Dr. Swe Zin: Smart Coach

Dr. Swe Zin: Smart Coach

Share

လူတွေကို ကျန်းမာပျော်ရွှင်ပြီး အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်အောင် Coaching ပညာနဲ့ ကူညီပေးသွားမယ်

29/05/2026

"ကိုယ့်ကိုယ်ကိုယ် ချစ်ပါ (Self-love) လို့ အမြဲကြားနေရပေမယ့်... တကယ်တမ်း လက်တွေ့မှာ ဘယ်လို စလုပ်ရမလဲ ဆိုတာ သိပါသလား?"

💬 ကဲ... ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့အတွက် ဘယ်အချက်ကို အရင်ဆုံး စမ်းလုပ်ကြည့်မလဲ?
👇အောက်က Comment မှာ ဝေမျှခဲ့ပေးပါဦးရှင်။

ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ဘယ်လိုချစ်ရမလဲ လမ်းပျောက်နေပြီး Relationship ထဲမှာ အမြဲအနစ်နာခံနေရတယ်လို့ ခံစားနေရရင် Coaching session အတွက် Messenger မှာ စကားလာပြောလို့ ရပါတယ်နော်။ 🥰

ချစ်ခြင်းအားဖြင့်
ဒေါက်တာဆွေဇင်(Smart Coach)

28/05/2026

သုတဓမ္မ စာမေးပွဲ ဖြေဆိုခွင့်ကတ် ထုတ်တာနဲ့ ပတ်သက်လို့ ကျေနပ်တာ၊ မကျေနပ်တာတွေ အသံပေါင်းစုံ ကြားနေရလို့ ကျမ အတွေ့အကြုံလေးကို ဝေမျှပေးချင်ပါတယ်။

ကျမက အတွက်အချက်သမားမို့ ပထမဆုံးနေ့ကို လူများမယ် မျှော်လင့်ပြီးသားမို့ ပယ်ပါတယ်။ စာဖြေသူအများစုက သက်ကြီးပိုင်းမို့ ဝီရိယကောင်းမယ်၊ စောစောလာကြမယ်ဆိုတာလည်း တွက်ချက်ပြီးသားပါ။ Facebook ပေါ်မှာလည်း ကြိတ်ကြိတ်တိုးတဲ့ သတင်း ဖတ်လိုက်ရလို့ ပိုသေချာသွားပါတယ်။ ဒါကြောင့် ဒုတိယနေ့မှာ နေ့လယ် ၁၂ နာရီလောက် သွားဖို့ ပြင်ဆင်ပါတယ်။

ဒါပေမယ့် မိုးတွေသည်းနေတာကြောင့် မသွားတော့ဘူးလို့ ဆုံးဖြတ်ပြီးကာမှ သွားချင်စိတ် ဖျောက်မရတာကြောင့် ထွက်သွားလိုက်တာ ၁ နာရီ ၅၀ မှ ရုံးကို ရောက်ပါတယ်။

ဖောင်ဖြည့်ပြီး တင်ဖို့အတွက် မေးမြန်းကြည့်ရာမှာ တာဝန်ရှိသူများက သိပ်မကြာဘူး တင်လိုက်ပါဆိုပြီး အားပေးကြပါတယ်။ တကယ်ပဲ တင်ပြီး ၃ မိနစ်မှာ နာမည်ခေါ်တာကြောင့် မပင်မပန်း သက်သောင့်သက်သာ ထုတ်ခွင့် ရခဲ့ပါတယ်။

စေတနာအပြည့်ထားပြီး စိတ်ရှည်လက်ရှည် ဆောင်ရွက်ပေးကြတဲ့ ဝန်ထမ်းများနဲ့ လုပ်အားပေးသူများ အားလုံး ကို ကျေးဇူး အထူးတင်ရှိပါတယ်။

မေတ္တာနဲ့ အကြံပြုချင်တာကတော့ ပိတ်ရက်တွေကို ရှောင်ပါ။ စားသောက် ပြင်ဆင်ပြီး နေ့လယ် ၁ နာရီလောက်မှသွားပါ။ စိတ်အေးလက်အေး စောင့်ပါ။ လူသက်သာပြီး အဆင်ပြေပါလိမ့်မယ်။

သူတော်ကောင်းစိတ်ထားနိုင်ဖို့ရာ အကောင်းမြင်စိတ် ရှိဖို့လည်း အရေးပါတာမို့ အကောင်းမြင်စိတ်နဲ့သာ ရှေ့ဆက်ဖို့ တိုက်တွန်းပါရစေ။

စာမေးပွဲမှာလည်း စိတ်လက်ကြည်သာစွာနဲ့ မေးသမျှကို ဖြေဆိုနိုင်ပြီး အောင်ပန်းဆင်နိုင်ကြပါစေရှင်။

မေတ္တာဖြင့်
ဒေါက်တာဆွေဇင်

Photos from Dr. Swe Zin: Smart Coach 's post 27/05/2026

မင်္ဂလာပါရှင်!
သုတဓမ္မ စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားသွားထုတ်ရင်း အမှတ်တရ မှတ်တမ်းတင်ဖြစ်ခဲ့တာပါ။
#သုတဓမ္မဒီပလိုမာ

Photos from Dr. Swe Zin: Smart Coach 's post 24/05/2026

"တခြားသူတွေကို ချစ်ခြင်းမေတ္တာ ဝေမျှနိုင်ဖို့... ကိုယ့်ရဲ့ 'Energy ခွက်' ထဲမှာရော ခွန်အားတွေ အပြည့်ရှိနေပြီလား?"

Life Coach တစ်ယောက် ဖြစ်တဲ့အတွက် client တွေရဲ့ ဝေဒနာတွေကို စာနာစိတ်နဲ့ နားထောင်ပေးရင်း တစ်ခါတစ်လေ ကိုယ်တိုင်လည်း burnout ဖြစ်ပြီး ပင်ပန်းနွမ်းနယ်သွားတတ်တာ လူသားဆန်တဲ့ သဘာဝတစ်ခုပါ။

မကြာခင်ကပဲ "Healing Space for Burnout Adults" Workshop လေး တက်ဖြစ်ခဲ့တယ်။ အဲဒီမှာ ရခဲ့တဲ့ ခံစားချက်လေးတွေက အရမ်းကို တန်ဖိုးရှိပါတယ်။

Body Scan လုပ်ကြည့်တဲ့အခါမှ ကိုယ့်ခန္ဓာကိုယ်က ဘယ်လောက်တောင် ပင်ပန်းနေပြီလဲဆိုတာ သတိထားမိခဲ့ပါတယ်။

ကိုယ့်စိတ်ကို ပြန်သုံးသပ်ကြည့်တဲ့အခါ ဒေါသ သိပ်မရှိပေမယ့် ကိုယ့်ကိုယ်ကိုယ် တွယ်ငြိတဲ့ တဏှာကိုတော့ မဖျောက်နိုင်သေးတာ တွေ့ရပါတယ်။

ကတဲ့ activity လုပ်တဲ့ အချိန်မှာတော့ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်မှုကို ခဲစားလိုက်ရပါတယ်။

ကျမတို့ ကိုယ်တိုင်ရဲ့ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းနေမှသာ တခြားသူတွေကို မေတ္တာတရား ဖြန့်ကြက်နိုင်မှာပါ။

ဒါကြောင့်... ချစ်သူတွေ၊ မိသားစုတွေနဲ့ အဆင်ပြေဖို့ ကြိုးစားနေရတဲ့ သင်လည်း တစ်လမှာ တစ်ရက်လောက်တော့ Stress တွေကို အနားပေးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် 'Recharge' လုပ်ဖို့ မမေ့ပါနဲ့နော်။

ကိုယ့်ကိုယ်ကိုယ် အနိုင်ရတဲ့သူဟာ အေးချမ်းမှုကို ပိုင်ဆိုင်နိုင်ပါတယ်...။

ချစ်ခြင်းအားဖြင့်
ဒေါက်တာဆွေဇင်(Smart Coach)

22/05/2026

အိမ်ထောင်သက် ရင့်လာပေမယ့် အချစ်တွေ အေးစက်မသွားအောင် ဘာတွေ လုပ်သင့်လဲ?

ကိုယ့်ရဲ့ အယူအဆကို comment မှာ ဖြေပေးသွားပါဦး။

ဒီ" video လေးက အသုံးဝင်ရင် Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!"

အချစ်ရေး/အိမ်ထောင်ရေး ပြဿနာများကို ရင်ဖွင့် တိုင်ပင်ချင်တယ်ဆိုရင် messenger က တဆင့် ရက်ချိန်းယူလို့ ရပါတယ်။

အောင်မြင် ပျော်ရွှင်သော အချစ်ရေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

ချစ်ခြင်းအားဖြင့်
ဒေါက်တာဆွေဇင်(Smart Coach)

16/05/2026

မွေးနေ့မှာ အသက်ဘေးနဲ့ နီးကပ်နေတဲ့ ငါးလေးတွေကို ကယ်တင်ခွင့်ရလို့ ဝမ်းသာကြည်နူးရပါတယ်။

မိတ်ဆွေများ အားလုံးကို အမျှကုသိုလ် ပေးဝေပါတယ်။

သတ္တဝါအားလုံး လွတ်လပ် ပျော်ရွှင် ကျန်းမာချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ. . .

ချစ်ခြင်းအားဖြင့်
ဒေါက်တာဆွေဇင်(Smart Coach)

15/05/2026

🙋အလုပ်ကတစ်ဖက်၊ အိမ်မှုကိစ္စနဲ့ သားသမီးဝေယျာဝစ္စကတစ်ဖက်နဲ့ နားချိန်မရှိအောင် ဗျာများနေရတဲ့ "Super Moms" တို့အတွက် စိတ်ဖိစီးမှုလျော့ကျစေမယ့် အချိန်စီမံခန့်ခွဲမှု နည်းလမ်း (၅) သွယ်ကို မျှဝေပေးလိုက်ပါတယ်ရှင်။

🤱ပြီးပြည့်စုံတဲ့ မေမေတစ်ယောက် ဖြစ်ဖို့ထက်၊ ပျော်ရွှင်ပြီး စိတ်ကျန်းမာတဲ့ မေမေတစ်ယောက် ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။

👇ဒီနည်းလမ်းလေးတွေထဲက မေမေတို့အတွက် ဘယ်အချက်က အသုံးအဝင်ဆုံး ဖြစ်မလဲရှင်? Comment မျှဝေပေးသွားပါဦး။

ချစ်ခြင်းအားဖြင့်
ဒေါက်တာဆွေဇင်(Smart Coach)

10/05/2026

🤱အမေဆိုတာ ကျွန်မတို့ဘဝရဲ့ ပထမဆုံး "Safe Zone" ပါ

ကျွန်မတို့ လူသားတွေရဲ့ ပထမဆုံးသော ဆက်ဆံရေး (Relationship) ဟာ အမေနဲ့ စတင်ခဲ့တာပါ။ အမေ့ရဲ့ ရင်ခွင်ထဲမှာ ရခဲ့တဲ့ နွေးထွေးမှု၊ လုံခြုံမှုတွေကနေတစ်ဆင့် ကျွန်မတို့ဟာ "ချစ်ခြင်းမေတ္တာ" ဆိုတာ ဘာလဲဆိုတာကို စတင်သင်ယူခဲ့ကြရပါတယ်။

အမေနဲ့ သားသမီးကြားမှာလည်း တစ်ခါတလေ နားလည်မှုလွဲတာ၊ စကားများတာတွေ ရှိနိုင်ပေမဲ့ "အမေ" ဆိုတဲ့ တည်ရှိမှုက ကျွန်မတို့ စိတ်ပင်ပန်းတဲ့အခါ ပြန်နားခိုရာ ဆိပ်ကမ်းတစ်ခု ဖြစ်နေဆဲပါပဲ။

ဒီနေ့ အမေများနေ့မှာ အမေ့ကို "ချစ်တယ်" လို့ ပြောဖို့ မမေ့ပါနဲ့ဦး။ အမေက ဘေးမှာ ရှိနေသေးတယ်ဆိုရင် ဒါဟာ အကြီးမားဆုံး ကံကောင်းမှုတစ်ခုပါပဲ။

🎁 ဒီနေ့ အမေ့ကို ပျော်ရွှင်စေမယ့် အသေးအဖွဲလေးတစ်ခု (ဥပမာ- ဖုန်းဆက်တာ၊ လက်ဆောင်ပေးတာ၊ အတူတူ ထမင်းစားတာ) သင် ဘာလုပ်ပေးခဲ့လဲ?*

အမေဆိုတာ ကျွန်မတို့ရဲ့ ပထမဆုံးသော သူငယ်ချင်း၊ ပထမဆုံးသော ဆရာမနဲ့ ထာဝရ လက်တွဲဖော်ပါ။ အမေများနေ့မှာတင်မဟုတ်ဘဲ နေ့တိုင်းဟာ အမေ့အတွက် ဖြစ်နေပါစေ။

ချစ်ခြင်းအားဖြင့်
ဒေါက်တာဆွေဇင်(Smart Coach)

01/05/2026

ဒေါသကို ထိန်းချုပ်နိုင်ဖို့ အသုံးချလို့ရတဲ့ နည်းလမ်း (၄) ခုကို သိချင်ရင် ဒီ video ကို အဆုံးထိကြည့်ပေးပါ။

ဒီ video လေးက အသုံးဝင်တယ်ဆိုရင် page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!"

အချစ်ရေး/အိမ်ထောင်ရေး ပြဿနာများကို ရင်ဖွင့် တိုင်ပင်ချင်တယ်ဆိုရင် messenger က တဆင့် ရက်ချိန်းယူလို့ ရပါတယ်။

အောင်မြင် ပျော်ရွှင်သော အချစ်ရေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

ချစ်ခြင်းအားဖြင့်
ဒေါက်တာဆွေဇင်(Smart Coach)

30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့မှစ၍ နှလုံးစိတ်ဝမ်း အေးချမ်းပြီး အောင်ခြင်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ. . .
ချစ်ခြင်းအားဖြင့်
ဒေါက်တာဆွေဇင်(Smart Coach)

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Shwebontha Street
Yangon
11141