Min Khant Bodybuilding Coach

Call Directions Website Contact the business

Min Khant Bodybuilding Coach Myanmar Selection🇲🇲
MBPF 2x Champion
VX Classic Champion /Classic Physique 🇵🇭172cm champion

01/11/2026

ပုံမှန်လေး လေ့ကျင့်ဖြစ်ပါတယ်

29/10/2026

အချိန်ရမှကြည့်ပါ အကျိုးရှိတယ်ထင်ခဲ့ရင်

ပိုလေ့လာချင်ရင် ဖုန်းဆက်စုံစမ်းပါ
09977973402 BOLD GYM

Glossy men 📸
28/10/2026

Glossy men 📸

Subscribe My YouTube channel
24/10/2026

Subscribe My YouTube channel

Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

22/10/2026

အရေးအကြီးဆုံးဖြစ်တဲ့ကျန်းမာရေးအတွက်ဆိုရင်တောင်မှ ပုံမှန်လေ့ကျင့်ဖို့လိုတယ် ဒါကိုဘဝအောင်မြင်ရေးရဲ့အထောက့်အပံ့တခုအဖြစ်ယုံကြည်ရမယ်။အကယ်၍ ကစားသမားသာဖြစ်နေရင် ဆင်ခြေမပေးပဲ အခြေအနေအချိန်အခါပေါ်မူတည်ပြီး တိတိကျကျ လိုက်နာနိုင်ရမယ်။

21/10/2026

သတိထားသင့်တာလေးတွေပြောရင်းခေါ်သွားပေးမယ်ဗျာ။

အောင်မြင်သော အားကစားသမားများ လိုက်နာရမည့် နေ့စဉ်စည်းမျဉ်း ၇ ချက်။အားကစားသမားတစ်ဦး၏ အောင်မြင်မှုကို သူတို့ ယှဉ်ပြိုင်ကွင်...
19/10/2026

အောင်မြင်သော အားကစားသမားများ လိုက်နာရမည့် နေ့စဉ်စည်းမျဉ်း ၇ ချက်။

အားကစားသမားတစ်ဦး၏ အောင်မြင်မှုကို သူတို့ ယှဉ်ပြိုင်ကွင်း (သို့မဟုတ်) စင်မြင့်ပေါ်တွင် အချိန်မည်မျှ ကုန်ဆုံးခဲ့သည်ဆိုသည့်အချက်ဖြင့် ဆုံးဖြတ်၍မရပါ။
အမှန်တကယ် ယှဉ်ပြိုင်မှု့သည် မည်သူမျှ မမြင်တွေ့နိုင်သော နေ့စဉ်နေထိုင်မှုပုံစံ (Daily Routine) ထဲတွင် စတင်နေပြီ ဖြစ်ပါတယ်။

၁။ အချိန်မှန် အိပ်ရာထပြီး အချိန်မှန် အိပ်စက်ပါ။
အိပ်ချိန်နှင့် နိုးထချိန်များကို စနစ်တကျ စီမံခန့်ခွဲခြင်းသည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း (Self-control) ၏ အစပင်ဖြစ်ပါတယ်။ပုံမှန်နေထိုင်မှုပုံစံမျိုး မရှိဘဲ အကောင်းဆုံးသော ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ရရှိလာလိမ့်မည်ဟု မျှော်လင့်မထားပါနဲ့။

၂။ အစားအသောက်ကိစ္စတွင် လျှော့ပေါ့ပေါ့ဆဆ မနေပါနဲ့

ဗိုက်ဆာမှ စားခြင်း၊ စားချင်စိတ်ပေါက်မှ စားခြင်းမျိုးဟာအားကစားသမားတစ်ဦး၏ စားသောက်မှုပုံစံ မဟုတ်ပါ။ စနစ်တကျ စီစဉ်ထားသော အာဟာရစားသုံးမှုပုံစံကို တသမတ်တည်း လိုက်နာကျင့်သုံးခြင်းသည် အခြေခံအကျဆုံး အချက်ဖြစ်တယ်။

၃။ လေ့ကျင့်ခန်း ပြုလုပ်ရာတွင် အရည်အသွေးကို အလေးထားပါ။

အချိန်ကြာမြင့်စွာ လေ့ကျင့်ခြင်း သို့မဟုတ် ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်းမျှဖြင့်သာ ကျွမ်းကျင်မှုရှိသည်ဟု မဆိုနိုင်ပါ။
လေ့ကျင့်တိုင်းတွင် မည်သည့်အရာကို တိုးတက်အောင် လုပ်ဆောင်ရမည်ကို စဉ်းစားပါ၊ မှတ်တမ်းတင်ပါ၊ ထို့နောက် တိုးတက်မှုရရှိအောင် ကြိုးစားပါ။

၄။ မိမိခန္ဓာကိုယ် အခြေအနေကို ဘက်လိုက်မှုမရှိဘဲ (Objective ကျကျ) သုံးသပ်ပါ။

မိမိကိုယ်ကို အလွန်အမင်း ယုံကြည်လွန်းခြင်း (သို့မဟုတ်) ဂုဏ်ယူလွန်းခြင်းကြောင့် မိမိ၏ အားနည်းချက်များကို လျစ်လျူမရှုပါနဲ့။ မိမိ၏ အားနည်းချက်များ၊ လိုအပ်ချက်များ၊ ပုံစံမှားယွင်းမှုများ (Form issues) နှင့် ထပ်ခါတလဲလဲ မှားယွင်းနေမှုများကို ဝန်ခံလက်ခံလိုက်သည့်အချိန်မှစ၍ တိုးတက်မှုများ စတင်လာပါလိမ့်မယ်။

၅။ စိတ်ခံစားချက်အပေါ် မူတည်၍ မဟုတ်ဘဲ၊ သတ်မှတ်ထားသော မူဝါဒ/စည်းမျဉ်းများအတိုင်း လုပ်ဆောင်ပါ။

စိတ်ကြည်လင်လန်းဆန်းနေချိန်မျိုးတွင် မည်သူမဆို ကြိုးစားအားထုတ်နိုင်ပါတယ်။
စိတ်မပါသည့်နေ့ရက်များတွင်ပင် မိမိ၏ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်သူများသည်သာ နောက်ဆုံးတွင် ထူးခြားသော ရလဒ်များကို ဖန်တီးနိုင်မှာပါ။

၆။ အချိန်နှင့် လူမှုဆက်ဆံရေးများကို စီမံခန့်ခွဲပါ။

မလိုအပ်သော ချိန်းဆိုမှုများ၊ စည်းကမ်းမဲ့သော နေထိုင်မှုပုံစံများနှင့် မိမိ၏ အာရုံစူးစိုက်မှုကို ပျက်ပြားစေသည့် ပတ်ဝန်းကျင်အခြေအနေများကို ဖယ်ရှားရှင်းလင်းပါ။ အောင်မြင်မှုရရှိရန်အတွက် မည်သည့်အရာကို လုပ်ဆောင်ရမည်ကို သိရှိရုံသာမက၊ မည်သည့်အရာများကို ဖယ်ရှားပစ်ရမည်ကိုပါ သိရှိထားရန် လိုအပ်ပါတယ်။

၇။ နေ့စဉ် မိမိ၏ တိုးတက်မှုကို စစ်ဆေးပါ။

ယနေ့အတွက် မိမိ၏ ကိုယ်အလေးချိန်၊ ခန္ဓာကိုယ် အခြေအနေ၊ လေ့ကျင့်ခန်း ပြုလုပ်နိုင်စွမ်းနှင့် အစားအသောက် စားသုံးမှု အခြေအနေတို့ကို မှတ်တမ်းတင်ထားပါ။
ခိုင်မာတိကျသော မှတ်တမ်းများသည် အခြေအမြစ်မရှိသည့် ယုံကြည်မှုမျိုးထက် သင့်ကို ပိုမိုကောင်းမွန်သော အားကစားသမားတစ်ဦး ဖြစ်လာစေပါလိမ့်မည်။

13/10/2026

Men’s physique ပြိုင်ပွဲ post အောက်မှာ အောက်ပိုင်းသေးတယ်လာမန့်လို့ bodybuilding လိုညှစ်ပြလိုက်တာပါ။ကျွန်တော့်ကိုပြောလို့ရယ်တော့မဟုတ်ပေမယ့် ဘောင်းဘီဝတ်ထားတာရယ် ကင်မရာရှု့ထောင့်တွေရယ်က အမှန်မမြင်ရဘူးဆိုတာ ဥာဏ်ကောင်းသင့်တယ်ဗျာ။

12/10/2026

သတိမထားမိကြသောအခြေခံအချက်အချို့

Address

ThaPyayNyo Street
Sanchaung
11111

Alerts

Be the first to know and let us send you an email when Min Khant Bodybuilding Coach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Min Khant Bodybuilding Coach:

Shortcuts

Share

Category

Nearby gyms & sports facilities