28/07/2026
အပိုင်း - ( ၂ )ကိုမဖတ်ခင်မှာ အပိုင်း - ( ၁ ) https://www.facebook.com/share/p/1LXxocEnb9/?mibextid=wwXIfr ကို ဦးစွာဖတ်ရှုစေချင်ပါတယ်။
Export & Import လုပ်ငန်းနဲ့ပတ်သတ်ပြီး ဆက်နွယ်လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ် တဦးတယောက်ချငိးစီတိုင်းအတွက် လုပ်ငန်းလည်ပတ်လုပ်ကိုင်မှုစနစ် ပညာဝမ်းစာပြည့်နိုင်မှသာ နိုင်ငံတကာကုန်သွယ်ရေးကို မတူညီသောရှုထောင့်ပေါင်းများစွာမှ သုံးသပ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
👩🏻💼မေး - MACCS ကိုအသုံးပြုခြင်းနဲ့ပတ်သတ်လို့ ထပ်ပြီး သိသင့်သိထိုက်တာရှိရင် ပြောပြပေးပါဦးဆရာ
👨🏻🏫ဒီလိုဆို MACCS ရဲ့ Clearance Flow အကြောင်းကို ကနဦးပြောပြပါ့မယ်။
၁။ Import License / Export License ရယူခြင်း
၂။ Commercial Invoice, Packing List, Bill of Lading စတဲ့ Documents ပြင်ဆင်ခြင်း
၃။ MACCS ထဲမှာ Declaration တင်ခြင်း
၄။ Customs က Risk Assessment ပြုလုပ်ခြင်း
၅။ Duty & Tax ပေးသွင်းခြင်း
၆။ Customs Inspection (လိုအပ်ပါက)
၇။ Release Order ထုတ်ပေးခြင်း
၈။ Cargo ထုတ်ယူခြင်း ဆိုတဲ့အဆိုပါအချက် (၈) ချက်ကို ယျေဘုယျအနေဖြင့်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့တချက်ကိုပြောရရင် MACCS ကိုအသုံးပြုခြင်းအတွက် အားသာချက်တွေအများကြီးရှိနေပါတယ်။
၁။ Clearance Time လျော့နည်းစေခြင်း။
ဒီစနစ်မှာ အကောက်ခွန်အရာရှိနဲ့ကုန်သည်နဲ့လုံးဝတွေ့ဆုံဆွေးနွေးစရာမလိုအောင် စီစဉ်ထားခြင်းဖြစ်ပါတယ်။ တခုခုသောလိုအပ်ချက်ရှိလာတဲ့အခါမှာလည်း အကောက်ခွန်အရာရှိနဲ့Brokerတို့ဆက်သွယ်ကြပြီး Brokerနဲ့ကုန်သည်တို့တဖန်ပြန်လည်ဆွေးနွေးရခြင်ဖြစ်ပါတယ်။ အဓိကအနေနဲ့ Anti-Corruption ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
၂။ Paperless လုပ်ငန်းစဉ်ကို အထောက်အကူပြုတယ်။ (အခုလက်ရှိအခြေအနေနဲ့ကိုက်ညီမှုရှိသလား စဉ်းစားစရာပါ)
၃။ Duty & Tax တွက်ချက်မှု ပိုမိုတိကျစေတယ်။ (HS Code အကြောင်း ကုန်သည်တိုင်းသိရှိနားလည်ဖို့လိုအပ်ပါတယ်)
၄။ Customs နဲ့ လုပ်ငန်းရှင်ကြား ပွင့်လင်းမြင်သာမှု တိုးတက်စေတယ်။ MACCSမှာ Selectivity Channel type 3 အထိရွေးချယ်နိုင်သလို ကုန်သည်အနေနဲ့လည်း Option type 3မျိုး ( A,B,C ) ရွေးချယ်နိုင်ပါတယ်။ ကုန်သည်ကိုထိန်းကြောင်းနိုင်ဖို့ PCA ( Post Clearance Audit ) အဖွဲ့အစည်းရှိနေပြီး ၇နှစ် သက်တမ်းအထိ စစ်ဆေးခွင့်ရှိနေပါတယ်။
၅။ အနာဂတ် National Single Window (NSW) နှင့် ASEAN Single Window (ASW) တို့နဲ့ ချိတ်ဆက်နိုင်ရန် အခြေခံစနစ်အဖြစ် ရည်ရွယ်ထားတယ်။
(အထက်ကအခြေအနေများ ပြောင်းလဲနိုင်ဖို့လိုအပ်ချက်တချို့ရှိနေပါတယ်။ ဥပမာ - ID ED ၏ စာရွက်စာတမ်းနှင့်ရာဖြတ်စစ်ဆေးခြင်း ၊ စျေးနှုန်းသတ်မှတ်ရေးသားခြင်း (valuation assessment) ၊ Advanced Ruling System ၊ CEPT Approval ၊ Customs Examination ၊ Cargo Release System)
👩🏻💼မေး - Customs Clearance ကို ကုမ္မဏီတွေအနေနဲ့လုပ်ဆောင်ခွင့်ရှိမနေတာဘာကြောင့်ပါလဲဆရာ
👨🏻🏫ဖြေ - သိပ်ကောင်းတဲ့မေးခွန်းပါပဲ MACCS (Myanmar Automated Cargo Clearance System) ကို Export/Import ကုမ္ပဏီတွေက တိုက်ရိုက်အသုံးပြုခွင့် မရှိတာမဟုတ်ဘဲ Customs ရဲ့ သတ်မှတ်ချက်အရ အများအားဖြင့် Licensed Customs Broker (Customs Agent) တွေကပဲ Declaration တင်ခွင့်ရှိပါတယ်။
ဘာကြောင့်လဲဆိုရင် ဒီအချက်အလက်တွေကိုသေချာမှတ်သားထားစေချင်ပါတယ်။
၁။ Customs Declaration က ဥပဒေအရ တာဝန်ယူရတဲ့အလုပ်ဖြစ်နေပြီး Import Declaration (ID)၊ Export Declaration (ED) တင်တဲ့အခါ
HS Code မှန်ကန်ရမယ်။
Customs Value မှန်ရမယ်။
Tariff မှန်ရမယ်။
Import/Export License နဲ့ ကိုက်ညီရမယ်။
Duty & Tax တွေ မှန်ကန်ရမယ်။
ဒီအချက်တွေမှားရင် ဒဏ်ငွေ၊ ပစ္စည်းသိမ်းဆည်းခြင်း၊ အရေးယူခြင်းတွေ ဖြစ်နိုင်တာကြောင့် Customs က လေ့ကျင့်ပြီး License ရထားတဲ့ Customs Broker ကိုပဲ တာဝန်ပေးထားတာ ဖြစ်ပါတယ်။
ဒီတချက်နဲ့တင် အသိအမှတ်ပြု Professional လိုင်စင်ရထားတဲ့ အေးဂျင့်ကိုအသုံးပြုဌားရမ်းရတာနဲ့တင်အတော်လေးတန်ဖိုးရှိပါပြီ။
Customs Brokerတစ်ယောက်ဟာ ကုန်သွယ်မှုဥပဒေကို နားလည်ထားတဲ့ရှေ့နေတယောက်လိုပါပဲ။ လုပ်ငန်းရဲ့အကျိုးစီးပွါးကိုလည်းကာကွယ်ရသူဖြစ်သလိုနိုင်ငံတော်ရဲ့ဘဏ္ဍာရေးဥပဒေသတွေကိုလည်းစောင့်ရှောက်လိုက်နာရသူတွေဖြစ်ပါတယ်။
၂။ Customs Broker တွေဟာ Customs က အသိအမှတ်ပြုထားတဲ့ Professional ဖြစ်ခြင်း
Broker တစ်ယောက်ဖြစ်ဖို့Customs Broker License ရှိရမယ်။ Customs Law ကိုနားလည်ရမယ်။ Declaration အမှားအယွင်းအတွက် တာဝန်ယူရမယ်။ဒါကြောင့် MACCS User Account ကို Broker Company တွေကိုပဲ ထုတ်ပေးတာများပါတယ်။
၃။ Data Security နဲ့ Control အတွက် MACCS ထဲမှာ Declaration ၊ Duty Payment ၊ Cargo Release ၊ Amendment ၊ Cancellationစတဲ့ လုပ်ဆောင်ချက်တွေရှိတာကြောင့် User Account တွေကို ထိန်းချုပ်ထားရပါတယ်။
Export/Import Company က MACCS သုံးချင်ရင်ရောရနိုင်သလားဆိုရင် ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့်Customs Broker License ရယူရနိုင်ပါတယ်။Customs က သတ်မှတ်ထားတဲ့ အရည်အချင်း၊ လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီရမယ်။
Export/Import လုပ်ငန်းကို ကိုယ်တိုင်စီမံခန့်ခွဲနေသူဆိုရင် MACCS ကို မိမိကိုယ်တိုင် အသုံးပြုနိုင်အောင် Customs Broker License ရယူနိုင်ပါတယ်။ အဲဒီလိုလုပ်နိုင်ရင် Broker Service Fee လျှော့ချနိုင်မယ်။Declaration ကို ပိုမိုမြန်ဆန်စွာ စီမံနိုင်ပြီးClearance Process ကို ကိုယ်တိုင်ထိန်းချုပ်နိုင်မယ်။
Customs Compliance ကို အဖွဲ့အစည်းအတွင်း ပိုမိုတည်ဆောက်နိုင်မယ်။မြန်မာနိုင်ငံမှာ Customs Broker License ရယူချင်ရင် လိုအပ်တဲ့ အရည်အချင်းတွေနဲ့ လုပ်ငန်းစဉ်တွေကို Myanmar Customs Department က သတ်မှတ်ထားတဲ့ Notification/Procedures တွေအတိုင်း လိုက်နာရပါတယ်။
2020 ခုနှစ်မှာ Customs Brokers အတွက် Procedures ကို ထုတ်ပြန်ခဲ့ပြီး 2023 မှာ License သက်တမ်းတိုးခြင်းနဲ့ပတ်သက်တဲ့ ပြင်ဆင်ချက်တွေကို ထပ်မံထုတ်ပြန်ထားပါတယ်။
အပိုင်း ( ၃ )ကိုဆက်လက်ဖော်ပြပေးသွားပါမယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ
Thu Ra Kyaw ( FCS )
26/07/2026
အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်တွေမှာ လွယ်ကူလျှင်မြန်စေရေးအတွက် အသုံးပြုနေရတဲ့အွန်လိုင်းအကောက်ခွန်ရှင်းလင်းရေးစနစ် တနည်းအားဖြင့် “MACCS”ဆိုတာဘယ်လိုမျိုးလဲ။
“Customs Broker”အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်တွေဆိုတာ ဘယ်လိုလုပ်ငန်းတွေလုပ်ဆောင်ကြရသလဲဆိုတာတွေကို အပိုင်းဆက်များအနေနဲ့ဖော်ပြပေးသွားပါမယ်။
အပိုင်း ( ၁ )
🤵🏻♀️မေး - မင်္ဂလာပါဆရာရှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေနဲ့ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်တွေအသုံးပြုနေရတဲ့ MACCS အကြောင်းကို ဆွေးနွေးရှင်းပြပေးပါရှင်
👨🏻🏫ဖြေ - MACCS (Myanmar Automated Cargo Clearance System) ဆိုတာ မြန်မာနိုင်ငံ အကောက်ခွန်ဦးစီးဌာန (Myanmar Customs Department) က အသုံးပြုနေတဲ့ အီလက်ထရွန်းနစ် အကောက်ခွန်ရှင်းလင်းရေးစနစ် (Electronic Customs Clearance System) ဖြစ်ပါတယ်။
ဒီစနစ်ကို ဂျပန်အစိုးရ (JICA) နဲ့ NTT DATA တို့၏ ပံ့ပိုးမှုဖြင့် ဖွံ့ဖြိုးတည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ စတင်အသုံးပြုခဲ့ပြီး ၂၀၂၇ခုနှစ် ၁၁လပိုင်း တရားဝင်စနစ်အဖြစ်စတင်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
MACCS ရဲ့ အဓိကရည်ရွယ်ချက်တွေရှိပါတယ်။ ယခင်က စာရွက်စာတမ်းတွေနဲ့ လုပ်ဆောင်ခဲ့ရတဲ့ Customs Clearance ကို Digital စနစ်အဖြစ် ပြောင်းလဲပြီး Import/Export Declaration တင်သွင်းခြင်း ၊ Customs Assessment & Duty & Tax များအလိုလျောက်တွက်ချက်ခြင်း ၊ Cargo Releaseမြန်ဆန်စေရေး ၊ Risk Management များလျှော့ချရန်စီမံခန့်ခွဲခြင်း ၊ Clearance Process Monitoringတွေကို မြန်ဆန်၊ တိကျ၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်အောင် ရည်ရွယ်ထားပါတယ်ခင်ဗျာ
👩🏻💼မေး - MACCS စနစ်ကို ဘယ်လိုဌာနနဲ့အဖွဲ့အစည်းတွေအသုံးပြုကြရန်တာဝန်ရှိပါလဲဆရာ
👨🏻🏫ဖြေ - MACCS ကိုအဓိကအသုံးပြုရန်တာဝန်ရှိသူများလို့ဆိုလာရင်တော့…
▪️Myanmar Customs Department
▪️Licensed Customs Brokers
▪️Importers / Exporters (User Registration ရရှိထားသူ)
▪️Shipping Lines & Airlines
▪️Border , Airport , Seaport
▪️Myanmar Port Authority
▪️Warehouse Operators
▪️အခြားအစိုးရဌာနများ (OGA) တို့ဖြစ်ပါတယ်။
သက်ဆိုင်ရာအဖွဲ့အစည်းတိုင်းအနေနဲ့ တာဝန်ရှိတာထက်ပိုတဲ့ တာဝန်ယူရတဲ့အပိုင်းဟာပိုများပါတယ်။ စနစ်ရဲ့အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ လွယ်ကူမြန်ဆန်ရေးကိုတော့ လုံးဝမမေ့ထားစေချင်ပါဘူး။ မလိုလားအပ်သော ကြန့်ကြာမှုဟာ စာသုံးသူတွေရဲ့ကုန်စျေးနှုန်းနဲ့တိုက်ရိုက်အချိုးကျသက်ရောက်စေလို့ပါ။
👩🏻💼မေး - MACCS ရဲ့အားသာချက်တွေကိုပြောပေးပါဆရာ ပြီးတော့ကုန်သွယ်ရေးလုပ်ငန်းတွေအပေါ်အကျိုးသက်ရောက်စေတာပါလဲဆရာ ကျေးဇူးပြု၍ဖြေကြားပေးပါဦး။
👨🏻🏫ဖြေ - Myanmar Automated Cargo Clearance System ဆိုတဲ့အတိုင်း အလိုလျှောက်ကုန်စည်ရှင်းလင်းထုတ်ယူရေးစနစ်လို့ဆိုထားတဲ့အတွက် စနစ်ကိုအကျိုးရှိအောင် အသုံးချနိုင်ရင် အလွန်ပဲအကျိုးဖြစ်ထွန်းပါတယ်။ ဂျပန်နိုင်ငံအနေနဲ့လည်း NACCSကိုအသုံးပြုနေပြီး ၂၀၁၄ ခုနှစ်မှစလို့ဗီယက်နမ်မှာ VNACCS ကို VCIS (Vietnam Customs Intelligence Information System) နဲ့ တွဲပြီး အသုံးပြုပါတယ်။
VNACCS = Customs Clearance System
VCIS = Risk Analysis, Intelligence, Compliance Management System တို့ဖြစ်ပါတယ်။
အဆိုပါ ဆယ်စုနှစ်သောကာလအတွင်းမှာ Vietnamနိုင်ငံဟာ အာဆီယံမှာ GDPအမြင့်ဆုံးနဲ့စီးပွါးရေဖွံ့ဖြိုးမှုပေါက်ကွဲအားအကောင်းဆုံးနိုင်ငံအဖြစ်ယခုလက်ရှိအချိန်မှာ ရပ်တည်နိုင်ဆဲဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုအဆင့်အတန်းကိုပြောင်းလဲပေးနိုင်သော အဓိကသော့ချက်တခုပါ။ ဒီသော့ကို ဘယ်လိုမူဝါဒနဲ့ဖွင့်မလဲဆိုတာတော့ နိုင်ငံတနိုင်ငံချင်းစီရဲ့ PESTEL နဲ့ပဲသက်ဆိုင်ပါတယ်။
MACCS အနေနဲ့ဆောင်ရွက်နိုင်သော လုပ်ငန်းစဉ်များကတော့…
✔ Import Declaration (ID)
✔ Export Declaration (ED)
✔ Manifest Processing
✔ Customs Duty & Tax Assessment
✔ Payment Processing
✔ Cargo Examination Assignment
✔ Green / Yellow / Red Channel Risk Management
✔ Cargo Release Order
✔ Amendment / Cancellation
✔ Statistical Reporting
အစရှိတဲ့လုပ်ငန်းစဉ်တွေကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
အပိုင်း ( ၂ )ကိုဆက်လက်ဖော်ပြသွားပါမယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Thu Ra Kyaw ( FCS )
20/07/2026
🚨 Export Import Business ကို စနစ်တကျ လေ့လာပြီး Logistics Industry ထဲမှာ Career တစ်ခု တည်ဆောက်ချင်သူတိုင်း လုံးဝလက်မလွှတ်သင့်တဲ့ သင်တန်း…!! 📦🚢
💢 FCS Logistics Academy မှ ဖွင့်လှစ်မည့် Export Import Business Development (EIBD) Batch - 40 သင်တန်းတွင် Export Import လုပ်ငန်း၏ အခြေခံမှစပြီး လက်တွေ့လုပ်ငန်းခွင်အထိ လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုများကို စနစ်တကျ လေ့လာနိုင်မှာဖြစ်ပါတယ်ခင်ဗျာ...
၂၀၁၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့တဲ့ FCS Logistics Academy ဟာ Export Import & Logistics ပညာရပ်များကို စာတွေ့၊ လက်တွေ့ပေါင်းစပ်သင်ကြားပေးလျက်ရှိပြီး ယနေ့အချိန်အထိ သင်တန်းသား ၅,၀၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့တဲ့ ယုံကြည်စိတ်ချရတဲ့ Academy တစ်ခုဖြစ်ပါတယ်။ 🙏
⚓ ဒီသင်တန်းက ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?
✅ Export Import Business စတင်လုပ်ကိုင်လိုသူများ
✅ Trading Company တည်ထောင်လိုသူများ
✅ Logistics & Supply Chain Industry တွင် Career တိုးတက်လိုသူများ
✅ Warehouse Operation ကို လက်တွေ့နားလည်လိုသူများ
✅ လုပ်ငန်းအတွေ့အကြုံကို Professional Level အထိ မြှင့်တင်လိုသူများ
✅အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းကိုလုပ်ကိုင်လိုသော ကိုယ်စားလှယ်များ
✅ပို့ကုန်/သွင်းကုန် Export Import ကုမ္ပဏီတွင်လုပ်ကိုင်နေကြသောသူများ
✅Logistics ကုမ္ပဏီတွင်လုပ်ကိုင်နေကြသောသူများ
✅နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးသိရှိလိုသူများ
📚 ဒီသင်တန်းမှာ ဘာတွေကိုလေ့လာရမှာလဲ? (Course Outline)
🌟 Trading Company Setup Procedures (DICA, MOC, Tradenet, Bank Policy)
🌟 Export Import Processes & Procedures
🌟 Shipping Documents Handling
🌟 Fundamental of Warehouse Operation
🌟 Role of Warehousing in Export Import Cycle
🌟 Concept of Warehouse & Logistics in Supply Chain
🌟 Exportation & Importation Guideline
🌟 Customs Duties & Taxes Calculation
🌟 Customs Tariff (HS Code)
🌟 Customs Rules & Regulations
🌟 7R in Logistics Service Provider
🌟 Port Operation
🌟 Port Visit (စာတွေ့ + လက်တွေ့)
⚓ အထူးအစီအစဉ်
သီအိုရီသင်ခန်းစာများသာမက Port Visit အစီအစဉ်ပါ ပါဝင်တာကြောင့် ဆိပ်ကမ်းလုပ်ငန်းစဉ်များကို ကိုယ်တိုင်သွားရောက်လေ့လာပြီး လက်တွေ့အတွေ့အကြုံ ရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျ...
📍 Batch - 40
📅 သင်တန်းကာလ- ၃ရက် (5.9.2026-6.9.2026-12.9.2026) (Saturday-Sunday & Saturday )
⏰ အချိန် – 10:00 AM – 4:00 PM
🏫 Class Type – On Campus
💰 သင်တန်းကြေး – 500,000 MMK
🎉 အထူး Promotion
💥 အစောဆုံးအပ်နှံသူနှင့် သင်တန်းသားဟောင်းများအတွက် 20% Discount ရယူပြီး သင်တန်းအပ်နှံနိုင်မယ့် အခွင့်အရေးလည်း ရှိလို့ အမြန်ဆုံး Register လေး လာလုပ်လိုက်တော့နော်
🚢 Export Import Industry ထဲကို ယုံကြည်မှုရှိရှိ ဝင်ရောက်ချင်သူ၊ ကိုယ်ပိုင်လုပ်ငန်းစတင်ချင်သူနဲ့ Career ကို နောက်တစ်ဆင့် မြှင့်တင်ချင်သူတိုင်းအတွက် အကောင်းဆုံးအခွင့်အရေးဖြစ်တာကြောင့် လူဦးရေမပြည့်မီ အမြန်ဆုံး အပ်နှံလိုက်ပါ။
📞 အသေးစိတ်စုံစမ်းရန်
Viber or Phone📱 09 698 229 022 / 09 698 228 022
18/07/2026
ပို့ကုန်သွင်းကုန်လုပ်ငန်းနဲ့ပတ်သတ်လုပ်ကိုင်နေကြတဲ့ မိတ်ဆွေတွေအတွက်တော့ သတင်းကောင်းပါပဲ 🤩
Export Import နဲ့ပတ်သတ်တဲ့အကြောင်းတွေကို လက်တွေ့ကျကျဆွေးနွေးနိုင်တဲ့ ဆရာတယောက်တော့ ကလောင်တွေသွေးနေပါပြီ။
သုံးသပ်ချက်တွေ မြင်တဲ့ရှု့ထောင့်တွေ ဝေဖန်ပိုင်ခြားနိုင်မှုစွမ်းရည်တွေ သိပ်ကိုသဘောကျစရာကောင်းတယ်။
လူငယ်ပီပီ ရဲရင့်တယ် ပြတ်သားတယ် သတင်းအချက်အလက် အခိုင်အမာနဲ့ဖတ်ရတာကို အားရတယ်။ ကာလအတော်ကြာ ၂၀၁၈ဝန်းကျင်က အဲ့သည့်ဆရာနဲ့ကျနော်စကားအခြေအတင် ကတောက်ကဆနဲ့ ပွဲဆိုပြီးအတော်လေးပွဲဆူခဲ့သေးတာပဲ။
လက်တွေ့အလုပ်လုပ်နေပြီး အတွေးအခေါ်နဲ့အာဘော်ရှိတဲ့ ပဂ္ဂိုလ်တယောက်ရဲ့ ဆောင်းပါးတွေကို ဒီလောကသားတို့ ဖတ်ရ မှတ်ရဦးမှာပေါ့လေ
ကြိုဆိုပါတယ် မိတ်ဆွေဟောင်းကြီး 👏🏻👏🏻👏🏻
18/07/2026
⏰ Ready for Tomorrow?
မနက်ဖြန်ကျင်းပမယ့် CSR Program – Legal Trade & Export Import Business Solutions Program (Free Webinar) ကို တက်ရောက်မယ့် မိတ်ဆွေများအားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်။
✅ မိမိရဲ့ လုပ်ငန်းဆိုင်ရာ မေးခွန်းများကိုလည်း တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်ပါတယ်။
📌 Zoom ကို အချိန်မီ Join ပေးပါ။
📌 ဆွေးနွေးမှုအတွင်း Camera ဖွင့်ထားပေးရန် မေတ္တာရပ်ခံအပ်ပါတယ်။
📌 လုပ်ငန်းအခက်အခဲများ၊ မေးခွန်းများကို တိုက်ရိုက် ဆွေးနွေးနိုင်မယ့် အစီအစဉ်ဖြစ်တာကြောင့် အဆင်သင့်ပြင်ဆင်ထားဖို့ မမေ့ပါနဲ့။
မနက်ဖြန်မှာ တွေ့ဆုံကြပါစို့။ 🤝
📅 19 July 2026
⏰ 9:30 AM – 2:30 PM
💻 Zoom Live
14/07/2026
၂၀၂၆အခွန်ကောက်ဥပဒေ Uni Tax Lawမှာ Exporter Impoterတွေအတွက် သိရှိလိုက်နာပါရန်အတွက်
SGT ( Special Good Tax ) အထူးကုန်စည်ခွန်ကောက်ခံမှုနှုန်းထားများ
CT ( Commercial Tax ) ကုန်သွယ်ခွန်ကောက်ခံမှုနှုန်းထားများ
လေ့လာဖတ်ရှု့နိုင်ပါသည်။
14/07/2026
🚨❝ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သမျှကုန်စည်တန်ဖိုးရဲ့ ၂၀ ရာနှုန်းကို #အမေရိကန်ကစောင့်ရှောက်ခအဖြစ်ကောက်ယူမယ်လို့ ထရမ့်ပြောကြား ❞
သမ္မတ Donald Trump က ကမ္ဘာ့အရေးပါဆုံး ရေကြောင်းလမ်းတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အမေရိကန်က လွှဲပြောင်းထိန်းချုပ်နိုင်ခြေရှိပြီး၊ အဲဒီလမ်းကြောင်းကို ကာကွယ်စောင့်ရှောက်ပေးတဲ့အတွက် ဖြတ်သန်းသွားလာသမျှ ကုန်စည်အားလုံးရဲ့ တန်ဖိုးထဲက ၂၀ ရာခိုင်နှုန်းကို အမေရိကန်ကို ပေးရမယ်လို့ ဒီနေ့ တနင်္လာနေ့ (ဇူလိုင် ၁၃) ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
"ကမ္ဘာပေါ်မှာ တည်ငြိမ်မှုမရှိဆုံးဖြစ်တဲ့ ဒီဒေသရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်တွေအားလုံးအတွက် သယ်ယူပို့ဆောင်တဲ့ ကုန်စည်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းနှုန်းနဲ့ အမေရိကန်ကို ပြန်လည်ပေးချေရမှာ ဖြစ်ပါတယ်" လို့ Trump က Truth Social ရဲ့ ပို့စ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် သူက "အီရန် ရှိရှိ မရှိရှိ" ဒီရေလက်ကြားကို ဆက်ဖွင့်ထားမှာဖြစ်ပြီး၊ အမေရိကန်အနေနဲ့ "အီရန်အပေါ် ပိတ်ဆို့မှုကို ပြန်လည်သက်ဝင်စေပြီ" လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အီရန်ရဲ့ သင်္ဘောတွေနဲ့ သူတို့ရဲ့ ဖောက်သည်တွေကိုပဲ ဝင်ခွင့်၊ ထွက်ခွင့် ပိတ်ပင်သွားမှာဖြစ်ပြီး ကျန်တဲ့နိုင်ငံတွေအားလုံးကတော့ ရေလက်ကြားကို မျှမျှတတနဲ့ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်မှာဖြစ်တယ်လို့ သူက ရေးသားထားပါတယ်။
"ကျနော်တို့က အဲဒီရေလက်ကြားကို အပိုင်ထိန်းချုပ်ထားမှာဖြစ်ပြီး ကျနော်တို့ကိုယ်တိုင်ပဲ စီမံခန့်ခွဲသွားဖို့ ရှိပါတယ်။
ကျနော်တို့ဟာ ဒီရေလက်ကြားရဲ့ အစောင့်အရှောက် ဖြစ်လာမှာပါ။
‘ရေလက်ကြားရဲ့ ကယ်တင်ရှင်ကောင်းကင်တမန်’ လို့တောင် အမည်ပေးရင် ပေးရမှာပေါ့။
ဒီစောင့်ရှောက်မှုတွေအတွက် ကျနော်တို့ အခကြေးငွေ ပြန်လည်ရရှိသင့်ပါတယ်" လို့ ထရမ့် Fox & Friends အစီအစဉ်မှာ ပြုလုပ်ခဲ့တဲ့ ဖုန်းအင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
(ဘုရားရေ ... သူတော်တော်ဆိုးနေပါပြီ)
"ကျနော်တို့က စောင့်ရှောက်ပေးသွားမှာပါ။ ဟဲ ဟဲ ... စောင့်ရှောက်ပေးတဲ့အတွက်လည်း ကျနော်တို့ ငွေအများကြီး ပြန်ရမှာ ဖြစ်ပါတယ်" လို့ Trump က ပြောပါတယ်။
"တခြားနိုင်ငံတွေက အရမ်းချမ်းသာကြတာမို့ ကျနော်တို့ကို ပြန်ပေးရမှာပါ။ သူတို့က ကျနော်တို့ဘက်ကဆိုပေမဲ့ ကျနော်တို့က အလကားလုပ်ပေးမယ်လို့ မျှော်လင့်လို့မရဘူးလေ" လို့ ထရမ့်က ဆိုပါတယ်။
အီရန်ဘက်ကလည်း အမေရိကန်ဘက်က ဟော်မုဇ်ရေလက်ကြားမှာ ဆက်လက်စွက်ဖက်နေမယ်ဆိုရင် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ပိုမိုကြီးမားတဲ့ ဖြစ်ရပ်ဆိုးတွေ ဖြစ်လာနိုင်တယ်" လို့ သတိပေးထားပါတယ်။
ကမ္ဘာ့ပြည်သူတွေဟာ အခုမှ ဒုက္ခလှလှတွေ့တာ ဖြစ်ပါတယ်။ အီရန်က ရေကြောင်းသွားလာမှုကို ပိတ်ဆို့ထားလို့ ဒုက္ခရောက်နေချိန်မှာ ထရမ့်က ဘယ်ကနေ ငွေညှစ်ယူရမလဲ ထိုင်တွက်နေတာ ဖြစ်ပါတယ်။
အီရန်က ရေလက်ကြားဖြတ်ခကို ကောက်မယ်တကဲကဲလုပ်နေချိန်မှာ ထရမ့်က သင်္ဘောပေါ်ပါကုန်စည်တန်ဖိုးရဲ့ ၂၀ ရာနှုန်းကို စောင့်ရှောက်ခယူမယ်ထပြောချင်းဟာ စိတ်ပျက်စရာပါ။
ကမ္ဘာ့ကုန်စည်ဈေးနှုန်းက အတက်လမ်းဘက်ကိုဦးတည်နေပြီး ဆင်းရဲမွဲတေတဲ့ နိုင်ငံတွေက ပိုပြီးခါးစည်းခံရမယ့် သဘောဖြစ်ပါတယ်။
𝑹𝒊𝒄𝒉𝒂𝒓𝒅 𝑴𝒚𝒐 𝑻𝒉𝒂𝒏𝒕
13-July-2026
10/07/2026
AV ( Assessable Value ) ဆိိုတာ…
အကောက်ခွန်သတ်မှတ် CIF ( Cost + Insurance + Freight ) Invoiceတန်ဖိုးကို Central Bankရဲ့Exchange Rate နဲ့မြှောက်ပြီးရရှိတဲ့ ကုန်စည်တန်ဖိုးအပေါ်တွက်ချက်ထားခြင်းဖြစ်ပါတယ်။
( 1AV )ဒဏ်ကြေးဆိုတာ ကုန်တန်ဖိုး ၁၀၀၀ ဆိုရင် ကုန်တန်ဖိုးရဲ့ ၁ဆအတိုင်း ၁၀၀၀ ဒဏ်တပ်ရိုက်တဲ့သဘောပါ။
( 0.5AV )ဆိုတာ ကုန်တန်ဖိုးရဲ့တစ်ဝက် Half AV ကုန်တန်ဖိုး ၁၀၀၀ ဆိုရင် ဒဏ်ကြေး၅၀၀ပေးဆောင်ရပါမယ်။
( 2AV )ဆိုတာ ကုန်တန်ဖိုးရဲ့ ၂ဆဖြစ်တဲ့အတွက် ကုန်တန်ဖိုး၁၀၀၀ဆိုရင် ဒဏ်ကြေး၂၀၀၀ ပေးဆောင်ရပါမယ်လို့ကြေညာထားတဲ့သဘောပါ။
( 1/90AV )ဆိုတာ ကုန်တန်ဖိုးရဲ့ ၉၀ပုံ ၁ပုံကို ဒဏ်တပ်ရိုက်တာပါ။
IL > Import License သွင်းကုန်လိုင်စင် ( ကုန်သွယ်ရေးဦးစီးဌာနမှခွင့်ပြုထားသော )
IP > Import Permit သွင်းကုန်ပါမစ်( ကုန်သွယ်ရေးဦးစီးဌာနမှခွင့်ပြုထားသော )
ID > Import Declaration သွင်းကုန်ကြေညာလွှာ
( အကောက်ခွန်ဌာနမှထုတ်ပြန်ထားသော )
ED > Export Declaration ပို့ကုန်ကြေညာလွှာ
( အကောက်ခွန်ဌာနမှထုတ်ပြန်ထားသော )
လို့အဓိပ္ပါယ်ရပါတယ်။ လက်ရှိအသက်ဝင်နေဆဲဖြစ်တဲ့ အကောက်ခွန်ဦးစီးဌာနမှထုတ်ပြန်ခဲ့သော၂၅-၁-၂၀၁၇ ရက်စွဲပါ ရုံးတွင်းကြေညာလွှာအမှတ် ၂/၂၀၁၇ ၊ ၅-၄-၂၀၁၈ရက်စွဲပါရုံးတွင်းညွှန်ကြားလွှာအမှတ် ၂/၂၀၁၈ ၊ ၁၃-၆-၂၀၁၃ရက်စွဲပါ ရုံးတွင်းကြေညာလွှာအမှတ် ၁၂/၂၀၂၃၊၃-၁၀-၂၀၂၅ရက်စွဲပါ ရုံးတွင်းအမိန့်ကြေညာလွှာအမှတ် ၂၇/၂၀၂၅နှင့် ၁-၄-၂၀၂၆ရက်စွဲပါ ကြေညာစာတမ်းများဖြစ်ပါတယ်။ အဆိုပါဒဏ်ကြေးတွေအပြင် ထပ်မံပြင်ဆင်ဖြည့်စွက်ပြီး ထွက်ရှိလာမယ့်အတည်ပြုကြေညာချက်တွေရှိလာနိုင်ပါတယ်။