PHYU's Yoga Studio

PHYU's Yoga Studio

Share

Do Yoga with PHYU!

03/08/2026

❤️Ashtanga Yoga ကို လေ့ကျင့်လာတဲ့ရက်တွေ ပိုများလာလေ၊ Asana ပိုလုပ်နိုင်ဖို့ထက် ကိုယ့်ကိုယ်ကို ပိုနားလည်လာဖို့ ဦးစားပေးလာတယ်…🙏

🌿နေ့စဉ် ကျမ ဖျာပေါ်ရောက်တိုင်း ကိုယ့်ရဲ့ ခန္ဓာကိုယ်၊ စိတ်၊ အသက်ရှူတဲ့ပုံစံ၊ အတ္တ၊ ကြောက်ရွံ့မှု၊ ကြိုက်ခြင်း၊ မကြိုက်ခြင်း အလေ့အထတွေကို အမှန်အတိုင်း မြင်ရတယ်။

🌿တချို့နေ့တွေမှာ အဲဒီအရာတွေကို မြင်ရတာအဆင်ပြေတယ်။ တချို့နေ့တွေမှာ နေလို့အဆင်မပြေဘူး။

🌿 ဒါပေမယ့် Ashtanga Yoga က အဲဒီအရာအားလုံးကို အရှိအတိုင်းလက်ခံပြီး ကြည့်တတ်အောင် သင်ပေးတယ်။

🧘‍♀️စိတ်တွေမငြိမ်တဲ့အခါ Sequence က အာရုံကို ပြန်စုစည်းပေးတယ်။

🧘‍♀️အတ္တစိတ်တွေများနေတဲ့အခါ Working Asana တွေက နှိမ့်ချမှုနဲ့ စိတ်ရှည်မှုကို ကြီးထွားစေတယ်။

🧘‍♀️တွေဝေပြီး မရှင်းလင်းတဲ့အချိန်မှာ Daily Discipline က လမ်းမချော်သွားဖို့ ကူညီပေးတယ်။

🧘‍♀️မောပန်းတဲ့နေ့တွေမှာ Slow Practice က အသက်ရှူခြင်းကို ပေါ့ပါးပြီးနက်ရှိုင်းစေဖို့ လေ့ကျင့်ပေးတယ်။

🧘‍♀️နေ့စဉ် ထပ်ခါတလဲလဲ လေ့ကျင့်ရခြင်းက Intensity ထက် Longevity ကသာ လေ့ကျင့်မှုကို နက်ရှိုင်းစေတယ်ဆိုတာကို သတိရစေတယ်။

အဲဒါကြောင့်ပဲ နေ့တိုင်း ဖျာပေါ်ရောက်အောင်လာပြီး Ashtanga Yoga ကို ဆက်လက် လေ့ကျင့်နေဦးမှာပါ။

02/08/2026

Ashtanga Vinyasa Yoga မှာ အဆုံးသတ် မရှိပါဘူး။

နေ့တိုင်း ဖျာပေါ်ကို ရောက်လာပြီး "Ekam” လို့ စတင်လိုက်တဲ့ အချိန်ကစလို့ အသက်ရှူသံတိုင်းနဲ့အတူ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ရတဲ့ ခရီးတစ်ခုမို့ပါ။

ကျွန်မတို့ကို ပြောင်းလဲစေတာက Posture တွေ မဟုတ်ပါဘူး။ နေ့စဉ် သတိရှိရှိ၊ စိတ်ခွန်အားအပြည့်နဲ့ လေ့ကျင့်နေတဲ့အလေ့အကျင့်ကပဲ ကျွန်မတို့ကို ပုံဖော်ပေးတာပါ။

လေ့ကျင့်မှုကို ချစ်ပါ။ ဒီလမ်းကြောင်းကို ယုံကြည်ပါ။ ကျန်တာတွေက သူ့အချိန်နဲ့သူ ရောက်လာပါလိမ့်မယ်။ 💙🙏


Photos from PHYU's Yoga Studio's post 01/08/2026

ယောဂမှာ Posture တစ်ခုကို ဘယ်နေ့မှာရမလဲဆိုတာကို အတိအကျမသိရပေမယ့် အဲဒီနေ့ရောက်တဲ့အထိ ဘယ်လိုစိတ်ထားနဲ့ ဆက်လျှောက်မလဲဆိုတာကိုတော့ ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။



31/07/2026

Ashtanga Vinyasa Yoga Class တစ်ခုကို တက်ဖူးတယ်ဆိုရင် မလေ့ကျင့်ခင် နဲ့ လေ့ကျင့်ပြီးမှာ Sanskrit ဘာသာနဲ့ Chanting ပြုလုပ်တာကို သိကြမှာပါ။

လူအများအတွက်တော့ အစပိုင်းမှာ အနည်းငယ် မရင်းနှီးသလို ခံစားရနိုင်ပါတယ်။

ဒါဆို ဘာကြောင့် Chanting လုပ်ကြတာလဲ?

Ashtanga Yoga အစဉ်အလာအရ Opening Chant ဟာ ကျေးဇူးတင်မှုကို ဖော်ပြခြင်းဖြစ်ပါတယ်။ ဒီ Yoga လေ့ကျင့်မှုဟာ ဆရာနဲ့တပည့် ကြား (သင်ကြားပေးသူ နဲ့ သင်ယူသူ နဲ့ကြား) မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့ပြီး ဒီနေ့အချိန်အထိ ကျွန်မတို့ဆီကို ရောက်ရှိလာနိုင်ခဲ့ခြင်းအတွက် သတိရစေတဲ့ အမှတ်တရတစ်ခုအနေနဲ့ ရွတ်ဆိုခြင်းဖြစ်ပါတယ်။

Closing Chant ကတော့ အခြားရည်ရွယ်ချက်တစ်ခု ရှိပါတယ်။

လေ့ကျင့်မှုအတွင်း မိမိကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဝီရိယတို့ကို အသိအမှတ်ပြုစေသလို သတ္တဝါအားလုံးအတွက် ငြိမ်းချမ်းခြင်း၊ ကျန်းမာခြင်းနဲ့ ကောင်းကျိုးချမ်းသာခြင်း ရရှိပါစေကြောင်း ဆုတောင်းတဲ့အနေဖြင့် ရွတ်ဆိုကြခြင်းဖြစ်ပါတယ်။

Ashtanga Yoga လေ့ကျင့်မှုကနေ ကျွန်မတို့ မွေးမြူလာတဲ့ သည်းခံခြင်း၊ တည်ငြိမ်ခြင်း၊ သတိရှိခြင်း တို့ကို နေ့စဉ်ဘဝထဲကို ဆက်လက်သယ်ဆောင်သွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ Yoga ဆိုတာ ဖျာပေါ်မှာပဲ ရပ်တန့်လိုက်ဖို့မဟုတ်ဘူး ဆိုတာကိုလည်း အမြဲသတိရနေစေဖို့ဖြစ်ပါတယ်။

Chanting ထဲက Sanskrit စကားလုံးတိုင်းရဲ့အဓိပ္ပာယ်ကို နားလည်နေဖို့ မလိုအပ်ပါဘူး။

အချိန်ကြာလာတဲ့အခါ လေ့ကျင့်သူများဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လေ့ကျင့်မှုကို စတင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိနဲ့ အဆုံးသတ်ခြင်းဟာ လေ့ကျင့်မှုရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုလို ဖြစ်လာတာကို ခံစားလာကြရပါတယ်။


Photos from PHYU's Yoga Studio's post 28/07/2026

လူတစ်ယောက်ရဲ့ Pose ကိုမြင်တဲ့အခါ Pose ကိုပဲ မမြင်ပါနဲ့။ အဲဒီ Pose ရဲ့နောက်ကွယ်က အားထုတ်မှုကိုပါ မြင်အောင်ကြိုးစားပါ။

အဲဒီ Pose ရဲ့နောက်ကွယ်မှာရှိနေတဲ့ မရေမတွက်နိုင်တဲ့ လေ့ကျင့်ချိန်တွေ၊ ကျရှုံးမှုတွေ၊ စိတ်ရှည်မှုတွေနဲ့ မလျော့တဲ့ ဇွဲ လုံ့လတွေရှိနေပါတယ်။

ဒါတွေကို မြင်လာတဲ့အခါ Pose ထက် လူတစ်ယောက်ရဲ့ ခရီးကို ပိုပြီး လေးစားတတ်လာပါလိမ့်မယ်။ နှိုင်းယှဉ်မှုထက် နားလည်မှု ပိုများလာပါလိမ့်မယ်။

The pose is the shape you see.
The effort is the beauty you don’t.

Don’t just look at the pose.
Look at the person it took to get there. ❤️🙏


27/07/2026

Ashtanga Vinyasa Yoga ရဲ့ ပထမဆုံး Standing Forward Fold နှစ်ခုဖြစ်တဲ့ Padangusthasana နဲ့ Padahastasana ကို မှန်မှန်ကန်ကန် လေ့ကျင့်နိုင်မယ်ဆိုရင် နောက်ပိုင်းမှာ လေ့ကျင့်ရမယ့် Seated Postures တွေနဲ့ Vinyasa Transitions တွေကို ပိုပြီးကောင်းမွန်စွာ လေ့ကျင့်နိုင်လာပါလိမ့်မယ်။

တချို့အရာတွေက အခက်အခဲရှိတယ်လို့ ထင်ရပေမယ့်၊ အခြေခံကို သေချာတည်ဆောက်ထားရင် လေ့ကျင့်မှုက တဖြည်းဖြည်း ပိုလွယ်လာပါတယ်။

၆ရက် Ashtanga Immersion Course လေးကို စိတ်ဝင်စားတယ်ဆိုရင် အောက်ပါ linkလေးမှာ ဝင်ရောက်လေ့လာကြည့်ပါရှင့်။
https://www.facebook.com/share/p/17anC9F6Y9/?mibextid=wwXIfr




26/07/2026

ဖြူဥ အရမ်းချစ်မြတ်နိုးရတဲ့ Ashtanga Yoga ရဲ့ မူရင်းအစပြုရာ India နိုင်ငံ Mysore မြို့မှာ ရောက်ရှိနေပြီး သင်ယူလေ့ကျင့်လာတာလည်း မကြာခင် ၁ လပြည့်တော့မှာပါ🧘🏻‍♀️

ဒီတစ်လအတွင်း နေ့တိုင်းနီးပါး လေ့ကျင့်ခွင့်ရတာက ဖြူဥအတွက် တကယ်ကို ကျေးဇူးတင်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုပါ။🙏

ချစ်ရသူတို့ရော ဒီလထဲမှာ Ashtanga Yoga ကို ဘယ်နှစ်ရက်လောက် လေ့ကျင့်ဖြစ်ကြသေးလဲရှင့်?💙

မလေ့ကျင့်ဖြစ်သေးရင်လည်း မနက်ဖန်ကနေ ပြန်စလို့ရပါတယ်နော်😊


Photos from PHYU's Yoga Studio's post 26/07/2026

📅 August Yoga Timetable
💻 Online Classes | 🧘‍♀️ Studio Classes

သစ်ပင်တစ်ပင်မှာ အသီးတွေကို နောက်ဆုံးမှ မြင်ရတာပါ။

Yoga practice ဆိုတာလည်း ဒီလိုပါပဲ။

နေ့တိုင်း လေ့ကျင့်နေပေမယ့်
နေ့တိုင်း ရလဒ်ကို ချက်ချင်း မမြင်ရနိုင်ပါဘူး။

ဒါပေမယ့် ပုံမှန် စဉ်ဆက်မပြတ်လေ့ကျင့်ပါ။
တစ်နေ့မှာတော့ ကိုယ်စိုက်ပျိုးခဲ့တဲ့အရာတွေရဲ့ အသီးအပွင့်တွေကို မြင်လာရပါလိမ့်မယ်။

August လမှာလည်း Flow Yoga, Ashtanga Beginner, Ashtanga Mysore, Deepen Practice နဲ့ Handstand အစရှိတဲ့ထဲက ကိုယ်ကြိုက်နှစ်သက်တဲ့အတန်းတွေမှာ ဆက်လက်လေ့ကျင့်ကြရအောင်။

Keep showing up.❤️
Keep practicing.💙
Keep growing.💛


24/07/2026

🧘‍♀️ ယောဂမှာ အခက်ခဲဆုံးလေ့ကျင့်မှုက ခက်ခဲတဲ့ Pose တစ်ခုကိုရဖို့ လေ့ကျင့်ခြင်းမဟုတ်ပါဘူး။

ဘာကိုမှမလုပ်ဘဲ ကိုယ့်စိတ်နဲ့အတူ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေနိုင်ခြင်းပါ။

ကျွန်မတို့ဟာ ဖုန်း၊ social media၊ ရုပ်ရှင်၊ သီချင်းနဲ့ အလုပ်တွေအကြားမှာ အမြဲတမ်း တစ်ခုခုလုပ်နေတတ်ကြပါတယ်။

ဒါကြောင့် တိတ်ဆိတ်သွားတဲ့အခါ ကိုယ့်စိတ်က မသက်မသာဖြစ်လာတတ်ပါတယ်။

ဒါပေမယ့် တစ်ခါတလေ ဘာကိုမှ မလုပ်ဘဲ ကိုယ့်စိတ်နဲ့အတူ တိတ်တိတ်ဆိတ်ဆိတ် ထိုင်ကြည့်ဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်မှာပဲ ကိုယ့်အတွင်းစိတ်နဲ့အတွေးတွေကို ပိုပြီးရှင်းလင်းစွာ မြင်လာနိုင်ပါတယ်။

The body can hold a pose.
Can the mind hold the moment?

ခန္ဓာကိုယ်က Pose တစ်ခုကို ထိန်းထားနိုင်တယ်..
ဒါပေမယ့် ကိုယ့်စိတ်က လက်ရှိအခိုက်အတန့်မှာ တည်ငြိမ်စွာ ရှိနေနိုင်ရဲ့လား?


23/07/2026

🌿 Ashtanga Yoga Beginner Challenge
One Week • Unlimited Practice • 50,000 Kyats

အလေ့အထကောင်းတစ်ခုဟာ ဆက်တိုက်လေ့ကျင့်တဲ့ တစ်ပတ်ကနေ စတင်ပါတယ်။

လူအများစုက ယောဂကို စိတ်ဝင်စားပြီး တစ်လ၊ နှစ်လလောက် လေ့ကျင့်ကြပေမယ့် အချိန်မပေးနိုင်ခြင်း၊ ပုံမှန်မတက်ဖြစ်ခြင်းတွေကြောင့် ဆက်လက်မကျင့်ဖြစ်တော့တာများပါတယ်။

ဒါဟာ ယောဂရဲ့အကျိုးကျေးဇူး မရှိလို့ မဟုတ်ပါဘူး။
ပုံမှန်လေ့ကျင့်မှု အလေ့အထ မတည်ဆောက်နိုင်သေးလို့ပါ။

ယောဂဟာ ခဏတာလုပ်ကြည့်ရုံထက် ကိုယ့်ဘဝရဲ့ အလေ့အထတစ်ခု ဖြစ်လာတဲ့အခါမှ ခန္ဓာကိုယ်၊ စိတ်နဲ့ နေထိုင်မှုပုံစံမှာ အမှန်တကယ် ပြောင်းလဲမှုတွေကို ခံစားလာရမှာပါ။

ဒါကြောင့် Ashtanga Yoga Beginner Challenge ကို ဖန်တီးပေးထားပါတယ်။

🗓 Date: August 18 – 23
📅 Days: Tuesday / Wednesday / Saturday / Sunday
☀️ Morning Class: 6:15 AM – 7:15 AM
🌙 Evening Class: 4:45 PM – 5:45 PM
💰 Investment: 50,000 Kyats
✨ Unlimited Practice for One Week

Ashtanga Yoga ဟာ သတ်မှတ်ထားတဲ့ Sequence အတိုင်း ထပ်ခါတလဲလဲ လေ့ကျင့်ရတဲ့ စနစ်ဖြစ်တာကြောင့် တစ်ပတ်အတွင်းမှာ
✨ ကိုယ့်ခန္ဓာကိုယ်ကို ပိုနားလည်လာမယ်
✨ အသက်ရှူခြင်းနဲ့ လှုပ်ရှားမှုကို ချိတ်ဆက်တတ်လာမယ်
✨ ယောဂကို ရေရှည်ဆက်လက်ကျင့်နိုင်မယ့် အခြေခံတစ်ခု ရလာမယ်

တစ်ပတ်က စတင်ဖို့အတွက် လုံလောက်ပါတယ်။
တစ်သက်တာ Practice တစ်ခု ဖြစ်လာနိုင်ပါတယ်။ 🌱

ကိုယ့်ကိုယ်ကို Challenge လုပ်ချင်သူများ—

☀️ မနက်ပိုင်း → Comment “Morning Challenge”
🌙 ညနေပိုင်း → Comment “Evening Challenge”
လို့ ရေးပေးခဲ့ပါနော် 🤍

Start your first week. Build your lifelong practice. 🧘‍♀️

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


အမှတ်-၁၆၅၊ အနော်ရထာလမ်း နှင့် ဦးအော်ဇေယျ လမ်းထောင့် ၊၂ ရပ်ကွက်၊ မရမ်းကုန်း ။ Near Hlaing Township ။
Yangon
11062