့ချလိုက်တဲ့အခါမျိုးမှာ အကြောင်းရင်းမရှိဘဲ ရင်ထဲမှာ မွန်းကျပ်လာတာ၊ ဝမ်းနည်းသလိုလို ဖြစ်လာတာ ဒါမှမဟုတ် မျက်ရည်တွေ အလိုလို စီးကျလာတာမျိုးတွေကို တစ်ခါတလေမှာ ကြုံရတတ်ပါတယ်။

🌿 ဒါဟာ ယောဂကျင့်ရင်း "Emotional Release" ဖြစ်သွားတာပါ။ စိတ်ခံစားချက်တွေ ကွာကျ/လွတ်မြောက်သွားခြင်း ဖြစ်ပါတယ်။

✔️ ခန္ဓာကိုယ်က စိတ်ဒဏ်ရာ၊ မှတ်ဉာဏ်တွေကို သိမ်းဆည်းထားတတ်ပါတယ်။ April တို့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ မျိုသိပ်ထားရတဲ့ ဒေါသနဲ့ ဝမ်းနည်းမှုတွေက ဦးနှောက်ထဲမှာတင် ကျန်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီ စိတ်ခံစားချက်တွေကို ကောင်းကောင်း မဖြေရှင်းမိဘဲမျိုသိပ်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ၊ အာရုံကြောတွေထဲမှာ Physical Tension အဖြစ် သွားရောက် ပိတ်ဆို့ သိမ်းဆည်းထားတတ်ပါတယ်။

✔️ အထူးသဖြင့် Aprilတို့ရဲ့ Hips (တင်ပါးဆုံပတ်ပတ်လည်) မှာရှိတဲ့ Psoas Muscle ဟာ စိတ်ဖိစီးမှုဒဏ်ကို အခံရဆုံး ကြွက်သားဖြစ်ပါတယ်။ အန္တရာယ်တစ်ခုခု ကြုံရတဲ့အခါ ပြန်ချမလား၊ ထွက်ပြေးမလားဆိုတဲ့ Fight or Flight Responseကို ဦးနှောက်က အချက်ပြတဲ့အခါ ဒီကြွက်သားက အလိုလို ကျုံ့သွားတတ်ပါတယ်။ နေ့စဉ်ဘဝမှာလည်း စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေ ကြုံရတိုင်း မျိုသိပ်ထားရင် ဒီကြွက်သားတွေက တင်းကျပ်ပြီး ပိတ်ဆို့နေတတ်ပါတယ်။

🧘‍♀️ ဒါပေမဲ့ Aprilတို့က ယောဂကျင့်ပြီး အဲဒီနေရာတွေကို Deep Stretch လုပ်လိုက်တဲ့အခါမှာတော့ တင်းကျပ်နေတဲ့ ကြွက်သားတွေ ပြေလျော့သွားတာနဲ့အတူ ပိတ်မိနေတဲ့ မျိုသိပ်ထားဆဲ စိတ်ခံစားချက်ဟောင်းတွေ (Trapped Emotions) တွေကရုတ်တရက် လွတ်မြောက်ပြီး အပေါ်ကို လျှံတက်ပါတယ်။ ဒါကြောင့်ပဲ ယောဂကျင့်ရင်းနဲ့ တစ်ခါတလေမှာ စိတ်ခံစားချက်တွေ လျှံတက်လာရခြင်း ဖြစ်ပါတယ်။

🕉️ နောက်ပြီး ယောဂဒဿနအရ April တို့ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်လမ်းကြောင်းတွေ ဖြစ်တဲ့ Nadis တွေရှိပါတယ်။ စိတ်ခံစားချက်တွေကို ငြင်းဆန် မျိုသိပ်မိလိုက်တဲ့အခါ Prana လို့ခေါ်တဲ့ အသက်စွမ်းအင် စီးဆင်းမှုတွေက ပိတ်ဆို့ကုန်ပါတယ်။

🕉️ ယောဂ Asana နဲ့ Pranayama ကျင့်စဉ်တွေကို ပေါင်းစပ်ပြီး လေ့ကျင့်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ဗဟိုချက်တွေဖြစ်တဲ့ Chakras တွေ၊ အထူးသဖြင့် ခံစားချက်တွေကို အဓိကထိန်းချုပ်တဲ့ Sacral Chakra ပွင့်သွားပြီး စွမ်းအင်တွေ ပြန်လည် စီးဆင်းလာပါတယ်။ အဲဒီလို လမ်းကြောင်းပွင့်သွားတဲ့အခါမှာလည်း မျက်ရည်တွေ ကျလာတာ ဒါမှမဟုတ် စိတ်ခံစားချက်တွေ လျှံတက်လာတာမျိုး ဖြစ်တတ်ပါတယ်။

💌 စိတ်ခံစားချက်တွေ လျှံတက်လာတဲ့အခါ Don't Fight It ပါ။ ငိုချင်ရင် ငိုချပစ်ပါ။ ဒါဟာ ခန္ဓာကိုယ်က Emotional Detox လုပ်နေတာ ဖြစ်ပါတယ်။ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း၊ ရှူထုတ်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဘေးကင်းလုံခြုံတဲ့နေရာမှာ ရှိနေတယ်ဆိုတာ သတိပေးပါ။

💌 "ငါ ဘာလို့ ငိုနေရတာလဲ" ဆိုပြီး အပြစ်မတင်ပါနဲ့။ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကိုပဲ သတိလေးကပ်ပြီး လက်ခံကြည့်ပေးပါ။ ယောဂကျင့်ပြီးသွားတဲ့အချိန်ကျရင် ရေနွေးနွေးလေးသောက်တာ၊ Journaling လုပ်တာ ဒါမှမဟုတ် ညဘက် စောစော အိပ်တာမျိုးလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ပေးပါ။

🤍 မျက်ရည်ဆိုတာ ခန္ဓာကိုယ်က စကားမပြောနိုင်တော့တဲ့အခါ နှလုံးသားကနေ လျှံထွက်လာတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ယောဂဖျာပေါ်မှာ Emotional Release ဖြစ်သွားတယ် ဆိုတာဟာ Aprilတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ တနင့်တပိုး သယ်ဆောင်ထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ရှင်းလင်းပေါ့ပါးသွားစေဖို့ သဘာဝတရားက ပေးတဲ့ ဆုလာဘ်တစ်ခုပါပဲ။




Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. (1/1A), 4th Floor, Than Thu Mar Street, South Okkalapa Township, Https://goo. Gl/maps/cSpMDFThZa3gzbd 37
Yangon
11091

Opening Hours

Tuesday 06:30 - 19:00
Wednesday 06:30 - 19:00
Thursday 06:30 - 19:00
Saturday 07:00 - 12:30
Sunday 07:00 - 10:30